အဖြူရောင်နဲ့အနက်ရောင်ရောစပ်ထားတဲ့အရောင်ဖြစ်ပြီးတော့
မီးခိုးရောင်မှော်ပညာကျင့်စဉ်များမှာတော့ အဖြူရောင်မှော်နဲ့မှော်နက်ကို
တွဲဖက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မီးခိုးရောင်ကျင့်စဉ်မှာ
လက်တွေ့စိတ်ညှို့နိုင်စေမယ့်နည်းလေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
စိတ်ညှို့နည်းတွေအများကြီးထဲကမှ အလွယ်ကူဆုံးနဲ့
အသုံးချနိုင်မယ့်နည်းလမ်းလေးကို စမ်းကြည့်ကြရမှာပါ။ ဘယ်လိုလဲဆိုတော့
သူငယ်ချင်းတစ်ယောက်အိပ်နေချိန်မှာ စိတ်ညှို့ပြီး အိပ်ရာကထအောင်
နှိုးကြည့်ကြရအောင်ပါနော်။
ကိုယ်နဲ့ကိုယ့်သူငယ်ချင်းက
တစ်ခန်းထဲမှာအတူတူအိပ်လို့ပဲဖြစ်ဖြစ် မနက်အစောနှိုးဖို့ပြောထားပြီး
ဘယ်လိုနှိုးနှိုးမထသူတွေလည်း အသုံးချနိုင်ပါတယ်။ မှော်နည်းလမ်းတိုင်းမှာ
ဘယ်အစီအရင်ကိုလုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရတာကြောင့်
ကိုယ့်ရဲ့ပညာနဲ့စိတ်စွမ်းအင်ကို ယုံကြည်မှုအပြည့်ထားဖို့ကို
အရင်ဆုံးပြောလိုပါတယ်။ လူတစ်ယောက်ကို စိတ်ညှို့နည်းနဲ့
နိုးထစေချင်တယ်ဆိုရင်တော့ ပထမဆုံးကိုယ့်ကိုယ်ကို စိတ်တည်ငြိမ်မှုရပြီဆိုမှ
သူ့ရဲ့တတိယမျက်လုံးနေရာကို အာရုံစိုက်ကြည့်ပါ။ ပြီးနောက်မှာတော့
စိတ်ထဲမှာ "နင့်ရဲ့စိတ်ကိုငါပိုင်သွားပြီ . .၊
နင်ငါခိုင်းသမျှကိုလုပ်ရတော့မယ် .၊
နင့်ရဲ့စိတ်ကိုငါလွှမ်းမိုးသွားနိုင်ပြီ . . . ( --- အမည် ------ )
ခုချက်ချင်း အိပ်ရာကထစမ်း . .၊ အိပ်ရာကထစမ်း "
လို့ရွတ်ပေးပါ။ ရွတ်နေစဉ်အတွင်းမှာလည်း မျက်လုံးက
သူ့ရဲ့တတိယမျက်လုံးကိုစေ့စေ့ကြည့်ပေးပါ။ မထမချင်း"အိပ်ရာကထစမ်း" ဆိုတာကို
ဆက်တိုက်တွေးနေ တီးတိုးရွတ်နေပေးပါ။ အဲ့လို တွေးနေတဲ့အချိန်မှာလည်း
တတိယမျက်လုံးကရွှေကြိုးမျှင်လေးက သူ့တတိယမျက်လုံးထဲကို ဆက်သွယ်နေတယ်လို့
စိတ်ထဲမှာထားပြီး သင့်ထံက လွမ်းမိုးမှုတွေပို့ဆောင်ပေးပါ။
တတိယမျက်လုံးလေ့ကျင့်ကာစလူတွေအတွက်တော့
အဆင်ပြေဖို့ရာနှုန်းကတော့နည်းပါးပေမယ့် နောက်ပိုင်း လုပ်ပါများ
အလေ့အကျင့်ရှိသွားတဲ့အခါ သင်ဟာ အိပ်ပျော်နေသူကို
အကြည့်တစ်ချက်နဲ့နှိုးနိုင်စွမ်းရှိသူဖြစ်သွားပါလိမ့်မယ်။
တတိယမျက်လုံးဟာ သုံးနိုင်ရင်သုံးနိုင်သလောက်
အစွမ်းထက်တဲ့နေရာတစ်ခုဖြစ်ပြီး အာရုံခံလွယ်တာကြောင့် မှော်ပညာအချို့ကို
စတင်အသုံးပြုလိုသူများအတွက် ဖော်ပြပေးလိုက်ရပါတယ်။
အခုဖော်ပြခဲ့တာတွေကတော့ မီးခိုးရောင်မှော်ကျင့်စဉ်မကျင့်မီ စိတ်စွမ်းအင်အဆင့်ကိုတိုးမြင့်နိုင်မယ့် စိတ်လေ့ကျင့်ခန်းအချို့ပါ။ တကယ့်မိုင်ယန်လချင်း မီးခိုးရောင်မှော်ပညာရဲ့ အနှစ်သာရများကို မီးခိုးရောင်မှော်ပညာကျင့်စဉ်များ(၆)မှ စတင်ဖတ်ရှုနိုင်တော့မှာဖြစ်ပြီးတော့ မီးခိုးရောင်မှော်ပညာကျင့်စဉ်များကို ဆဋ္ဌမအာရုံမဂ္ဂဇင်းမှာလစဉ်တင်ဆက်လျက်ရှိပြီး KCB Center မှာတော့ လစဉ်တိုင်းရဲ့(၁၇)ရက်နေ့များမှာ တင်ဆက်ပေးသွားမှာဖြစ်ကြောင်းကိုလည်း စောင့်မျှော်ဖတ်ရှုသူများအတွက်သတင်းကောင်းပါးလိုက်ရပါတယ်ဗျာ။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
Post a Comment