Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

မီးခိုးရောင်မှော်ပညာကျင့်စဉ် (စ/ဆုံး) Free Ebook Download


                       KCB Center Website မှာ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၅ ခုနှစ် မေလအထိအခန်းဆက်ဖော်ပြပေးခဲ့သည့် မီးခိုးရောင်မှော်ပညာကျင့်စဉ်များကိုစုစည်း၍ Ebook အနေနှင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ မကြာမီတွင်လည်း ယခုမှော်ကျင့်စဉ်၏အဆက် မီးခိုးရောင်အဆင့်မြင့်ကျင့်စဉ်များကိုလည်း KCB Center Website တွင်သာ ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 


ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၁၈) - ကျင့်စဉ်ဆုံး


         နောက်ဆုံးမှာတော့ မီးခိုးရောင်မှော်ပညာရပ်ရဲ့ ကျင့်စဉ်တွေကိုဖော်ပြလာခဲ့ရာမှာ ပြီးဆုံးတော့မယ့် အချိန်ကိုတောင်ရောက်လာခဲ့ပါပြီ။ အရင်ကျင့်စဉ်တွေမှာ ကျွန်တော်တို့ တွေ ရှေ့ဖြစ်ဟောခြင်းအကြောင်းတွေ၊ တတိယမျက်လုံးနှင့်ဆက်နွယ်သော ကျင့်စဉ်တွေ၊ ခံစားချက်၊ စိတ်ဓာတ်ပုံစံသွင်းမှုပေါ်မူတည်တဲ့ ကျင့်စဉ်တွေ၊ ဂါထာမန္တန်များဖန်တီးခြင်းအတတ်၊ ကိုယ်ခွဲပညာရပ် စတာတွေကို လေ့လာခဲ့ရပါတယ်။ မီးခိုးရောင်မှော်ပညာ ကျင့်စဉ်မှာ ပညာရပ်သုံးခုရှိပြီး အခုကျွန်တော်ဖော်ပြခဲ့တာတွေကတော့ -
(၁) ကံတရားထပ်တူကျရှေ့ဖြစ်ဟောပညာရပ်
(၂)ပုံရိပ်ယောင်လောကမှော်အတတ်ပညာရပ် တို့ပင်ဖြစ်ပြီး နောက်ဆုံးပညာရပ်ဖြစ်တဲ့ ပညာလွဲစေခိုင်းအောက်လမ်းအတတ်ကိုတော့ မသမာသူများ လက်ထဲရောက်ခြင်းမှ ကာကွယ်ရန်အတွက် ချန်လှပ်ထားခဲ့မှာပဲဖြစ်ပါတယ်။ ယခုကျင့်စဉ်(၁)မှ(၁၈)ဟာ မိုင်ယန်လချင်းမီးခိုးရောင်အတတ်ရဲ့ အခြေခံအဆင့်မျှသာဖြစ်ပြီး ကနဦးအဆင့်နှင့် ပညာရှင်အဆင့် ကျင့်စဉ်များ ကိုလည်း ဆက်လက်ဖော်ပြပေးသွားဦးမှာပဲဖြစ်ပါတယ်။ ထိုကျင့်စဉ်များ မဖော်ပြမီမှာတော့ စွမ်းအားပြင်း အသံကျင့်စဉ်တစ်ခုအကြောင်းကို ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ဦးမှာပါ။                                                                         
            အခုနောက်ဆုံးကျင့်စဉ်မှာ လေ့လာရမယ့်အကြောင်းအရာကတော့ မီးခိုးရောင်အစီအရင်တိုင်းမှာ တကယ်အရေးကြီးလှတဲ့ နည်းတစ်ခုပင်ဖြစ်ပါတယ်။ ဒီနည်းကတော့ မိုင်ယန်လချင်းရဲ့ သက်ဆိုင်ရာ အစောင့် အရှောက်တိုင်းနဲ့ ဆက်နွယ်မှုရစေတဲ့နည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ အင်ကန်နာဘီးလိယိတ် နှင့် ပုတီး(၃)ပတ်စိပ်လိုက်သောအခါမှာ အသံဌာန်စွမ်း အင် အရနှင့် ပုံရိပ်ယောင်ပင်မဌာန (Virtual Tower) အရ ကျရောက်လာသောအစောင့်အရှောက်၊ မိမိ ရည်ရွယ်ချက်တစ်ခုခုကြောင့် ဆင့်ခေါ်သော မိုင်ယန်လချင်းလောကမှ ပုဂ္ဂိုလ်တစ်ဦးဦး စသဖြင့် အသုံးချနိုင်ရန် နည်းလမ်းသွယ်ပါ။ မိမိဟာ မိုင်ယန်မှ ပုဂ္ဂိုလ်တစ်ဦးဦးနှင့် အဆက်အသွယ်ရနေနိုင်စေဖို့အတွက်ဆိုရင် - (၁) အင်ကန်နာဘီးလိယိတ်ဖြင့် ပုတီးစိပ်ဖူးထားသူ (၂) အစောင့်အရှောက်ရရှိထားပြီးသောသူ (၃) စိတ်တည်ငြိမ်မှုရှိသူ (၄) ခံစားချက်ကို လိုသလို ပုံစံသွင်းယူနိုင်သောသူ ဖြစ်ရပါမယ်။  
              မိုင်ယန်လချင်းပုံရိပ်ယောင်လောကနှင့် နောက်ဆုံးချိတ်ဆက်ရန်နည်းလမ်းဖြစ်တာကြောင့် အနည်းဆုံး လူသုံးယောက်ကို ရှေ့ဖြစ်မဟောဖူးဘဲနဲ့ ယခုအစီအရင်ကို မလုပ်ပါနှင့်။ ရှေ့ဖြစ်မဟောဖူးပါက လည်း ဂါထာသုံးပုဒ် ကိုယ်ပိုင်မတီထွင်ဖူးဘဲ ယခုအစီအရင်ကို မလုပ်ပါနှင့်။ လပြည့်ည လရောင်ကျရောက်ရာနေရာတွင် စားပွဲတစ်လုံးချ၊ ခွက်တစ်လုံးထဲမှာ ရေတစ်ခွက် ဖြည့်ပါ။                                        
               ပြီးနောက် ညောင်ကိုင်းနှစ်ကိုင်းကို ယှက်၍ အချင်းချင်းခေါက်ကာ “တီ…ရှန် …. တီ…. ရှန်…” ဟု ရွတ်ပါ။ ရွတ်ရမည့်ပုံစံမှာ စစချင်း ဖြည်းဖြည်းချင်းလေးရွတ်ရင်း တဖြည်းဖြည်းမြန်လာကာ အရမ်းမြန်လာပြီး နောက် ပြန်နှေးသွားသောပုံစံနှင့်ရွတ်ရမည်။ ပြီးနောက်တွင်တော့ ညောင်ခတ်ကို စားပွဲပေါ် တင်ကာ (၃၁)ဘုံသားများအား တတ်နိုင်သလောက် မေတ္တာပို့ကာ အင်ကန်နာဘီးလိယိတ် ဖြင့် ပုတီး(၃)ပတ်ကို နေရာမှာတင်စိပ်ပါ။ ထိုသို့ပုတီးကိုစိပ်ပြီးနောက်တွင်တော့ မိမိလက်ကိုရေထဲမှာနှစ်ပါ။ မျက်လုံးကိုမှိတ်၍ - “ကျွန်ုပ်၏ ရုပ်နှင့်နာမ်သည် စကြ၀ဠာကြီးနှင့် ချိတ်ဆက်မှုရသွားချေပြီ။ ကျွန်ုပ်၏ ရုပ်နှင့်နာမ်သည် စကြ၀ဠာကြီးနှင့် ချိတ်ဆက်မှုရသွားချေပြီ။ ကျွန်ုပ်၏ ရုပ်နှင့်နာမ်သည် စကြ၀ဠာကြီးနှင့် ချိတ်ဆက်မှု ရသွားချေပြီ။ ကျွန်ုပ်သည်စကြ၀ဠာဖြစ်သလို စကြ၀ဠာသည်လည်း ကျွန်ုပ်ဖြစ်သကဲ့သို့ စကြ၀ဠာနှင့်ကျွန်ုပ်သည် တစ်သားတည်း ပျော်ဝင်သွားလေပြီ။” ဟုပြောကာ ကောင်းကင်ကိုမော့ကာ အနီးဆုံးကြယ်တစ်လုံးနှင့် မိမိ၏တတိယမျက်လုံးကို ချိတ်ဆက်ပါ။ ချိတ်ဆက်နေချိန်အတွင်းမှာလည်း ကြယ်ဆီမှ စွမ်းအင်များသည် မိမိဆီသို့ ၀င်ရောက်နေသလို မိမိဆီမှ ဓာတ်များလည်း ကြယ်နှင့်ချိတ်ဆက်နေကြောင်းကို အာရုံပြုယုံကြည်ထားပါ။ ထို့နောက် စွမ်းအင်ကို ကျောရိုးတစ်လျှောက်စီးဝင်စေပြီး နှလုံးသားထံသို့ ပို့လွှတ်ကာ နှလုံးသားမှတစ်ဆင့် လက်ချောင်းထိပ်လေးဆီသို့ ထိုမှတစ်ဆင့် ရေထဲသို့ ပို့ဆောင်ပျော်ဝင်နေပါစေ။
                နောက်ဆုံးမှာ စိတ်ကိုလျော့ချလိုက်ပြီးနောက် ထိုရေကို သောက်လိုက်ပါ။ ပြီးနောက် မိမိအိပ်ရာသို့ ပြန်ကာ အနားယူနိုင်ပါပြီ။ အိမ်သို့ပြန်ပါက ညောင်ခတ်လေးကို အနားသို့ယူထားကာ ခေါင်းအုံးအောက်တွင် ထား၍အိပ်ပါ။ အင်ခါကန်နမ်တင်ထားသော ပစ္စည်းနှင့်တစ်သားတည်းထားကာ မိမိသွားလေရာကို ဆောင်သွားပါက ဥာဏ်ရှိသလိုအသုံးချနိုင်ပါလိမ့်မည်။ ကျင့်စဉ်အစမှအဆုံးတစ်နေရာရာလောက်မှ ပညာတစ်ခုခုရသွားလျှင်ပင်ကျေနပ်ပါသည်။ မကြာမီတွင် စွမ်းအားပြင်းအသံကျင့်စဉ်ကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း…။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၁၇)


         မင်္ဂလာပါ။ အရင်တစ်ခေါက်မီးခိုးရောင်မှော်ပညာကျင့်စဉ်မှာတော့ ဝိညာဉ်ကိုယ်ပွားများ ဖန်တီးယူခြင်းနှင့် အလိုအလျောက်ဖြစ်ပေါ်ခြင်းတို့ကို လေ့လာခဲ့ရမှာပါ။ ဒီကျင့်စဉ်ဟာ လစဉ် လဆန်း (၁၇)ရက်နေ့တိုင်း တင်ဆက်နေကျဆိုပေမယ့် ဒီလ(၁၇)ရက်ဟာ နှစ်ဆန်းတစ်ရက်နေ့ဖြစ်တာကြောင့် နောက်ကျသွားတာကို နားလည်ပေးစေလိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ပရလောကချိတ်ဆက်မှုများအကြောင်းကိုဖော်ပြပေးသွားမှာပါ။
         ကျွန်တော်တို့ ကိုယ်ပွားများအကြောင်းကို ဖတ်ခဲ့ရစဉ်တုန်းက မိမိရဲ့ နာကျင်မှုအစွဲကြောင့် တစ်ဘက်တွင် ကိုယ်ပွားပုံရိပ်သွင်ထင်ဟပ်သွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီလိုပါပဲ ..။ လူတစ်ယောက်သေဆုံးခါနီးမှာ အစွဲတစ်ခုခု ကပ်ညိသွားခဲ့လို့ရှိရင် အဲ့ဒီအစွဲနဲ့ပတ်သတ်တဲ့ နေရာမှာ သူ့ရဲ့ စိတ်ဓာတ်ဝိညာဉ်ကျန်ခဲ့ပြီး နောက်ဘဝမကူးနိုင်ဘဲရှိနေတတ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ သူတို့ကို ဆက်သွယ်ကြည့်ကြရအောင်လား ...။ ဒီနည်းလမ်းကိုမလုပ်ခင် တစ်ခုကြိုမှာလိုတာကတော့ ကြောက်ရွံ့မှု မရှိဖို့ပါပဲ ...။
          ဟုတ်ပါပြီ။ ကျွန်တော်တို့အခု ပရလောကသားများနဲ့ ဆက်သွယ်ကြပါမယ်။ ဟုတ်ပါပြီ။ ပထမဆုံးအနေနဲ့ ညသန်းခေါင်ယံအချိန် သရဲ ခြောက်တဲ့နေရာမှာ စားပွဲတစ်လုံးချပါ။ စားပွဲပေါ်ကို ရွှေရောင်ခေါင်းလောင်းတစ်ခုကလွဲရင် ဘာကိုမှမတင်ပါနဲ့။ ညသန်းခေါင်ယံအချိန်ရောက်တဲ့ အခါ မျက်လုံးကိုမှတ်ချကာလေချွန်ပါ။ ပြီးနောက် ခေါင်းလောင်းကို တီးပါ။ ခေါင်းလောင်းတီးနေစဉ်မှာ သင့်စိတ်ကို အလိုလို ကြောက်လာအောင် ကိုယ့်စိတ်ကို ကိုယ်ပြန်လှန့်ပါ။
(ကြောက်ရွံ့ခြင်းသည် ပရလောကသားများကိုဖိတ်ခေါ်စေနိုင်သည်)
          ခေါင်းလောင်းကိုဆက်တိုက်တီးပါ။ လေကိုလည်းချွန်ထားပါ။ ခေါင်းလောင်းကို အတန်ကြာတီးပြီးနောက် ခေါင်းလောင်းကိုချပါ။ မျက်လုံးကိုမှိတ်ထားပါ။ စိတ်ကိုမျောထားပါ။ လက်နှစ်ဖက်ကို ပုံမှန်အနေအထားအတိုင်း သာချထားပါ။ စိတ်ကိုလျှော့ထားချိန်တွင် လက်နှစ်ဖက်က အပေါ်သို့ အလိုလိုမြောက်တတ်လာပြီး တစ်နေရာကို အလိုလို လက်ညှိုးလှမ်းထိုးလာပါလိမ့်မည်။ ထိုအခါ ထိုနေရာသို့ သွားပြီး လက်ခုပ်တီးလိုက် ကခုန်လိုက်လုပ်ပါ။ မကြာမီ မိမိကျောရိုးတစ်လျှောက် စွမ်းအင်များစီးဆင်းလာသလို ခံစားလာရပါလိမ့်မည်။ ပြီးနောက်မှာတော့ လက်ခုပ်သုံးချက်တီးကာ မိမိလိုရာ အစွမ်းကိုဆုတောင်းပါ။ ဆုတောင်းပြီးနောက် ထိုနေရာအား ဂါရဝပြု၍ အိမ်သို့ပြန်လာခဲ့ပါ။ ထို့နောက် ဘုရားရှိခိုး မေတ္တာပို့၊ အမျှဝေကာ တစ်ချိုးတည်းအိပ်လိုက်ပါ။ သင့်အိပ်မက်ထဲတွင် ထူးခြားသည့်အရာ တစ်ခုခု မြင်မက်ပြီးနောက် သင်တောင်းတသောအစွမ်း မကြာမီရရှိလာပါလိမ့်မည်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၁၆)


