Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၁၈) - ကျင့်စဉ်ဆုံး


         နောက်ဆုံးမှာတော့ မီးခိုးရောင်မှော်ပညာရပ်ရဲ့ ကျင့်စဉ်တွေကိုဖော်ပြလာခဲ့ရာမှာ ပြီးဆုံးတော့မယ့် အချိန်ကိုတောင်ရောက်လာခဲ့ပါပြီ။ အရင်ကျင့်စဉ်တွေမှာ ကျွန်တော်တို့ တွေ ရှေ့ဖြစ်ဟောခြင်းအကြောင်းတွေ၊ တတိယမျက်လုံးနှင့်ဆက်နွယ်သော ကျင့်စဉ်တွေ၊ ခံစားချက်၊ စိတ်ဓာတ်ပုံစံသွင်းမှုပေါ်မူတည်တဲ့ ကျင့်စဉ်တွေ၊ ဂါထာမန္တန်များဖန်တီးခြင်းအတတ်၊ ကိုယ်ခွဲပညာရပ် စတာတွေကို လေ့လာခဲ့ရပါတယ်။ မီးခိုးရောင်မှော်ပညာ ကျင့်စဉ်မှာ ပညာရပ်သုံးခုရှိပြီး အခုကျွန်တော်ဖော်ပြခဲ့တာတွေကတော့ -
(၁) ကံတရားထပ်တူကျရှေ့ဖြစ်ဟောပညာရပ်
(၂)ပုံရိပ်ယောင်လောကမှော်အတတ်ပညာရပ် တို့ပင်ဖြစ်ပြီး နောက်ဆုံးပညာရပ်ဖြစ်တဲ့ ပညာလွဲစေခိုင်းအောက်လမ်းအတတ်ကိုတော့ မသမာသူများ လက်ထဲရောက်ခြင်းမှ ကာကွယ်ရန်အတွက် ချန်လှပ်ထားခဲ့မှာပဲဖြစ်ပါတယ်။ ယခုကျင့်စဉ်(၁)မှ(၁၈)ဟာ မိုင်ယန်လချင်းမီးခိုးရောင်အတတ်ရဲ့ အခြေခံအဆင့်မျှသာဖြစ်ပြီး ကနဦးအဆင့်နှင့် ပညာရှင်အဆင့် ကျင့်စဉ်များ ကိုလည်း ဆက်လက်ဖော်ပြပေးသွားဦးမှာပဲဖြစ်ပါတယ်။ ထိုကျင့်စဉ်များ မဖော်ပြမီမှာတော့ စွမ်းအားပြင်း အသံကျင့်စဉ်တစ်ခုအကြောင်းကို ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ဦးမှာပါ။                                                                         
            အခုနောက်ဆုံးကျင့်စဉ်မှာ လေ့လာရမယ့်အကြောင်းအရာကတော့ မီးခိုးရောင်အစီအရင်တိုင်းမှာ တကယ်အရေးကြီးလှတဲ့ နည်းတစ်ခုပင်ဖြစ်ပါတယ်။ ဒီနည်းကတော့ မိုင်ယန်လချင်းရဲ့ သက်ဆိုင်ရာ အစောင့် အရှောက်တိုင်းနဲ့ ဆက်နွယ်မှုရစေတဲ့နည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ အင်ကန်နာဘီးလိယိတ် နှင့် ပုတီး(၃)ပတ်စိပ်လိုက်သောအခါမှာ အသံဌာန်စွမ်း အင် အရနှင့် ပုံရိပ်ယောင်ပင်မဌာန (Virtual Tower) အရ ကျရောက်လာသောအစောင့်အရှောက်၊ မိမိ ရည်ရွယ်ချက်တစ်ခုခုကြောင့် ဆင့်ခေါ်သော မိုင်ယန်လချင်းလောကမှ ပုဂ္ဂိုလ်တစ်ဦးဦး စသဖြင့် အသုံးချနိုင်ရန် နည်းလမ်းသွယ်ပါ။ မိမိဟာ မိုင်ယန်မှ ပုဂ္ဂိုလ်တစ်ဦးဦးနှင့် အဆက်အသွယ်ရနေနိုင်စေဖို့အတွက်ဆိုရင် - (၁) အင်ကန်နာဘီးလိယိတ်ဖြင့် ပုတီးစိပ်ဖူးထားသူ (၂) အစောင့်အရှောက်ရရှိထားပြီးသောသူ (၃) စိတ်တည်ငြိမ်မှုရှိသူ (၄) ခံစားချက်ကို လိုသလို ပုံစံသွင်းယူနိုင်သောသူ ဖြစ်ရပါမယ်။  
