Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

သူခိုးလာပါကအသိပေးစေသောရှေးဟောင်းမန္တန်


 ရှေးမြန်မာတို့အသုံးပြုကြတဲ့ သူခိုးလာရင် အသိပေးနိုင်တဲ့မန္တန်ဖြစ်ပါတယ်။ အအိပ်စက်ပြီး သူခိုးကြမ်းတဲ့အရပ်ဒေသမှာနေထို
င်သူများအနေနဲ့ ဒီမန္တန်လေးကို သိထားသင့်ပြီး လက်တွေ့လည်းအသုံးချသင့်ပါတယ်.။  ဒီနည်းလမ်းလေးဟာ ကျွန်တော်တို့ ငယ်ငယ်က ခေါင်းအုံးကို(၇)ချက်ပုတ်ပြီး "ဘယ်နှနာရီထိုးရင်ကျွန်တော့်ကိုနှိုးပေးပါဗျို့"လို့ ပြောပြီး အသုံးချနိုင်တဲ့ သဘာဝနှိုးစက်ပုံစံမျိုးနဲ့ဆင်တူပါတယ်။ ဒီမန္တန်လေးကို ညမအိပ်ခင် ခေါင်းအုံးကိုအသက်အောင့်ပြီး(၇)ခေါက်ရွတ်ပေးရမှာပါ။
"ဥုံ - ဇင်ယော်မနိုး၊ ကျီးမနိုး၊ သူခိုးလာ ထဆရာထ ကြွဆရာကြွ"
                 အကျိုးကျေးဇူးကတော့ ကိုယ်ဘယ်လောက် နက်ရှိုင်းစွာအိပ်ပျော်နေရင်ပြဲ
ဖစ်ဖြစ် အိမ်ကိုသူခိုးကပ်ချိန် မန္တန်ရွတ်ဖတ်သူ အလိုအလျောက်နိုးထလာပါလိမ့်မယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Witchcraft Society

Mysterious Challenge: ပရလောကအလည်သွားခြင်း

MTV လေးတစ်ခုထဲမှာ အရုပ်သရဲအကြောင်
းကိုကြည့်မိလို့ အရုပ်အကြောင်းတင်ဖို့ဆုံးဖြတ်လိုက်တာပါ။ မတင်ခင်မှာ တစ်ခုကြိုသတိပေးပါရစေ။
 ကြောက်တတ်သူ နှလုံးရောဂါရှိသူများ (လုံးဝ) လုံးဝလိုက်မလုပ်ကြပါနဲ့။

 
လိုအပ်သောပစ္စည်း
=========
နောက်ကျောကုတ်သောတုတ်တံ
အရုပ်မတစ်ရုပ်

ပထမဆုံးအနေနဲ့ ဒီဂိမ်းကို ကစားဖို့ အခန်းလွတ်ရွေးချယ်ပါ။ ဘယ်သူမှမရှိဘဲ အနည်းငယ်စိုစွတ်တဲ့အခန်းဖြစ်ရပါမယ်။ လူသုံးယောက်ထက်ပိုနေလို့မရပါဘူး။ လုပ်ရမှာက ပထမဆုံး ည ၁၁ ခွဲလောက်အချိန်မှာ အရုပ်မကို စားပွဲတစ်ခုပေါ်တင်ထားပါ။ ဂိမ်းကိုဦးဆောင်ကစားမယ့်သူက ပထမဆုံး မိမိရဲ့ နောက်ကျောအတွင်းဆုံးအပိုင်းကို နောက်ကျောကုတ်တဲ့ တုတ်နဲ့ တစ်ချက်ကုတ်ပါ။ ပြီးရင် အရုပ်မကို တစ်ချက်ရိုက်ကာ
"ငါ့ရဲ့အသက်ဓာတ် ဒီထဲကိုလာ"
ဆိုပြီးတစ်ခါရွတ်ပါ။ အဲ့လိုမျိုး နောက်ကျောကုတ် တစ်ချက်ရိုက် တစ်ခါရွတ်ကို ၇ ကြိမ်တိတိလုပ်ဆောင်ပြီးနောက် အရုပ်မရဲ့ ညာဘက်ဘေးနေရာကို နောက်ကျောကုတ်တဲ့တုတ်နဲ့ ပြင်းပြင်းထန်ထန် သုံးချက်လောက်ရိုက်လိုက်ပြီးနောက်မှာ -
"ငါ့ရဲ့အစောင့်အရှောက်တွေ ဒီအရုပ်နဲ့သင့်တော်မယ့် တစ္ဆေမကို ရှာပြီးအရုပ်ထဲထည့်လာခဲ့ကြ"
လို့ပြောကာ အရုပ်ကို ကောက်ယူကာ အခန်းတံခါးအပြင်ကိုလွှင့်ပစ်ကာ အရုပ်ကို ဒေါသတကြီး လက်ညှိုးထိုးပြီး -
"အသက်မဝင်မချင်း မလာခဲ့နဲ့ . . အသက်ဝင်လာရင် တံခါးချက်ချင်းခေါက်"
လို့ပြောကာ အိမ်တံခါးကို ဝုန်းခနဲမြည်အောင်ပိတ်လိုက်ပါ။ ပြီးရင် မီးတွေအကုန်ပိတ် ခဏစောင့်နေပါ။ မကြာမီ တံခါးခေါက်သံကြားရပါလိမ့်မယ်။
"ဘယ်သူလဲ"မေးပါ။ သုံးခါတိတိပြန်မထူးဘူးဆိုရင်တော့ အရုပ် အသက်ဝင်လာပါပြီ။တံခါးကို အသာလေးဖွင့်ပေးလိုက်ပါ။ အရုပ်က သင်ထားတဲ့နေရာမှာပဲရှိကောင်းရှိနေနိုင်ပါမယ်။ ဒါပေမယ့် တစ်ခုခုက သင့်အိမ်ထဲဝင်သွားပါပြီ။ ညက ခြောက်ခြားဖို့ ပိုကောင်းလာပါလိမ့်မယ်။ အရုပ်ကလည်း သင့်ကိုခြောက်လှန့်ကောင်းခြောက်လှန့်လာပါလိမ့်မယ်။ အရုပ်ကို ယူခဲ့ပါ။ ထိုင်ခုံပေါ်တင်ကာ သူ့အတွက်နေရာပေးပါ။ နောက်ပြီး အသက်ဝင်လာမယ့် အရုပ်နဲ့စကားပြောပါ။ ကစားပါ။ မီးလုံးဝမဖွင့်ပါနဲ့။ ကစားပြီးရင် သေတ္တာလေးတစ်ခုထဲပြန်သိမ်းထားပါ။ ထူတ်ကစားချင်တဲ့ညတိုင်းဖွင့်ကစားပါ။ အပြင်သွားရင်လည်း ခေါ်သွားပါ။ ချိုချဉ်လိုမျိုး ကလေးစားတဲ့အစားအစာလေးတွေကို သေတ္တာထဲထည့်ပေးပါ။ သင့်ရဲ့ ပရလောက က အဖော်ကောင်းဖြစ်လာပါလိမ့်မယ်။ သတိထားရမှာတစ်ခုက မီးအလင်းရောင်ရှိတဲ့နေရာ သူ့ကိုလုံးဝ မထားပါနဲ့။

