(ယခုစာအုပ်သည် ဟယ်ရီပေါ်တာရုပ်ရှင်ထဲမှ ဟော့ဝပ်မှော်ကျောင်းတော်တွင်
သင်ရိုးအဖြစ်အသုံးပြုသော ကျောင်းစာအုပ်တစ်အုပ်ဖြစ်ပြီး
လက်ရှိရိုက်ကူးလျက်ရှိသော ဟယ်ရီပေါ်တာဇာတ်လမ်းတွဲရုပ်ရှင်မှာ
ဤစာအုပ်ထဲမှအချက်အလက်များစွာကို မှီတည်ထားပါသည်။)
လုံခြုံသောစားကျက်မြေများ
မှော်ဝင်သတ္တဝါတွေကို ဖုံးကွယ်ဖို့အတွက် ပထမခြေလှမ်းဟာ လုံခြုံသော စားကျက်မြေရွေး ချယ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ Centaur တွေ၊ Unicorn တွေနေထိုင်တဲ့ တောအုပ်တွေ၊ Merpeople တွေနေတဲ့ ရေကန်၊ မြစ် အစရှိတဲ့နေရာတွေမှာ Muggle-repelling ဂါထာ (Muggle များ မဝင်ရောကိုင်အောင် လုပ်သောဂါထာ) ဟာ ကျူးကျော်မိသူတွေရန်မှ ကာကွယ်ပေးပါလိမ့်မယ်။ Ruintaped အကောင်တွေလို ပြင်းထန်လှတဲ့ ကိစ္စရပ်တွေမှာတော့ သူတို့နေထိုင်ရာတစ်ခုလုံးကို မြေပုံ ကနေ ဖျောက်ပစ်ရပါတယ်။ (ဖီးလဲဒီးဖီးရ်ဂါထာကြောင့် အဲ့နေရာကို လူကိုယ်တိုင်သွားကြည့်တောင် မြင်ရ မှာမဟုတ်ပါဘူး။)
တချို့သောနေရာတွေကတော့ မှော်ပညာရှင်တွေရဲ့ တောက်လျှောက်စောင့်ကြည့်စီမံခန့်ခွဲမှု ကို လိုအပ်ပါတယ်။ ( ဥပမာ နဂါးထိန်းသိမ်းနယ်မြေ။ ) Unicorn တွေ၊ Merpeople တွေဟာ သူတို့ကို ထားတဲ့ နေရာတွေမှာ ပျော်ပျော်ရွှင်ရွှင်နေပေမယ့်လို နဂါးတွေဟာ ထိန်းသိမ်းနယ်မြေကနေ ကျူးကျော်ချင် ကြတယ်။ တချို့ကိစ္စတွေမှာ နဂါးတွေရဲ့ ပင်ကိုယ်ဗီဇမှော်ကြောင့် Muggle-Repelling ဂါထာကို ပျက်ပြယ်သွားစေတယ်။
သားဖောက်ခြင်းနှင့်ရောင်းချခြင်းအားထိန်းသိမ်းမှု
သားဖောက်ခြင်းနဲ့ အကောင်ငယ်တွေ၊ ဥတွေ ရောင်းချမှုအပေါ် ထိန်းချုပ်လိုက်ခြင်းဟာ Muggle တွေရဲ့ အန္တရာယ်ရှိသတ္တဝါတွေ မြင်တွေ့ရမှုကို လျော့ချတဲ့နေရာမှာ အလွန် အထောက်အကူပြု တယ်။ မှော်ဝင်သတ္တဝါများ ထိန်းချုပ်ကွပ်ကဲရေးဌာနမှ ထိုသို့သော ကုန်သွယ်မှုတွေအပေါ်မှာ တင်းကြပ်စွာ စောင့်ကြည့်နေရတယ်။ ၁၉၆၅ခုနှစ်က ထုတ်ပြန်တဲ့ စမ်းသပ်မျိုးဖောက်မှုအား တားမြစ်ခြင်း ဥပဒေဟာ မျိုးစိတ်အသစ်တွေဖန်တီးခြင်းကို တရားမဝင်ဖြစ်ကြောင်း ပြောပြထားတယ်။
ထင်ယောင်ထင်မှားဂါထာ
