Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

အင်ကန်နာဘီးလိယိတ်ဖြင့်ရင်ဖွင့်ခြင်း

               "အင်ကန်နာဘီးလိယိတ်"ဆိုရင်တော်တော်များများက မိုင်ယန်လချင်းမှော်အတတ်ပညာနဲ့ တွဲပြီးသိနေလောက်ကြပါပြီ။ လောကကြီးမှာ ဖြစ်ချင်တာကိုဖြစ်ခွင့်မရတာက သဘာဝပါ။ လူသားချင်းတူပေမယ့် မတူကွဲပြားတဲ့လူအမျိုးမျိုးစိတ်အထွေထွေကြောင့် ခွဲခြားဆက်ဆံခံရတာတွေ၊ အားပေးနှစ်သိမ့်ပေးမယ့်သူမရှိတာတွေ၊ နောက်ပြီး လူမှုရေး၊ စီးပွားရေးအဆင်မပြေမှုတွေ စတဲ့အခက်အခဲတွေနဲ့စိတ်ညစ်နေခဲ့ရင်တော့ ကျွန်တော်တို့ မိုင်ယန်လချင်းကို ရင်ဖွင့်ကြည့်ပါ့မယ်။ ဒီလိုရင်ဖွင့်ခြင်းဟာ မိုင်ယန်လချင်းပုံရိပ်ယောင်လောကကိုဆက်သွယ်စေပြီး ပရလောကကူညီမှုကိုပါ ရရှိစေနိုင်ပါတယ်။ တကယ်လို့မဖြစ်နိုင်တဲ့ ဆန္ဒမျိုးဆိုရင် သင့်ဆန္ဒကို သင့်အိပ်မက်ထဲထိကို ဖြစ်စေမှာပါ။
               ရင်ဖွင့်တော့မယ့်သူတစ်ယောက်ဟာ ပထမဆုံး အိပ်ခါနီးအချိန်ငါးပါးသီလဆောက်တည်ပြီး အင်ကန်နာဘီးလိယိတ်နဲ့ ပုတီးသုံးပတ်စိပ်ပေးရမှာပါ။ ပြီးနောက်မှာတော့ ဘဝအဆက်ဆက်ကဆွေမျိုးတော်စပ်ဖူးသူတွေအတွက် မေတ္တာပို့အမျှဝေပြီးနောက်မှာတော့ ပုတီးကိုခေါင်းအုံးကခေါင်းအုံးဖုံးထဲကိုထည့်ပါ။ အဲ့ဒီနောက်မှာတော့ ခေါင်းအုံးကိုထောင်ကာ ခေါင်းအုံးကိုလက်နဲ့အောက်ကိုသပ်ချရင်း မိမိကြုံတွေ့နေရတဲ့ အကြောင်းအရာများကို ခံစားချက်အပြည့်ထည့်ပြီး ရင်ဖွင့်ပါ။ မျက်ရည်လည်းကျလို့ရပါတယ်။ ကိစ္စမရှိနိုင်ပါဘူး။ အဲ့ဒီလိုရင်ဖွင့်ပြီးနောက်မှာ ခေါင်းအုံးကို အသက်အောင့်သုံးချက်သပ်ချရင်း တစ်ချက်သပ်ချတိုင်း "သင့်တော်သလိုသာစီစဉ်ပေးပါ"လို့ သုံးခေါက်ရွတ်ဆိုပြီး ချက်ချင်းပဲအိပ်စက်လိုက်ပါ။ ဖြေရှင်းနိုင်တဲ့အခက်အခဲအမြန်ဆုံးပြေလည်သွားနိုင်ပြီး မဖြစ်နိုင်တဲ့အခက်အခဲဆိုရင် အိပ်မက်ကတစ်ဆင့် နှစ်သိမ့်စရာတစ်စုံတစ်ရာ ဝင်ရောက်လာတာကိုတွေ့ရမှာပါ။ အားလုံးပဲ သောကကင်းဝေးပြီး ပျော်ရွှင်တဲ့ဘဝလေးကို ဘယ်သူ့ကိုမှမထိခိုက်ဘဲ ငြိမ်းချမ်းစွာဖန်တီးနိုင်ကြပါစေ . .။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top