နောက်တစ်ခု အခုက အရေးအကြီးဆူံး အဓိကအချက်>>>
အောက်တိုဘာ ၃၁ ဟောလိုးဝင်းညမှာ မီးတွေအကူန်ပိတ် အရုပ်ကိုတစ်နေရာမှာ လွတ်လပ်စွာချထားကာ စောင့်ကြည့်နေပါ။ ည ၁၂ နာရီတိတိမြည်တဲ့အခါ အရုပ်ထဲက ဝိညာဉ်ထပြီး ထွက်သွားတာကို မြင်ရပါလိမ့်မယ်။ သင်ချောင်းကြည့်နေတာကို သူသိရင်သူကသင့်ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေပါလိမ့်မယ်။ အဲ့လိုလုပ်ပြီး သူတစ်နေရာကို ထွက်သွားရင်လိုက်သွားပါ။ လုံးဝအသံမထွက်ပါစေနဲ့။ အဲ့ဒီလိုလိုက်သွားရင်မကြာမီမှာ သရဲတွေရဲ့ ပွဲတော်(မြန်မာလိုဆို ကျတ်တွေရဲ့ပွဲဈေးတန်းကြီး) ရောက်သွားပါလိမ့်မယ်။ လေ့လာပါ။ ဘာကိုမှမထိပါနဲ့။ အရုပ်ဝိညာဉ်နဲ့မျက်ခြေမပြတ်ပါစေနဲ့။ အရုပ်ဝိညာဉ်နဲ့အတူသာပြန်လာပါ။ ပြန်မလာနိုင်ရင် သင်ဟာ အပြင်မှာသေသွားပြီဆိုတာမမေ့ပါနဲ့။ သေချာဂရုစိုက်ပါ။ ဒါပြီးရင် သင်ဟာ ပရလောကပါတီကို ဆင်နွှဲခဲ့သူတစ်ဦးအဖြစ် ဂုဏ်ယူနိုင်ပါပြီ။

Play at your own risk
Mr.Candy
KCB Witchcraft Society

ကိုယ့်အနားသရဲရှိနေတယ်လို့ခံစားနေရရင်

                    လူအတော်များများတစ်ယောက်တည်; သွားရင်း လာရင်းနဲ့ပဲဖြစ်ဖြစ် ခြောက်ခြား လာတဲ့အခါပဲ ဖြစ်ဖြစ် ကိုယ့်အနားတစ်ခုခုရှိနေသလိုမျိုး ခံစားနေရတတ်တာမျိုလေး ဖြစ်တတ်ပါတယ်။ ဒါဟာ မိမိရဲ့ကြောက်ရွံ့စိုးရိမ်မှုက သရဲကိုအလိုလို ဆင့်ခေါ်မိပြီးသားဖြစ်ပြီး မိမိနဲ့ ပရဘုံနဲ့ကြား တံခါးတစ် ချပ်ခဏလေးပွင့်သွားတာပါ။ တစ်ခါတလေဆိုရင် ဒီလိုခံစားချက်ကနေတစ်ဆင့် သရဲတောင်မြင်ရတဲ့အထိ တစ်ခါတလေ အေးစက်စက်လက်အရာတွေက လာထိတာမျိုးတွေလောက်ထိခံစား ရတတ်တာမျိုးတွေဖြစ်တတ်ပြီး အချို့ နှလုံးရောဂါသည်တွေ ဆို နှလုံးခုန်ရပ်ပြီးသေတတ်တာ မျိုးတွေထိ ဖြစ်တတ်ပါတယ်။ ဒီတော့ ကိုယ့်နားမှာ တစ်ခုခုရှိနေပြီလို့ စိတ်ထဲမှာ ခြောက်ခြားဖွယ်ဖြစ် လာပြီဆိုရင် ဘာသာရေးနည်းတွေနဲ့လုပ်တာတောင် ရတော့ဘူးဆိုရင် လုပ်ဆောင်လိုက်နာရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မှောင်တဲ့နေရာမှာရောက်နေတယ်ဆိုရင် မီးကိုချက်ချင်းဖွင့်လိုက်ပါ။
မီးဖွင့်လိုက်တဲ့အခါ သူတို့လည်း အလင်းရောင်ကြောင့် အခြားကို ပြေးသွားနိုင်သလို ပတ်ဝန်းကျင်ကို ထင်ရှားစွာမြင်လာရတဲ့အတွက် ကြောက်စိတ်ကိုပြယ်ဖို့ အထောက်ပံ့ပေးနိုင်သလို သူတို့တကယ်ရှိတယ်ဆိုလည်း အဝေးကိုပြေးစေနိုင်ပါတယ်။ တစ်ခုသတိထားရမှာတော့ ဖယောင်းတိုင်မီးကဲ့သို့ အဝါရောင်မှိန်ပျပျအရောင်များဟာ သူတို့ကိုဆင့်ခေါ်ရာမှာ အထောက်အပံ့ပေးတဲ့အရောင်များပင်ဖြစ်ပြီး အဝါရောင်မှိန်ပျပျမီထွန်းခဲ့အခါ သူတို့ကို လာနိုင်ချေပိုများစေနိုင်တာကို သတိထားရမှာဖြစ်ပါတယ်။ သရဲကားအချို့မှာဆို ခြောက်ခြားဖွယ်ဇတ်ဝင်ခန်းများကို အဝါရောင် Lighting အသားပေးရိုက်ကူးထားတာကို သေချာကြည့်ရင် သတိထားမိကြမှာပါ