ရပ်ကွက်တွေထဲမှာ နေထိုင်တဲ့ မှော်ပညာရှင်တွေဟာလည်း ဖုံးကွယ်မှုကို ဖော်ဆောင် တဲ့နေရာမှာ ပါဝင်ကူညီရတယ်။ ဥပမာအားဖြင့် Hippo-Griff ကိုပိုင်ဆိုင်ထားတဲ့သူတွေကို ထင်ယောင် ထင်မှားဂါထာသုံးပေးဖို့ ဥပဒေချမှတ်ထားရတယ်။ ဒါမှ Muggle တွေဟာ အမြင်မှားမြင်တာမျိုး ဖြစ်သွား မယ်။ ထင်ယောင်ထင်မှားဂါထာရဲ့ သက်ရောက်မှုဟာ တိုတောင်းတာကြောင့် တစ်ရက်ကို တစ်ခါတော့ ဂါထာသုံးရတယ်။
မှတ်ဥာဏ်ဂါထာ
ဆိုးဆိုးဝါးဝါးကိစ္စရပ်တွေ ဖြစ်လာသောအခါနဲ့ Muggle တစ်ယောက်က သူမမြင် သင့်တာ မြင်သွားတဲ့အခါမှာ မှတ်ဥာဏ်ဂါထာက အသုံးအဝင်ဆုံးဖြစ်ပါလိမ့်မယ်။ မှတ်ဥာဏ်ဂါထာ ကို မှော် သတ္တဝါပိုင်ရှင်ကိုယ်တိုင် မြင်မိသွားသူတွေအပေါ်မှာ ချမှတ်ပေးနိုင်ပေမယ့် တချို့သော ပြင်းထန်တဲ့ ကိစ္စရပ် တွေမှာ မှော်ဝန်ကြီးဌာနမှ ကောင်းမွန်စွာလေ့ကျင့်ထားတဲ့ မှတ်ဥာဏ်ဖယ်သူတွေကို စေလွှတ်ပါ တယ်။
သတင်းမှားလွှဲရာရုံးခန်း
သတင်းမှားလွှဲရာရုံးဟာ အလွန်ပြင်းထန်တဲ့ မှော်၊ Muggle တို့နှစ်ရပ်လုံးကိုထိခိုက်လာတဲ့ အခါမှာ ပါဝင်ပတ်သတ်လာရတယ်။ တချိ့သော မှော်ဆိုင်ရာဘေးအန္တရာယ်ကပ်ဆိုးတွေနဲ့ မတော်တဆ မှုတွေဟာ ပြင်ပအစိုးရအဖွဲ့အစည်း မပါဘဲနဲ့ ဘယ်လိုမှ ဖြေရှင်းလို့မရနိုင်ပါဘူး။ ဒီလို အခြေအနေမျိုးမှာ သတင်းမှား လွှဲရာ ရုံးခန်းက Muggle ဝန်ကြီးချုပ်ထံ အကြောင်းကြားပြီး ဖြစ်နိုင်ချေရှိတဲ့ မှော်နဲ့ မပတ်သတ်တဲ့ ဖြေရှင်းချက်မျိုးကို ထုတ်ပေးနိုင်ဖို့ ကြိုးစားရတယ်။ ဥပမာ - လော့နက်သတ္တဝါ ကိစ္စရပ် မျိုးမှာဆိုရင် တွေ့ရှိရသမျှ ဓာတ်ပုံသက်သေတွေဟာ အတုတွေဖြစ်ကြောင်း Muggle တွေ ကြောင်းကျိုး ဆီလျော်ပြကာ မဲဆွယ်ရတယ်။ တစ်ချိန်တည်းမှာပဲ အကျိုးမရှိတာတွေကြောင့် ဆက်လက်စူးစမ်းမှုတွေကို မလုပ်သင့်ကြောင်း သတင်းလွှင့်ရတယ်။
အဘယ်ကြောင့်မှော်သတ္တဗေဒဟာအရေးကြီးရတာလဲ
အထက်မှာဖော်ပြခဲ့တဲ့ လုပ်ငန်းတွေဟာ မှော်ဝင်သတ္တဝါများ ထိန်းချုပ်ကွပ်ကဲရေး ဌာနရဲ့ လုပ်ငန်းအချို့ကို ဖွင့်ပြရုံလောက်သာဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ နှလုံသားထဲမှာ အဖြေရှိပြီးဖြစ်တဲ့ မေးခွန်း တစ်ခုကျန်နေပါသေးတယ်။
"အဘယ်ကြောင့် ကျွန်ုပ်တို့ဟာ တစ်ဦးချင်းစီအလိုက် လူထုအလိုက် ဒီလိုရက်စက်ပြီး မယဉ်ပါးနိုင်တဲ့ သတ္တဝါတွေကို ကာကွယ်ဖို့ ဖုံးကွယ်ဖို့ ကြိုးစားနေရတာပါလဲ????"