                        fun များရဲ့ တောင်းဆိုမှုကြောင့် KCB Center မှာ တင်ဆက်ခဲ့တဲ့မီးခိုးရောင်မှော်ကျင့်စဉ်များကို ဆက်လက်တင်ဆက်ပေးလိုက်ပါတယ်။ ဆဋ္ဌမအာရုံမဂ္ဂဇင်းတွင်ဖော်ပြထားသော မီးခိုးရောင်လောကီပညာရပ်များဟာ (၁၅)မှစတင်ပြီး ယခုကျင့်စဉ်များနှင့် ပတ်သတ်မှုမရှိတော့သလို ကျွန်ုပ်မရေးတော့ပါကြောင်းလည်း အသိပေးစေလိုပါတယ်။ မီးခိုးရောင်မှော်ပညာကျင့်စဉ်များကို ယခင်အတိုင်း လစဉ်(၁၇)ရက်နေ့တိုင်းမှာ ပြန်လည်တင်ဆက်ပေးသွား မှာပဲဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ်ရာ မီးခိုးရောင်နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးရင်းနဲ့ ကျင့်စဉ်လေးကိုဆက်ကြရအောင်။
                      ကျင့်စဉ်(၁၆)မှာကတော့ ကတိပေးထားတဲ့အတိုင်းပဲ ကိုယ်ခွဲပညာရပ်အကြောင်းကိုမျှဝေ ပေးလိုက်ပါရစေ။ မီးခိုးရောင်မှော်ပညာမှာသုံးတဲ့ကိုယ်ခွဲနည်းတွေ အားလုံးဟာ အဓိကအားဖြင့် ပုံရိပ်ယောင်ပင်မဌာနကို အသုံးပြုပြီးလုပ်ရသောနည်းများပင်ဖြစ်ပါတယ်။ ကိုယ်ခွဲနည်းတွေကလည်းအများအပြားပင်ရှိပါတယ်။
                      ပထမနည်းမှာတော့ အချိန်ရှုပ်ထွေးကပ်တိုက်ခြင်းကိုဖြစ်ပေါ်စေချိန်မှာ ခန္ဓာကိုယ်ကို ခွဲလို့ရပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ အတိတ်ကိုသွားတဲ့အခါ အတိတ်ကိုရောက်သွားတဲ့ ခန္ဓာက တစ်ခုဖြစ်သလို ပစ္စုပ္ပန်မှာလည်း ခန္ဓာတစ်ခုကျန်ခဲ့ပါတယ်။ ဒီလိုနဲ့ ကိုယ်ခွဲနိုင်ပေမယ့်ခက်ခဲပါတယ်။
                     ဒုတိယနည်းမှာတော့ စိတ်ဒဏ်ရာကိုအခြေပြုကိုယ်ခွဲနည်းဖြစ်ပါတယ်။ လူတစ်ယောက် စိတ်ဒဏ်ရာရတဲ့အခါ စိတ်ကွဲတတ်ပါတယ်။ စိတ်ကွဲတယ်ဆိုတာကတော့ နာမ်နှစ်မျိုးဖြစ်သွားတယ်။ ပထမနာမ်က မိမိရဲ့ ရုပ်အဆင်းကိုယ်တွင်းသဏ္ဍာန်မှာရှိပြီး ဒုတိယနာမ်ကတော့ မိမိကို စိတ်ဒဏ်ရာရစေခဲ့ တဲ့အဓိကအကြောင်းတရားဆီမှာရှိနေပါတယ်။
                စိတ်ဒဏ်ရာတစ်ခုရပြီးတဲ့သူဟာ စိတ်ဒဏ်ရာနောက်တစ်ခုရဖို့ မခဲယဉ်းတော့ပါဘူး။ ဒီလိုနဲ့ စိတ်တွေ များစွာကွဲ၊ limitတစ်ခုထက်ကျော်လွန်ပြီး အထိန်းအချုပ်မဲ့သွားရင်တော့ အဲ့ဒီလူဟာရူးသွားတတ်ပါတယ်။ (မှော်ပညာလုပ်ရင်ရူးတတ်တယ်ဆိုတာ အချို့အစီအရင်များမှာ meditation အခြေခံ (သို့မဟုတ်) စိတ်ဒဏ်ရာအခြေခံရတာကြောင့် နာမ်ကွဲပေါင်းများစွာဖြစ်သွားကာ အထိန်းအချုပ်မဲ့သွားသောကြောင့် ရူးခြင်းဖြစ်ပါတယ်)
                   ဒီကျင့်စဉ်ကို ပြောမပြခင်မှာ တစ်ခုသတိပေးလိုတာကတော့ မိမိစိတ်ကို မိမိမထိန်းနိုင်ပါက ရူးတတ်ပါကြောင်းနှင့် ထိုသူများကို ဗဟုသုတအနေနှင့်သာသိစေရန် ဖတ်ထား သင့်ပါကြောင်း ပြောကြားလိုပါတယ်။
                 ပထမဆုံးအနေနဲ့ အလင်းရောင်မှိန်ပျပျလေးသာထွန်းထားတဲ့ အခန်းနေရာလေးတစ်ခုမှာ လွတ်လပ်ပေါ့ပါးတဲ့အဝတ်ပွပွလေးတွေကိုသာဝတ်ဆင်ပြီး (သို့မဟုတ်) ကိုယ်လုံးတီးချွတ်ပြီး မျက်လုံးလေးကို မှိတ်ပြီးထိုင်နေပါ။ ထိုင်နေရင်းနှင့် မိမိရဲ့ စိတ်ဒဏ်ရာကိုတွေးပါ။ မိမိကို ဘယ်သူတွေဘာလုပ်ခဲ့လဲ၊ ဘယ်သူတွေ ဘာဒုက္ခပေးခဲ့သလဲ ... စသဖြင့်တွေးပါ။ နှလုံးသားအောင့်လာသည်အထိဆက်တိုက်တွေးပါ။ ပြီးနောက် နှုတ်မှလည်း အော့ဟုဆာ့ခန် (ငါဒီလိုမဖြစ်ချင်ဘူး) ဟုဆက်တိုက်ရွတ်ပါ။ ရွတ်နေစဉ်အတွင်း မိမိကို စိတ်ဒဏ်ရာပေးခဲ့သူနှင့်သက်ဆိုင်သော နေရာတစ်ခုကိုမြင်ယောင်ကာ သင်ဖြစ်ချင်သော အရာတစ်ခုခုကို စိတ်ကူးယဉ်ပါ။ စိတ်ကူးယဉ်နေစဉ်လည်း " အော့ဟုဆာ့ခန် (ငါဒီလိုမဖြစ်ချင်ဘူး)" ဆိုသော စကားကို ဆက်တိုက်ရွတ်ပါ...။ စိတ်ဓာတ်များအရမ်းကြွလာပြီး ကြက်သီးများထလာသောအခါ သက်ပြင်းကြီးတစ်ချက်ကိုချ  လက်သီးဆုပ်ကာ ကြမ်းပြင်ကို "ဒုန်း"ခနဲထုလိုက်ပါ။ ပြီးနောက်တွင်တော့ "တီ...ရှန်... တီ.... ရှန်...." ဟူ၍စိတ်ကိုလျှော့ကာ နေရာမှထပါ။ ခဏနားပြီး သံပုရာသီး(၃)လုံးထည့်ထားသော ရေဇလုံထဲမှာ ရေချိုးလိုက်ပါ။ ထိုသို့ (၇)ရက်တိတိလုပ်ပါက သင့်အားစိတ်ဒဏ်ရာပေးသူများကို သင့်နာမ်ပွားမှ ကိုယ်ထင်ပြပါလိမ့်မည်။ ထိုအခါ နာမ်ပွားတစ်ခုရပြီဖြစ်ပြီး နောက်လုပ်စရာရှိသောအခါတိုင်းတွင် သင်သူ့ကိုခိုင်းလို့ရနိုင်ပေမည်။
              ခိုင်းလိုပါက အလင်းရောင်မှိန်ပျပျထွန်းထားသောအခန်းလေးထဲ (ခုနအခန်း)မှာ ပြန်ထိုင်ရင်း မိမိကို စိတ်ဒဏ်ရာပေးခဲ့သူနှင့်သက်ဆိုင်သောနေရာကိုမြင်ယောင်ကာ စိတ်ဒဏ်ရာကိုပြန်ဆွ နှလုံးသားကို နာကျင်အောင်လုပ်ပါ။ နာကျင်လာပါက မိမိအလိုရှိရာအား ခိုင်းစေနိုင်ပြီဖြစ်ပါသည်။

(မှတ်ချက် ။  ။ သင်ပြုသောကံ သင့်ထံပြန်လာမည်ဖြစ်သည်။ မှော်ပညာလုပ်ပါက သုံးဆ ပြန်ခံစားရမည်ဖြစ်သည်။ မကောင်းသောနေရာများတွင်အသုံးမချပါနှင့်။ စိတ်မခိုင်ဘဲလည်း မလုပ်ပါနှင့်။ ရူးတတ်သည်။ စိတ်မခိုင်ဘဲ လုပ်၍ တစ်ခုခုဖြစ်သွားပါက ကိုယ့်တာဝန်နှင့်ကိုယ်ပင်ဖြစ်ပါကြောင်း)

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၁၅)

                      ဒီကျင့်စဉ်မှာတော့ ကျင့်စဉ်(၁၄)ကအဆက် ကိုယ်ပိုင်မန္တန်များဖန်တီးခြင်းကိုပဲ ကျွန်တော်တို့ဆက်လက်လုပ်ဆောင်ရဦးမှာပဲဖြစ်ပါတယ်။ အရှေ့မှာတော့ စကြဝဠာနဲ့ချိတ်ဆက်ကာ မန္တန်အသက်သွင်းနည်းကို ဖော်ပြခဲ့ပြီးတော့ အခုဆက်လက်ဖော်ပြမှာကတော့ ပရလောကသားများအစွမ်းဖြင့် မန္တန်တည်ဆောက်ခြင်းနည်းပဲဖြစ်ပါတယ်။ ဒီမန္တန်တည်ဆောက်နည်းကကော ဘယ်လိုစွမ်းမှာလဲ။ ရှေ့ကျင့်စဉ်ကလိုမျိုး အတွင်းစွမ်းအင်၊ အာရုံစူးစိုက်မှုတို့ကြောင့်အစွမ်းထက်မှာပါပဲလား။ မဟုတ်ပါဘူး။ ဒီတစ်ခေါက်က ကျွန်တော်တို့ဟာ မန္တန်ဖြစ်လာမယ့် စာသား(ဒါမှမဟုတ်) စာသားရဲ့အသံထွက်ကို ပရလောကသားတစ်ဦးဦးနဲ့ချိတ်ကာ အဲ့ဒီစာသားဟာ သော့ချက်တစ်ခုဖြစ်လာမှာဖြစ်ပြီး ရွတ်ဆိုသူရဲ့အခက်အခဲကို ချိတ်ဆက်ထားတဲ့ ပရလောကသားကဖြေရှင်းပေးပါလိမ့်မယ်။
                     တစ်ခုသတိပေးလိုတာကတော့ ဒီနည်းနဲ့ဖန်တီးလိုက်တဲ့မန္တန်တွေက အစွမ်းထက်ပေမယ့် ပရလောကသားနဲ့အပေးအယူတွေရှိပါတယ်။ ပရလောကသားက ကိုယ့်အတွက်လုပ်ပေးလိုက်ရပေမယ့် သူ့အတွက်လုပ်ပေးတာကိုတော့ သူလိုချင်မိမှာအမှန်ပါပဲ။ ဒီတော့ သူလိုချင်တဲ့အရာကိုသေချာပေါက်ပေးဆပ်ရပါလိမ့်မယ်။ ကျွန်တော်တို့ပေးဆပ်ရမယ့်အရာကကော ဘာတွေလဲ။ ဒါကတော့ ကျွန်တော်တို့အသုံးချလိုက်တဲ့ မန္တန်အမျိုးအစားနဲ့ အဲ့ဒီမန္တန်နဲ့ချိတ်ဆက်ထားတဲ့ ပရလောကသားက ဘာကောင်လဲဆိုတာပေါ်မှာမူတည်သွားပါလိမ့်မယ်။ အပေးအယူများ၊ သံသရာအရှုပ်အထွေးများနဲ့မပတ်သတ်လိုသူများကိုတော့ ဒီကျင့်စဉ်ကိုမကျင့်ဘဲကျင့်စဉ်(၁၆)ကိုကျော်ပြီး လက်တွေ့လေ့လာကြဖို့မျှော်လင့်ပါတယ်။
                   ကောင်းပါပြီ။ ဒါဆိုအာဘော်လေးတွေရပ်ပြီး ကျင့်စဉ်ကိုဆက်လိုက်ကြရအောင်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့မန္တန်ကို ဘယ်လိုအသံထွက်နဲ့ဖန်တီးချင်လဲ။ မြန်မာအသံထွက်လား၊ အင်္ဂလိပ်အသံထွက်လား ။ မြန်မာအသံထွက်အတွက်ဆိုရင် ကကြီး၊ ခခွေးအက္ခရာများရေးထားတဲ့ဘုတ်ပြားကိုအသုံးပြုပြီး အင်္ဂလိပ်အသံထွက်အတွက်ဆိုရင် A,B,C,D အက္ခရာများကိုရေးထားတဲ့ဘုတ်ပြားကိုအသုံးပြုပါမယ်။ လုပ်ရမယ့်အချိန်ကတော့ လကွယ်ညသန်းခေါင်ယံအချိန်ပါ။ အဲ့ဒီအချိန်မှာ အခန်းထဲမှာ မီးတွေအကုန်ပိတ်ကာ ဖယောင်းတိုင်မီးမှိန်ပျပျလေးပဲထွန်းထားပါမယ်။
                   မီးခိုးရောင်မှော်ပညာရဲ့ထုံးစံအတိုင်းပဲ ပထမဆုံးဘုတ်ပြားရှေ့မှာထိုင်ကာ "အင်ကန်နာဘီးလိယိတ်"နဲ့ ပုတီး(၃)ပတ်စိပ်ပါမယ်။ ပုတီးစိပ်နေတဲ့အချိန် ကျောစိမ့်ကောင်းစိမ့်လာပါလိမ့်မယ်။ ဒါပေမယ့် မကြောက်ပါနဲ့။ သူတို့ကသင့်ကို ဘာအန္တရာယ်မှမပြုနိုင်ပါဘူး။ ပုတီစိပ်ပြီးရင်တော့ မန္တန်စီရင်မယ့် အက္ခရာဘုတ်ပြားကို အသက်သွင်းပါမယ်။ အသက်သွင်းမယ်ဆိုတော့ ဘယ်လိုအသက်သွင်းမှာလဲ။ အင်္ဂလိပ်ဘုတ်ပြားဆိုလဲအင်္ဂလိပ်လို၊ မြန်မာဘုတ်ပြားဆိုလဲမြန်မာလို အသံထွက်ပြီးအသက်သွင်းပါမယ်။ သင့်လက်ခလယ်ကိုပထမအက္ခရာဆီထောက်ပါ။ A ဂဏန်းဆိုပါက "အေ" လို့အသံထွက်ပြီး "က"ဂဏန်းဆိုပါက "က"လို့ရွတ်ဆိုပြီး ဒုတိယအက္ခရာကို ဆက်ထောက်ကာ အက္ခရာတစ်ခုချင်းစီကိုထောက်ပြီး အသံထွက်ရွတ်ဆိုရမှာပါ။ မြန်မာစာဘုတ်ပြားနဲ့လုပ်သူများအနေနဲ့ တစ်ခုသတိထားရမှာကတော့ အသံထွက်သာရွတ်ရမှာဖြစ်တဲ့အတွက် ကကြီး၊ခခွေး၊ဂငယ် တို့လို့ရွတ်ရမှာမဟုတ်ဘဲ က၊ခ၊ဂ၊ဃ လို့အသံထွက်အတိုင်းသာရွတ်ရမှာပါ။
                         ဒါဆိုရင်တော့ အသံထွက်လေးတွေကို ဘုတ်ပြားပေါ်မှာ တစ်လုံးချင်းစီရွတ်ဆိုပြီးသွားပြီဆိုတော့ ဆက်လက်ပြီးဘုတ်ပြားပေါ်ကို မိမိလက်ဖဝါးနှစ်ဖက်ကို ဘုတ်ပြားပေါ်ကိုတင်ထားကာ မျက်စိကိုမှိတ်ပြီးစိတ်ကိုလျော့ထားပါမယ်။ အသက်ကို ပုံမှန်ဖြည်းဖြည်းချင်းသာရှုပါမယ်။ ဖြည်းဖြည်းချင်းရှူပြီးနောက်မှာတော့    လေကိုအချိန်အတော်ကြာသည်အထိချွန်ရပါမယ်။
                                 အဲ့ဒီလိုလေချွန်နေတဲ့အချိန်မှာတော့ စိတ်ထဲမှာတော့ -
"ငါ့ကိုကူညီလိုသော အနီးအနားမှာရှိသော ပရလောကသားများအားလုံးလာရောက်ဖေးမကြပါ ...
ငါအသုံးချလိုသော စကားလုံးတို့ကို ရွတ်ဆိုသောသူတို့နှင့်အသင်တို့ကြားခြားထားသော
သော့ချက်တစ်ခုအဖြစ်သဘောထားပြီး ကူညီပေးကြပါ ...။
ကျွန်ုပ်လိုချင်သော (-------)ကိုဖြည့်ဆည်းပေးနိုင်သောမှော်မန္တန်သော့ချက်ကိုဖန်တီးပေးတော်မူပါ ...
ဖန်တီးပေးတော်မူပါ ...
ဖန်တီးပေးတော်မူပါ....."
                        လို့တွေးတောပြောဆိုနေရမှာပဲဖြစ်ပြီး မိမိကိုယ်တိုင် ပရလောကသားများကို ပင့်ဖိတ်ပြောကြားတဲ့အတိုင်း စိတ်ထဲကနေပြောရမှာဖြစ်ပါတယ်။
(   (-----)ဆိုတဲ့နေရာမှာ မိမိရရှိလိုသောမန္တန်အမျိုးအစား
ကိုဖော်ပြပေးပါ။ ဥပမာ - ကျွန်ုပ်လိုချင်သော (-အချစ်ကိစ္စများ-)ကိုဖြည့်ဆည်းပေးနိုင်သောမှော်မန္တန်သော့ချက်ကိုဖန်တီးပေးတော်မူပါ ...)
စိတ်ထဲမှာ တွေးတောပြောဆိုလို့အပြီးမှာ လေချွန်သံကိုရပ်လိုက်ပြီးနောက် စာအုပ်တစ်အုပ်ကို အက္ခရာဘုတ်ပြားပေါ်ကိုတင်လိုက်ကာ ကိုယ်တိုင်က ဘောပင်ကိုတတိယမျက်လုံးနေရာကို    ထောက်ထားကာ မျက်စိကိုမှိတ်လိုက်ပါမယ်။ မျက်စိမှိတ်ထားတဲ့အချိန်မှာလည်း မိမိရဲ့ အကြောအချဉ်တွေအားလုံးပြေလျော့နေပြီ ..လို့စိတ်ထဲမှာပုံဖော်ထားပါ။ စိတ်တွေအားလုံးကိုလည်း လျော့ချထားလိုက်ပါ။ ဒီအခြေအနေမှာ အိပ်ပျော်ကောင်းအိပ်ပျော်သွားပါလိမ့်မယ်။ ဒါပေမယ့် သင်အိပ်ပျော်သွားချိန်မှာ သင့်အိပ်မက်ထဲကို မန္တန်တစ်ခုရောက်လာနိုင်ပြီးတော့ အရမ်းအိပ်ပျော်သွားရင် လက်ထဲကခဲတံက ဘုတ်ပြားပေါ်ကိုကျသွားနိုင်တာကြောင့် သင်နိုးကောင်းနိုးလာနိုင်ပြီးတော့ နိုးနိုးချင်းမှာပဲ သင်ရတဲ့မန္တန်ကိုချရးပြီးအသုံးချပါ။
                       အချို့သောသူများအနေနဲ့ကတော့ မအိပ်ပျော်ခင်မှာပဲ မန္တန်စာသားအသံကို ကြားရလာတတ်ပါတယ်။ ကြားရသူများလည်း ကြားကြားချင်း စာအုပ်ထဲမှာချက်ချင်း ချရေးထားဖို့အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါမျိုးအကြောင်းအရာတွေဟာ ရပြီးအချိန်အနည်းငယ်အကြာမှာ မေ့မေ့သွားတတ်ကြလို့ပဲဖြစ်ပါတယ်။
                          အချို့ ပရလောကသားများနဲ့အဆက်အသွယ်မရသူများကတော့ မန္တန်မရတာမျိုးလည်းရှိနိုင်ပါသေးတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့။ နောက်နေ့တွေဆက်လုပ်လို့ရပါသေးတယ်။ (၇)ရက်လောက်ဆက်တိုက်လုပ်ရင် တစ်ရက်မဟုတ်တစ်ရက်တော့ရပါလိမ့်မယ်။
                        အခုအပတ်မီးခိုးရောင်ကျင့်စဉ်မှာတော့ ပရလောကသားများနဲ့ချိတ်ဆက်သော မှော်မန္တန်သော့ချက်ဖန်တီးခြင်းအကြောင်းကို ကျွန်တော်တို့လေ့လာခဲ့ရပါတယ်။ ဒီမန္တန်ဖန်တီးခြင်းအတတ်ဟာ အပေါ်မှာဖော်ပြခဲ့သလိုပဲ အပေးအယူရှိတဲ့နည်းဖြစ်ပြီးတော့ ကိုယ်ရတာနဲ့မတန်အောင်ပြန်ပေးရမှာဖြစ်တာကြောင့် သုတအနေနဲ့သာသိထားသင့်ပါကြောင်းနဲ့ မဖြစ်မနေအရေးတကြီးလိုအပ်မှသာ ဒီနည်းလမ်းကိုအသုံးပြုသင့်ပါကြောင်းနဲ့ မန္တန်ဖန်တီးလိုပါကလည်း ကျင့်စဉ်(၁၄)မှာပါဝင်တဲ့ အပေးအယူမဲ့မန္တန်ဖန်တီးခြင်းကိုသာ အသုံးပြုစေလိုပါကြောင်းအကြံပြုလိုက်ရပါတယ်။
                    နောက်ကျင့်စဉ်မှာတော့ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ကိုယ်ခွဲပညာရပ်များ၊ နာနာရုပ်အတတ်ပညာရပ်များအား ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၁၄)

