မင်္ဂလာပါ။ အရင်တစ်ခေါက်မီးခိုးရောင်မှော်ပညာကျင့်စဉ်မှာတော့ ဝိညာဉ်ကိုယ်ပွားများ ဖန်တီးယူခြင်းနှင့် အလိုအလျောက်ဖြစ်ပေါ်ခြင်းတို့ကို လေ့လာခဲ့ရမှာပါ။ ဒီကျင့်စဉ်ဟာ လစဉ် လဆန်း (၁၇)ရက်နေ့တိုင်း တင်ဆက်နေကျဆိုပေမယ့် ဒီလ(၁၇)ရက်ဟာ နှစ်ဆန်းတစ်ရက်နေ့ဖြစ်တာကြောင့် နောက်ကျသွားတာကို နားလည်ပေးစေလိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ပရလောကချိတ်ဆက်မှုများအကြောင်းကိုဖော်ပြပေးသွားမှာပါ။
ကျွန်တော်တို့ ကိုယ်ပွားများအကြောင်းကို ဖတ်ခဲ့ရစဉ်တုန်းက မိမိရဲ့ နာကျင်မှုအစွဲကြောင့် တစ်ဘက်တွင် ကိုယ်ပွားပုံရိပ်သွင်ထင်ဟပ်သွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီလိုပါပဲ ..။ လူတစ်ယောက်သေဆုံးခါနီးမှာ အစွဲတစ်ခုခု ကပ်ညိသွားခဲ့လို့ရှိရင် အဲ့ဒီအစွဲနဲ့ပတ်သတ်တဲ့ နေရာမှာ သူ့ရဲ့ စိတ်ဓာတ်ဝိညာဉ်ကျန်ခဲ့ပြီး နောက်ဘဝမကူးနိုင်ဘဲရှိနေတတ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ သူတို့ကို ဆက်သွယ်ကြည့်ကြရအောင်လား ...။ ဒီနည်းလမ်းကိုမလုပ်ခင် တစ်ခုကြိုမှာလိုတာကတော့ ကြောက်ရွံ့မှု မရှိဖို့ပါပဲ ...။
ဟုတ်ပါပြီ။ ကျွန်တော်တို့အခု ပရလောကသားများနဲ့ ဆက်သွယ်ကြပါမယ်။ ဟုတ်ပါပြီ။ ပထမဆုံးအနေနဲ့ ညသန်းခေါင်ယံအချိန် သရဲ ခြောက်တဲ့နေရာမှာ စားပွဲတစ်လုံးချပါ။ စားပွဲပေါ်ကို ရွှေရောင်ခေါင်းလောင်းတစ်ခုကလွဲရင် ဘာကိုမှမတင်ပါနဲ့။ ညသန်းခေါင်ယံအချိန်ရောက်တဲ့ အခါ မျက်လုံးကိုမှတ်ချကာလေချွန်ပါ။ ပြီးနောက် ခေါင်းလောင်းကို တီးပါ။ ခေါင်းလောင်းတီးနေစဉ်မှာ သင့်စိတ်ကို အလိုလို ကြောက်လာအောင် ကိုယ့်စိတ်ကို ကိုယ်ပြန်လှန့်ပါ။
(ကြောက်ရွံ့ခြင်းသည် ပရလောကသားများကိုဖိတ်ခေါ်စေနိုင်သည်)
ခေါင်းလောင်းကိုဆက်တိုက်တီးပါ။ လေကိုလည်းချွန်ထားပါ။ ခေါင်းလောင်းကို အတန်ကြာတီးပြီးနောက် ခေါင်းလောင်းကိုချပါ။ မျက်လုံးကိုမှိတ်ထားပါ။ စိတ်ကိုမျောထားပါ။ လက်နှစ်ဖက်ကို ပုံမှန်အနေအထားအတိုင်း သာချထားပါ။ စိတ်ကိုလျှော့ထားချိန်တွင် လက်နှစ်ဖက်က အပေါ်သို့ အလိုလိုမြောက်တတ်လာပြီး တစ်နေရာကို အလိုလို လက်ညှိုးလှမ်းထိုးလာပါလိမ့်မည်။ ထိုအခါ ထိုနေရာသို့ သွားပြီး လက်ခုပ်တီးလိုက် ကခုန်လိုက်လုပ်ပါ။ မကြာမီ မိမိကျောရိုးတစ်လျှောက် စွမ်းအင်များစီးဆင်းလာသလို ခံစားလာရပါလိမ့်မည်။ ပြီးနောက်မှာတော့ လက်ခုပ်သုံးချက်တီးကာ မိမိလိုရာ အစွမ်းကိုဆုတောင်းပါ။ ဆုတောင်းပြီးနောက် ထိုနေရာအား ဂါရဝပြု၍ အိမ်သို့ပြန်လာခဲ့ပါ။ ထို့နောက် ဘုရားရှိခိုး မေတ္တာပို့၊ အမျှဝေကာ တစ်ချိုးတည်းအိပ်လိုက်ပါ။ သင့်အိပ်မက်ထဲတွင် ထူးခြားသည့်အရာ တစ်ခုခု မြင်မက်ပြီးနောက် သင်တောင်းတသောအစွမ်း မကြာမီရရှိလာပါလိမ့်မည်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
1 မှတ်ချက်များ:
တစ်ယောက်ထလုပ်ရမှာလား
Replyအဖော်တစ်ယောက်လောရောစောင့်ခိုင်းလို့ရလားလို့ရလား
Post a Comment