အဖြေကတော့ ရိုးရှင်းပါတယ်။ အနာဂတ် မှော်ပညာရှင်တွေဟာ သူတို့ရဲ့ ထူးခြားဆန်းပြားလှတဲ့ စွမ်းအားတွေကို မွေ့လျော်စွာ အသုံးချနိုင်ဖို့ပဲဖြစ်ပါတယ်။
ကျွန်ုပ်ဟာ ဒီစာအုပ်မှာ ကျွန်ုပ်တို့ ကမ္ဘာကြီးရဲ့ ပေါကြွယ်လှတဲ့ မှော်ဝင်သတ္တဝါ အကြောင်းကို မိတ်ဆက်ရုံမျှသာ ဖော်ပြနိုင်မှာဖြစ်ပါတယ်။ နောက်စာမျက်နှာတွေမှာ (၇၅)ခုသော မျိုးစိတ်တွေကို ဖော်ပြထားပေးပါတယ်။ ဒါပေမယ့်လည်း တစ်နှစ်ထက်တစ်နှစ် အသစ်သစ်သော သတ္တဝါတွေကို တွေ့ရှိပြီး "မှော်ဝင်သတ္တဝါများ ပျော်စံရာ" စာအုပ်ဟာ နောက်ထပ် မွမ်းမံပြီး ထွက်ရှိ လာဦးမှာပါ။ ဒီစာအုပ်မှာတော့ ငယ်ရွယ်လှတဲ့ မှော်ဆရာ၊ မှော်ဆရာမလေးတွေရဲ့ ပျိုမျစ်တဲ့ စိတ်နှလုံးသားမှာ ဒီလိုမှော်ဝင်သတ္တဝါတွေရဲ့ အကြောင်း ဗဟုသုတပြည့်စုံစွာရရှိနိုင်ဖို့ ကျွန်ုပ်ရည်ရွယ် ပါတယ်။
မှော်ဝန်ကြီးဌာနမှအမျိုးအစားခွဲခြားခြင်းမူဝါဒ
"မှော်ဝင်သတ္တဝါများထိန်းသိမ်းကွပ်ကဲရေးဌာန"ဟာ သိပြီးထားသမျှ Beast, Being နဲ့ Spirits တွေကို အမျိုးအစားခွဲခြားပေးရပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တစ်ချက်မြင်ရုံနဲ့ ဘယ်သတ္တဝါဟာ ဘယ်လောက် အန္တရာယ်ရှိသလဲဆိုတာ သိနိုင်ပါမယ်။ အမျိုးအစားကို (၅)မျိုးခွဲထားတယ်။
မှော်ဝန်ကြီးဌာန (M.O.M) အမျိုးအစားခွဲခြင်း
XXXX - အန္တရာယ်ရှိ၊ လုံလောက်သော သုတရှိဖို့လိုအပ်၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေပဲ ကိုင်တွယ်နိုင်။
XXX - အရည်အချင်းရှိတဲ့ မှော်ဆရာတွေ ကိုင်တွယ်နိုင်။
XX - အန္တရာယ်မရှိ။ အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးနိုင်။
X - ငြီးငွေ့စရာကောင်း။
တချို့ကိစ္စရပ်တွေမှာ ဘာကြောင့်အမျိုးအစားခွဲထည့်တယ်ဆိုတာကို နောက်အပတ်မှာ ဆက်လက်ရှင်းပြသွားပါမယ်။
****ဤကဏ္ဍကို အပတ်စဉ်သောကြာနေ့တိုင်းဖတ်ရှုနိုင်မည်ဖြစ်ပါသည် ....
Emyrus Ambrosius (AF)
KCB Center
(ဤကဏ္ဍတွင် မေတ္တာဖြင့်ဘာသာပြန်ဆိုပေးပါသော Myanmar Wiccan Association (AF)
မှ ဆရာ Emyrus Ambrosius အား KCB Center မှ
အထူးပင်ကျေးဇူးတင်ရှိပါကြောင်း...)
Post a Comment