                  ရှေ့ကဖော်ပြခဲ့တဲ့ကျင့်စဉ်တွေမှ
ာတော့
သာမန်လူတွေမမြင်နိုင်တာတွေကို မြင်ရတဲ့
မှော်ဆရာမျက်လုံးရရှိနိုင်မယ့်ကျင့်စဉ်တွေကို ဖော်ပြပြီးလို့ ကျင့်တဲ့သူတွေက
မှော်ဆရာမျက်လုံးဖြစ်နေပြီး မိမိကိုယ်မိမိမှော်ဆရာတစ်ဦးပါလို့
ရဲရဲဝံ့ဝံ့ပြောနိုင်နေကြပြီလို့ ယုံကြည်ပါတယ်။ အခုဆက်ပြီးတော့
ဖော်ပြပေးမယ့်အကြောင်းအရာကတော့ မန္တန်များဖန်တီးခြင်းအတတ်ပဲဖြစ်ပါတယ်။
                ဒီအတတ်ပညာကတော့ တော်တော်များများလူတွေနဲ့အတွက်ကတော့
စိမ်းနေကြပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အတော်များများက မန္တန်ဆိုတာကို
ကြားလည်းကြားဖူးကြမယ်။ သုံးဖူးကောင်းလည်း သုံးဖူးကြပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ
မန္တန်တွေကကော ဘယ်ကရောက်လာကြတာပါလဲ ..... ။ အဲ့ဒီမန္တန်တို့ဟာ
လောကီပညာရှင်တို့ကိုယ်တိုင် ပုံရိပ်ယောင်လောကမှဆောင်ယူလာခဲ့ခြင်း ဖြစ်ပြီးတော့
မီးခိုးရောင်ကျင့်စဉ်ရဲ့ ကျင့်စဉ်(၁၃)အထိအောင်မြင်ဖူးပြီးသူများ
ပြုလုပ်ဖန်တီးနိုင်ပါတယ်။ အခုဆက်လက်ဖော်ပြပေးမယ့် အကြောင်းအရာကတော့ မန
္တန်များပြုလုပ်ဖန်တီးခြင်းအကြောင်းအရာပဲဖြစ်ပါတယ်။
                  မန္တန်များပြုလုပ်ဖန်တီးခြင်းအကြောင်းမပြောမီ
မန္တန်ပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး သိထားသင့်တာလေးတွေကို
အရင်နားလည်ထားသင့်ပါတယ်။
ဘာမဟုတ်တဲ့စာသားတစ်ချို့ကိုရွတ်ဆိုလိုက်တာနဲ့
ကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အရာဟာ မန္တန်ပဲဖြစ်ပါတယ်။
ဒါဆိုရင် မန္တန်ဟာ ဘာမဟုတ်တဲ့စာသားတွေသက်သက်ပဲလား ....။
မဟုတ်နိုင်ပါဘူး။ မန္တန်အစွမ်းထက်သက်ရောက်ခြင်းနှစ်မျိုးရှိပြီး အဲ့ဒါတွေကတော့
-
(၁) မန္တန်စောင့်ရှောက်သောပုဂ္ဂိုလ်အားဖြင့်အလုပ်ဖြစ်ခြင်း
(၂) အတွင်းစွမ်းအင်အားဖြင့်အလုပ်ဖြစ်ခြင်း
တို့နဲ့သက်ရောက်မှုရှိစေပါတယ်။
               ပထမဆုံးမန္တန်စောင့်ရှောက်သော
ပုဂ္ဂိုလ်အားဖြင့်အလုပ်လုပ်ခြင်းအကြောင်းကို ဖော်ပြပါမယ်။ မန
္တန်တစ်ပုဒ်ကိုရွတ်လိုက်တဲ့အခါ အဲ့ဒီမန္တန်စာသားများဟာ မန္တန်နဲ့ဆိုင်ရာ
ပုဂ္ဂိုလ်တစ်ဦးနဲ့ချိတ်ဆက်မိကာ အဆိုပါ ပုဂ္ဂိုလ်မှ မိမိအလိုရှိရာကို
ဆောင်ကျဉ်းပေးခြင်းဟာ မန္တန်စောင့်ရှောက်သော ပုဂ္ဂိုလ်အားဖြင့်
အလုပ်ဖြစ်ခြင်းပဲဖြစ်ပါတယ်။
               ဆက်လက်ပြီး အတွင်းစွမ်းအင်အားနဲ့ အလုပ်ဖြစ်စေခြင်းအကြောင်းကို
ဖော်ပြပေးပါဦးမယ်။ တချို့မန္တန်များဟာ သူ့မန္တန်ရဲ့ အသံလှိုင်းဟာ Cosmo Power
ကိုသက်ရောက်စေပြီး အဲ့ဒီ Cosmo Power စွမ်းအင်များဟာ သူရွတ်လိုက်တဲ့အခါ
သူရွတ်လိုက်တဲ့ ဌာန်နဲ့ပေါင်းစပ်ကာ မန္တန်ရွတ်သူဆီကို စွမ်းအင်ဝင်ရောက်လာပြီး
ဆန္ဒများက Cosmo Power သို့
ပြန်လည်ဝင်ရောက်တန်ပြန်ကာသက်ရောက်စေခြင်းပဲဖြစ်ပါတယ်။
                မန္တန်အတော်များများမှာ
စိတ်အာရုံစူးစိုက်မှုကိုထောက်ပံ့ပေးတာမျိုးတွေလည်း တွေ့ရတတ်ပါတယ်။ ဥပမာ
အစီအရင်တစ်ခုမှာဆိုရင် -
"ငါသူ့ကိုအရမ်းချစ်တယ် ...
ဆားမှုန်တွေက ရေထဲမှာပျော်ဝင်နေသလိုမျိုးပဲ
ငါ့ရဲ့အချစ်တွေက သူ့နှလုံးသားမှာပျော်ဝင်ကာ သူ့နှလုံးသားကိုလှုပ်နှိုးနိုင်ပါစေ
..."
             ဆိုတဲ့ စာသားရှိမန္တန်တစ်ပုဒ်ပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီမန
္တန်ကတော့ သူ့ရဲ့အချစ်စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှု၊ အချစ်စိတ်တက်ကြွမှုကို
နိုးထပေးစေပြီး အာရုံစူးစိုက်မှုမှတစ်ဆင့် အတွင်းစွမ်းအင်များကို ဖော်ထုတ်ကာ
အချစ်စိတ်တက်ကြွမှုမှတစ်ဆင့် သူလုပ်နေသော အချစ်မှော်အစီအရင်ကို ထောက်ပံ့ပေးကာ
အစီအရင်ရဲ့အစွမ်းဟာသူ့ဆန္ဒအတိုင်း အစွမ်းထက်သွားတာပဲဖြစ်ပါတယ်။
             ဟုတ်ပါပြီ။ ဒါဆိုရင် ကျွန်တော်တို့ မန္တန်တစ်ခုကို
ဖန်တီးကြည့်ကြပါမယ်။ ပထမဆုံးအနေနဲ့ ကိုယ်ဘာမန
္တန်ကိုဖန်တီးရမယ်ဆိုတာကိုသိထားရပါမယ်။ အချစ်အတွက်လား ..၊ အလှအပအတွက်လား၊
ဒါမှမဟုတ် အောင်မြင်မှုအတွက်လား ...။ ပထမဆုံးအနေနဲ့
စိတ်တည်ငြိမ်မှုရနိုင်မယ့် တည်ငြိမ်အေးချမ်းရာနေရာလေးတစ်ခုမှာ
ထိုင်လိုက်ပါ။ ကိုယ်မန္တန်ပြုလုပ်မယ့်အချိန်မှာ မိုးကောင်းကင်ကြီးက
တိမ်ကင်းစင်နေပြီး ကိုယ့်ကိုနှောင့်ယှက်နိုင်မယ့်သူ မလာရောက်နိုင်ဘူး ..
ညအချိန်ဆို ကြယ်တွေ၊ လတွေကိုအတိုင်းသားမြင်နေရတယ်ဆိုရင်ပိုကောင်းပါတယ်။
             တည်ငြိမ်အေးချမ်းရာနေရာလေးတစ်ခုမှာထိုင်လိုက်ပြီးပြီဆိုရင်တော့
ကိုယ်လုပ်မယ့်အစီအရင်အကြောင်းကို အာရုံပြုပြီး မေတ္တာပို့သပါ။ ဥပမာ -
ချစ်သူပြန်လာစေဖို့ဆိုရင် တစ်လောကလုံးမှာ ရှိသမျှလူများအားလုံး
ချစ်သူနဲ့ကွေကွင်းရခြင်းမှ ကင်းဝေးပြီး ချစ်ရသူနဲ့ သေတပန်
သက်တစ်ဆုံးပေါင်းဖက်သွားနိုင်ကြပါစေလို့ မေတ္တာဦးစွာပို့ပေးပါ။
ပြီးနောက်မှာတော့ အဖြူရောင် စာရွက်တစ်ရွက်ပေါ်မှာ သပ်ရပ်သောလက်ရေးနဲ့
"ချစ်သူပြန်လာစေရန်"လို့ရေးလိုက်ပါ။ ပြီးနောက် စာရွက်ကို မိမိရှေ့ချ
မျက်လုံးမှိတ်ကာ "တီ ...... ရှန် .... တီ .... ရှန်....."
ဟုစိတ်တည်ငြိမ်သွားသည်အထိ ရွတ်ဆိုပါ။ အဲ့ဒီလိုရွတ်ဆိုပြီးနောက်မှာတော့
စာရွက်ကို မိမိနဖူးပေါ်သို့တင်ကာ မျက်လုံးကိုမှိတ်ချလိုက်ပါ။
အာရုံထဲတွင်တော့ မိမိဟာ စကြဝဠာကြီးထဲမှ လွင့်မျောလျက်ရှိရင်းနှင့်
စာရွက်အပိုင်းအစလေးကို Black Hole ဟုခေါ်သော အာကာသတွင်းနက်ကြီးထဲဆီသို့
လွှင့်ပစ်နေသည်ဟု မြင်ယောင်ပါ။ မမြင်ယောင်သေးပါကလည်း မြင်ယောင်လာသည်အထိ
စိတ်ကို ဖြည်းညင်းစွာနှင့် စုစည်းအာရုံပြုပါ။
                ထို့နောက် စိတ်ကိုလုံးဝလျှော့ချထားပါ။ မိမိ၏
တတိယမျက်လုံးမှ ကြိုးမျှင်လေးသည် Black Hole ခေါ်
အာကာသတွင်းနက်ကြီးဆီသို့ဝင်ရောက်ကာ မိမိစာရွက်မှအသွင်ပြောင်းသွားသော မန
္တန်စာသားကို ဆွဲယူနေသည်ဟု ဆက်လက်မြင်ယောင်ပါ။
မြင်ယောင်အာရုံပြုနေစဉ်အချိန်အတွင်း မိမိ၏စိတ်သည် တည်ငြိမ်နေရမည်ဖြစ်ကာ
လက်ရှိနေရာတွင်ရှိနေသည်ဟု မတွေးရဘဲ အမှန်တကယ် မိမိဝိဥာဉ်
စကြဝဠာသို့ရောက်နေသည်ဟုတွေးနေရမည်ဖြစ်သည်။ မန္တန်စာသားသည်
စာသားအနေနှင့်ပင် မိမိအာရုံထဲသို့ပေါ်နိုင်သလို ရံဖန်ရံခါ
အသံလှိုင်းအနေဖြင့်ပို့တတ်သည်။ ထိုသို့ပေါ်လာနေချိန်တွင်
အာရုံမပျောက်ခင်အချိန်အတွင်း
မိမိနှလုံးသားကိုညာဘက်လက်နှင့်ဆုပ်ကိုင်ထားကာ -
"ဤမန္တန်ကို လူတိုင်းရွတ်ခွင့်ရှိသည် ...
(၇)ကြိမ်ရွတ်ပါမှ ချစ်သူပြန်လာစေနိုင်မည် ...
မန္တန်ကို စကြဝဠာတွင်အမှန်တကယ် အသက်သွင်းပြီးခဲ့ချေပြီ ...
မန္တန်ကိုစကြဝဠာတွင် အမှန်တကယ် အသက်သွင်းပြီးခဲ့ချေပြီ ....
မန္တန်ကိုစကြဝဠာတွင် အမှန်တကယ်အသက်သွင်းပြီးခဲ့ချေပြီ
...."ဟုရွတ်ဆိုပြီးနောက် "အို........"ဟု တစ်မိနစ်ခန့်
သံရှည်ဆွဲကာဆိုပေးရမှာဖြစ်ပါတယ် ..။
            ဒီလိုရွတ်ဆိုအပြီးမှာတော့ ဒီမန္တန်ကို မိမိလိုပင်
မှော်အတတ်ပညာလေ့လာနေဆဲလူတစ်ယောက်ကို ပေးလိုက်ပါ။ ထိုသို့ပြုလုပ်ခြင်းမှာ
သူရွတ်သောအခါ သူ့အစွမ်းဖြင့် မန္တန်ကို
ပိုမိုအစွမ်းထက်စေခြင်းပင်ဖြစ်ပေသည်။
              ဒီတစ်ခေါက်မီးခိုးရောင်မှော်ပညာမှာတော့ စကြဝဠာစွမ်းအင်မန
္တန်ဖန်တီးခြင်းအတတ်ကို ဖော်ပြပေးခဲ့ပြီး နောက်ကျင့်စဉ်တွေမှာတော့
ကျန်ရှိနေသေးတဲ့ မန္တန်ဖန်တီးခြင်းအကြောင်းအရာတွေ
ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၁၃)