၂။ သီချင်းနားထောင်ပါ။ သီချင်းနားထောင်ရမှာ သီချင်းအေးအေးတွေနားထောင်ဖို့ထက် rockသီချင်း electro pop , hip hop သီချင်းအမျိုးစားတွေဖွင့်နားထောင်လိုက်ပါ။ သီချင်းဖွင့်စရာ ဖုန်းတို့လို device မပါရင် ကိုယ်ရတဲ သီချင်းတစ်ပုဒ်အော်ဆိုလိုက်ပါ။ ဒီလိုအော်ဆိုတုန်းမှာ ဝိညာဉ်လောက လှည့်စားမှုတစ်ခုလည်းရှိတတ်ပါသေးတယ်။ ဒါကတော့ ear worm လို့ခေါ်တဲ့ ကိုယ်ဆိုတဲ့သီချင်းထက် အခြား သီချင်းကို အနားမှာဖွင့်ထားသလို နားထဲအတိုင်းသားကြားနေရအောင် ဖန်တီးပေးလိုက်ခြင်းပါပဲ။ တစ်ခါတရံ သီချင်းအပြင် ခြောက်ခြားစရာအသံတွေအလိုလို ကြားနေရအောင်လုပ်ဆောင်ပါတယ်။ တကယ်လို့ ear worm ကတစ်ဆင့် သီချင်းသံကြားရရင် ကိုယ်ဆိုတဲ့ သီချင်းကိုရပ်ပြီး ကြားရတဲ့သီချင်းကို အစမှအဆုံးတိုင်ဆိုပစ်လိုက်ပါ။ ear worm ကတော့ တစ်ပိုဒ်ထဲ ခဏခဏလာနေမှာဖြစ်ပေမယ့် ဒါကိုဂရုစိုက်ဘဲ ကြားရတဲ့သီချင်းကိုပဲ ဆက်တိုက်ဆိုပေးလိုက်ပါ။ တကယ်လို့ ear worm က သီချင်းသံမပေးဘဲ ခြောက်ခြားစရာအသံပေးနေတယ်ဆိုရင်တော့ အသက်ကို ခဏအောင့် စိတ်ထဲကနေ ၇ စက္ကန့်လောက် အားး ခနဲအော်လိုက်ပါ။

၃။ လိင်စိတ်ကိုကြွအောင်လုပ်ကြည့်ပါ။ လိင်စိတ်ဟာ ဘုံ၂ခုကြား အဆက်သွယ်ကို အားကောင်းစွာဖြတ်တောက်ပစ်နိုင်ပါတယ်။ musturbate လုပ်တာကဲ့သို့သော လိင်ပိုင်းဆိုင်ရာ အပြုအမူမျိုးကို ချက်ချင်းလုပ်ဆောင်လိုက်ပါ။ သင့်ဖုန်းထဲမှာ pornကားတွေပါတယ်ဆိုရင် volume အကျယ်ဆုံးထားပြီး ဖွင့်ကြည့်နေပါ။

၎။ ဘယ်မှမကြည့်ပါနဲ့။ သင့်ကိုယ်သင် ခြောက်ခြားသလိုခံစားလာရတဲ့အခါမှာ အနီးအနားမှာ တစ်စုံတစ်ခုက ဖြတ်ခနဲပြေးလွှားနေသလို တစ်နေရာရာကနေ တစ်ခုခုချောင်းကြည့်တာခံနေရသလို ခံစားနေရမှာဖြစ်ပါတယ်။ ဒါပေမယ့် လုံးဝလှည့်မကြည့်ပါနဲ့။ ကိုယ့်မသိစိတ်က ခြောက်ခြားချိန်မှာဆို တစ်ရုပ်ကိုနှစ်ရုပ်ပုံဖော်တတ်ပါတယ်။

၅။ ခြောက်ခြားရာနေရာများသွားတဲ့အခါ အချိုဓာတ်များများပါသော အစားစားသွားပါ။ ဒါဟာခြောက်ခြားစိတ်ကိုလျော့နည်းစေပါတယ်။ ရေလည်းများများသောက်ထားပါ။ ရေမသောက်ထားလို့ အသည်းခြောက်နေချိန်မှာ မိမိနာမ်ကို အခြားဘုံတစ်ခုက လှမ်းချိတ်ဖို့ လွယ်ကူနေတာသတိပြုပါ။

၆။ ဆားများပက်ခြင်း။ သေးနဲ့ပန်းခြင်းမလုပ်ပါနဲ့။ သူတို့ကိုပြေးစေတ့နည်းမှန်ပေမယ့် ဒါ သူတို့အပေါ်အရမ်းထိခိုက်ဒဏ်ရာရစေပါတယ်။ ပရလောကသားတွေရဲ့ အသားရည်ဖွဲ့စည်းပုံက သဘာဒဏ်ပိုခံစားရအောင် နူးညံ့စွာဖွဲ့စည်းထားကြောင်း ဗုဒ္ဓဘုရားဟောကြားဖူးပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်အရမ်းနူးညံ့တာကြောင့် atom ဖွဲ့စည်းပုံ ရှုပ်ထွေးကြမ်းတမ်းတဲ့ ဆားဟာ သူတို့ကို ဓားရှသလို ထိခိုက်ဒဏ်ရာရစေနိုင်သလို သေးနဲ့ပန်းပါက ဆီးရဲ့ပူတဲ့သဘောဟာ သူတို့ကို အက်စစ်လို ပူလောင်စေနိုင်ပါတယ်။သူတို့လည်း မိမိလိုခံစားချက်ရှိကြောင်း ကိုယ်ချင်းစာပါ။ မနှိပ်စက်ပါနှင့်။ မိမိလည်းတစ်ချိန် သူတို့နေရာမရောက်ဘူးမပြောနိုင်ပါဘူး။ ကြက်သွန်ကဲ့သို့ အနံ့ပြင်းအဆောင်များကိုတော့ ကာကွယ်တဲ့သဘောဆောင်ထားနိုင်ပါတယ်။

၇။ မှန်တွေပါရင် အိတ်ထဲဖုံးဖိထည့်ထားပါ။ ကြေးမုံပြင်ဟာ သူတို့ကို ထာင်ချောက်တစ်ခုလိုချုပ်ထားနိုင်ပြီး မိမိအိမ်ရောက်စဉ် အိမ်ထိရုတ်တရက်လိုက်ပါလာနိုင်ပြီ သူတို့ရဲ့ အမှောင်ဓာတ်ဟာ ထိုမှန်ကိုကြည့်သူအချို့ကို အဆိုးမြင်စိတ်တွေဖြစ်ပေါ်စေနိုင်ပါတယ်။

