Wizardry
Funz (MDY) ၏အဖွဲ့တည်ထောင်ခြင်းအကြိုတွေ့ဆုံပွဲကို မေလ(၂၅)ရက်နေ့ ညနေ(၅)နာရီမှာစတင်ဆွေးနွေးခဲ့ပြီး ရာသီဥတုအခြေအနေကြောင့်
ပါဝင်ဆွေးနွေးသူ(၃)ဦးသာရှိခဲ့ပါသည်။ ပထမဆုံးအနေနဲ့ Wizardry Funz (MDY)
အဖွဲ့ကိုဖွဲ့ရန်အတွက်ဆွေးနွေးခဲ့ကြရာ Wizardry Funz ကို Facebook Page
& Group များမှ Infomation များကိုမျှဝေခြင်းနှင့်
ချိန်းဆိုမှုများအတွက် Event များပြုလုပ်ခြင်းတို့ဖြင့်ဖွဲ့စည်းသွားရန်
ဆုံးဖြတ်ခဲ့ပြီး အဖွဲ့ကိုပြင်ပလှုပ်ရှားမှုများအနေဖြင့်
လစဉ်ဆွေးနွေးတွေ့ဆုံပွဲများ၊ မှော်ပညာလေ့လာရေးခရီးစဉ်များနှင့်
မှော်ပညာလေ့လာသူအချို့သည် အကုသိုလ်များရှိတတ်သောကြောင့်
ပရဟိတလုပ်ငန်းများဖြင့် လှုပ်ရှားသွားမည်ဖြစ်ပါသည်။ ထို့နောက်
မှော်ပညာလေ့လာရေးအဖွဲ့ နှင့် မှော်ပညာရပ်ဝန်း - Wizardry Forum
Pageတို့တွင် အပျက်သဘောသက်ရောက်စေသော နည်းလမ်းများကို တင်ထားပါက
စိစစ်၍မသင့်တော်သည်များကိုဖြတ်တောက်ရန် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်
ဇွန်(၂၃)တွင်သွားရောက်မည့် မှော်ပညာလေ့လာရေးခရီးစဉ်အတွက် ဆွေးနွေးခဲ့ကြပြီး
စုရပ်နှင့်အချိန်ကိုအတည်ပြုခဲ့ကြပါသည်။ ထို့နောက် mail
များကိုစာပြန်ခဲ့ကြရာတွင် -
#မှော်ပညာကိုလက်တွေ့စမ်းသပ်နိုင်သည့်အကြောင်း
မှော်ပညာကိုလက်တွေ့စမ်းသပ်နိုင်ဖို့ဆိုတာက စိတ်စွမ်းအင်ကြီးမားတဲ့
သူတစ်ချို့အတွက်ဖြစ်နိုင်ပေမယ့် တချို့တွေကျတော့ မှော်ပညာကို
လူရှေ့မှာအသုံးပြုခွင့်ပေးမထားတာတွေလည်းရှိပါတယ်။ ဒါကြောင့်မို့
မှော်ပညာကို လူရှေ့လက်တွေ့စမ်းသပ်ပြဖို့ခဲယဉ်းနိုင်သလို
လက်တွေ့စမ်းသပ်နိုင်ဖို့က ဂမ္ဘီရဆန်နယ်မြေတွေမှာပဲ
ဖြစ်နိုင်ချေများပါလိမ့်မယ်။ ဥပမာ - ဖျာနဲ့လူနဲ့ခွာမရအောင်လုပ်တာမျိုးပါ။
#မှော်ပညာလေ့လာရေးအဖွဲ့မှာတွေ့နေရတဲ့ မိုင်ယန်လချင်း-ပျူ တိုက်ပွဲတကယ်ရှိပါသလား။
မိုင်ယန်လချင်းနဲ့ပျူတွေဟာ အေဒီ(၇)ရာစုကတည်းက အခြေနေတင်းမာနေခဲ့တာဖြစ်ပြီး
မိုင်ယန်လချင်းတိုင်းပြည်ပျက်သုဉ်းတဲ့ မြန်မာနှစ်(၁၂၇၄)ခု၊
ပြာသိုလဆန်း(၅)ရက်နေ့မှာ မိုင်ယန်လချင်းတွေဟာ
မြန်မာနှစ်(၁၃၇၂)ကနေ(၁၃၇၇)အတွင်း
လူသန်းပေါင်းများစွာသေကြေပျက်စီးနိုင်သောအဖြစ်အပျက်များ
ကမ္ဘာမှာပေါ်ပေါက်လာမှာဖြစ်ပြီး သင်္ကြန်တစ်ရက်ဆုတ်သောနှစ်မှာ
မျိုးနွယ်စုပြန်လည်နိုးထလာရမယ်လို့ ကြုံးဝါးခဲ့တဲ့အတွက်
သူတို့မျိုးနွယ်စုပေါ်ထွက်ဖို့ ခုကတည်းကကြိုးပမ်းနေကြပြီလို့ ယူဆရတာကြောင့်
ပျူတွေတားမြစ်ကြတဲ့အခြေအနေကြောင့် ပညာပြိုင်ပွဲတွေရှိနေတာဖြစ်နိုင်ပါတယ်။
လူတွေတွေ့မြင်လောက်တဲ့ အခြေနေဘယ်တော့ရောက်မလဲဆိုတာကတော့
စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။
#စုန်းပညာမှော်ပညာသင်ပေးမှာပါလား
လတ်တလော KCB Center မှာတင်နေတဲ့ မီးခိုးရောင်မှော်ပညာကျင့်စဉ်များကနေပြီး တစ်ဆင့်ချင်းလေ့လာသွားရင် မှော်ပညာရှင်တစ်ဦးဖြစ်လာနိုင်ပါတယ်။
အထက်ပါအကြောင်းအရာများကိုဆွေးနွေးခဲ့ပြီးနောက် ညနေ(၅)နာရီ(၃၈)မိနစ်အချိန်မှာ တွေ့ဆုံပွဲကိုအဆုံးသတ်ခဲ့ကြပါတယ်။ ဒုတိယမြောက်ဆွေးနွေးပွဲအတွေ့အကြုံများကိုလည်း မကြာမီဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပြီးတော့ ဆွေးနွေးပွဲများနှင့် feedback ပြန်ဆိုမှုအစီအစဉ်များကို မကြာမီပြန်လည်စတင်တော့မှာဖြစ်တာကြောင့် မေးမြန်းလိုတဲ့အကြောင်းအရာရှိပါက feedback.kcb@gmail.com ကိုမေးလ်ပို့ပြီးဆက်သွယ်နိုင်ပါကြောင်း လေးစားစွာနဲ့ပဲ ဖိတ်ကြားလိုက်ရပါတယ်ဗျာ။ မှော်ပညာဆွေးနွေးပွဲများကိုလည်း မည်သူမဆိုလွတ်လပ်စွာတက်ရောက်နိုင်ပါကြောင်းနဲ့ ဆွေးနွေးပွဲများရှိပါက KCB Center Facebook Page မှတစ်ဆင့်ကြော်ငြာပေးသွားမှာပဲဖြစ်ပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်
အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ
သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ
Filed Under:
Memorize Forums
on Friday, November 29, 2013
Post a Comment