ပထမဦးဆုံးပြောချင်တာက မှော်ပညာဆိုတာဘာလဲဆိုတာပါပဲ မှော်ပညာဆိုတာ သဘာဝတရားကြီးအတွင်းမှာရှိတဲ့မြင်ရနိုင်တဲ့အရာတွေ မမြင်ရနိုင်တဲ့သတ္တဝါတွေ အခြားစွမ်းအင်အမျိုးမျိုး မိမိစိတ်စွမ်းအင် ပြီးတော့ ဒီစွမ်းအင်တွေကိုဘယ်လိုရယူမလဲ ရှိလာတဲ့စွမ်းအင်တွေကို မိမိတို့အတွက် ဒါမှမဟုတ်တစ်စုံတစ်ခုသောကိစ္စတစ်ခုအတွက် အသုံးပြုဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့အရာတွေအားလုံးကိုပေါင်းစပ်ဖန်တီးအသုံးပြုထားတဲ့ပညာရပ်ကိုမှော်ပညာရပ်လို့ခေါ်ပါတယ် လောကမှာဘယ်အရာမှအလကားမရပါဘူး တစ်ခုလိုချင်ရင်တစ်ခုပြန်ပေးဆပ်ရတတ်ပါတယ် ဒီအချက်ကိုမှော်ပညာနဲ့ပတ်သတ်ပြီးအသုံးပြုတော့မယ်ဆိုဒုတိယအချက်အနေနဲ့သတိပြုသင့်ပါတယ် ကိုယ်ကဒီမှော်ပညာရပ်တွေကိုတတ်မြောက်ချင်တယ်ဆိုပါတော့ ဒီအတွက်သင် ရယူမှု့တစ်ခုထက် ပထမဦးဆုံးစဉ်းစားရမှာက ပေးဆပ်မှု့ကိုပါထည့်စဉ်းစားရမှာပါ ဥပမာ အသက်ရှုသလိုပေါ့ လေကိုအလကားမရပါဘူး အလကားရနိုင်တဲ့လေကိုတောင်ကျွန်တော်တို့ရှုသွင်းမှရနိုင်တာဖြစ်ပါတယ်ဒီလိုပါပဲဘယ်အရာမဆိုအရင်းအနှီးမရှိပဲအမြတ်ဆိုတာမဖြစ်ပေါ်လာနိုင်ပါဘူး မိမိကမှော်ပညာနဲ့ပတ်သတ်ပြီးဘယ်လောက်လေ့လာပြီးပြီလဲ မိမိကဒီပညာရပ်အတွက်ဘယ်လောက်အချိန်ပေးနိုင်သလဲ မိမိအတွက်ဒီပညာရပ်ကဘယ်လောက်အရေးပါလဲ စသည်ဖြင့် မေးခွန်းလေးတွေ အမြောက်အမြားမိမိကိုယ်ကိုပြန်မေးသင့်ပါတယ် ဒီနေရာမှာမေးခွန်းတွေမေးမယ်ဆိုအများကြီးပဲဗျထားပါတော့လိုရင်းပဲဆက်ကြရအောင်....မှော်ပညာနဲ့ပတ်သတ်ပြီးပထမဦးဆုံးလေ့ကျင့်သင့်တဲ့အချက်ကလေးတွေပြန်လည်မျှဝေပေးလိုက်ပါတယ် ကျွန်တော်တို့သတိပြုသင့်တာကအလှမ်းကျယ်တော့အလယ်လပ်တယ်ဆိုတဲ့စကားကိုပါပဲ ကိုယ်မှာစိတ်စွမ်းအင်နဲ့ပတ်သတ်ပြီးဘာလေ့ကျင့်မှု့မှမရှိဘူးဆို ကြီးမားတဲ့မျှော်လင့်ချက်မျိုးတွေမထားပါနဲ့ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးမိမိကိုယ်ကိုယ်နားလည်အောင်စိတ်စွမ်းအင်တွေတိုးပွားအောင်အရင်ဆုံးလေ့ကျင့်ပြီးမှသာလျှင်ဆက်လက်ပြီးအဆင့်တက်ဖို့တိုက်တွန်းလိုပါတယ်
1 - အဆင့်အနေနဲ့ မိမိကိုယ်ကိုယုံကြည်ဖို့လိုပါတယ်။ မိမိကိုယ်ကိုယုံကြည်မှု့တည်ဆောက်ပြီးလျှင်
2 - အဆင့်အနေနဲ့မိမိကိုယ်ကိုစေစားတတ်ဖို့လိုပါတယ်မိမိကိုယ်ကိုမှမထိန်းချုပ်နိုင်လျှင်သူတစ်ပါးရဲ့စိတ်ကိုထိန်းချုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အဲ့ဒီအတွက်မိမိကိုယ်နားလည်ဖို့လိုပါတယ်