                   မီးခိုးရောင်မှော်ပညာကျင့်စဉ်ကိ
ုဖော်ပြလာခဲ့တာ
အခုဒုတိယဘာသာရပ်ဖြစ်တဲ့ ပုံရိပ်ယောင်လောကမှော်ပညာရပ်ကို
ဖော်ပြရမယ့်အချိန်ကိုတောင် ကျရောက်လို့လာပါပြီ။
ကံတရားထပ်တူကျပညာရပ်ဟောပြောခြင်းများ၊ ကံတရားလှိုင်းများအကြောင်းကို
အတော်အတန်ကလေးနားလည်လောက်ပြီး
သင့်တော်သလိုအသုံးချနိုင်လောက်ကြပြီလို့လည်းမျှော်လင့်ပါတယ်။ အခုဘာသာရပ်ကတော့
"ပုံရိပ်ယောင်လောကမှော်ပညာရပ်"အကြောင်းပဲဖြစ်ပါတယ်။
                   ပုံရိပ်ယောင်လောကမှော်ပညာရပ် ဆိုတော့ဟုတ်ပါပြီ။
ပုံရိပ်ယောင်လောကမှော်ပညာရပ်ဆိုတာကကော ဘာပါလဲ။ ဒီပညာရပ်ကတော့
အတော်များများနဲ့စိမ်းနေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီပညာရပ်ကိုလိုက်စားသူနဲ့
ပြန်လည်မျှဝေသူဟာ အလွန်နည်းပါးပြီး ပုံရိပ်ယောင်လောကမှော်ပညာရပ်ဟာ
အစွမ်းအထက်ဆုံးနဲ့ အဆုံးမဲ့ မှော်ပညာပေါင်းအစုကြီး ဖြစ်နေလို့ပါပဲ။
အလွန်ရှုပ်ထွေးတဲ့ ပုံရိပ်ယောင်မှော်ပညာရပ်ကိုနားလည်နိုင်ဖို့အတွက်
မှော်ပညာလေ့လာမှုအပိုင်းကို      နှစ်ပိုင်းခွဲခြားတင်ပြသွားပါမယ်။
မှော်ပညာလေ့လာသူများအတွက် လေ့လာမှုမှာ -
(၁) လက်တွေ့လောကမှော်ပညာရပ်
(၂) ပုံရိပ်ယောင်လောကမှော်ပညာရပ်
                   ဆိုပြီးနှစ်မျိုးနှစ်စားခွဲသွားပြပါ့မယ်။ ကျွန်တော်တို့ မန
္တန်တွေရွတ်တယ်။ ဥပမာ အင်ကန်နာဘီးလိယိတ်နဲ့ပုတီးစိပ်တယ်။ ဒါက
လက်တွေ့လောကမှာရှိပြီးဖြစ်တဲ့ ကျင့်စဉ်တစ်ခုကိုကျင့်တာဆိုတော့ ဒါဟာ
လက်တွေ့လောကမှော်ပညာရပ်ပါ။ လက်တွေ့လောကမှော်ပညာရပ်ဆိုတာက
လက်ရှိလောကကြီးအတွင်းမှာရှိတဲ့ ပညာရပ်တွေကို ကျင့်ကြံရယူခြင်းဖြစ်ပြီး
သူကပညာအကန့်အသတ်နဲ့လေ့လာကြရပါတယ်။ လောကီပညာရှင်အတော်များများဟာ
လက်တွေ့လောကပညာရပ်နဲ့စတင်ခဲ့ကြတာများပါတယ်။
                   ဟုတ်ပြီ။ ဒါဆိုရင် ပုံရိပ်ယောင်လောကမှော်ပညာရပ်အကြောင်း
ဆက်ပြောကြည့်ကြရအောင်..။ အင်ကန်နာဘီးလိယိတ်ကိုပဲ ဥပမာပေးပြီး
ပြောကြည့်ကြရအောင်...။ လူတစ်ယောက်က အင်ကန်နာဘီးလိယိတ်နဲ့ ပုတီးစိပ်လို့
ပုံရိပ်ယောင်လောကနဲ့ချိတ်ဆက်မိပြီး မှော်အစီအရင် အသစ်တွေ သူ့ဆီကို
အလိုအလျောက်ဝင်လာတယ်ဆိုပါစို့။ ဒီအစီအရင်က ပြင်ပမှာမရှိဘူး။ ဒါပေမယ့်
သူသုံးလိုက်တော့အဆင်ပြေသွားတယ်။ ဒါဆိုရင်တော့ ဒီလူဟာ
ပုံရိပ်ယောင်လောကမှော်ပညာရပ်ကနေတစ်ဆင့် မှော်မန္တန်တစ်ပုဒ်ကို
မွေးထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။
               မီးခိုးရောင်ကျင့်သူတွေထဲမှာ အင်ကန်နာဘီးလိယိတ်
စိပ်တဲ့သူတွေပါတော့ စိပ်သူတွေထဲမှာလည်း ပုံရိပ်ယောင်လောကနဲ့
ဆက်သွယ်မှုရသွားတဲ့သူတွေပါကြဦးမှာပါ။ အဆက်အသွယ်မရသေးရင်လည်း
ပထမဆုံးမိုင်ယန်လချင်းပုံရိပ်ယောင်လောကဆက်သွယ်တဲ့ ကျင့်စဉ်ကို
ဖော်ပြပေးပါမယ်။
              အရင်ဆုံး ကိုယ့်အနေနဲ့ စိတ်အပန်းဖြေနိုင်မယ်၊
ငြိမ်းချမ်းမှုရနိုင်မယ်လို့ ထင်တဲ့နေရာကိုသွားပါ။ ဥပမာအားဖြင့် -
ဘုရားကျောင်း၊ ပန်ြးံခံ စသဖြင့်ပေါ့။ အဲ့ဒီလိုသွားရောက်ပြီးနောက်မှာတော့
စုံလင်များမြောင်လှတဲ့ အရောင်များကို ကြည့်ရှုနေရင်းနဲ့ပဲ -
"ဒီအရောင်တွေက လက်တွေ့မှာတကယ်မရှိပါဘူး.... ငါမြင်လာနိုင်ဖို့အတွက်
အာရုံတစ်ခုအနေနဲ့ ထောက်ပံ့ပေးထားတာပါ၊ ငါမြင်နေရတာက
ဒီအရာဝတ္ထုတွေမဟုတ်ပါဘူး ...၊ အမြင်အာရုံအဆင်ပြေအောင်လို့
ပုံရိပ်ထောက်ပံ့ပေးထားတာပါ ..."
             အဲ့ဒီလိုစိတ်ထဲမှာ မှတ်ယူပြီးနောက်မှာတော့
အရောင်တွေအားလုံးဟာ အတူတူပဲ တစ်ထပ်တည်းကျနေတယ်လို့ စိတ်ထဲမှာ
လုံးဝနားလည်သွားပြီး စိတ်တည်ငြိမ်မှုရသွားပြီဆိုရင်တော့ သင်ဟာ
အရောင်တို့နဲ့ အမြင်အာရုံတို့နဲ့ပတ်သတ်ပြီး
အနည်းငယ်နားလည်သူဖြစ်သွားပါပြီ။
             ဒီလိုပဲ (၇)ရက်တိတိလောက် မနက်ခင်းအစောချိန်လေးတွေမှာ
ဆက်တိုက်လုပ်သွားပေးပါ။ (၇)ရက်ကြာပြီးသွားရင်တော့ ကျွန်တော်တို့ဟာ
မိုင်ယန်လချင်းပုံရိပ်ယောင်မှော်လောကကို
မြင်နိုင်စွမ်းရှိသူတွေဖြစ်သွားပါပြီ။ ထူးဆန်းတာတွေမြင်နိုင်ဖို့လည်း
သင့်စိတ်က လက်ခံထားရပါတော့မယ်။ မယုံနိုင်စရာ လှိုင်းတွေ၊ တစ္ဆေသရဲတွေ၊
ပရလောကသားတွေ စသဖြင့်မြင်လာရဖို့အတွက် ရဲရင့်နေဖို့လည်း လိုအပ်ပါသေးတယ်။
နောက်ပြီး ကိုယ့်ကိုယ်ကို မယုံနိုင်စရာတွေ မြင်နိုင်တဲ့သူတစ်ယောက်အဖြစ်
လက်ခံနိုင်မှသာ ဒီကျင့်စဉ်ကို ဆက်ကျင့်ကြဖို့ကိုလည်း
အထူးပြောကြားလိုပါတယ်။
                ဒါဆိုကျင့်စဉ်ကို ဆက်သွားလိုက်ကြရအောင် ...။
ညသန်းခေါင်ယံအချိန်ကနေ မနက်(၄)နာရီအချိန်အတွင်း အချိန်မကျော်စေဘဲ
မိမိနှစ်သက်ရာအချိန်မှာလုပ်ရမှာဖြစ်ပြီးတော့ တိတ်ဆိတ်ငြိမ်သက်ပြီး
မီးအလင်းရောင်မှိန်ပျပျရှိရာနေရာမှာ မျက်လုံးကိုမှိတ်ထားလိုက်ပါ။
မှိတ်ထားပြီးနောက် "အင်ကန်နာဘီးလိယိတ်"လို့ စိတ်ထဲက
သုံးကြိမ်တိတိရွတ်ဆိုလိုက်ကာ မိမိရင်ခေါင်းထဲမှအခိုးအငွေ့များဟာ
တတိယမျက်လုံးမှာရှိတဲ့ အမြင်အာရုံထဲထိ တက်လာတယ်လို့အာရုံပြုထားပါ။
မျက်လုံးကိုတော့ မှိတ်ထားရင်း တတိယမျက်လုံးနဲ့ပဲမြင်ယောင်နေရမှာပါ။
ဆက်လက်ပြီး အခိုးအငွေ့များ ပျောက်ကွယ်သွားစေရန်အတွက်
အခိုးအငွေ့များရဲ့အလယ်ဗဟိုကို တတိယမျက်လုံးနဲ့ အားထည့်ပြီး
စူးစိုက်ကြည့်လိုက်ပါ။ စူးစိုက်ရင်း ဆက်လက်အာရုံပြုပါ။
"အခိုးအငွေ့များ လျော့နည်းပျောက်ကွယ်သွားပြီ၊ အခိုးအငွေ့များ
လျော့နည်းပျောက်ကွယ်သွားပြီ၊ အခိုးအငွေ့များလျော့နည်းပျောက်ကွယ်သွားပြီ
.."
        မကြာခင်မှာ အခိုးအငွေ့များ တဖြည်းဖြည်းလျော့ပါးလာပြီးနောက်မှာ
ပုံရိပ်တစ်ခုခုပေါ်လာပါလိမ့်မယ်။ အဆိုပါပုံရိပ်ဟာ
မိုင်ယန်လချင်းနဲ့ဆက်နွယ်နေတဲ့ပုံရိပ်တစ်ခုပဲဖြစ်ပြီးတော့
ပေါ်လာသမျှပုံရိပ်တွေရဲ့ နောက်ကို တဖြည်းဖြည်းချင်းသာ
လိုက်ပါစီးမျောသွားပေးပါ။ ဘာထူးခြားသလဲဆိုတာတော့ မပြောတော့ပါဘူး..။
တစ်ဦးနဲ့တစ်ဦးမတူတဲ့အတွက် ကျင့်တဲ့သူနဲ့သက်ဆိုင်ပြီး မတူညီတဲ့
စွမ်းအင်များနဲ့ ပိုမိုကောင်းမွန်သောအစောင့်အရှောက်တို့အပြင်
အခြားစွမ်းအင်သတ္တိများရရှိလာနိုင်မှာဖြစ်ကာ မိမိကိုယ်မိမိ မှော်ဆရာပါလို့
ပြောနိုင်လောက်တဲ့ထိ ဖြစ်လာပါလိမ့်မယ်။
             ဒီကျင့်စဉ်ကို(၁၄)ရက်တိတိလုပ်သွားရမှာပဲဖြစ်ကာ
ဒီကျင့်စဉ်ပြီးနောက်မှာတော့ ကျန်ရှိနေသေးတဲ့ ပုံရိပ်ယောင်လောက
သဘောတရားများနဲ့ ထူးခြားဆန်းပြားပြီး မီးခိုးရောင်မှော်ရဲ့
အခမ်းနားဆုံးကျင့်စဉ်နည်းလမ်းတွေကို ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၁၂)

                 ကံတရားလှိုင်းများအကြောင်းကို ကျွန်တော်တို့
မီးခိုးရောင်မှော်ကျင့်စဉ်(၁၁)
မှာ လေ့လာခဲ့ရပြီးပါပြီ။ ကံတရားလှိုင်းများ
ခန္ဓာကိုယ်သို့ပို့ဆောင်မှုမှာ ကံတရားတင်ပဲပါတာပါပဲလား ...။
                  မဟုတ်ပါဘူး။ အဲ့ဒီလှိုင်းများ
တခြားအကြောင်းအရာတွေကိုပါပို့ဆောင်လို့ရပါတယ်။ ဥပမာအနေနဲ့ပြောရရင်
တချို့လူတွေ အတိတ်ဘဝကို မှတ်မိကြတယ်။ ဒါတွေဟာ အတိတ်ဘဝက မှတ်ဥာဏ်တွေ
ကံတရားလှိုင်းကနေတစ်ဆင့်ပါလာခြင်းပါပဲ။ ကျွန်တော်တို့လည်း
နောက်ဘဝကိုရောက်လို့ရှိရင် အခုဘဝကို မှတ်မိလိုတယ်ဆိုပါစို့။
အဲ့ဒီလိုလုပ်ဖို့အတွက်က အရမ်းပဲလွယ်ကူရိုးရှင်းပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုရင် ဥပမာ  နေ့လည်စာ ထမင်းစားနေတယ်ဆိုပါစို့။
အဲ့လိုစားနေချိန်မှာဆို ငါ ဘယ်နှခုနှစ်၊ ဘယ်နှလ၊ ဘယ်နှရက်၊
ဘယ်နှနာရီအချိန်မှာ ထမင်းကို ဘာဟင်းတွေနဲ့ ဘယ်သူတွေနဲ့အတူ
စားနေကြပါလားလို့ ဆက်တိုက်အာရုံပြုထားပေးပါ။ ဒီလိုမျိုး
သေချာစူးစိုက်အာရုံပြုမှုမျိုးက သင့်ကို နောက်ဘဝအတွက်
ယခုဘဝမှတ်ဥာဏ်လှိုင်းများ သယ်ဆောင်ပေးသွားပါလိမ့်မယ်။
                 ဟုတ်ပြီ။ ကျွန်တော်တို့ ဒီကျင့်စဉ်မှာ
ဘာတွေကိုလေ့လာရမလဲ။ ကံတရားလှိုင်းများမှတစ်ဆင့် ကံတရားသာမက
တခြားသောသတင်းအချက်အလက်တွေပို့ဆောင်နိုင်တယ်ဆိုတာကို သိပြီးတဲ့အခါမှာတော့
ကျွန်တော်တို့တတွေ သတင်းအချက်အလက်တစ်ခုကို ပို့ဆောင်ကြည့်ကြရအောင်။
ပထမဆုံးအနေနဲ့ စာရွက်အပိုင်းအစတစ်ခုမှာ သတင်းအချက်အလက်ပို့ပေးချင်တဲ့
သူတွေရဲ့နာမည်တွေနဲ့ ကိုယ်နဲ့ဘာတော်စပ်သလဲ သူငယ်ချင်းဆိုသူငယ်ချင်း
ညီဆိုညီ အစ်ကိုဆိုအစ်ကို စသဖြင့်ရေးပြီး စာရင်းပြုစုပါ။ ပြီးနောက်
တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်တည်ငြိမ်နေချိန်မှာ ထိုင်ခုံတစ်လုံးမှာထိုင်
စာရွက်ထဲက နာမည်တွေကိုကြည့်နေရင်းနဲ့ မျက်လုံးကိုမှိတ်ကာ
စာရင်းထဲမှာပါတဲ့ သူတွေရဲ့ ရုပ်သွင်တွေကိုမြင်ယောင်ပြီး
အတွေးနဲ့ပုံဖော်ပါ။ အဲ့ဒီအချိန်ဟာ သူတို့အိပ်နေနိုင်လောက်တဲ့
ညအချိန်မှာလုပ်ရမှာဖြစ်ပြီး သူတို့အားလုံးရဲ့ မျက်နှာသွင်ပြင်နဲ့
စိတ်ဝိညာဉ်တွေကို ကိုယ့်စိတ်ဝိညာဉ်အတွင်းသို့စုစည်းပါ။ ဆိုလိုတာကတော့
ကိုယ့်ရဲ့စိတ်ထဲမှာ သူတို့တွေရဲ့ စိတ်နဲ့ပတ်သတ်တဲ့အကြောင်းကလွဲလို့
ဘာအကြောင်းအရာမှမရှိအောင် ရှင်းလင်းနေရင်ပိုကောင်းပါတယ်။
ကိုယ့်စိတ်အာရုံထဲမှာ အမြင်အာရုံထဲမှာ
သူတို့ရဲ့စိတ်ကလွဲပြီးဘာမှမရှိတော့ဘူးဆိုရင်တော့ သူတို့နဲ့ပတ်သတ်တဲ့
အကြောင်းအရာတစ်ခုခုကိုပြောပါ။ သူတို့အားလုံးကို သတိရကြောင်း ..၊
ဒါမှမဟုတ် ကိုယ်အဆင်မပြေဖြစ်နေလို့ သူတို့ကိုကူညီစေလိုကြောင်း စသဖြင့်
ကိုယ်ပြောလိုတဲ့အကြောင်းအရာကို သူတို့ရဲ့အာရုံထဲမှာရောက်နေတဲ့
သူတို့ရဲ့စိတ်ဝိညာဉ်အတွေးတွေနဲ့ချိတ်ဆက်တာ တွေးနေပေးပါ။
             တွေးပြီးနောက်မှာတော့ တည်ငြိမ်နေတဲ့စိတ်နဲ့ပဲ ညအိပ်လိုက်ပါ။
အဲ့ဒီညမှာ စာရင်းထဲမှာပါတဲ့ လူတွေဟာ သင့်ကိုအိပ်မက်,မက်နေပါလိမ့်မယ်။
ဒီလိုမျိုးနည်းတွေနဲ့ ပရလောကသားတွေ၊ အမှောင်လောကသားတွေက
သတင်းအမှားတွေပို့နိုင်ပါတယ်။ ဘုန်းကံရှိနေတဲ့ လူသားတွေကိုမနိုင်ရင်
ကိုယ့်ကိုမလိုတဲ့ပရလောကသားတော်တော်များများက
ဒီနည်းနဲ့သုံးပြီးတိုက်ခိုက်တတ်ကြပါတယ်။ ဒါကြောင့်မို့
ဘာအိပ်မက်ပဲဖြစ်ဖြစ်ရခဲ့ရင် ချက်ချင်းမယုံသင့်ပဲ ကိုယ်ယုံကြည်ရတဲ့
မှန်ကန်တဲ့ လောကီပညာရှင်တစ်ဦးဦးနဲ့ဆွေးနွေးကြည့် .
လက်ရှိကိုယ်ဖြစ်နေတဲ့ကိစ္စတွေ၊ ကိုယ်လုပ်ခဲ့တဲ့ကိစ္စတွေနဲ့
ကြောင်းကျိုးဆက်စပ်ပြီးတော့မှသာယုံကြည်သင့်ပါတယ်။ အခုအိပ်မက်မက်စေတဲ့
သတင်းဟာ ဘယ်ကနေရောက်သွားသလဲဆိုရင် ခန္ဓာကိုယ်ကထွက်တဲ့ကံတရား ပို့လွတ်ရာ
ပုံရိပ်ယောင်ပင်မဌာနလို့ခေါ်တဲ့နေရာကနေရောက်ရှိသွားခြင်းဖြစ်ပါတယ်။
ဒီပုံရိပ်ယောင်ပင်မဌာနကိုအသုံးချပြီး ကျွန်တော်တို့
ဥာဏ်ရှိသလိုစွယ်စုံသုံးနိုင်ပါတယ်။ အသုံးပြုနည်းများနဲ့ ဒုတိယဘာသာရပ်နဲ့
လောကီလောက .. မှော်လောကမှာ အလျှို့ဝှက်အနက်နဲဆုံး၊ အစွမ်းအထက်ဆုံးနဲ့
ဖော်ထုတ်ဝံ့သူ လက်တစ်ဖက်သာချိုးရေလို့ရအောင်ကို အနည်းဆုံး
ပုံရိပ်ယောင်လောကမှော်ပညာရပ်များအကြောင်းကို နောက်လာမယ့်ကျင့်စဉ်များမှာ
ဆက်လက်ဖော်ပြပေးမှာဖြစ်ပါကြောင်း ....။

ကာရှိုင်း (ကြယ်စင်ချစ်သူ)

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၁၁)

