ပထမဆုံးအနေနဲ့မီးခိုးရောင်စုန်းကဝေတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ မှော်ပညာကိုလက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြတဲ့ စုန်းကဝေမျိုးနွယ်စုတစ်စုနဲ့ ဆက်သွယ်ရမှာပဲဖြစ်ပါတယ်။ ကျွန်တော်က မိုင်ယန်လချင်းစုန်းကဝေတွေအကြောင်းကို အဓိကထားလေ့လာတဲ့သူဆိုတော့ မိုင်ယန်လချင်းစုန်းကဝေမျိုးနွယ်နဲ့ဆက်သွယ်ဖို့ နည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်။
အဲ့ဒီနည်းကတော့ ပုတီးစိပ်ခြင်းနဲ့ ဆက်သွယ်ခြင်းနည်းပဲဖြစ်ပါတယ်။ အဲ့ဒီနည်းကတော့ ကိုယ့်စိပ်ပုတီးနဲ့ (ကိုယ်တစ်ယောက်တည်းသီးသန့်သုံးပုတီးဖြစ်ရပါမယ်) "အင်ကန်နာဘီးလိယိတ်" ဂါထာကို ညအိပ်ရာဝင်ခါနီး သုံးပါတ်စီစိပ်သွားပေးဖို့ပါပဲ။ အဲ့လိုပုတီးမစိပ်ခင်မှာ ငါးပါးသီလဆောက်တည်ဖို့လည်းအကြံပြုချင်ပါတယ်။ စုန်းကဝေပြုစားခြင်းမခံရတဲ့အဆောင်ပစ္စည်းလေးပါ လိုချင်တယ်ဆိုရင်တော့ ကျောက်ခဲတစ်ခဲကို ကိုယ်ပုတီးစိပ်တဲ့ရှေ့မှာထားပြီး သွားလေရာကျောက်ခဲလေးကို ကိုယ်နဲ့မကွာဆောင်ထားနိုင်ပါတယ်။ အဲ့ဒီလိုလေ့ကျင့်တဲ့နေ့ကစပြီး ၂၈ရက်တိတိ သက်သက်လွတ်စားရပါမယ်။ အဲ့ဒီပုတီးကိုတော့ ထူးဆန်းတာမတွေ့မချင်းစိပ်ပေးရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုစုန်းကဝေလောကထဲစတင်ဝင်ရောက်ချင်တဲ့သူဟာ ပရလောကဆိုင်ရာထူးဆန်းတဲ့အဖြစ်တွေအတွက် ခံနိုင်ရည်ရှိနေရမှာပဲဖြစ်ပါတယ်။ နှလုံးရောဂါရှိသူများ၊ ကြောက်တတ်သူများ လေ့ကျင့်ခြင်းမပြုကြပါရန်လည်း ကြိုတင်အသိပေးအပ်ပါတယ်။
စိတ်ထဲမှာ ယုံကြည်စွဲမြဲစွာနဲ့ ဂါထာကိုလည်းတစ်လုံးချင်းပီပီသသရွတ်ဆိုရင် လက်ညှိုးနဲ့လက်မကြားက ပုတီးရဲ့အတွေ့အထိကို အာရုံခံရင်း သေချာစိတ်တည်တည်ငြိမ်ငြိမ်စိပ်ပေးမယ်ဆိုရင် ၂၈ ရက်အတွင်း ထူးဆန်းမှုတွေနဲ့တွေ့ကြုံရမှာဖြစ်ကြောင်း အာမခံလိုက်ရပါတယ်ဗျာ။ ထူးဆန်းမှုတွေတွေ့ရှိပြီးနောက်ပိုင်း ကျင့်စဉ်များကို မကြာမီမှာ ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ဗျာ . .။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
14 မှတ်ချက်များ
ပုတီးကဘာပုတီးလဲဗျ 108 လုံးလား 9 လုံးလား ခွဲခြားပေးပါအုန်း
Reply"အင်ကန်နာဘီးလိယိတ်" ဂါထာဆိုတာဘာလဲသိချင်ပါတယ်......
Replyအင်ကန်နာဘီးလိယိတ် မန္တန်စာသားကိုက "အင်ကန်နာဘီးလိယိတ်"တစ်ကြောင်းတည်းပါပဲဗျာ၊ အဲ့ဒီဂါထာဆိုလိုရင်းကတော့ မိုင်ယန်လချင်းစုန်းတွေကို အစောင့်အရှောက်အနေနဲ့ ထားရှိဖို့ မန္တန်ဖြစ်ပါတယ် . .
Replyသက်သက်လွတ်မစားဘဲနဲ့တခြားနည်းနဲ့ရနိုင်မလားကျန်းမာရေးအခက်ခဲရှိလို့ပါဗျာ
Replyသတ်သတ်လွတ်မစားရင်လည်းရပါတယ် . . ၊ ဘာလို့လဲဆိုတော့ သတ်သတ်လွတ်မစားရင် အနှောင့်အယှက်တွေဝင်လာနိုင်ချေပိုများလို့ပါ
Reply108 လုံးပါ
Replyပရလောကဆိုင်ရာထူးဆန်းတဲ့အဖြစ် ဆိုတာဘာကိုပြောတာလဲ ဘယ်လိုမျိုးတွေလဲ
Replyထူးဆန်းတာတွေကြုံတွေ့ရမယ်ဆိုတာဘယ်လို မျိုးတွေလဲ အသက်သေစေတဲ့အထိဖြစ်နိုင်လောက်လား
Replyအင်ကန်နာဘီးလိယိတ်၏ ထူးခြားသော စွမ်းအင်များအကြောင်း ကို ပို့စ်တစ်ခုအနေနဲ့ ဖော်ပြခဲ့ပြီးဖြစ်ပါတယ် ... ၊ ရှာဖွေဖတ်ရှုနိုင်ပါတယ် ... ။ အသက်သေစေလောက်တဲ့ထိတော့ မဖြစ်စေနိုင်ပါ ..
Replyကိုကာရှိင်းတို့ကလည်း ဒီကျင့်စဉ်လိုက်စားတာလား?
Replyအင်ကန်နာဘီးလိယိတ်လို့တစ်ခါဆို ပုတီးတစ်လုံးချလုပ်ရမှာလား ပရလောက အထူးအဆန်းဆိုတော့ သရဲခြောက်ခံရတာလား
Replyစုန်းကဝေ အမျိုးအစား သုံးမျိုး အကြောင်းသိချင်လို့ပါ ဗျ
Replyမသေတော့မသေပါဘူးနော်
Replyမသေရင်စမ်းလုပ်ကြည့်မလို့
ပြန်ဖြေပေးပါလား။
ထူးခြားတာခံစားရရင်ပုတီးမစိပ်ရတော့ဘူးလား
ReplyPost a Comment