၈။ ကိုယ့်ကိုယ်ကိုယ် နာအောင်ဆွဲဆိတ်လိုက်ပါ။ ရုတ်တရက်နာကျင်မှုခစားချက်က ဟိုဘက်ဒီဘက်ဘုံနှစ်ခုအကြား ဆက်သွယ်နေမှုကိုရုတ်တရက်ဖြတ်ချနိုင်ပါတယ်။

ကဲ . . ,ဒီလောက်ဆို တစ်ခုခုအနားရှိနေတဲ့ခြောက်ခြားမှုကို တိုက်ဖျက်ဖို့ မိမိအဆင်ပြေတဲ့နည်းတွေနဲ့ အသုံးချနိုင်ကြလိမ့်မယ်လို့ မျှော်လင့်သလို ကိုယ့်မှာ ကြောက်တတ်တဲ့သူငယ်ချင်းတွေရှိရင်လည်း ဒီနည်းလေးတွေလက်ဆင့်ကမ်းပေးနိုင်ကြပါကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Witchcraft Society

အနောက်တိုင်းမှော်ပညာတစ်ကိုယ်တော်လေ့လာမည့်သူများအတွက် စံနမူနာအချက်(၇)ချက်



"ကမ္ဘာမြေရဲ့နေရာ
တိုင်းနေရာတိုင်းမှာ မှော်ဆန်သောအရာများနှင့် ပြည့်နှက်လျက်ရှိပြီး အဲ့ဒီအရာတွေက သူတို့ကို ကြီးမားစွာအာရုံခံစား စက္ခုပသာဒကွန့်မြူးစေဖို့ စိတ်ရှည်စွာနဲ့စောင့်ဆိုင်းလျက်ရှိနေကြပါတယ်။"

- W.B Yeats

ဒီလိုမျိုး မှော်ဆန်တဲ့အရာတွေ ဖမ်းဆုပ်မိစေဖို့အတွက် ဘယ်လိုအမူအကျင့်တွေပြုမူနေထိုင်ရပါမလဲ။ သင့်ရဲ့ နေ့ရက်တွေဆီကို မှော်ပညာတွေဘယ်လိုဖိတ်ခေါ်ရပါမလဲ။ ယခု စာရေးနေသော ကျွန်တော်ကိုယ်တိုင်သည်လည်း တစ်ကိုယ်တော်မှော်ပညာလေ့လာလိုက်စားသူဖြစ်လင့်ကစား မှော်ပညာအကြောင်းအရာများနှင့်ပတ်သတ်သော အကြောင်းအရာများကို မျှဝေရတာ သဘောကျပါတယ်။ မှော်ပညာဆိုတာ ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ့ သဘာဝတရားကြီးနဲ့ပတ်သတ်ရာ ပတ်သတ်ကြောင်းပဲ မဟုတ်ပါလား။ တစ်ယောက်ယောက်ကများ စုန်းကဝေ၊ မှော်ပညာလိုက်စားသူ စတဲ့စကားလုံးတွေအကြောင်းကိုပြောလာမယ်ဆိုရင်လည်း ကျွန်တော့်အတွေးထဲမှာတော့ သဘာဝတရားကြီးနှင့် သဘာဝတရားကြီးနှင့်ဆက်နွယ်နေသော မမြင်နိုင်သောစွမ်းအင်များကို ပညာသားပါပါ ဆက်သွယ်နိုင်သော အနုပညာကို တတ်ကျွမ်းထားသူ သဘာဝတရားကြီးကို သဘာဝတရားစွမ်းအင် စိတ်စွမ်းအင်လမ်းကြောင်းများနဲ့ ကူးလူးဆက်နွယ်ကာ ငြိမ်းချမ်းစွာထိန်းချူပ်နိုင်သည့် ပညာရှင်လို့ပဲ မြင်မိမှာဖြစ်ပါတယ်။

စကြဝဠာများ၊ နတ်ဘုရားများကလည်း ကျွန်တော်တို့ စိတ်ခံစားချက်များပျော်ဝင်စီးမျောရာ အကောင်းဆုံးတိုင်ပင်ဖော်များ၊ လိုအပ်ချက်များလို့ပဲမြင်မိပါတယ်။ အဖွဲ့အစည်း (Coven) နဲ့မဟုတ်ဘဲ မိမိတစ်ကိုယ်တည်း မှော်ပညာကိုလေ့လာလိုက်စားနေတယ်၊ လေ့လာလိုက်စားလိုတယ်ဆိုရင်တော့ ဒီစံနမူနာယူစရာ အချက်(၇)ချက်ကတော့ မဖြစ်မနေလိုအပ်မှာပဲဖြစ်ပါတယ်။ ဒါတွေကတော့ အောက်ပါအတိုင်းပင်ဖြစ်ပါတယ်။

စိတ်တည်ငြိမ်စေခြင်း - ပညာရှိအဆိုအမိန့်တွေ၊ သိပ္ပံသီအိုရီတွေ၊ ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တဲ့စကားလုံးတွေ အတွေးတွေ စတာတွေအားလုံးဟာ စိတ်တည်ငြိမ်ခြင်းမှတစ်ဆင့်လာတာပဲဖြစ်ပါတယ်။ မိမိစိတ်တည်ငြိမ်စေဖို့အတွက် တရားထိုင်ခြင်းလုပ်ဆောင်ဖို့လိုအပ်သလို တရားထိုင်ခြင်းမလုပ်ချင်သူတွေကတော့ မိမိအဆင်ပြေသောနည်းနဲ့ မိမိစိတ်ထဲမှာ ဘာမှမရှိအောင်ရှင်းလင်းထားပြီး အနက်ရှိုင်းဆုံးထိရောက်အောင် စီးမျောစေနိုင်ဖို့ မိမိနှစ်သက်ရာနည်းများနှင့်လည်း လုပ်ဆောင်နိုင်ပါတယ်။