            မီးခိုးရောင်မှော်ပညာဘာသာရပ်ရဲ့
ကံတရားထပ်တူကျဘာသာရပ်အကြောင်းကိ
ု ဖော်ပြခဲ့တာ
တော်တော်လေးကိုရောက်ခဲ့ပါပြီ။ အရှေ့မှာ ဖော်ပြခဲ့တဲ့အကြောင်းတွေတော့
ရှေ့ဖြစ်ဟောခြင်းနဲ့ပတ်သတ်လို့ ဖော်ပြခဲ့တာပဲဖြစ်ပြီး
အခုဆက်လက်ပြီးဖော်ပြမှာကတော့ ရှေ့ဖြစ်ဟောခြင်းနဲ့ ဆက်စပ်တဲ့
လျှို့ဝှက်ချက်များအကြောင်းနဲ့ ဘာသာရေးဆိုင်ရာ
အညစ်အကြေးဆေးကြောခြင်းကျင့်စဉ်အကြောင်းကို
ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
               မိုင်ယန်လချင်းအယူအဆမှာတော့
ဗုဒ္ဒအယူအဆမှာလက်ခံထားတဲ့အတိုင်း ကံတရားဆိုင်ရာ
လှိုင်းများကူးပြောင်းခြင်းကိုလက်ခံထားပြီး
ကံတရားလှိုင်းများနဲ့ပတ်သတ်ပြီးထိန်းချုပ်နိုင်စွမ်းကျင့်စဉ်များကလည်း
ကံတရားထပ်တူကျမှော်ပညာရပ်ထဲမှာပါဝင်လို့နေပါတယ်။
                ထိန်းချုပ်နိုင်စွမ်းရနိုင်မယ့်ကျင့်စဉ်အကြောင်းကို
မဖော်ပြမီမှာ အရင်ဆုံး
ကံတရားလှိုင်းများကူးပြောင်းခြင်းအကြောင်းကိုသိထားသင့်ပါတယ်။
ကျွန်တော်တို့ ဘဝတစ်ခုကနေတစ်ခုကို ကူးပြောင်းရာမှာ ဝိဥာဉ်ကနေ ထွက်သွားကာ
တစ်ခြားတစ်နေရာကိုဝင်ရောက်သွားခြင်းမျိုးမဟုတ်ဘဲ ယခုလက်ရှိ
ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် တစ်စုံတရာကိုလုပ်နေတဲ့အချိန်မှာ
အဲ့ဒီလုပ်နေတာရဲ့ ဆက်စပ်တဲ့လှိုင်းတွေဟာ နောက်ဘဝဖြစ်မယ့်နေရာကို
အချက်အလက်အသွင်နဲ့ပို့ဆောင်လျက်ရှိပါတယ်။ ဒါကို
ကံတရားလှိုင်းများလို့ခေါ်ပြီး အနောက်တိုင်းပညာရှင်အချို့ကတော့ Karmic
Waves လို့သုံးနှုန်းကြပါတယ်။ ဒီကံတရားလှိုင်းတွေဟာ ကျွန်တော်တို့
ကောင်းတာလုပ်ရင် နောက်ဘဝအတွက်
ကောင်းတဲ့ကံတရားအချက်အလက်တွေပို့ဆောင်ပေးတယ်. မကောင်းတာလုပ်ရင်
မကောင်းတဲ့ကံတရားအချက်အလက်တွေကိုပို့ဆောင်ပေးပါတယ်။
ဒီလှိုင်းများကြောင့်ပဲ နောက်ဘဝနောက်ဘဝတွေဆက်ဖြစ်နေရတာဖြစ်ပြီး
ဒီလှိုင်းတွေပို့လွတ်မှုရပ်တန့်သွားရင် ဘဝဆက်မရှိတော့ကာ သံသရာဆုံးခန်းတိုင်
နိဗာန်ကိုရောက်ပြီလို့ဆိုရမှာပါ။ နောက်ပြီး ကျွန်တော်တို့
မကောင်းတဲ့မှော်အစီအရင်မျိုး၊ နတ်များ၊ပရလောကသားများနဲ့ အပေးအယူလုပ်ရသော
မှော်အစီအရင်များ၊ ကျိန်စာများတိုက်ခြင်းဟာ
ကံတရားလှိုင်းတိုများဖြစ်စေပြီး ဒီဘဝမှာတင်ပြန်လည်သက်ရောက်ကာ
ကံဆိုးစေပါတယ်။ လူအချို့က မှော်ပညာသုံးတာငရဲသွားရတယ်ဆိုပေမယ့်
တကယ်တမ်းတော့မဟုတ်ပါဘူး။ မှော်အတတ်ပညာဖြစ်တိုင်း ငရဲမကျစေနိုင်ပါဘူး။
ငရဲကျစေနိုင်တယ်ဆိုတာက အကြောင်းမရှိဘဲ အကျိုးဖြစ်တယ်ဆိုတဲ့ အယူလွဲတဲ့
အစွန်းရောက်တဲ့နည်းလမ်းတွေကိုသုံးမှ မိစ္ဆာဒိဌိအယူနဲ့ ငရဲကျနိုင်တာပါ။
တချို့ကတော့ ဘာမဟုတ်တဲ့ စာတွေရွတ်ဆိုလိုက်ရုံ၊ ဘာမဟုတ်တဲ့
ဖယောင်းတိုင်မီးညှိရုံနဲ့ အစွမ်းထက်သွားတယ်ဆိုတာ
အကျိုးမရှိဘဲအကြောင်းဖြစ်တယ်လို့ဆိုကာ ဒိဌိဖြစ်တယ်လို့ဆိုကြပါတယ်။
တကယ်တော့ နောက်ကွယ်ကသက်ရောက်မှုအကြောင်းတရားကြောင့် အကျိုးဖြစ်ရခြင်းပါ။
ဒါက စကားလမ်းကြုံလို့ပြောလိုက်ခြင်းဖြစ်ပြီး
နောက်ကွယ်သက်ရောက်မှုအကြောင်းတရားများအကြောင်းကို
ပုံရိပ်ယောင်လောကမှော်ပညာရပ်ရဲ့ မန္တန်ဖန်တီးခြင်းအတတ်မှာ
အသေးစိတ်ဆက်လက်ဖော်ပြပေးမှာပါ။ အခုကံတရားလှိုင်းပြောင်းလဲမှုအကြောင်းကို
ဆက်လေ့လာကြရအောင်..။
            အခုကျင့်ရမယ့်ကျင့်စဉ်ကတော့
အရင်ကလုပ်ခဲ့တဲ့မှော်အစီအရင်တွေကသက်ရောက်ခဲ့တဲ့
မကောင်းတဲ့ကံတရားလှိုင်းတွေကို တားဆီးကြည့်ရမယ့်ကျင့်စဉ်ပါ။
ဒီလိုတားဆီးနိုင်မယ်ဆိုရင်တော့ အရင်ကျင့်စဉ်က
ကိုယ့်အပေါ်ကိုတန်ပြန်သက်ရောက်တာတွေနည်းသွားမယ်။ မှော်အစီအရင်တွေနဲ့
ပြုစားခြင်းဟာ အားနည်းချက်ရှိမှ၊ အကုသိုလ်အနည်းငယ်ရှိမှသာ
ပြုစားလို့ရတာကြောင့် အားနည်းချက်တွေလျော့နည်းသွားတဲ့အတွက်
ပြုစားခြင်းများမှ ထိထိရောက်ရောက်ကာကွယ်နိုင်လာမယ်။ ဒီလှိုင်းတွေကို
ထိန်းချုပ်နိုင်မယ်ဆိုရင်တေှာ့ဗုဒ္ဒအယူအရကြည့်ရင် တစ်မျိုးဖြစ်နေပေမယ့်
းနောက်ဘဝကိုပို့ဆောင်မယ့် အကုသိုလ်လှိုင်းတွေကို
ဟန့်တားနိုင်တဲ့အထိပါလုပ်ဆောင်နိုင်ပါမယ်။
            ပထမဆုံးအနေနဲ့ တပလ္လင်ခွေထိုင်လိုက်ပါ။ ပြီးနောက်မှာတော့
လက်နှစ်ဖက်ကိုပေါင်ပေါ်တင်ထားပါ။ စိတ်ကိုတည်ငြိမ်အောင်ထားရင်း စိတ်ထဲမှာ
ဘာမှမကျန်တော့သည်အထိထားပါ။ ပြီးနောက်မှာတော့ ‘စိတ်ထဲမှာဘာမှမရှိတော့ဘူး .
ပျော်ရွှင်မှုတွေပဲရှိတော့တယ် ..’လို့တွေးရင်းနဲ့
အေးမြခြင်းတွေကိုယ်ထဲမှာရောက်နေပြီလို့အာရုံပြုကာ
အေးမြပျော်ရွှင်ခြင်းဓာတ်ကို နှလုံးသားမှတစ်ဆင့် တတိယမျက်လုံးဆီမှတစ်ဆင့်
လှိုင်းတွေထွက်နေပြီ ..။ မကောင်းတဲ့လှိုင်းတွေ တတိယမျက်လုံးအတွင်းက
အခေါင်းပေါက်အတွင်းသို့ ပြန်လည်ဝင်ရောက်သိမ်းဆည်းနေပြီး
အေးမြငြိမ်းချမ်းခြင်းတွေနဲ့ ပိတ်ကာထားလိုက်ပြီလို့ အာရုံပြုနေပါ။
အနီးနားမှာရှိသမျှ ဓာတ်စွမ်းအင်အားလုံးမိမိကိုယ်ထဲစိမ့်ဝင်နေပြီလို့
ကြက်သီးထလာသည်အထိဆက်လက်အာရုံပြုပါ။ စွမ်းအင်များနဲ့ ပြည့်ဝသွားပြီလို့
ခံစားရပါက စိတ်ကိုလျော့ချလိုက်ပြီး ကျင့်စဉ်ကိုအဆုံးသတ်ပါ။
             ဒီလိုကျင့်စဉ်ကို ရက်သတ္တပတ်လောက်လုပ်ဆောင်ခြင်းအားဖြင့်
အကာအကွယ်အားကောင်းလာခြင်း၊ တန်ပြန်မှုကိုကာကွယ်ခြင်း၊
သာမာန်လူတို့ပညာမပြိုင်နိုင်ခြင်း စတဲ့အစွမ်းတို့ကိုရရှိမှာဖြစ်ပြီး
နောင်လာမယ့် ပုံရိပ်ယောင်လောကမှော်ပညာရပ်အတွက်
စွမ်အင်တွေကအဆင်သင့်ဖြစ်နေမှာဖြစ်ပါကြောင်းဖော်ပြလိုက်ရပါတယ်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၁ဝ)

              အခုကျင့်စဉ်မှာတော့ ဆက်လက်ဖော်ပြဖို့ကျန်ရှိနေတဲ့ လက်ဖက်ခြောက်သင်္ကေတများကြည့်ရှုခြင်းနဲ့ သင်္ကေတတောင်းခံခြင်းများအကြောင်းကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ပထမဆုံးဖော်ပြပေးချင်တာကတော့ လက်ဖက်ခြောက်သင်္ကေတများနဲ့ ဆိုလိုချက်များပဲဖြစ်ပါတယ်။ သင်္ကေတကတော့ ဟုတ်ပါပြီ...။ ကျွန်တော်တို့ အဲ့ဒီသင်္ကေတတွေပေါ်အောင်ဘယ်လိုလုပ်ရမလဲ ..။ သင်္ကေတတွေပေါ်အောင် လုပ်တဲ့နည်းတွေကအများကြီးရှိပါတယ်။ မီးခိုးရောင်မှော်ပညာကျင့်စဉ်မှာတော့ ဒီကျင့်စဉ်မှာသုံးတဲ့နည်းအတိုင်းပဲ ဆက်လက်ဖော်ပြပေးသွားမှာပါ။ ပထမဆုံးအနေနဲ့ လက်ဖက်ခြောက်ရေနွေးကြည့်ခြင်းကိုမလုပ်မီ စိတ်ကိုတည်ငြိမ်အောင်ထားပါ။ ပြီးနောက်မှာတော့ ရေနွေးအနည်းငယ်သာကျန်တော့သော လက်ဖက်ခြောက်ဖန်ခွက်ကို နဖူးပေါ်တင်ပါ။ (မိမိရှေ့ဖြစ်ဟောမည့်သူ)၏ အနာဂတ်ကံတရားလှိုင်းများ စကြဝဠာမှတစ်ဆင့် မိမိနှလုံးသား၊ မိမိနှလုံးသားမှတစ်ဆင့် လက်ဖျားများဆီသို့ ဝင်ရောက်သွားကြောင်း အာရုံပြုပါ။ လက်များတဖြည်းဖြည်းနဲ့တုန်လာပြီးနောက်ပိုင်းမှာတော့ ရေနွေးခွက်ကိုပြန်ကြည့်ပေးပါ။
               ပေါ်လာတဲ့သင်္ကေတကိုလိုက်ပြီး ရှေ့ဖြစ်ဟောနိုင်ပါတယ်။ သင်္ကေတမှာ နှစ်မျိုးသတ်မှတ်ထားပြီး တောင်းခံနိုင်တဲ့ "ကိုယ်ပိုင်သင်္ကေတ"နဲ့ သတ်မှတ်ပြီးဖြစ်တဲ့ "စံသင်္ကေတ"တို့ပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ စံသင်္ကေတများကိုဖော်ပြပေးပါမယ်။
Inline image 1
                 ဒီပုံစံနဲ့အနီးစပ်ဆုံးပေါ်နေတယ်ဆိုရင်တော့ ဒါဟာ"ဒီရက်ပိုင်းမှာ နေစရာနေရာအသစ်ရတတ်တယ်။ နေရာတည်မြဲရလိမ့်မယ်၊ ရာထူးတက်နိုင်ချေရှိတယ်။ အချစ်ရေးမှာ ချစ်သူရဲ့နိုင်စားခြင်းကိုခံရတတ်တယ်၊ စီးပွားရေးမှာတော့ သေချာစနစ်ကျကျလုပ်မှအောင်မြင်လိမ့်မယ်၊ ငွေကုန်ုကြေးကျများမယ်၊  အိမ်ထောင်ရေးမှာ အဆင်ပြေနိုင်လိမ့်မယ်။" လို့ပြောနိုင်ပါတယ်။
Inline image 2
                အခုပုံစံနဲ့အနီးစပ်ဆုံးပေါ်နေတယ်ဆိုရင်တော့ "တစ်ပါးသူအချစ်ရေးမှာ အောင်သွယ်ရနိုင်ချေရှိပါတယ်။ စီးပွားရေးမှာတော့ ဟိုယောင်ယောင် ဒီယောင်ယောင် အကြံကောင်းတွေရပြီး အကြံဥာဏ်ကိုအကောင်အထည်မဖော်ဖြစ်လိုက်လို့ ဆုံးရှုံးမှုအချို့ရရှိနိုင်ပါလိမ့်မယ်။ အချစ်ရေးမှာတော့ တစ်ပါးသူကိစ္စကူညီပေးနေရပေမယ့် ကိုယ်တိုင်ရဲ့အချစ်ရေးအဆင်မပြေနိုင်မှုတွေလည်း ရှိနေနိုင်ပါတယ်။ " လို့ဟောနိုင်ပါတယ်။
Inline image 3အခုပုံစံအတိုင်းပေါ်နေတယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ ..။ အချစ်ရေးမှာလည်းအဆင်ပြေနိုင်လိမ့်မယ်.။ ငွေအစုလိုက်အပြုံလိုက်ဝင်ကိန်းရှိပါတယ်။ တစ်ခုခုကိုဆန္ဒြုပုလိုက်တာနဲ့ ဖြစ်နိုင်ချေရှိတာဆိုရင် မကြာမီအလိုလိုပြည့်လာနိုင်ပါလိမ့်မယ်။ ရာထူးတိုး လစာအဆမတန်တိုးနိုင်ချေရှိပါတယ်။
                                     အခုဖော်ပြခဲ့တဲ့ သင်္ကေတသုံးခုကတော့ သင်္ကေတတွေအများကြီးရှိတဲ့အထဲက အကောင်းဆုံး၊ အဆိုးဆုံးနဲ့ အလယ်အလတ်ကို ရွေးချယ်ပြခဲ့တာပါ။ တခြားသင်္ကေတတွေသိချင်သေးရင်လည်း ကိုယ်တိုင် ရှာလို့ရပါတယ်။ အဲ့ဒီလိုကိုယ်တိုင်ရှာတဲ့သင်္ကေတကို "ကိုယ်ပိုင်သင်္ကေတ"လို့ခေါ်ပြီး ကိုယ်တိုင်ပဲတောင်းဆိုမှုပြုရပါတယ်။
                                      တောင်းဆိုမှုပြုလုပ်ပုံကတော့ ပထမဆုံးကိုယ်တောင်းဆိုလိုတဲ့သင်္ကေတနဲ့ပတ်သတ်ပြီးအာရုံပြုပါ ... ။ ဥပမာ - "ချစ်သူနဲ့လက်ထပ်ရစေတဲ့သင်္ကေတ" ကိုတောင်းဆိုချင်တယ်ဆိုရင် ရေနွေးအကပ်သာရှိတဲ့ လက်ဖက်ခြောက်ခွက်ကို နဖူးပေါ်တင်ကာ မင်္ဂလာပွဲကျင်းပနေတဲ့စုံတွဲအကြောင်းကိုမြင်ယောင်ပါ။ အဲ့ဒီနောက် စကြဝဠာအပေါင်းစုဆီမှ စွမ်းအင်သင်္ကေတများ နှလုံးသားမှတစ်ဆင့် လက်ချောင်းများဆီသို့ရောက်နေသည်ဟု အာရုံပြုကာ တုန်ခါလာသည်ထိစောင့်ပါ။ ပြီးနောက်မှာတော့ လက်ဖက်ခြောက်ခွက်ကိုကြည့်ကာ ပေါ်လာတဲ့သင်္ကေတကို စာအုပ်မှာမှတ်သားပါ။ စိတ်တည်ငြိမ်မှုက အဓိကပါပဲ။  ဒီလိုနည်းနဲ့ပဲ သင်္ကေတတွေကိုတောင်းဆိုမှတ်သားရင်း လက်ဖက်ခြောက်ရှေ့ဖြစ်ဟောပညာရပ်ကို သင်္ကေတတွေနဲ့ဟောနိုင်ပြီပဲဖြစ်ပါတယ်။
                                       နောက်လာမယ့်ကျင့်စဉ်မှာတော့ ကံတရားထပ်တုကျရဲ့ နောက်ဆုံးကျင့်စဉ်နဲ့ အစွမ်းထက်ဆုံး ပုံရိပ်ယောင်မှော်ပညာနိဒါန်းကို ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၉)