              မိုင်ယန်လချင်းပုံရိပ်ယောင်လောကနှင့် နောက်ဆုံးချိတ်ဆက်ရန်နည်းလမ်းဖြစ်တာကြောင့် အနည်းဆုံး လူသုံးယောက်ကို ရှေ့ဖြစ်မဟောဖူးဘဲနဲ့ ယခုအစီအရင်ကို မလုပ်ပါနှင့်။ ရှေ့ဖြစ်မဟောဖူးပါက လည်း ဂါထာသုံးပုဒ် ကိုယ်ပိုင်မတီထွင်ဖူးဘဲ ယခုအစီအရင်ကို မလုပ်ပါနှင့်။ လပြည့်ည လရောင်ကျရောက်ရာနေရာတွင် စားပွဲတစ်လုံးချ၊ ခွက်တစ်လုံးထဲမှာ ရေတစ်ခွက် ဖြည့်ပါ။                                        
               ပြီးနောက် ညောင်ကိုင်းနှစ်ကိုင်းကို ယှက်၍ အချင်းချင်းခေါက်ကာ “တီ…ရှန် …. တီ…. ရှန်…” ဟု ရွတ်ပါ။ ရွတ်ရမည့်ပုံစံမှာ စစချင်း ဖြည်းဖြည်းချင်းလေးရွတ်ရင်း တဖြည်းဖြည်းမြန်လာကာ အရမ်းမြန်လာပြီး နောက် ပြန်နှေးသွားသောပုံစံနှင့်ရွတ်ရမည်။ ပြီးနောက်တွင်တော့ ညောင်ခတ်ကို စားပွဲပေါ် တင်ကာ (၃၁)ဘုံသားများအား တတ်နိုင်သလောက် မေတ္တာပို့ကာ အင်ကန်နာဘီးလိယိတ် ဖြင့် ပုတီး(၃)ပတ်ကို နေရာမှာတင်စိပ်ပါ။ ထိုသို့ပုတီးကိုစိပ်ပြီးနောက်တွင်တော့ မိမိလက်ကိုရေထဲမှာနှစ်ပါ။ မျက်လုံးကိုမှိတ်၍ - “ကျွန်ုပ်၏ ရုပ်နှင့်နာမ်သည် စကြ၀ဠာကြီးနှင့် ချိတ်ဆက်မှုရသွားချေပြီ။ ကျွန်ုပ်၏ ရုပ်နှင့်နာမ်သည် စကြ၀ဠာကြီးနှင့် ချိတ်ဆက်မှုရသွားချေပြီ။ ကျွန်ုပ်၏ ရုပ်နှင့်နာမ်သည် စကြ၀ဠာကြီးနှင့် ချိတ်ဆက်မှု ရသွားချေပြီ။ ကျွန်ုပ်သည်စကြ၀ဠာဖြစ်သလို စကြ၀ဠာသည်လည်း ကျွန်ုပ်ဖြစ်သကဲ့သို့ စကြ၀ဠာနှင့်ကျွန်ုပ်သည် တစ်သားတည်း ပျော်ဝင်သွားလေပြီ။” ဟုပြောကာ ကောင်းကင်ကိုမော့ကာ အနီးဆုံးကြယ်တစ်လုံးနှင့် မိမိ၏တတိယမျက်လုံးကို ချိတ်ဆက်ပါ။ ချိတ်ဆက်နေချိန်အတွင်းမှာလည်း ကြယ်ဆီမှ စွမ်းအင်များသည် မိမိဆီသို့ ၀င်ရောက်နေသလို မိမိဆီမှ ဓာတ်များလည်း ကြယ်နှင့်ချိတ်ဆက်နေကြောင်းကို အာရုံပြုယုံကြည်ထားပါ။ ထို့နောက် စွမ်းအင်ကို ကျောရိုးတစ်လျှောက်စီးဝင်စေပြီး နှလုံးသားထံသို့ ပို့လွှတ်ကာ နှလုံးသားမှတစ်ဆင့် လက်ချောင်းထိပ်လေးဆီသို့ ထိုမှတစ်ဆင့် ရေထဲသို့ ပို့ဆောင်ပျော်ဝင်နေပါစေ။
                နောက်ဆုံးမှာ စိတ်ကိုလျော့ချလိုက်ပြီးနောက် ထိုရေကို သောက်လိုက်ပါ။ ပြီးနောက် မိမိအိပ်ရာသို့ ပြန်ကာ အနားယူနိုင်ပါပြီ။ အိမ်သို့ပြန်ပါက ညောင်ခတ်လေးကို အနားသို့ယူထားကာ ခေါင်းအုံးအောက်တွင် ထား၍အိပ်ပါ။ အင်ခါကန်နမ်တင်ထားသော ပစ္စည်းနှင့်တစ်သားတည်းထားကာ မိမိသွားလေရာကို ဆောင်သွားပါက ဥာဏ်ရှိသလိုအသုံးချနိုင်ပါလိမ့်မည်။ ကျင့်စဉ်အစမှအဆုံးတစ်နေရာရာလောက်မှ ပညာတစ်ခုခုရသွားလျှင်ပင်ကျေနပ်ပါသည်။ မကြာမီတွင် စွမ်းအားပြင်းအသံကျင့်စဉ်ကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း…။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top