မြေထိုင်ခြင်း - မြေထိုင်ခြင်းဆိုတာကတော့ ကမ္ဘာမြေကြီးပေါ်သို့ ထိုင်ရင်း ကမ္ဘာမြေဟိုးအဆုံးအထိ သဘာဝတရာကြီးကို အနက်ရှိုင်းဆုံးခံစားကာ သဘာဝတရားကြီး၏ စွမ်းအင်ဓာတ်များကို ပြန်လည်ရယူခြင်းပင်ဖြစ်ပါတယ်။ မြေမထိုင်မီ အရင်ဆုံး မိမိပတ်ဝန်းကျင်သဘာဝတရားကြီး လှုပ်ရှားမှုကို မေတ္တာတရားအပြည့်ထည့်ကာ အချိုမြိန်ဆုံးအပြုံးနှင့် နှုတ်ဆက်ပြီးနောက်မှာ ပတ်ဝန်းကျင်လေကောင်းလေသန့်ကို နက်ရှိုင်းစွာရှူရှိုက်လိုက်ပြီး သဘာဝတရားကြီး၏ လှုပ်ရှားမှုများရဲ့ မိမိအပေါ်တုံ့ပြန်လာပုံကို သေချာအာရုံခံစားပြီးနောက် နှစ်သက်ရာ အပင်တစ်ပင်အောက်မှာ ခဏထိုင်လိုက်ကာ လေကောင်းလေသန့်ကို နက်ရှိုင်းစွာထပ်မံရှူရှိုက်ကာ သင့်ခန္ဓာမှ သစ်ပင်အမြစ်များထွက်လာကာ မြေအောက်လောက အနက်ရှိုင်းဆုံးသို့ ဆက်သွယ်လာနေသည်ဟု စိတ်ထဲမှာအာရုံပြုထားကာကမ္ဘာမြေကြီး၏ အဆီအနှစ်စွမ်းအင်များကို စုပ်ယူရပါမယ်။ နေ့စဉ်လုပ်ဆောင်ရင်း သင့်အာရုံခံစားနိုင်စွမ်းတွေပိုမို ပိုမိုကာ ကောင်းမွန်လာသောနေ့တွေမှာ သင့်ကို နတ်သူငယ်လေးတွေ မင်စာလေးတွေက လာရောက်နောက်ပြောင်တာမျိုးတွေကို စတင်ခံစားမိလာပါလိမ့်မယ်။ ဒါပေမယ့် နတ်သူငယ်တွေကိုတောင်ခံစားနိုင်ပြီဆိုတဲ့ သင့်သမာဓိက ဒီလိုနောက်ပြောင်မှုတွေကို စိတ်ဆိုးမိမှာမဟုတ်ဘူးလို့ ယုံကြည်မိပါတယ်။

စွမ်းအင်ထိန်းညှိခြင်း - မိမိ၏မကောင်းသောစွမ်းအင်များကို ဖယ်ရှားခြင်းနှင့် ချိန်ညှိခြင်းပြုလုပ်ရန်လိုအပ်ပါတယ်။ အရင်ဆုံး မိမိနှလုံးသားကိုရှင်းလင်းအောင်ထားကာ မျက်လုံးများ၊ ပါးစပ်များ၊ လည်ချောင်း၊ ငယ်ထိပ်ချက္ကရာမှကစ ချက္ကရာအားလုံးနှင့် ထိုမှတစ်ဆင့်နောက်ဆုံး ဆံစမှ ခြေဖျားအထိ တစ်ခုချင်းစီကို တည်ငြိမ်ရှင်းလင်းစွာအာရုံပြုရှင်း စွမ်းအင်ဖယ်ရှားခြင်းနှင့်ချိန်ညှိခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။ အချို့ကတော့ ဒီလိုလုပ်ဖို့အတွက်ပဲ အိမ်မှာပင် ကိုယ်ပိုင်ဥယျာဉ်လေးလုပ်ကာ သစ်ပင်ပန်းမန်တွေစိုက်ပျိုးကာ နတ်သူငယ်တွေအတွက် ဥယျာဉ်လေးတွေဖန်တီးတတ်ကြပါတယ်။ နတ်သူငယ်တွေအတွက် ဥယျာဉ်ဖြစ်သလို သဘာဝတရားကြီးက စိတ်ကိုကြည်လည်စေတယ်လည်းမဟုတ်ပါလား။ စွမ်းအင်ထိန်းညှိခြင်းနဲ့သန့်စင်ခြင်းမှာ မိမိကိုယ်ကို အမြဲနေကောင်းနေအောင်လည်း စဉ်ဆက်မပြတ်ဂရုပြုနေရပါတယ်။ ကျန်းမာရေးတစ်ခုခုချို့ယွင်းတယ်ဆိုရင်လည်း ခေတ်ပေါ် ဓာတုဆေးဝါးတွေထက် တိုင်းရင်းဆေးများ၊ ပရဆေးများ၊ သဘာဝအပင်အဆီအနှစ် အခေါက်တွေကလာတဲ့ ဆေးများကိုသာသုံးဆောင်ကြပါတယ်။ ဒါအတွက်တော့ တိုင်းရင်းဆေးနဲ့ပတ်သတ်ပြီး လုံလောက်တဲ့ ဗဟုသုတပါရှိထားသင့်မယ်လို့ထင်မိပါတယ်။

သဘာဝတရားကိုစူးစမ်းခြင်း - နေ့စဉ်နေ့တိုင်း အချိန်တိုင်းမှာ သဘာဝတရား သင့်ပတ်ဝန်းကျင်က အမြဲမပြတ်ပြောင်းလဲနေတတ်ပါတယ်။ ဒီလိုပြောင်းလဲနေတာလေးတွေကို စူးစမ်းကြည့်ပါ။ သစ်ပင်ကို နေရောင်ထိုးကျတဲ့အချိန်နဲ့ဒီကရီ၊ ရာသီဥတု၊ အချိန်ခါပေါ်လိုက်တဲ့ ငှက်လေးတွေရဲ့တေးဆိုသံ၊ ခရစ်စတယ်လေးတွေရဲ့ ပတ်ဝန်းကျင်ပေါ်လိုက်ပြီး ပုံစံပြောင်းမှု၊ အပင်တွေရဲ့ လှုပ်ရှားမှု၊ ဝပ်တွားမှု စတဲ့ သဘာဝတရားနဲ့ပတ်သတ်တဲ့အရာအားလုံးကိုစူးစမ်းပါ။ သင့်ရဲ့ နက်ရှိုင်းတည်ငြိမ်နေတဲ့အတွေးတွေက သဘာဝတရားကြီးက သင့်ကိုပြောချင်တဲ့စကားတွေကို ဘာသာပြန်ပေးပါလိမ့်မယ်။