             ရှေ့ဖြစ်ဟောနည်းတွေများစွာထဲမှာ
လက်ဖက်ခြောက်ရှေ့ဖြစ်ဟောနည်းက ရှေးကတည်းက
ဖန်လုံးကြည့်ပညာတွေနဲ့အတူထွန်း
ကားခဲ့တဲ့ပညာတစ်ခုပါ။ ဒီကျင့်စဉ်မှာ
ကျွန်တော်တို့ လက်ဖက်ခြောက်ရှေ့ဖြစ်ဟောနည်းကို စတင်လေ့လာရမှာပါ။
မိုင်ယန်လချင်း မီးခိုးရောင်ရှေ့ဖြစ်ဟောနည်းတွေထဲမှာ
တစ်မျိုးအပါအဝင်ဖြစ်တဲ့ လက်ဖက်ခြောက်ရှေ့ဖြစ်ဟောနည်းကိုမလုပ်ခင်
အရင်ဆုံးကျင့်ထားရမယ့် ကျင့်စဉ်တစ်ခုကို စတင်ကျင့်ရပါမယ်။
"အင်ကန်နာဘီးလိယိတ်"ဟာ အခုမီးခိုးရောင်ကျင့်စဉ်တစ်ခုလုံးရဲ့
အဓိကသော့ချက်တစ်ခုဖြစ်တာကြောင့် ပထမဆုံး "အင်ကန်နာဘီးလိယိတ်"နဲ့
ပုတီးစိပ်ပေးရမှာဖြစ်ပြီး စိပ်ပြီးနောက်မှာ ဘဝအဆက်ဆက်ကတော်ခဲ့ဖူးတဲ့
ဆွေတော်မျိုးတော်တွေ အစပြုကာ (၃၁)ဘုံကျင်လည်သမျှ သတ္တဝါများကို
အမျှပေးဝေပါ။ ပြီးနောက်မှာတော့ ပုတီးကိုလည်ပင်းမှာစွပ်ကာ ကြွေရေနွေးခွက်
အသစ်တစ်လုံးထဲကို လက်ဖက်ခြောက်ရေနွေးထည့်ကာ ညာလက်ဖြင့် (ဘယ်သန်ဆိုပါက
ဘယ်လက်ဖြင့်) ကိုင်ကာ နေနဲ့လဆီမှ စွမ်းအင်များက ကမ္ဘာဆီသို့ကျရောက်ကာ
ထိုမှတစ်ဆင့် သင့်နှလုံးသားဆီသို့ ဝင်ရောက်နေတယ်လို့ အာရုံပြုထားပါ။
            အဲ့ဒီလိုအာရုံပြုနေချိန်မှာ ရေနွေးခွက်ကို
ကိုင်ထားတဲ့လက်တစ်ဖက်က နှလုံးသားကို ဆုပ်ကိုင်ထားပြီး
နှလုံးသားမှစွမ်းအင်များ လက်ထဲမှတစ်ဆင့် ရေနွေးခွက်ဆီသို့ စိမ့်ဝင်နေသည်
ဟုအာရုံပြုပါ။ ရေနွေးခွက်ကိုင်ထားသည့်လက်တုန်ခါလာသည့်
တုန်ခါခြင်းအဆင့်ရောက်ပြီး မိနစ်အနည်းငယ်လောက်ကြာသည်အထိ ရေနွေးခွက်ထဲကို
စွမ်းအင်စိမ့်ဝင်စေမှုဖြစ်အောင် လုပ်ပေးရမှာဖြစ်ပြီးတော့
အဲ့ဒီရေနွေးခွက်ကိုတော့ နောက်ပိုင်းဖော်ပြမယ့်
ရှေ့ဖြစ်ဟောနည်းတွေမှာဆက်လက်အသုံးချရမှာဖြစ်ပါတယ်။ အဓိက ကတော့
ရေနွေးခွက်ကို အစီအရင်အတွက်ပဲသုံးရမှာဖြစ်ပါတယ်။
             ပြီးနောက်မှာတော့ ရေနွေးထည့်ထားတဲ့ အဲ့ဒီရေနွေးခွက်ထဲကို
အာရုံစူးစိုက်ကာစိုက်ကြည့်ပါ။ အာရုံစူးစိုက်မှုတစ်နေရာထဲရောက်ပြီး
စိတ်တည်ငြိမ်မှုများပြားလာတဲ့အခါ ဖန်လုံးကြည့်ခြင်းအတတ်လိုပဲ
အနာဂတ်မှာဖြစ်ပျက်မယ့် အဖြစ်အပျက်အကြောင်းအရာအချို့ကို
မြင်လာရပါလိမ့်မယ်။ အဲ့ဒီရေနွေးခွက်ထဲမှာ လက်ဖက်ခြောက်ရေနွေးထည့်ကာ
ကြည့်ရှုခြင်းကို (၁၄)ရက်ခန့် ဆက်တိုက်လေ့ကျင့်သွားသင့်ပြီး
အဲ့ဒီလိုလေ့ကျင့်ပြီးမှသာ ရေနွေးကြည့်ရှေ့ဖြစ်ဟောနည်းအပြင်
နောက်မှာဆက်လက်ဖော်ပြပေးမယ့် လက်ဖက်ခြောက်သင်္ကေတကြည့်ရှုနည်းကို
ဆက်လက်တက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်...။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၈)

                အရင်ကမီးခိုးရောင်မှော်ပညာကျင့်
စဉ်တွေမှာ
မိုင်ယန်လချင်းမီးခိုးရောင်မှော်အတတ်ပညာရဲ့ ရှေ့ဖြစ်ဟောပညာနဲ့ပတ်သတ်တဲ့
ကံတရားဆိုင်ရာ ဆက်စပ်မှုအခြေခံသဘောတရားတွေကို
ကျွန်တော်တို့တွေလေ့လာခဲ့ရပါတယ်။ ဆက်လက်ပြီး ကျန်ရှိနေတဲ့
ပညာရပ်တွေကိုဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
                ဆက်လက်ပြီးတော့ ကျိန်စာပိုင်းနဲ့ဆက်စပ်မှုကို
ကျွန်တော်တို့ ရှေ့ဖြစ်ဟောပညာနဲ့ဆက်စပ်လေ့လာရပါဦးမယ်။ ကျိန်စာဆိုတာဘာလဲ
. . .။ ကျိန်စာဆိုတာက
မှန်ကန်တဲ့အကြောင်းတရားတစ်စုံတစ်ခုကိုအကြောင်းပြုလို့
မကောင်းတာဖြစ်စေဖို့ တိုင်တည်ခြင်း၊ ခံစားချက်မှတစ်ဆင့်
မရည်ရွယ်ဘဲဘေးဖြစ်သွားစေခြင်းမျိုးဖြစ်ပါတယ်။ ဒီနေရာမှာ
ကျွန်တော်ရှေ့ဖြစ်ဟောပညာနဲ့ကျိန်စာတွေဘာကြောင့်ဆက်စပ်ပြောရသလဲဆိုရင်
ကျိန်စာတွေ အနက်ရောင်မှော်တွေမှာ မီးဓာတ်လို့ခေါ်တဲ့
အပူဓာတ်မျိုးရှိပါတယ်။ အဲ့ဒီအပူဓာတ်က ကျိန်စာတိုက်ချိန်မှာ
မထွက်တတ်ပေမယ့် ကျိန်စာသက်ရောက်ချိန်မှာ ထွက်လာတတ်ပြီး
ကျိန်စာတိုက်သူရဲ့ကံတရားကို ဆိုးဝါးစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ
ကျွန်တော်တို့ ဒီလူကို ကံတရားထပ်တူကျနည်းနဲ့ဟောရင်
လွဲချော်မှုအနည်းငယ်ရှိတတ်ပါတယ်။ ဒီလိုမျိုးအခြေအနေမှာ ကျွန်တော်တို့
သူ့ရဲ့အရင်ကဖြစ်ပျက်ဖုးတဲ့ကိစ္စတွေကို အရင်သိထားသင့်ပါတယ်။ ဒါမှ ဒီလူဟာ
မထင်မှတ်ဘဲကျိန်စာအချို့ ပို့လွတ်ခဲ့ဖူးလားဆိုတာကိုသိရမှာပါ။
ဒါမှကျွန်တော်တို့ရဲ့ဟောပြောချက် မှန်ကန်တိကျနိုင်မှာပဲဖြစ်ပါတယ်။
               ဒါဟာကံတရားထပ်တူကျရှေ့ဖြစ်ဟောပညာရဲ့အခြေခံသဘောတရားတွေဖြစ်ပြီးတော့
ကျွန်တော်တို့ အနာဂတ်မှာဖြစ်ပျက်မယ့်အကြောင်းအရာများကိုရှေ့ဖြစ်ဟောခြင်းကို
ဆက်လက်လေ့လာကြပါမယ်။ ပထမဆုံးအဆင့်အနေနဲ့
ကျွန်တော်တို့ရဲ့ကြိုမြင်နိုင်စွမ်းအင်ကို စတင်လေ့ကျင့်ဖို့အတွက်
မှန်တစ်ချပ်နဲ့ပထမဆုံးလေ့ကျင့်ပါမယ်။ ဒါဟာ
မှော်အတတ်အတွက်လုံးဝအခြေခံမရှိသေးသူများအတွက် များစွာသင့်တော်ပါတယ်။
ဒီလိုပြုလုပ်ခြင်းဟာ ဆက်လက်ဖော်ပြပေးမယ့်
ဖန်လုံးကြည့်ရှေ့ဖြစ်ဟောခြင်းနဲ့ ရေပြင်ကြည့်ရှေ့ဖြစ်ဟောပညာနဲ့
ဆက်စပ်နေပါတယ်။ ဒီတော့ စတင်လေ့ကျင့်စမှာ ကျွန်တော်တို့လေ့ကျင့်ထားတဲ့
တတိယမျက်လုံးကိုပဲအသုံးချပါမယ်။ ဘယ်လိုအသုံးချမလဲဆိုတော့ ပထမဆုံးအနေနဲ့
မှန်တစ်ချပ်ကို မိမိရှေ့တည့်တည့်မှာထောင်ပါ။ အဲ့ဒီနောက်မှာ
မှန်ထဲကမိမိပုံရိပ်ရဲ့ တတိယမျက်လုံးနေရာကိုစိုက်ကြည့်ကာ
မိမိတတိယမျက်လုံးထဲကကြိုးမျှင်လေးနဲ့ဆက်သွယ်နေတယ်လို့စိတ်ထဲမှာမှတ်ယူထားပါ။
နောက်ပြီး တတိယမျက်လုံးအခေါင်းပေါက်ထဲမှာ သိုလှောင်ထားတဲ့
အနာဂတ်ကံတရားတွေကို စုပ်ယူနေတယ်လို့အာရုံပြုထားပါ။ ဒီလိုလုပ်ခြင်းဟာ
ကိုယ့်ရဲ့အနာဂတ်မှာဖြစ်မယ့် အဖြစ်အပျက်တွေကို
ကိုယ်ကိုယ်တိုင်မြင်စေနိုင်အောင်ပြုလုပ်ခြင်းပါ။
တကယ်လို့မမြင်ရရင်လည်းစိတ်မပျက်သွားပါနဲ့။
ဒါဟာလေ့ကျင့်ခြင်းသက်သက်သာဖြစ်ပြီးတော့ မကြာမီဆက်လက်ဖော်ပြမယ့်
ဖန်လုံးကြည့်ပညာ၊ ရေပြင်ကြည့်ရှေ့ဖြစ်ဟောပညာစတာတွေမှာ
ဆက်စပ်အသုံးချနိုင်ဖို့ပဲဖြစ်ပါတယ်။
အခုကျင့်စဉ်မှာတော့ လူတစ်ယောက်ရဲ့ နောက်ဖြစ်မယ့်
အနာဂတ်ဖြစ်ရပ်တွေကို ရှေ့ဖြစ်ဟောနိုင်မယ့် ကျင့်စဉ်တစ်ခုကို
ဆက်လက်တက်လှမ်းပါမယ်။ လူတစ်ယောက်ကို ရှေ့ဖြစ်ဟောနိုင်ဖို့အတွက်
ပထမဆုံးသူ့ရဲ့ ပုံတူပန်းချီ ဒါမှမဟုတ် ဓာတ်ပုံတစ်ပုံရှိနေဖို့လိုပါတယ်
။
ပထမဆုံးအနေနဲ့ မိမိရှေ့ဖြစ်ဟောမယ့်သူ အိပ်နေမယ်လို့ ယူဆရမယ့်အချိန်မှာ
အခန်းမီးကို မှန်ပျပျထွန်းပါ။ (အခန်းမီးမထွန်းဘဲ ရှေးအစဉ်အလာအတိုင်း
ဖယောင်းတိုင်မီးကိုလည်း မှန်ပျပျလေးထွန်းထားနိုင်ပါသည်)
အဲ့ဒီလိုထွန်းပြီးနောက် ကြမ်းပြင်ပေါ်မှာ
သက်တောင့်သက်သာထိုင်ချလိုက်ပြီးနောက် ရှေ့ဖြစ်ဟောမယ့်သူရဲ့ ဓာတ်ပုံကို
မိမိရဲ့မျက်နှာမူရာ ရှေ့တည့်တည့်ကိုထားပါ။ အဲ့ဒီနောက်မှာတော့ -
         "တီ . . . . .  .ရှန် . . . . . . .တီ . . . . . . ရှန်"
         ဟု တစ်လုံးချင်းစီကို ရှည်လျားစွာဆက်တိုက်ရွတ်ဆိုပေးပါ။ ဒါဟာ
မှော်ပညာရှင်အများစုအသုံးပြုတဲ့ နည်းလမ်းဖြစ်ပြီး စိတ်တည်ငြိမ်အောင်
ပြုလုပ်ခြင်းတစ်မျိုးလည်းဖြစ်ပါတယ်။ ဒေါသအရမ်းထွက်နေတဲ့အချိန်မှာတောင်မှ
ဒီလိုရွတ်ပေးလိုက်ရင် ဒေါသစိတ်ပျက်ပြယ်သွားတယ်ဆိုတာ
ကိုယ်တွေ့ပဲဖြစ်ပါတယ်။ ဒါကတော့ အကြောင်းအရာကြုံကြိုက်လို့ သုတအနေနဲ့
ဆက်စပ်ပြောပြတာဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို တည်ငြိမ်မှုရလာပြီလို့
ယုံကြည်ချက်ရှိလာပြီဆိုရင်တော့ ရွတ်ဆိုတာရပ်ပြီး တတိယမျက်လုံးကို
အာရုံခံစားကာ ဓာတ်ပုံကိုစူးစိုက်ကြည့်ပါ။ စူးစိုက်ကြည့်ရာမှာ
ဓာတ်ပုံကလွဲပြီး တခြားအရာတွေအကုန် မြင်ကွင်းကပျောက်ကွယ်သွားတဲ့အထိ
စူးစိုက်ကြည့်ပေးရမှာဖြစ်ပြီးတော့ အဲ့ဒီလိုဖြစ်ပြီဆိုရင်တော့
မျက်လုံးကိုမှိတ်လိုက်ပါ။ မျက်လုံးထဲမှာ ရှေ့ဖြစ်ဟောမယ့်သူရဲ့
မျက်နှာပျောက်မသွားဘဲကျန်နေရမှာဖြစ်ပါတယ်။ အဲ့ဒီလိုမဟုတ်ပါကမျက်လုံးကို
ပြန်ဖွင့်ပြီး ဓာတ်ပုံကိုပြန်ကြည့်ပေးပါ။ မျက်လုံးကိုမှိတ်လိုက်ချိန်မှာ
သူ့ရဲ့ပုံရိပ်စွဲကျန်နေပြီဆိုရင်တော့ သူ့ရဲ့တတိယမျက်လုံးနေရာကို
တဖြည်းဖြည်းနဲ့နီးကပ်သွားအောင် အာရုံနဲ့ကြည့်ပါ။
တဖြည်းဖြည်းနီးကပ်လာပြီးနောက် တတိယမျက်လုံးနေရာတစ်ခုထဲပဲ မြင်ရတဲ့အခါ
အဲ့ဒီနေရာထဲကိုဝင်ရောက်နေပြီဖြစ်ကြောင်းကို အာရုံနဲ့ဆက်ကြည့်ပါ။
အဲ့ဒီလိုကြည့်နေချိန်မှာ ကိုယ့်ရဲ့တတိယမျက်လုံးကို
အာရုံခံစားပေးနေရမှာဖြစ်ပြီးတော့ သူ့ရဲ့တတိယမျက်လုံးနေရာမှဖောက်ပြီး
ဦးခေါင်းအတွင်းပိုင်း (တတိယမျက်လုံးအခေါင်းပေါက်) အထိနီးကပ်စွာ
အာရုံခံစားလာမိတဲ့အခါမှာ သူ့ရဲ့အနာဂတ်မှာဖြစ်မယ့် အဖြစ်အပျက်တွေ၊
အတိတ်ကဖြစ်ခဲ့တဲ့အရာတွေဟာ ပုံရိပ်သဏ္ဍာန်ပေါ်လာပါလိမ့်မယ်။
           ပထမဆုံးလုပ်ဆောင်သူများအတွက်ကတော့ ခက်ခဲမှုအချို့ရှိနိုင်ပြီး
ကျင့်သားရလာတဲ့အခါမှာတော့ လူတိုင်းလိုလိုကို
အလွယ်တကူရှေ့ဖြစ်ဟောနိုင်ပါလိမ့်မယ်။
           အခုဖော်ပြခဲ့တာကတော့ အိပ်ပျော်နေချိန်ကြည့်ရသော
ရှေ့ဖြစ်ဟောကျင့်စဉ်ဖြစ်ပြီး လာမယ့်ကျင့်စဉ်မှာတော့
လက်ဖက်ခြောက်အသုံးချရှေ့ဖြစ်ဟောကျင့်စဉ်နဲ့
လျှို့ဝှက်သင်္ကေတများအကြောင်းကို ဆက်လက်လေ့လာရမှာပါ။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
 

မီးခိုးရောင်မှော်ပညာကျင့်စဉ်များ(၇)

