Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ရှန်တီမှော်ကျောင်း : အချိန်ကိုနှေးစေမြန်စေသောနည်း



မင်္ဂလာပါ
အရင်အပတ်က အချိန်ကို နှေးစေ မြန်စေတဲ့ အစီအရင်ကို သင်ပေးမယ်လို့ ပြောခဲ့တယ်နော်။ ကောင်းပါပြီ။ အဲဒီ အစီအရင်ကို မလုပ်ခင် ကလေးတို့မှာ မှော်ဖောင်တိန်ရှိဖို့ လိုတယ်။ တစ်နည်းအားဖြင့် ကောင်းချီးပေးထားသော သုတိသြဘာမင်္ဂလာနှင့် ပြည့်စုံသော ဖောင်တိန်ရှိနေဖို့လိုတယ်။ အဲဒီအတွက် ပထမဆုံး အစွမ်းဝင်ဖောင်တိန် လုပ်တဲ့နည်းကို အရင်သင်ပေးမှာ ဖြစ်တယ်။
လပြည့်ညမှာ ပြုလုပ်ရပါမယ်။ ဖန်ခွက်တစ်ခုထဲမှာ ပရိတ်ရေ ထည့်ပါ။ အခြား ဘာသာဝင်ဆိုရင်တော့ အထွတ်အမြတ်ထားရာ ရေစင်တစ်ခုခု ထည့်ပါ။ နှင်းဆီပွင့်ဖတ်များ ထည့်ပါ။ စီရင်မယ့် ဖောင်တိန် ( ဘောလ်ပင် ) ကို ထည့်ပါ။ ပြီးရင် အဲဒီ ဖန်ခွက်ကို လရောင် တိုက်ရိုက်ကျတဲ့နေရာမှာ ထားပါ။ နံ့သာတိုင် (အမွှေးတိုင်) အချို့ ထွန်းလိုက်ပါ။ မျက်စိမှိတ်ပြီး မိမိရဲ့ ဖောင်တိန်အတွင်းကို ကောင်းချီးသြဘာ အပြာရောင် အလင်းတန်းတွေ ၀င်လာတယ်လို့ စိတ်ကူးပါ။ ဤဂါထာကို သုံးကြိမ် ရွတ်ဆိုပါ။
ÍNK SO Blue AS THE sky
ALWAYS WRITE WITH THE TRUTH
THREE TIMES SAID
THREE TIMES BLESSED
WITH MOON LIGHT
BLESSED BE
SERVE ME RIGHT
SERVE ONLY ME
SO MOTE IT BE!
ဖောင်တိန် အပြာအတွက် အထက်ပါ ဂါထာကို ရွတ်ရမှာ ဖြစ်ပြီး ဖောင်တိန် အနီအတွက်တော့ အောက်ပါ ဂါထာကို ရွတ်ပါ
ÍNK SO Red AS THE Blood
ALWAYS WRITE WITH THE TRUTH
THREE TIMES SAID
THREE TIMES BLESSED
WITH MOON LIGHT
BLESSED BE
SERVE ME RIGHT
SERVE ONLY ME
SO MOTE IT BE!
ကောင်းပါပြီ အစီအရင်ပြီးပြီ။ နောက်ရက်မှာ အဲဒီ ဖောင်တိန်ဟာ ကောင်းချီးပေးပြီး ဖြစ်သွားပါလိမ့်မည်။
ထို ဖောင်တိန်ကို ဂါထာများ၊ အစီအရင်များ၊ အင်းများ ရေးရန်အတွက်သာ အသုံးပြုရမည် ဖြစ်သည်။ အခြား မည်သည့် စာ မည်သည့် အရာမှ (လုံးဝ) မရေးရ။
……………x…………x……….x………..
ကောင်းချီးပေးနည်း နောက်တစ်နည်း
မိမိ ကောင်းချီးပေးလိုသော ဖောင်တိန်ကို ညာလက်ဖြင့်ကိုင်၍ ပါးစပ်နားတွင်တေ့ကာ
“နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ
ဒုတိယမ္ပိ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ  ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ  ဒုတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ
တတိယမ္ပိ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ   တတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ”
ဟု ရွတ်ဆိုလျှင်လည်း ထိုဖောင်တိန်သည် ကောင်းချီးပေးပြီး မင်္ဂလာရှိသွားပြီ ဖြစ်ပါသည်။
အခု ဆိုရင် မိတ်ဆွေတို့မှာ မင်္ဂလာဖောင်တိန်ရှိသွားပြီ ဖြစ်တယ်။ ဒါ့ကြောင့် နောက်အပတ်မှာ အဲဒီဖောင်တိန်ကို အသုံးပြုပြီး အချိန်ကို ဘယ်လို နှေးစေ မြန်စေမယ် ဆိုတာကို သင်ကြားပေးမှာမို့ မပြတ်မကွက် လာရောက်ကြခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
ကျန်းမာ ပကတိ ချမ်းသာစွာ ရှိကြပါစေ…

ရှန်တီ
KCB Center
(ရှန်တီမှော်ကျောင်းကဏ္ဍကို ဆရာရှန်တီ၏ခွင့်ပြုချက်ရယူပြီးမှသာမျှဝေပေးနေခြင်းဖြစ်ပါသည်။)
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top