ပထမဆုံးပြောပြချင်တာကတော့ ပထမကျင့်စဉ်ကိုကျင့်ကြံပြီးချိန်မှာ ကိုယ့်ရဲ့စိတ်ကို ကိုယ်ထိန်းချုပ်နိုင်ရပါတော့မယ်။ ပထမကျင့်စဉ်ပြီးသွားရင်တော့ သင့်ဆီမှာ မမြင်ရတဲ့ပရလောကရဲ့ အစောင့်အရှောက်တွေရနေပြီဖြစ်ပါတယ်။ ဒီတော့ ကိုယ်က တစ်ယောက်ယောက်ကို စိတ်မျက်မိတာတို့ ဘာတို့ဖြစ်ရင် အဲ့ဒီလူဟာ ပြုစားစရာမလိုဘဲနဲ့ မကောင်းတာတစ်ခုခုသေချာပေါက်ကိုဖြစ်သွားပါတယ်။ ဒီတော့ ကိုယ့်စိတ်ထဲမှာ ကိုယ်ဟာအမြဲတမ်းကံကောင်းတဲ့သူတစ်ယောက်လို့ပဲ စိတ်ထဲမှာမှတ်ယူထားရမှာပဲဖြစ်ပါတယ်။
ဒီအချက်တွေကိုလိုက်နာနိုင်ပြီဆိုရင်တော့ ဒုတိယကျင့်စဉ်ကိုဆက်သွားကြပါမယ်။ ဒုတိယကျင့်စဉ်အတွက် အကြားအမြင်ပိုင်းဆိုင်ရာကျင့်စဉ်တစ်ခုအကြောင်းပါပဲ။ အားလုံးသိထား၊ ကြားဖူးထားမယ်ထင်တဲ့ Third Eye (တတိယမျက်လုံး) ကိုအသုံးချနည်းပဲဖြစ်ပါတယ်။ ဒီလိုတတိယမျက်လုံးကို အသုံးချနိုင်ဖို့အတွက် ကိုယ်တစ်ယောက်တည်းရှိနေတဲ့ တိတ်ဆိတ်တဲ့အချိန်မှာ ကိုယ့်ရဲ့ မျက်ခုံးနှစ်ခုအလယ်ကနေရာလေးကို အာရုံစိုက်ထားရပါမယ်။ သင့်ရဲ့စိတ်က ထိုနေရာကိုရောက်သွားတယ်ဆိုရင်တော့ ထိုနေရာကလည်း သင့်ရဲ့စိတ်ကို သူ့ကိုအာရုံစိုက်အောင် ဆွဲဆောင်ဦးမှာမို့ သိပ်တော့ခက်ခဲမယ်မထင်ပါဘူး။ အဲ့ဒီလိုအာရုံစိုက်ပြီးနောက်ပိုင်းမှာ အဲ့ဒီနေရာက ကြိုးမျှင်လေးတစ်ခုထွက်လာတယ်လို့ စိတ်ထဲမှာမှတ်ယူထားရမှာပဲဖြစ်ပါတယ်။
နေ့တိုင်း ကိုယ်တတ်အားသရွေ့အဲ့လိုပြုလုပ်ပေးမယ်ဆိုရင် အဲ့ဒီနေရာက ကြိုးမျှင်လေးရှည်ထွက်နိုင်သမျှ သင့်ဆီမှာ အကြားအမြင်စွမ်းအားတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ်။ နောက်ပြီး အနောက်တိုင်းမှော်ပညာဂိုဏ်းတွေရဲ့အဆိုအရ အာကာသတွင်းမှာရှိတဲ့ အနက်ရောင်နယ်လွန် Black Hole ကြီးတွေထဲမှာ ပရလောကအပါအဝင် လက်တွေ့လောကမဟုတ်တဲ့ ထူးဆန်းတဲ့အရာအားလုံးကို သိုလှောင်ထားတာဖြစ်ပြီး မိမိရဲ့ တတိယမျက်လုံးက ကြိုးမျှင်လေးကို ထိုနေရာအထိဆွဲဆန့်နိုင်မယ်ဆိုရင်တော့ ထူးဆန်းတဲ့လောကကြီးရဲ့ အဖြစ်အပျက်မှန်သမျှရဲ့သတင်းအချက်အလက်တွေကို သင့်ထံကို အိပ်မက်အဖြစ်နဲ့ အဆက်မပြတ်ပို့နေမှာဖြစ်ပြီးတော့ အသစ်အသစ်သော ထူးဆန်းတဲ့မှော်ဆိုင်ရာပညာရပ်တွေကိုလည်း ထိုကြိုးမျှင်လေးမှတစ်ဆင့် သင့်ဆီကိုယူဆောင်လာနိုင်ပေးမှာဖြစ်ပြီး အကန့်အသတ်မဲ့တဲ့ စွမ်းအင်တွေလည်း ရရှိပိုင်ဆိုင်လာနိုင်မှာပဲဖြစ်ပါတယ်။
နောက်ထပ် ဆက်လက်ကျင့်ရမယ့် ကျင့်စဉ်တစ်ခုအကြောင်းကို မီးခိုးရောင်မှော်ပညာကျင့်စဉ်များ(၃) မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ . .။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
3 မှတ်ချက်များ
အကိုဒီဟာကိုကျင့်နေရင်မျက်လုံးမှိတ်ထားရမှာလား ဒါမှမဟုတ်ဖွင်.ထားရမှာလား
Replyမျက်လုံးပိတ်တာဖွင့်တာနဲ့ မဆိုင်ပါဘူး ... အာရုံစူးစိုက်နိုင်မှုကသာ အဓိကပါ ...
Replyအချိန် အကန့်အသတ်ရှိလားဟင်... Third eye ရဖို့က
ReplyThird eye ရရင် ဘယ်လို ထူခြားမှုမျိုးခံစားရသလဲ
Post a Comment