                  မသန်စွမ်းအားကစားပြိုင်ပွဲနဲ့အပြိုင် မသန်စွမ်းဖြစ်နေတဲ့ကွန်နက်ရှင်ကြောင့် တစ်ရက်နောက်ကျသွားတာကို နားလည်ပေးစေလိုပါတယ်။ :)
                    မီးခိုးရောင်မှော်ပညာကျင့်စဉ်မျ
ား(၆)မှာတော့
ကံတရားထပ်တူကျပညာရပ်အကြောင်း သဘောတရားမျှဖော်ပြပေးထားပြီး
အခုကျန်ရှိနေတဲ့ပညာရပ်များကို ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
ကံတရားထပ်တူကျရှေ့ဖြစ်ဟောပညာကို လေ့လာသူတစ်ယောက်အနေနဲ့
စိတ်တည်ငြိမ်မှုအတွက် တရားလည်း များများထိုင်သင့်သလို
ဆက်စပ်တွေးခေါ်နိုင်စွမ်းကိုလည်း အဆင့်မြှင့်တင်ထားသင့်ပါတယ်။
                   လူတိုင်းလူတိုင်းလိုလိုမှာ မိမိနဲ့
ကံတရားထပ်တူကျသူတွေရှိနေပေမယ့် "ဆန္ဒစံသတ်မှတ်ချက်"
ကတော့များသောအားဖြင့်မတူကြပါဘူး။ "ဆန္ဒစံသတ်မှတ်ချက်"ဆိုတာကတော့
လိုချင်တဲ့အရာကို ဘယ်အချိန်အတွင်းမှာအရယူနိုင်ခြင်းကို တိုင်းတာတဲ့
သတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့်
ကိုယ်ကဖိနပ်လေးတစ်ရံကိုလိုချင်တယ်။ စလိုချင်တဲ့အချိန်ကစပြီး
ဖိနပ်တကယ်ရသွားတဲ့အချိန်ထိ ဘယ်လောက်ကြာလဲဆိုတာကို
ဆန္ဒစံသတ်မှတ်ချက်ကတိုင်းတာပါတယ်။ နောက်ဥပမာတစ်ခုထပ်ပြီးပေးရမယ်ဆိုရင်တော့
လူတစ်ယောက်ဟာ ဒီလိုပဲ ကိုယ်အရမ်းချစ်တဲ့သူရဲ့အချစ်ကို ၆လကြာမှရတယ်။
ဒီလိုဆန္ဒတော်တော်များများက အချိန်နဲ့တူညီတဲ့
အချိန်အတိုင်းအတာတစ်ခုကိုဖြတ်သန်းပြီးမှရတယ်ဆိုရင် အဲ့ဒီအချိန်ကာလကို
ဆန္ဒစံသတ်မှတ်ချက်လို့ခေါ်ပြီး ကြာချိန်(၁)လကို စံသတ်မှတ်ချက်
(၁)ဆင့်အဖြစ်သတ်မှတ်ပါတယ်။ (၆)လဆိုရင်
ဆန္ဒစံသတ်မှတ်ချက်အဆင့်(၆)အဖြစ်သတ်မှတ်ပြီး (၁)နှစ်ဆိုရင်
ဆန္ဒစံသတ်မှတ်ချက် အဆင့်(၁၂)အဖြစ်  စသဖြင့်သတ်မှတ်ပါတယ်။
                     မီးခိုးရောင်မှော်ပညာကျင့်စဉ်(၆)မှာဖော်ပြခဲ့တဲ့
ကံတရားထပ်တူကျသူတွေရှိပေမယ့် ကံတရားထပ်တူကျသူတိုင်းဟာ သူတို့မှာရှိတဲ့
ဆန္ဒစံသတ်မှတ်ချက်ကိုယ်စီ မတူညီကြပါဘူး။ ဆန္ဒစံသတ်မှတ်ချက်အဆင့်ကို
လူတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်တွေကို မေးကြည့်ပြီး ခန့်မှန်းတွက်ချက်နိုင်သလို
လူတစ်ယောက်ဟာ ဆန္ဒစံသတ်မှတ်ချက်အဆင့်နည်းလေ လိုတရလေဖြစ်ပြီးတော့
ဆန္ဒစံသတ်မှတ်ချက်ကို နည်းနိုင်သမျှနည်းအောင်လုပ်ဆောင်နိုင်တဲ့
ကျင့်စဉ်ရှိပါတယ်။ အဲ့ဒါကတော့ စိတ်တိုမှုကို
နည်းနိုင်သမျှနည်းနိုင်အောင်လုပ်ရပါမယ်။ တကယ်လို့
တစ်စုံတစ်ယောက်ကိုစိတ်တိုမိခဲ့တယ်ဆိုရင်လည်း "ငါသူ့ကိုစိတ်မဆိုးပါဘူး . .
စိတ်မကောင်းဖြစ်မိရုံသက်သက်ပါ" အဲ့လိုမျိုးစိတ်ထဲမှာပဲတွေးပေးရပါမယ်။
နောက်ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် မျက်ရည်ကျခဲ့မယ်ဆိုရင်
မျက်ရည်တွေကို တတိယမျက်လုံးရှိရာကို သုတ်လိမ်းပေးပြီး
တတိယမျက်လုံးကိုအာရုံခံစားရင်း "အာရီကို အင်ခွတ်ခါ" လို့
မျက်ရည်တွေမခြောက်မချင်းရွတ်ဆိုပေးရမှာပါ။ နောက်ပြီး သူများကို
ဆန္ဒစံသတ်မှတ်ချက်လျော့နည်းအောင်ကျင့်မယ့်သူက သူများကို
ထိခိုက်စေမယ့်ကိစ္စတွေမှာ ပါဝင်ကူညီခြင်းက ရှောင်ရှားရမှာပဲဖြစ်ပါတယ်။
ဒါကတော့ ဆန္ဒစံသတ်မှတ်ချက်နဲ့သက်ဆိုင်တဲ့ ရှေ့ဖြစ်သောနည်းနဲ့
ဆန္ဒစံသတ်မှတ်ချက်အဆင့် လျော့နည်းအောင်လုပ်နည်းပဲဖြစ်ပါတယ်။
                 မီးခိုးရောင်မှော်ပညာရဲ့ပထမပညာရပ် ကံတရားထပ်တူကျ
ရှေ့ဖြစ်ဟောပညာမှာတော့ ကျင့်ရမယ့်ကျင့်စဉ်
သိပ်များများစားစားမရှိသေးပါဘူး။ အရင်တစ်ခေါက်က ကံတရားထပ်တူကျခြင်းနဲ့အတူ
အခုလူတွေရဲ့ ဆန္ဒစံသတ်မှတ်ချက်ကိုလေ့လာပြီး ကျွန်တော်တို့တွေ
ရှေ့ဖြစ်ဟောနည်းအကြောင်း အနည်းငယ် သိကျွမ်းခဲ့ပါပြီ။
လာမယ့်ကျင့်စဉ်မှာတော့ မီးခိုးရောင်မှော်ရဲ့ ပထမဘာသာရပ်ဖြစ်တဲ့
ရှေ့ဖြစ်ဟောပညာအကြောင်းကို ဆက်လက်လေ့လာရဦးမှာပါ။
              ဒီကျင့်စဉ်တွေကိုတော့ KCB Center မှာ လစဉ်တိုင်းရဲ့ (၁၇)ရက်နေ့များတွင် စောင့်မျှော်ဖတ်ရှုနိုင်ပါကြောင်းနဲ့ offline သိမ်းဆည်းဖတ်ရှုထားလိုပါက ဆဋ္ဌမအာရုံမဂ္ဂဇင်းမှာ  ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
 
 ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်များ(၆)

              မီးခိုးရောင်မှော်ပညာကျင့်စဉ်မျ
ားကနေပြီးတော့
ပြန်လည်ကြိုဆိုပါတယ်ဗျာ . .။
ဒီတစ်ခေါက်မီးခိုးရောင်မှော်ပညာကျင့်စဉ်များမှာတော့ ကျင့်စဉ်တစ်ခုလုံးရဲ့
တကယ့်အရေးအကြီးဆုံးနေရာကိုရောက်လာခဲ့ပါပြီ။ ပထမဆုံး အင်ကန်နာဘီးလိယိတ်
နဲ့ပုတီးစိပ်ခဲ့တာကို အားလုံးအမှတ်ရကြသေးမှာပါ။ အင်ကန်နာဘီးလိယိတ်
ရဲ့ထူးခြားမှုတွေကိုလည်း အားလုံးတွေ့ကြူံနေရပြီလို့လည်း မျှော်လင့်ပါတယ်။
အရင် မီးခိုးရောင်မှော်ပညာကျင့်စဉ်များမှာ ဖော်ပြခဲ့တဲ့
အကြောင်းအရာတွေကတော့ ခုအဆင့်ကို တက်လှမ်းနိုင်ဖို့အတွက်
စိတ်ကျင့်စဉ်လေ့ကျင့်ခန်းလေးတွေ ပေးထားတာပဲဖြစ်ပါတယ်။ အခုတော့
စိတ်စွမ်းအင်တော်တော်များများလည်း ရရှိနေပြီလို့မျှော်လင့်တာကြောင့်
ကျွန်တော်တို့ မီးခိုးရောင်မှော်ပညာဘက်ကို ပြန်သွားလိုက်ကြရအောင်လားဗျာ။
              အင်ကန်နာဘီးလိယိတ်နဲ့ ပုတီးစိပ်ပြီးသူတစ်ယောက်အနေနဲ့
မိုင်ယန်လချင်းမှော်ပညာမှာ ဘာသာရပ်အခွဲများစွာရှိတဲ့အထဲကမှ
ကိုယ့်ရဲ့ထူးခြားချက်ကိုလိုက်ပြီး သင့်တော်မယ့် ပညာရပ်ကို
အရင်လေ့လာရမှာပဲဖြစ်ပါတယ်။ မိုင်ယန်လချင်းမှာ
ဘာသာရပ်များစွာထပ်ခွဲသွားပါတယ်။ အဲ့ဒါတွေကတော့ -
(၁) ကံတရားထပ်တူကျရှေ့ဖြစ်ဟောပညာ
(၂) ပုံရိပ်ယောင်မှော်ပညာရပ်
(၃) ပညာလွဲခိုင်းစေခြင်းအောက်လမ်းပညာရပ်
                 စသဖြင့်ဘာသာရပ်တွေကွဲသွားပါတယ်။ ပထမဦးဆုံးအလွယ်ဆုံးနဲ့
အရိုးရှင်ဆုံးဖြစ်တဲ့ ကံတရားထပ်တူကျရှေ့ဖြစ်ဟော
ပညာကိုဆက်လက်လေ့လာရပါဦးမယ်။ ဒီပညာရပ်က အင်ကန်နာဘီးလိယိတ်ရဲ့ထူးခြားမှုမှာ
အနာဂတ်တွေမြင်နေတဲ့သူတွေအတွက် စတင်လေ့လာဖို့ အဆင်ပြေဆုံးပါ။ ဒါပေမယ့်
အင်ကန်နာဘီးလိယိတ် စိပ်ပြီးသူဘယ်သူမဆို လေ့လာနိုင်ပါတယ်။
                  ရှေ့ဖြစ်ဟောနိုင်သူတစ်ယောက်ဖြစ်ဖို့
ပထမဆုံးအဓိကလိုအပ်တာကတော့ တိတ်ဆိတ်ငြိမ်သက်ပြီး
ရှင်းလင်းနေတဲ့နေရာတစ်ခုပါ။ အဲ့ဒီနေရာမှာ ရေခွက်တစ်ခုထဲကို
ရေအပြည့်ဖြည့်ထားပြီး မကြာခဏငြိမ်သက်စွာစိုက်ကြည့်ပေးပါ။
ရက်သတ္တပတ်ပေါင်းများစွာကြာလာတဲ့အခါကျရင် စိတ်တည်ငြိမ်မှုတွေရလာပါလိမ့်မယ်။
နောက်ပိုင်းအချိန်တွေမှာတော့ သင့်ရဲ့စိတ်တည်ငြိမ်ရင်တည်ငြိမ်သလောက်
လူတွေရဲ့အနာဂတ်ကို မြင်လာနိုင်ပါလိမ့်မယ်။

ရှေ့ဖြစ်ဟောပညာရဲ့အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာပါဝင်တာကတော့ ကံတရားပါ။
လူတစ်ယောက်မှာ သူနဲ့ကံတရားချင်း(၉ဝ)ရာနှုန်းလောက်တိုက်ဆိုင်တဲ့သူ ၂ဦးတော့
အနည်းဆုံးရှိပါတယ်။ ဒါကတော့
ကိုယ့်မိတ်ဆွေသိကျွမ်းသူတွေနဲ့ကိုယ်နဲ့နှိုင်းယှဉ်ကြည့်ရင်သိမှာပါ။
ဥပမာပြောရရင် သင်ဟာ ငွေပေါင်းများစွာကိုကောက်ရပြီး တစ်ပတ်အကြာမှာ
ကားတိုက်တယ်ဆိုပါတော့။ အဲ့လိုဖြစ်ပြီး နောက်လအနည်းငယ်ကြာတဲ့အခါမှာ
သင်နဲ့ကံတရားချင်းတိုက်ဆိုင်သူဟာ ပိုက်ဆံကောက်ရတယ်ဆိုရင် သင်ဟာသူ့ကို
မကြာခင်ကားတိုက်မှုဖြစ်တယ်လို့ ရှေ့ဖြစ်ဟောနိုင်ပါပြီ။ ဒါကတော့
မိုင်ယန်လချင်းရှေ့ဖြစ်ဟောပညာရဲ့ အခြေခံအစပဲဖြစ်ပါတယ်။
                   နောက်ဆက်လေ့လာရမယ့် ပညာရပ်တွေမှာတော့
ကံတရားသတ်မှတ်မှုတွေ၊
ချစ်ခြင်းတရားဆိုင်ရာသတ်မှတ်မှုများနဲ့ရှေ့ဖြစ်ဟောပညာရပ်များအကြောင်းကို
ဆက်လက်လေ့လာရမှာပဲဖြစ်ပါတယ်ဗျာ။ ဒီကျင့်စဉ်(၆)ကိုဖတ်ပြီး ကိုယ်နဲ့
ကံတရားထပ်တူကျတဲ့ သူငယ်ချင်းတွေကိုရှာပြီး
ရှေ့ဖြစ်ဟောနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ။
                   မီးခိုးရောင်မှော်ပညာကျင့်စဉ်များကိုတော့ လစဉ်တိုင်းရဲ့(၁၇)ရက်နေ့တိုင်းမှာ KCB Center မှာဖတ်ရှုနိုင်ပြီးတော့ offline ဖတ်ရှုသိမ်းဆည်းထားလိုတယ်ဆိုရင်တော့ လစဉ်ထုတ် ဆဋ္ဌမအာရုံဂမ္ဘီရမဂ္ဂဇင်းမှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ . .။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်များ(၅)

                  မီးခိုးရောင်ဆိုတာ
အဖြူရောင်နဲ့အနက်ရောင်ရောစပ်ထားတဲ့အရောင်ဖြစ်ပြီးတော့
မီးခိုးရောင်မှော်ပညာကျင့်စဉ်များမှာတော့ အဖြူရောင်မှော်နဲ့မှော်နက်ကို
တွဲဖက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မီးခိုးရောင်ကျင့်စဉ်မှာ
လက်တွေ့စိတ်ညှို့နိုင်စေမယ့်နည်းလေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
စိတ်ညှို့နည်းတွေအများကြီးထဲကမှ အလွယ်ကူဆုံးနဲ့
အသုံးချနိုင်မယ့်နည်းလမ်းလေးကို စမ်းကြည့်ကြရမှာပါ။ ဘယ်လိုလဲဆိုတော့
သူငယ်ချင်းတစ်ယောက်အိပ်နေချိန်မှာ စိတ်ညှို့ပြီး အိပ်ရာကထအောင်
နှိုးကြည့်ကြရအောင်ပါနော်။
                  ကိုယ်နဲ့ကိုယ့်သူငယ်ချင်းက
တစ်ခန်းထဲမှာအတူတူအိပ်လို့ပဲဖြစ်ဖြစ် မနက်အစောနှိုးဖို့ပြောထားပြီး
ဘယ်လိုနှိုးနှိုးမထသူတွေလည်း အသုံးချနိုင်ပါတယ်။ မှော်နည်းလမ်းတိုင်းမှာ
ဘယ်အစီအရင်ကိုလုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရတာကြောင့်
ကိုယ့်ရဲ့ပညာနဲ့စိတ်စွမ်းအင်ကို ယုံကြည်မှုအပြည့်ထားဖို့ကို
အရင်ဆုံးပြောလိုပါတယ်။ လူတစ်ယောက်ကို စိတ်ညှို့နည်းနဲ့
နိုးထစေချင်တယ်ဆိုရင်တော့ ပထမဆုံးကိုယ့်ကိုယ်ကို စိတ်တည်ငြိမ်မှုရပြီဆိုမှ
သူ့ရဲ့တတိယမျက်လုံးနေရာကို အာရုံစိုက်ကြည့်ပါ။ ပြီးနောက်မှာတော့
စိတ်ထဲမှာ "နင့်ရဲ့စိတ်ကိုငါပိုင်သွားပြီ . .၊
နင်ငါခိုင်းသမျှကိုလုပ်ရတော့မယ် .၊
နင့်ရဲ့စိတ်ကိုငါလွှမ်းမိုးသွားနိုင်ပြီ . . . ( --- အမည် ------ )
ခုချက်ချင်း အိပ်ရာကထစမ်း . .၊ အိပ်ရာကထစမ်း "
           လို့ရွတ်ပေးပါ။ ရွတ်နေစဉ်အတွင်းမှာလည်း မျက်လုံးက
သူ့ရဲ့တတိယမျက်လုံးကိုစေ့စေ့ကြည့်ပေးပါ။ မထမချင်း"အိပ်ရာကထစမ်း" ဆိုတာကို
ဆက်တိုက်တွေးနေ တီးတိုးရွတ်နေပေးပါ။ အဲ့လို တွေးနေတဲ့အချိန်မှာလည်း
တတိယမျက်လုံးကရွှေကြိုးမျှင်လေးက သူ့တတိယမျက်လုံးထဲကို ဆက်သွယ်နေတယ်လို့
စိတ်ထဲမှာထားပြီး သင့်ထံက လွမ်းမိုးမှုတွေပို့ဆောင်ပေးပါ။
          တတိယမျက်လုံးလေ့ကျင့်ကာစလူတွေအတွက်တော့
အဆင်ပြေဖို့ရာနှုန်းကတော့နည်းပါးပေမယ့် နောက်ပိုင်း လုပ်ပါများ
အလေ့အကျင့်ရှိသွားတဲ့အခါ သင်ဟာ အိပ်ပျော်နေသူကို
အကြည့်တစ်ချက်နဲ့နှိုးနိုင်စွမ်းရှိသူဖြစ်သွားပါလိမ့်မယ်။
          တတိယမျက်လုံးဟာ သုံးနိုင်ရင်သုံးနိုင်သလောက်
အစွမ်းထက်တဲ့နေရာတစ်ခုဖြစ်ပြီး အာရုံခံလွယ်တာကြောင့် မှော်ပညာအချို့ကို
စတင်အသုံးပြုလိုသူများအတွက် ဖော်ပြပေးလိုက်ရပါတယ်။
           အခုဖော်ပြခဲ့တာတွေကတော့ မီးခိုးရောင်မှော်ကျင့်စဉ်မကျင့်မီ စိတ်စွမ်းအင်အဆင့်ကိုတိုးမြင့်နိုင်မယ့် စိတ်လေ့ကျင့်ခန်းအချို့ပါ။ တကယ့်မိုင်ယန်လချင်း မီးခိုးရောင်မှော်ပညာရဲ့ အနှစ်သာရများကို မီးခိုးရောင်မှော်ပညာကျင့်စဉ်များ(၆)မှ စတင်ဖတ်ရှုနိုင်တော့မှာဖြစ်ပြီးတော့ မီးခိုးရောင်မှော်ပညာကျင့်စဉ်များကို ဆဋ္ဌမအာရုံမဂ္ဂဇင်းမှာလစဉ်တင်ဆက်လျက်ရှိပြီး KCB Center မှာတော့ လစဉ်တိုင်းရဲ့(၁၇)ရက်နေ့များမှာ တင်ဆက်ပေးသွားမှာဖြစ်ကြောင်းကိုလည်း   စောင့်မျှော်ဖတ်ရှုသူများအတွက်သတင်းကောင်းပါးလိုက်ရပါတယ်ဗျာ။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်များ(၄)

