Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၁၆)


                        fun များရဲ့ တောင်းဆိုမှုကြောင့် KCB Center မှာ တင်ဆက်ခဲ့တဲ့မီးခိုးရောင်မှော်ကျင့်စဉ်များကို ဆက်လက်တင်ဆက်ပေးလိုက်ပါတယ်။ ဆဋ္ဌမအာရုံမဂ္ဂဇင်းတွင်ဖော်ပြထားသော မီးခိုးရောင်လောကီပညာရပ်များဟာ (၁၅)မှစတင်ပြီး ယခုကျင့်စဉ်များနှင့် ပတ်သတ်မှုမရှိတော့သလို ကျွန်ုပ်မရေးတော့ပါကြောင်းလည်း အသိပေးစေလိုပါတယ်။ မီးခိုးရောင်မှော်ပညာကျင့်စဉ်များကို ယခင်အတိုင်း လစဉ်(၁၇)ရက်နေ့တိုင်းမှာ ပြန်လည်တင်ဆက်ပေးသွား မှာပဲဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ်ရာ မီးခိုးရောင်နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးရင်းနဲ့ ကျင့်စဉ်လေးကိုဆက်ကြရအောင်။
                      ကျင့်စဉ်(၁၆)မှာကတော့ ကတိပေးထားတဲ့အတိုင်းပဲ ကိုယ်ခွဲပညာရပ်အကြောင်းကိုမျှဝေ ပေးလိုက်ပါရစေ။ မီးခိုးရောင်မှော်ပညာမှာသုံးတဲ့ကိုယ်ခွဲနည်းတွေ အားလုံးဟာ အဓိကအားဖြင့် ပုံရိပ်ယောင်ပင်မဌာနကို အသုံးပြုပြီးလုပ်ရသောနည်းများပင်ဖြစ်ပါတယ်။ ကိုယ်ခွဲနည်းတွေကလည်းအများအပြားပင်ရှိပါတယ်။
                      ပထမနည်းမှာတော့ အချိန်ရှုပ်ထွေးကပ်တိုက်ခြင်းကိုဖြစ်ပေါ်စေချိန်မှာ ခန္ဓာကိုယ်ကို ခွဲလို့ရပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ အတိတ်ကိုသွားတဲ့အခါ အတိတ်ကိုရောက်သွားတဲ့ ခန္ဓာက တစ်ခုဖြစ်သလို ပစ္စုပ္ပန်မှာလည်း ခန္ဓာတစ်ခုကျန်ခဲ့ပါတယ်။ ဒီလိုနဲ့ ကိုယ်ခွဲနိုင်ပေမယ့်ခက်ခဲပါတယ်။
                     ဒုတိယနည်းမှာတော့ စိတ်ဒဏ်ရာကိုအခြေပြုကိုယ်ခွဲနည်းဖြစ်ပါတယ်။ လူတစ်ယောက် စိတ်ဒဏ်ရာရတဲ့အခါ စိတ်ကွဲတတ်ပါတယ်။ စိတ်ကွဲတယ်ဆိုတာကတော့ နာမ်နှစ်မျိုးဖြစ်သွားတယ်။ ပထမနာမ်က မိမိရဲ့ ရုပ်အဆင်းကိုယ်တွင်းသဏ္ဍာန်မှာရှိပြီး ဒုတိယနာမ်ကတော့ မိမိကို စိတ်ဒဏ်ရာရစေခဲ့ တဲ့အဓိကအကြောင်းတရားဆီမှာရှိနေပါတယ်။
                စိတ်ဒဏ်ရာတစ်ခုရပြီးတဲ့သူဟာ စိတ်ဒဏ်ရာနောက်တစ်ခုရဖို့ မခဲယဉ်းတော့ပါဘူး။ ဒီလိုနဲ့ စိတ်တွေ များစွာကွဲ၊ limitတစ်ခုထက်ကျော်လွန်ပြီး အထိန်းအချုပ်မဲ့သွားရင်တော့ အဲ့ဒီလူဟာရူးသွားတတ်ပါတယ်။ (မှော်ပညာလုပ်ရင်ရူးတတ်တယ်ဆိုတာ အချို့အစီအရင်များမှာ meditation အခြေခံ (သို့မဟုတ်) စိတ်ဒဏ်ရာအခြေခံရတာကြောင့် နာမ်ကွဲပေါင်းများစွာဖြစ်သွားကာ အထိန်းအချုပ်မဲ့သွားသောကြောင့် ရူးခြင်းဖြစ်ပါတယ်)