နိမိတ်ဖတ်ပစ္စည်းတွေနဲ့ဆွေးနွေးပါ - မှော်ပညာရှင်တိုင်းမှာ သူတို့ရဲ့အမြတ်တနိုးထားရတဲ့ တိုင်ပင်ပေါ်တိုင်ပင်ဖက်လေးတွေအဖြစ် ရှေ့ဖြစ်ဟောအသုံးအဆောင်လေးတွေ ဆောင်ထားတတ်ကြပါတ.်။ ရူးန် ကျောက်ခဲလေးများ၊ မှော်ဖန်လုံး၊ တားရော့၊ လက်ဖက်ခြောက်၊ မီးတောင်လှုပ်ရှားမှု စသဖြင့်မှော်ပညာရှင်တစ်ဦးနှင့်တစ်ဦး အကြိုက်မတူကြပါဘူး။ ဒီတော့ မိမိအခက်အခဲလေးတွေ မေးစရာလေးတွေကို ဒါလေးတွေနဲ့တိုင်ပင်ပါ။ ချင့်ချိန်ပြီး ယုံပါ။ စူးစမ်းပါ။ ဒီပစ္စည်းလေးတွေကို မိမိကိုယ်အင်္ဂါအစိတ်အပိုင်းကဲ့သို့မြတ်နိုးပါ။

မှော်ပစ္စည်းများနှင့်ချိတ်ဆက်အသုံးပြုပါ - သင့်ရဲ့ကိုးကွယ်မှု၊ သို့မဟုတ် သင့်ရဲ့ မှော်ပညာအပေါ်လေးစားသမှုကိုပြဖို့အတွက် (သင်မယုံကြည်သင့်တိုင်) သင်လုပ်နေတဲ့မှော်ပညာနဲ့သက်ဆိုင်တဲ့ နတ်ဘုရားစတာတွေကို ကိုယ်စားပြုတဲ့ ပစ္စည်းတွေနဲ့ အမြတ်တနိုးလေးစားသမှုပြဖို့ စားပွဲလေးတစ်ခုခင်းပြီး မှော်စားပွဲလေးတစ်ခုဖန်တီထားပါ။ နေရာကို အမြဲသန့်ရှင်းနေပါစေ။ ဖယောင်းတိုင်၊ အမွှေးတိုင်၊ နောက်ပြီး သင်အလိုရှိသောအရာကို ကိုယ်စားပြုသော အဆောင်ကျောက်လေးများ၊စတာတွေကို သေချာစွာခင်းကျင်းပြီး အစီအရင်ပြုလုပ်ခြင်း ဆုတောင်းခြင်းများကို အဲ့ဒီမှော်စားပွဲလေးရှေ့မှာသုံးပါ။ သင့်မှာ အခြားမှော်ပစ္စည်းတွေဖြစ်တဲ့ မှော်တံမြက်စည်း၊ မှော်နှင်တံ၊ မှော်ဆေးကျိုအိုး စတာတွေရှိတယ်ဆိုလည်း နေ့စဉ်သေချာ ဂရုတစိုက် သန့်ရှင်းစွာထားပါ။ မိမိပိုင်ပစ္စည်းကဲ့သို့ လေးစားသမှုပြုပါ။ မှော်စားပွဲကတော့ အနောက်တိုင်းမှော်ပညာရှင်တိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

မှော်မှတ်တမ်းစာအုပ်ထားရှိပြီးနေ့စဉ်မှတ်တမ်းတင်ပါ - Book of Shadow လို့ခေါ်တဲ့ မှော်မှတ်တမ်းစာအုပ်တစ်အုပ်ထားပါ။ ဘယ်စာအုပ်မဆို ထားနိုင်ပြီး စာအုပ်အနက်ရောင်ဖြစ်ရင်ပိုကောင်းနိုင်ပါတယ်။ ဒီမှော်မှတ်တမ်းစာအုပ်မှာ မိမိရဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ မှော်နဲ့ပတ်သတ်တဲ့အတွေ့အကြုံများကိုမှတ်တမ်းတင်ပါ။ မက်သောအိပ်မက်၊ ထူးဆန်းစွာပေါ်လာသော အတွေးများ ထိုအိပ်မက်အတွေးနှင့်ပတ်သတ်ပြီး ဖြစ်ပျက်သွားမှု၊ သင်ဖန်တီးသောမှော်အစီအရင်များနှင့်ရလဒ်များ၊ သင်ဆက်သွယ်မိသော နတ်ဘုရားများ၊ နတ်သူငယ်များ၊ မင်စာများ၊ ဒီမွန်များ၊ စသဖြင့် မှော်နှင့်ပတ်သတ်သောအတွေ့အကြုံများကိုနေ့စဉ်မှတ်တမ်းရေးပါ . .။

သင်ဟာအနောက်တိုင်းမှော်ပညာကိုလေ့လာလိုက်စားနေသူဆိုရင်တော့ ဒီ(၇)ချက်ကိုတော့ မလွဲမသွေလိုက်နာလုပ်ဆောင်ကြဖို့အကြံပြုချင်ပါတယ်။ မှော်ပညာများ စွမ်းအင်များဆိုတာ လူတိုင်းမှာ မွေးကတည်းကိုက အရိုးစွဲပြီး ပါလာခဲ့ပြီးသားပင်ဖြစ်ပါတယ်။ ဒီစွမ်းအင်တွေကို မိမိတစ်ကိုယ်တော်မှော်ပညာရှင်အဖြစ်ထုတ်ဖော်အသက်သွင်းမယ်ဆိုရင်တော့ ဒီ(၇)ချက်အတိုင်း မလွဲမသွေလိုက်နာပြီး မှော်ပညာရှင်တစ်ယောက်ဖြစ်လာဖို့ စတင်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။

ကာရှိုင်း (KCB Center)
(မနောမယဂျာနယ်တွင်ဖော်ပြပြီး)