           မီးခိုးရောင်မှော်ပညာကျင့်စဉ်များမှပြန်လည်ကြိုဆိုပါတယ်ဗျာ။ ဒီတစ်ခေါက် ကျွန်တော်တို့လေ့လာရမယ့်အကြောင်းကတော့ အင်ခါကန်နမ် လို့ခေါ်တဲ့ စိတ်ဝိဥာဉ်နှင့်အဆောင်ပစ္စည်းဆက်သွယ်ခြင်းနည်းလမ်းပါ။
           ဘုရားဆင်းတုတော်တွေကို အနေကဇာတင်ပြီးမှ ကိုးကွယ်ကြသလိုမျိုး မိုင်ယန်လချင်းမှော်မှာ အဆောင်ပစ္စည်းတွေကို စိတ်ဝိဥာဉ်နဲ့ဆက်သွယ်ခြင်းဖြစ်တဲ့ အင်ခါကန်နမ်တင်ခြင်းလို့ခေါ်တဲ့နည်းနဲ့ စီရင်ပြီးမှ ဆောင်ယူကြကာ မကောင်းတဲ့မိစ္ဆာတို့ရန်မှကာကွယ်ခြင်းအတွက်နှင့် ကံကောင်းခြင်းအတွက်အသုံးချကြပါတယ်။
            အင်ခါကန်နမ်တင်တယ်ဆိုတာကတော့ စိတ်ဝိဥာဉ်ကိုစောင့်ရှောက်နိုင်သောအစောင့်အရှောက်အဖြစ် အဆောင်ပစ္စည်းကို မိမိ၏ ခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုဟုသတ်မှတ်ခြင်းလည်းဖြစ်ပါတယ်။ ဒီလိုအင်ခါကန်နမ်တင်တော့မယ်ဆိုရင်တော့ မိမိနှစ်သက်ရာအဆောင်လုပ်လိုတဲ့ ပစ္စည်းတစ်ခုခုကို လပြည့်ညသန်းခေါင်ယံအချိန်လရောင်ကောင်းစွာကျရောက်သောနေရာတွင်ထားကာ ထိုအရှေ့တွင် "အင်ကန်နာဘီးလိယိတ်"ဖြင့် ပုတီးသုံးပတ်စိပ်ပေးရပါမည်။ အဆိုပါမန္တန်၏ဆိုလိုရင်းမှာ "မိုင်ယန်လချင်း၏ပရဆိုင်ရာအစောင့်အရှောက်တစ်ခုရယူလိုသည်"ဟူ၍ဖြစ်ပါသည်။ ထိုသို့စိပ်ပြီးနောက်တွင် စိပ်ထားသောပုတီးနှင့် အဆောင်လုပ်လိုသောအရာကိုဆက်သွယ်ကာ လရောင်ကျရောက်သောထိုနေရာတွင်ပင်ညအိပ်ပေးရမည်ဖြစ်ပါသည်။
          မနက်မိုးလင်းချိန် အဆောင်၊ပုတီးနှင့်ကိုယ်ခန္ဒာဆက်သွယ်မှု မပြတ်တောက်ပါက အင်ခါကန်နမ်တင်ခြင်းအောင်မြင်ပြီဖြစ်သည်။ အဆိုပါအဆောင်ပစ္စည်းကို သွားလေရာဆောင်ယူသွားနိုင်ပြီး ယုတ်ညံ့တဲ့နေရာမျိုးတွေကိုဆောင်ယူမသွားကြဖို့ကိုလည်းကြိုတင်မှာထားလိုက်ရပါတယ်။
         အဆောင်ပစ္စည်းကိုဆောင်ရုံမက အသုံးချလိုသူများအတွက် အသုံးချနည်းများကို KCB Center နဲ့မှော်ပညာရပ်ဝန်းတို့မှာ မကြာမီဖတ်ရှုရတော့မှာဖြစ်ပါကြောင်း ကြိုတင်အသိပေးလိုက်ရပါတယ်ဗျာ . .။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်များ(၃)

      မီးခိုးရောင်မှော်ပညာတွေကို အခြေခံအဆင့်ကနေမှ လေ့လာလိုက်စားသူများအတွက် တတိယကျင့်စဉ်ကို ဆက်လက်မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ အရင်ကျင့်စဉ်တွေမဖတ်ရသေးရင်တော့ (၁)ကိုဒီမှာ နဲ့ (၂)ကို ဒီမှာ သွားရောက်ဖတ်ရှုနိုင်ကြပါတယ်။
     ဒုတိယမြောက်ကျင့်စဉ်မှာတော့ တတိယမျက်လုံးကျင့်စဉ်အကြောင်းကိုဖော်ပြခဲ့ပြီး တတိယမျက်လုံးကျင့်စဉ်ရဲ့ ကျန်ရှိနေသေးတဲ့ကျင့်စဉ်အချို့ကို ဒီပို့စ်မှာဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
      ကျွန်တော်တို့ဟာခုဆိုရင် တတိယမျက်လုံးကို တိတ်ဆိတ်တဲ့နေရာတွေမှာ ကျင့်နိုင်ခဲ့ပါပြီ။  ဒီတော့ ခုဆက်ပြီးကျင့်ရမှာကတော့ မျက်လုံးဖွင့်ပြီး တတိယမျက်လုံးကိုအာရုံခံစားကြရမှာပဲဖြစ်ပါတယ်။
     တတိယမျက်လုံးကိုမျက်လုံးမှိတ်ပြီးကောင်းကောင်းကြီးအာရုံခံနိုင်နေပြီဆိုရင်တော့ မျက်လုံးဖွင့်ပြီး ဥပမာအနေနဲ့ လူတစ်ယောက်နဲ့စကားပြောတဲ့အခါမှာ သူ့ရဲ့မျက်လုံးကိုစေ့စေ့ကြည့်ပြီး တတိယမျက်လုံးကိုဖွင့်ပေးမယ်ဆိုရင် သင်ပြောတဲ့စကားများဟာ ထိုအချိန်မှာ ထိုလူအပေါ်မှာ သြဇာညောင်းလာနိုင်ပါလိမ့်မယ်။
      နောက်ထပ်ကျင့်စဉ်တစ်ခုကိုအဆင့်တက်ကြရအောင်လားဗျာ၊ နောက်ကျင့်စဉ်တစ်ခုကတော့ လကွယ်ညမှာ ကိုးပါးသီလဆောက်တည်ပြီးနောက် တတိယမျက်လုံးကိုဖွင့်ပါ။ နောက်ပြီး ဖယောင်းတိုင်တစ်တိုင်ကိုမီးရှို့ပါ။ အဲ့ဒီလိုလုပ်ပြီးသွားရင်တော့ အဲ့ဒီဖယောင်းတိုင်ကို တတိယမျက်လုံးဖွင့်ထားတဲ့မျက်လုံးနဲ့ စေ့စေ့ကြည့်နိုင်သလောက်စိုက်ကြည့်ပါ။ အဲ့ဒီလိုကြည့်နေချိန်မှာလည်း လက်ထဲမှာ "အင်ကန်နာဘီးလိယိတ်"နဲ့ပုတီးစိပ်ပေးနေရပါမယ်။ ပုတီးကိုသက်စေ့စိပ်ပေးရမှာဖြစ်ပြီးတော့ ပုတီးမစိပ်ခင်မှာ မေတ္တာသုတ်တစ်ခေါက်၊ ပဋ္ဌာန်းကြီးတစ်ခေါက်ရွတ်ပါ။ ပုတီးစိပ်နေစဉ်အတွင်းမှာ အမဲသားစိမ်းအနည်းငယ်ခန့်ကို ရှေ့မှာချထားပါ။ ထိုအနီးအနားတွင် မိမိအဆောင်ပြုလုပ်လိုသော အရာတစ်ခုကိုချထားပါ။ ထိုသို့ အင်ကန်နာဘီးလိယိတ်နှင့်ပုတီးစိပ်ပြီးပါက မိမိနှင့် ဘဝအဆက်ဆက်ကတော်ခဲ့ဖူးသောဆွေတော်မျိုးတော်များအားလုံးကို အမျှပေးဝေပါ။ ထိုသို့အမျှပေးဝေပြီးပါက အမဲသားစိမ်းများကို မိမိတည်ရှိရာနေရာ၏မြောက်အရပ်တစ်နေရာမှာ စုပုံပစ်ထားကာ ပရလောကသားများအတွက်ဟုရည်စူးပါ။ ထို့နောက်တွင်တော့ အဆောင်အဖြစ်ချထားသော ပစ္စည်းကို "အော်ကာရှပ်တ်ဘီးလိယိတ်"ဟုဆိုကာ ကောက်ယူပြီးနောက် အဆောင်အဖြစ်အသုံးပြုနိုင်ပြီဖြစ်ပါသည်။
          မီးခိုးရောင်ကျင့်စဉ်များ(၄)ကိုမကြာမီတွင်ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်များ(၂)

        မီးခိုးရောင်မှော်ပညာကျင့်စဉ်များ(၁)ကိုမဖတ်ရသေးရင်တော့ ဒီနေရာ ကိုကလစ်နှိပ်ပြီးသွားရောက်ဖတ်ရှုနိုင်ကြပါတယ်။
        ပထမဆုံးပြောပြချင်တာကတော့ ပထမကျင့်စဉ်ကိုကျင့်ကြံပြီးချိန်မှာ ကိုယ့်ရဲ့စိတ်ကို ကိုယ်ထိန်းချုပ်နိုင်ရပါတော့မယ်။ ပထမကျင့်စဉ်ပြီးသွားရင်တော့ သင့်ဆီမှာ မမြင်ရတဲ့ပရလောကရဲ့ အစောင့်အရှောက်တွေရနေပြီဖြစ်ပါတယ်။ ဒီတော့ ကိုယ်က တစ်ယောက်ယောက်ကို စိတ်မျက်မိတာတို့ ဘာတို့ဖြစ်ရင် အဲ့ဒီလူဟာ ပြုစားစရာမလိုဘဲနဲ့ မကောင်းတာတစ်ခုခုသေချာပေါက်ကိုဖြစ်သွားပါတယ်။ ဒီတော့ ကိုယ့်စိတ်ထဲမှာ ကိုယ်ဟာအမြဲတမ်းကံကောင်းတဲ့သူတစ်ယောက်လို့ပဲ စိတ်ထဲမှာမှတ်ယူထားရမှာပဲဖြစ်ပါတယ်။
         ဒီအချက်တွေကိုလိုက်နာနိုင်ပြီဆိုရင်တော့ ဒုတိယကျင့်စဉ်ကိုဆက်သွားကြပါမယ်။ ဒုတိယကျင့်စဉ်အတွက် အကြားအမြင်ပိုင်းဆိုင်ရာကျင့်စဉ်တစ်ခုအကြောင်းပါပဲ။ အားလုံးသိထား၊ ကြားဖူးထားမယ်ထင်တဲ့ Third Eye (တတိယမျက်လုံး) ကိုအသုံးချနည်းပဲဖြစ်ပါတယ်။ ဒီလိုတတိယမျက်လုံးကို အသုံးချနိုင်ဖို့အတွက် ကိုယ်တစ်ယောက်တည်းရှိနေတဲ့ တိတ်ဆိတ်တဲ့အချိန်မှာ ကိုယ့်ရဲ့  မျက်ခုံးနှစ်ခုအလယ်ကနေရာလေးကို အာရုံစိုက်ထားရပါမယ်။ သင့်ရဲ့စိတ်က ထိုနေရာကိုရောက်သွားတယ်ဆိုရင်တော့ ထိုနေရာကလည်း သင့်ရဲ့စိတ်ကို သူ့ကိုအာရုံစိုက်အောင် ဆွဲဆောင်ဦးမှာမို့  သိပ်တော့ခက်ခဲမယ်မထင်ပါဘူး။ အဲ့ဒီလိုအာရုံစိုက်ပြီးနောက်ပိုင်းမှာ အဲ့ဒီနေရာက ကြိုးမျှင်လေးတစ်ခုထွက်လာတယ်လို့ စိတ်ထဲမှာမှတ်ယူထားရမှာပဲဖြစ်ပါတယ်။
        နေ့တိုင်း ကိုယ်တတ်အားသရွေ့အဲ့လိုပြုလုပ်ပေးမယ်ဆိုရင် အဲ့ဒီနေရာက ကြိုးမျှင်လေးရှည်ထွက်နိုင်သမျှ သင့်ဆီမှာ အကြားအမြင်စွမ်းအားတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ်။ နောက်ပြီး အနောက်တိုင်းမှော်ပညာဂိုဏ်းတွေရဲ့အဆိုအရ အာကာသတွင်းမှာရှိတဲ့ အနက်ရောင်နယ်လွန် Black Hole ကြီးတွေထဲမှာ ပရလောကအပါအဝင် လက်တွေ့လောကမဟုတ်တဲ့ ထူးဆန်းတဲ့အရာအားလုံးကို သိုလှောင်ထားတာဖြစ်ပြီး မိမိရဲ့ တတိယမျက်လုံးက ကြိုးမျှင်လေးကို ထိုနေရာအထိဆွဲဆန့်နိုင်မယ်ဆိုရင်တော့ ထူးဆန်းတဲ့လောကကြီးရဲ့ အဖြစ်အပျက်မှန်သမျှရဲ့သတင်းအချက်အလက်တွေကို သင့်ထံကို အိပ်မက်အဖြစ်နဲ့ အဆက်မပြတ်ပို့နေမှာဖြစ်ပြီးတော့ အသစ်အသစ်သော ထူးဆန်းတဲ့မှော်ဆိုင်ရာပညာရပ်တွေကိုလည်း ထိုကြိုးမျှင်လေးမှတစ်ဆင့် သင့်ဆီကိုယူဆောင်လာနိုင်ပေးမှာဖြစ်ပြီး အကန့်အသတ်မဲ့တဲ့ စွမ်းအင်တွေလည်း ရရှိပိုင်ဆိုင်လာနိုင်မှာပဲဖြစ်ပါတယ်။
       နောက်ထပ် ဆက်လက်ကျင့်ရမယ့် ကျင့်စဉ်တစ်ခုအကြောင်းကို မီးခိုးရောင်မှော်ပညာကျင့်စဉ်များ(၃) မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ . .။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ်များ(၁)

          စုန်းကဝေအမျိုးအစားသုံးမျိုးအကြောင်းကို အရင်ပို့စ်တွေမှာပြောပြခဲ့ဖူးပါတယ်။ လူစိတ်ဝင်စားမှုအများဆုံးခံရတဲ့ စုန်းကဝေကတော့ မီးခိုးရောင်စုန်းကဝေပဲဖြစ်ပါတယ်။ မီးခိုးရောင်စုန်းကဝေတွေဟာ ကျွန်တော်တို့ဖြစ်ခွင့်မရှိဘူးလားဆိုပြီးတစ်ချို့မေးလာကြပါတယ်။ မီးခိုးရောင်စုန်းကဝေဖြစ်နိုင်ဖို့ နည်းလမ်းတွေရှိပေမယ့် အပျက်သဘောသက်ရောက်မှုအရမ်းများမှာဖြစ်တဲ့အတွက် ကျွန်တော်ဖော်ပြခြင်းမရှိဘဲထားခဲ့ပေမယ့် ကျွန်တော့်ဆီကိုဖုန်းဆက်၊ အီးမေးလ်ပို့မေးမြန်းတဲ့သူတွေများလာတဲ့အတွက် မီးခိုးရောင်မှော်ပညာကျင့်စဉ်များကို တင်ဖို့ဆုံးဖြတ်လိုက်ရတာပဲဖြစ်ပါတယ်။
          ပထမဆုံးအနေနဲ့မီးခိုးရောင်စုန်းကဝေတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ မှော်ပညာကိုလက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြတဲ့ စုန်းကဝေမျိုးနွယ်စုတစ်စုနဲ့ ဆက်သွယ်ရမှာပဲဖြစ်ပါတယ်။ ကျွန်တော်က မိုင်ယန်လချင်းစုန်းကဝေတွေအကြောင်းကို အဓိကထားလေ့လာတဲ့သူဆိုတော့ မိုင်ယန်လချင်းစုန်းကဝေမျိုးနွယ်နဲ့ဆက်သွယ်ဖို့ နည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်။
            အဲ့ဒီနည်းကတော့ ပုတီးစိပ်ခြင်းနဲ့ ဆက်သွယ်ခြင်းနည်းပဲဖြစ်ပါတယ်။ အဲ့ဒီနည်းကတော့ ကိုယ့်စိပ်ပုတီးနဲ့ (ကိုယ်တစ်ယောက်တည်းသီးသန့်သုံးပုတီးဖြစ်ရပါမယ်) "အင်ကန်နာဘီးလိယိတ်" ဂါထာကို ညအိပ်ရာဝင်ခါနီး သုံးပါတ်စီစိပ်သွားပေးဖို့ပါပဲ။ အဲ့လိုပုတီးမစိပ်ခင်မှာ ငါးပါးသီလဆောက်တည်ဖို့လည်းအကြံပြုချင်ပါတယ်။ စုန်းကဝေပြုစားခြင်းမခံရတဲ့အဆောင်ပစ္စည်းလေးပါ လိုချင်တယ်ဆိုရင်တော့ ကျောက်ခဲတစ်ခဲကို ကိုယ်ပုတီးစိပ်တဲ့ရှေ့မှာထားပြီး သွားလေရာကျောက်ခဲလေးကို ကိုယ်နဲ့မကွာဆောင်ထားနိုင်ပါတယ်။ အဲ့ဒီလိုလေ့ကျင့်တဲ့နေ့ကစပြီး ၂၈ရက်တိတိ သက်သက်လွတ်စားရပါမယ်။ အဲ့ဒီပုတီးကိုတော့ ထူးဆန်းတာမတွေ့မချင်းစိပ်ပေးရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုစုန်းကဝေလောကထဲစတင်ဝင်ရောက်ချင်တဲ့သူဟာ ပရလောကဆိုင်ရာထူးဆန်းတဲ့အဖြစ်တွေအတွက် ခံနိုင်ရည်ရှိနေရမှာပဲဖြစ်ပါတယ်။ နှလုံးရောဂါရှိသူများ၊ ကြောက်တတ်သူများ လေ့ကျင့်ခြင်းမပြုကြပါရန်လည်း ကြိုတင်အသိပေးအပ်ပါတယ်။
        စိတ်ထဲမှာ ယုံကြည်စွဲမြဲစွာနဲ့ ဂါထာကိုလည်းတစ်လုံးချင်းပီပီသသရွတ်ဆိုရင် လက်ညှိုးနဲ့လက်မကြားက ပုတီးရဲ့အတွေ့အထိကို အာရုံခံရင်း သေချာစိတ်တည်တည်ငြိမ်ငြိမ်စိပ်ပေးမယ်ဆိုရင် ၂၈ ရက်အတွင်း ထူးဆန်းမှုတွေနဲ့တွေ့ကြုံရမှာဖြစ်ကြောင်း အာမခံလိုက်ရပါတယ်ဗျာ။ ထူးဆန်းမှုတွေတွေ့ရှိပြီးနောက်ပိုင်း ကျင့်စဉ်များကို မကြာမီမှာ ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ဗျာ . .။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
Powered by Blogger.

ူ

-

-

-
© Copyright KCB Center
Back To Top