                   ဒီကျင့်စဉ်ကို ပြောမပြခင်မှာ တစ်ခုသတိပေးလိုတာကတော့ မိမိစိတ်ကို မိမိမထိန်းနိုင်ပါက ရူးတတ်ပါကြောင်းနှင့် ထိုသူများကို ဗဟုသုတအနေနှင့်သာသိစေရန် ဖတ်ထား သင့်ပါကြောင်း ပြောကြားလိုပါတယ်။
                 ပထမဆုံးအနေနဲ့ အလင်းရောင်မှိန်ပျပျလေးသာထွန်းထားတဲ့ အခန်းနေရာလေးတစ်ခုမှာ လွတ်လပ်ပေါ့ပါးတဲ့အဝတ်ပွပွလေးတွေကိုသာဝတ်ဆင်ပြီး (သို့မဟုတ်) ကိုယ်လုံးတီးချွတ်ပြီး မျက်လုံးလေးကို မှိတ်ပြီးထိုင်နေပါ။ ထိုင်နေရင်းနှင့် မိမိရဲ့ စိတ်ဒဏ်ရာကိုတွေးပါ။ မိမိကို ဘယ်သူတွေဘာလုပ်ခဲ့လဲ၊ ဘယ်သူတွေ ဘာဒုက္ခပေးခဲ့သလဲ ... စသဖြင့်တွေးပါ။ နှလုံးသားအောင့်လာသည်အထိဆက်တိုက်တွေးပါ။ ပြီးနောက် နှုတ်မှလည်း အော့ဟုဆာ့ခန် (ငါဒီလိုမဖြစ်ချင်ဘူး) ဟုဆက်တိုက်ရွတ်ပါ။ ရွတ်နေစဉ်အတွင်း မိမိကို စိတ်ဒဏ်ရာပေးခဲ့သူနှင့်သက်ဆိုင်သော နေရာတစ်ခုကိုမြင်ယောင်ကာ သင်ဖြစ်ချင်သော အရာတစ်ခုခုကို စိတ်ကူးယဉ်ပါ။ စိတ်ကူးယဉ်နေစဉ်လည်း " အော့ဟုဆာ့ခန် (ငါဒီလိုမဖြစ်ချင်ဘူး)" ဆိုသော စကားကို ဆက်တိုက်ရွတ်ပါ...။ စိတ်ဓာတ်များအရမ်းကြွလာပြီး ကြက်သီးများထလာသောအခါ သက်ပြင်းကြီးတစ်ချက်ကိုချ  လက်သီးဆုပ်ကာ ကြမ်းပြင်ကို "ဒုန်း"ခနဲထုလိုက်ပါ။ ပြီးနောက်တွင်တော့ "တီ...ရှန်... တီ.... ရှန်...." ဟူ၍စိတ်ကိုလျှော့ကာ နေရာမှထပါ။ ခဏနားပြီး သံပုရာသီး(၃)လုံးထည့်ထားသော ရေဇလုံထဲမှာ ရေချိုးလိုက်ပါ။ ထိုသို့ (၇)ရက်တိတိလုပ်ပါက သင့်အားစိတ်ဒဏ်ရာပေးသူများကို သင့်နာမ်ပွားမှ ကိုယ်ထင်ပြပါလိမ့်မည်။ ထိုအခါ နာမ်ပွားတစ်ခုရပြီဖြစ်ပြီး နောက်လုပ်စရာရှိသောအခါတိုင်းတွင် သင်သူ့ကိုခိုင်းလို့ရနိုင်ပေမည်။
              ခိုင်းလိုပါက အလင်းရောင်မှိန်ပျပျထွန်းထားသောအခန်းလေးထဲ (ခုနအခန်း)မှာ ပြန်ထိုင်ရင်း မိမိကို စိတ်ဒဏ်ရာပေးခဲ့သူနှင့်သက်ဆိုင်သောနေရာကိုမြင်ယောင်ကာ စိတ်ဒဏ်ရာကိုပြန်ဆွ နှလုံးသားကို နာကျင်အောင်လုပ်ပါ။ နာကျင်လာပါက မိမိအလိုရှိရာအား ခိုင်းစေနိုင်ပြီဖြစ်ပါသည်။

(မှတ်ချက် ။  ။ သင်ပြုသောကံ သင့်ထံပြန်လာမည်ဖြစ်သည်။ မှော်ပညာလုပ်ပါက သုံးဆ ပြန်ခံစားရမည်ဖြစ်သည်။ မကောင်းသောနေရာများတွင်အသုံးမချပါနှင့်။ စိတ်မခိုင်ဘဲလည်း မလုပ်ပါနှင့်။ ရူးတတ်သည်။ စိတ်မခိုင်ဘဲ လုပ်၍ တစ်ခုခုဖြစ်သွားပါက ကိုယ့်တာဝန်နှင့်ကိုယ်ပင်ဖြစ်ပါကြောင်း)

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top