3 - အာရုံ(5)ပါးကျင့်စဉ်တွေဖြစ်တဲ့အကြားအာရုံ အနံအာရုံ အရသာအာရုံ အမြင်အာရုံ အထိအတွေ့အာရုံတွေကို အဦးဆုံးလေ့ကျင့်ရမှာဖြစ်ပါတယ်။ လေ့ကျင့်တဲ့နေရာမှာတစ်ကူးတကအလုပ်ပျက်ခံပြီးလေ့ကျင့်ရမှာမဟုတ်ပါဘူး။ မိမိစားတဲ့အခါအရသာရဲ့အာရုံဆိုသူ့အရသာကိုမိမိစိတ်ထဲမှာစွဲမြဲမှတ်မိနေအောင်ခံစားရမှာဖြစ်ပါတယ်။ ဒီလိုပဲချစ်သူရဲ့လက်ကလေးကိုင်တဲ့နေရာမှာလည်းဒီလိုပဲမိမိစိတ်ထဲမှာစွဲမြဲနေအောင်လေ့ကျင့်ရပါမယ် မိမိစိတ်ထဲမှာအရင်ချိန်ကလုပ်ခဲ့တဲ့အရာအားလုံးတစ်ခုချင်းစီရဲ့အထိအတွေ့ အရသာ အမြင် အကြား ဒါတွေကိုမိမိစိတ်ထဲမှာအချိန်မရွေးခံစားနိုင်သည်အထိလေ့ကျင့်ရမှာဖြစ်ပါတယ်။
ဒီလိုလေ့ကျင့်ပြီးပြီဆိုရင်တော့သမာဓိအားကောင်းအောင် ဆက်လက်လေ့ကျင့်သင့်ပါတယ်။ တရားထိုင်တဲ့အခါမှာလည်း တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးမှာ ဥပမာညအချိန်လိုအခါမျိုးမှာ ထိုင်မယ်ဆိုပိုအဆင်ပြေမှာပါ။ ဒါတွေအဆင်ပြေသွားပြီဆို မိမိစိတ်ကိုပထမပြောထားတဲ့အာရုံငါးပါးကျင့်စဉ်ထဲကအတိုင်းဆက်လက်လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ ဥပမာမိမိအိမ်တံခါးကိုဖွင့်စဉ်အချိန်ကကိုင်တွယ်ခဲ့ရတဲ့အထိအတွေ့တွေကိုမှတ်သားထားပြီးစိတ်နဲ့ဖွင့်နိုင်တာမျိုးအထိအာရုံငါးပါးကျင့်စဉ်အကျိုးကျေးဇူးကကြီးမားလှပါတယ်။ ဒီနည်းလမ်းတွေကလွယ်ကူလွန်တယ်ထင်ရပေမယ့်အမှန်အတိုင်းပြောရရင်မလွယ်ကူလှပါဘူးမိမိတို့ရဲ့စိတ်စွမ်းအင်လေ့ကျင့်မှု့ပေါ်မှာမှုတည်ပါတယ်။
အထက်ပါအာရုံငါးပါးကျင့်စဉ်တွေကိုလေ့ကျင့်ထားတဲ့အခါမှော်ပညာနဲ့ပတ်သတ်တဲ့အစီအရင်လုပ်တဲ့အခါမျိုးတွေ ကျိမ်စာတိုက်တဲ့အခါမျိုးတွေ ဝိညဉ်လွှင့်တဲ့အခါမျိုးတွေအခြားမှော်ပညာရပ်တွေအသုံးပြုတဲ့အခါမျိုးတွေမှာပေါ့ဒီအာရုံငါးပါးအထိအတွေ့ကျင့်စဉ်ဟာဘယ်လောက်အရေးပါတယ်ဆိုတာကိုလည်းသိရှိနားလည်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်းမှော်ပညာ ရဲ့အခြေခံကျလှပြီးအရေးပါလွန်းလှတဲ့အာရုံငါးပါးကျင့်စဉ်နှင့်စိတ်နေသဘောထားတို့ကိုမျှဝေပေးရင်းဒီနေရာမှာပဲကျွန်တော့်ရဲ့စာရေးသားမှု့ကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ။ နောက်တစ်ကြိမ်မှော်နည်း လမ်းနဲ့အချစ်ကိုရယူခြင်းနည်းလမ်းများစွာထဲမှ နည်းလမ်းတစ်မျိုးကိုလည်း ထည့်သွင်းဖော်ပြသွားပေး မှာဖြစ်ပါတယ်။
Aung Kyaw Hein
KCB Center
www.kcb-center.com
Innovation of Witchcraft in Myanmar
1 မှတ်ချက်များ:
Something is coming to save our region
ReplyPost a Comment