အတိတ်၊ နိမိတ်၊ တဘောင်များအားလေ့လာခြင်း


                               ဇမ္မူဒီပါ လက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်းတဲ့ဗျ။အတိတ် နိမိတ်တွေဆိုတာ ကမ္ဘာဦးကတည်းက ရှိခဲ့တာပါ။ကမ္ဘာဦးအစ ကြာငါးခိုင် နိမိတ်ကြောင့် ဘုရား၅ဆူပွင့်မယ့် ဘဒ္ဒကမ္ဘာဆိုပြီး နိမိတ်ဖတ်ခဲ့ကြပါတယ်။နောက်ဗုဒ္ဓဘုရားရှင်တောင် နိမိတ်ကမလွတ်ပါဘူး။သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးကို မြင်ပြီးတောထွက်ခဲ့ပါတယ်။အတိတ် နိမိတ် တဘောင် စနည်း စတာတွေကိုရေးမယ်ဆို ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်က အယူတော်မင်္ဂလာ ဦးနိုးအကြောင်းမပါမဖြစ်ပါရပါမယ်။ဦးနိုးဟာ အသက် ၂၀ အရွယ် ငယ်ငယ်လေးနဲ့ နေမျိုးလေခ ပျံချီဘွဲ့ရထားတော့ မှုးမတ်တွေက မကျေမနပ်နဲ့ ပညာစမ်းကြပါတယ်။မှူးမတ်တစ်ယောက် အမြဲကိုင်တဲ့ ကွမ်းအစ်ကို မောင်နိုးအား မကိုင်ကြည့်စေပဲ အလေးချိန်ဘယ်လောက်ရှိလဲ ဖြေစမ်းလို့မေးသတဲ့။ဒါနဲ့မောင်နိုးက အနီးနားမှာ ထူးခြားတာရှိမလား ရှာကြည့်ရာ မတွေ့ နောက်ဆုံး မဏ္ဌုပ်အမိုးမော့ကြည့်မှ မိုးထားတဲ့ကပ် အားလုံးလိုလို အသစ်ဖြစ်နေပေမယ့် တစ်ခုသောကပ်က ကျိုးနေပါတယ်။ဒါကြောင့် ကျေနပ်သွားပြီး ကပ်ကျိုး (ကိုးကျပ်) အလေးချိန် ကိုးကျပ်သားရှိကြောင်း ဖြေလိုက်တာ ကွက်တိမှန်နေပါတော့တယ်။အဲ့ဒီလိုပဲ အတိတ် နိမိတ် တဘောင် စနည်းတွေဟာ ပါတ်ဝန်းကျင် အခြေအနေပေါ်လိုက်ပြီး အမြင်အကြား ထူးခြားနေတာမျိုးပေါ် ကောက်ယူဖြေဆိုရပါတယ်။တနေ့တာမြင်သမျှတွေ နားမထောင်ပဲကြားရတာမျိုး(ဥပမာ လက်ရှိ ဗိုလ်အောင်ဒင် မိချောလိုမျိုး) တမင်တကာနားထောင်တာမျိုး မဟုတ်ပဲ နားထဲအလိုလို ရောက်လာတာမျိုးတွေပါ။စနည်း တောင် တဘောင်မြောက် ဆိုတာလည်းရှိပါတယ်။ရှေးက စနည်းနာဖို့ဆိုရင် မြို့တောင်ဖက် တံခါးကထွက်ရပါတယ်။တဘောင်ရွတ်ရင် မြောက်ဖက်တံခါးမှာ ရွတ်ပါတယ်
                                    ။နောက်ပြီး ကလေးစကား အရူးစကား သဘင်သည်စကားတွေကို တဘောင်အဖြစ်လည်း ယူကြပါတယ်။အတိတ် နိမိတ်တွေ ဆိုတာ ပါတ်ဝန်းကျင်မှာ ပုံစံ အမျိုးမျိုးနဲ့ ပြန့်ကျဲနေတက်ပါတယ်။အနောက်တိုင်းမှာလည်း ရှိပါတယ်။10$ တန်ကို ခေါက်လိုက်ရင် WTC ကိုလေယာဉ်နဲ့ ဝင်တိုက်လို့ မီးလောင်နေတဲ့ပုံကို မြင်ရပါတယ်။10$တန်ဟာ WTC မီးမလောင်ခင်ကတည်းက ရှိနေတဲ့ အရာပါ။ဒါပေမယ် WTC မီးလောင်ပြီး နောက်မှ ဒီနိမိတ်ကို တွေ့ရှိခဲ့တာပါ။ဒီလောက်ဆ်ု နဲနဲသဘောပေါက်လောက် ပါပြီ။ဟုတ်ပြီဗျာ ကျနော်တို့ မြန်မာနိုင်ငံကြီး ဘာတွေလွဲနေလဲ ပြန်ဆန်းစစ်ကြည့်ရအောင်။ကျနော် သတိထားမိတာလေးတွေပါ။အရင်ဆုံး လွတ်လပ်ရေးမရခင် အင်္ဂလန်က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတော့မယ်ဗျာ။ဘယ်အချိန်ယူမှာလဲ မေးတော့ တိုင်ပင်ကြတာပေါ့။အဲ့မှာ အတိတ်နိမိတ် နားလည်တဲ့ ဆရာကြီးတစ်ယောက်ရှိတယ်ဗျ။ကျနော်နာမည်မေ့နေလို့။သူက ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ ၄၈ မိနစ် ၄၆ စက္ကန့် အင်္ဂါဂြိုဟ် ကြီးစိုးတဲ့အချိန်မှာ ယူခိုင်းလိုက်ပါတယ်။အင်္ဂါဂြိုဟ်ဆိုတာ မာစ်းဂြိုဟ် စစ်နတ်ဘုရားဂြိုဟ်ဗျ။သူကတော့ စေတနာနဲ့ စစ်တပ်အင်အား တန်ခိုးကြီးအောင်ပါ။ဟုတ်တော့လည်းဟုတ်တယ်ဗျ အဲ့ဒီတုန်းက BIA ဗမာ့တပ်မတော်မှာ အင်အားက ၅၀၊၁၀၀လောက်ပဲရှိသေးတာကိုး။အဲ့ဒီကစ စစ်တပ်တန်ခိုးထွားပုံက နှစ်၅၀ လောက်အုပ်ချုပ်တယ်။ခုအုပ်ချုပ်မှူပိုင်း မကိုင်တော့ ဖြစ်လိုက်ကြတဲ့ စစ်ပွဲတွေ အင်္ဂါဂြိုဟ် စစ်နတ်ဘုရားရဲ့ စိုးမိုးမှုတွေပေါ့။အင်္ဂါဂြိုဟ် ခိုက်နေတဲ့ သဘောပါ။နောက်လွဲနေတဲ့ ကျနော်သတိထားမိတဲ့ အရာတစ်ခု တဘောင်ဆိုတာ စာချိုးလေးတွေနဲ့ လာတာများတယ်ဗျ။''တံတားဦးက ကွမ်းနုဝါ၊ငမျှာက ဆေး၊ကွမ်းသီး တောင်ငူနှင့် ကိုင်း(စစ်ကိုင်း) ထုံးဖြူ၊ပြည် သျှား သာဝါးလို့ထွေး'' ဆိုတာတော့ သိကြမှာပါ။ကွမ်းယာအတွက် အကောင်းဆုံးတွေ ထွက်ရှိရာကို ဖော်ပြထားတာပါ။ဒီနေ့ထိလည်း မှန်နေပါတယ်။အဲ့ဒီမြို့တွေက ပစ္စည်းတွေ အကုန်ကောင်းတယ် ဆိုတာ ကွမ်းစားသူတိုင်း သိကြပါတယ်။အဲ့ဒီစာချိုး တဘောင်မှာ ဘာလွဲနေလဲဆိုတော့ ကိုင်း(စစ်ကိုင်း)ထုံးဖြူဗျ။စစ်ကိုင်းမြို့က ထုံးဖြူဟာ အကောင်းဆုံးဖြစ်တယ်ဗျ။ဒါကြောင့် စစ်ကိုင်း ကောင်းမှုတော် ဘုရားကို ရှေးမင်းတွေက အကောင်းဆုံး ဖြစ်တဲ့ ထုံးသင်္ကန်းကို ကပ်လှူထားတာပါ။စစ်ကိုင်းမြို့ ကောင်းမှူတော် ဘုရားမြင်တာနဲ့ ကိုင်းထုံးဖြူ ကိုသတိရကြပါတယ်။အဲ့ဒီတော့ ဘုရားကြီး ထုံးသင်္ကန်းနဲ့ စစ်ကိုင်း အပြန်အလှန် သဟဇာတဖြစ်နေပါတယ်။ခုတော့ ထုံးသင်္ကန်းအစား ရွှေသင်္ကန်း ပြောင်းကပ်လိုက်တော့ မြန်မာနိုင်ငံကြီးခိုက်ပါလေရော။ဘာခိုက်လဲ ရှေ့မှာခိုက်နေတဲ့ အင်္ဂါဂြိုဟ် စစ်ပွဲတွေ ပိုအားကောင်းလာတာပေါ့။နောက်သတိထားမိတာတစ်ခုက ''ရှေးထုံးကိုလည်း မပါယ်နဲ့ ဈေးသုံးကိုလည်း မလွယ်နဲ့''တဲ့။ရှေးကထုံးတန်းစဉ်လာတွေကိုမပါယ်ဖို့ပါ။ကျနော်သတိထားမိတာက ရှေးရိုးကိုလည်းမပါယ်နဲ့လို့ ရေးလည်းရတာပဲလေ။ဒါပေမယ့် ရှေးထုံးလို့ရေးခဲ့တယ်။မြန်မာတွေ ရှေးထုံးကို ပါယ်ခဲ့ပြီ။ကောင်းမှုတော်ဘုရား ထုံးသင်္ကန်းကို ပါယ်ခဲ့ပြီ။ပိုကောင်းအောင် ရွှေသင်္ကန်းကပ်လှုခဲ့တာ မှန်ပါတယ်။ဒါပေမယ့် အပေါ်က လွတ်လပ်ရေးယူချိန်လိုပေါ့။စေတနာလွန်ပြီး အမှားတွေဖြစ်ကုန်တာပါ။ဘာလို့ကောင်းမှုတော် ဘုရားလို့ပြောနိုင်တာလဲ။နောက်ထူးခြားတာတွေ ရှိသေးတယ်ဗျ။သတိထားမိလား။မြန်မာနိုင်ငံမှာ ပြဿနာဖြစ်ခဲ့တဲ့ မြို့တွေ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လက်ပတန်းမြို့ သပိတ်စစ်ကြောင်း ဖြိုခွင်း၊ပဿနာဖြစ်ခဲ့တဲ့ မြို့တိုင်း လပတ တွေတူနေတာ သတိထားမိလား။လပတ ဆိုတော့ အလယ်ပိုင်းတိုင်း။အလယ်ပိုင်းတိုင်းမှာ ပြဿနာဖြစ်နေတယ်လို့ နိမိတ်ပြနေတာ။အဲ့ဒီတော့ မန္တလေးနဲ့ အနီးတဝိုက်မှာ ကြီးကြီးမားမား ဘာလွဲနေလဲ။ဘာတွေမှားနေလဲ လိုက်ရှာတော့ ကောင်းမှုတော်ဘုရား ကိုသွားတွေ့ပါတယ်။နောက် ကြေးနီတောင် ကြေးဆိုတာ အများဆုံး အသုံးပြုတာ ကြေးသွန်းဘုရားတွေ ကြေးခေါင်းလောင်းတွေ အသုံးပြုတာအများဆုံး၊နောက် သပိတ်စစ်ကြောင်း သပိတ်ဆိုတာ ရဟန်းတွေ အသုံးအဆောင် ဒီတော့ သာသနာနဲ့ပါတ်သက်တဲ့ အမှားတခုခုကို အဓိကထားရှာရမယ့် သဘောကိုသက်ရောက်နေပါတယ်။ဒါကြောင့် အယူတော်မင်္ဂလာ အတိတ်နိမိတ် အရ ကောင်းမှုတော် ဘုရားလို့ ယူပါတယ်။အိမ်တစ်အိမ်မှာ ထားနေကျ ပစ္စည်းက သူ့နေရာသူ မရှိရင် ဒီအိမ်မှာခိုက်တက်ပါတယ်။ဥပမာ အိမ်တွင်းနတ်စင် ဆိုပါတော့။နတ်စင်က နတ်စင်နေရာမှာ မရှိပဲ အိမ်သာနားရောက်နေမယ် ဖိနပ်စင်နားရောက်နေမယ် ဆိုရင် ဒီအိမ်မှာ စီးပွားရေးအဆင်မပြေတာမျိုး ခိုက်ရန်အမြဲဖြစ်နေတာမျိုးပေါ့။အဲ့ဒီတော့ ဆရာတွေ ပြတယ်။ဆရာတွေက စစ်ပြီး ပြောမှအမှားတွေ ပြင်လိုက်မှ အဲ့ဒီအိမ် ပြန်အဆင်ပြေသွားပါတယ်။အဲ့ဒီလိုပဲ မြန်မာနိုင်ငံဆိုတဲ့ အိမ်မှာလည်း တချို့အရာတွေက သူ့နေရာနဲ့သူ ရှေးမူမပျက် ထားမှကောင်းတဲ့ အရာတွေပါ။ရှေးပညာရှိတွေက ဘယ်လိုအစီရင်နဲ့ လုပ်ခဲ့လည်းဆိုတာ ခုခေတ်လူတွေ ဥာဏ်နဲ့မသိနိုင်ပါဘူး။အဲ့ဒီလို မသိတဲ့ မရာတွေကို ရမ်းလုပ်မိရင် ဖြစ်လာတဲ့ အကျိုးဆက်ကို ခံစားရမှာပါ။

                                                                                                        တောင်ပင်လယ်နွားရိုင်း
                                                                                                               ရွှေမိုးရှိန်
                                                                                                     KCB Witchcraft Society
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top