မြန်မာအတော်များများဟာ စုန်းလို့ပြောလိုက်တာနဲ့ ထမီကြီးခြုံကြီး လင်းတအသွင်ပြောင်းသွား တာကိုသာ အရင်ဆုံးပြေးမြင်တတ်ကြပါတယ်..။ ဒီတော့ ကြားဖူးထားတဲ့ ထမီခြုံလင်းတ အစီအရင် တစ်ခု ကိုဖော်ပြပေးစေလိုပါတယ်။ မြန်မာအောက်လမ်းမှတ်တမ်းရဲ့ ထုံးစံအတိုင်းပါပဲ အစီအရင်ကို အပြည့်အစုံ ဖော်ပြပေးမှာမဟုတ်တာကြောင့် စမ်းသပ်လုပ်ဆောင်ခြင်း မပြုကြပါရန် အရင်ဆုံး တိုက်တွန်း လိုက်ရပါတယ်။
ထမီခြုံလင်းတအစီအရင်ကို လုပ်တော့မယ်ဆိုရင် လုပ်ရမယ့်နေရာဟာ ရွာအပြင်၊ မြို့အပြင်မှာ သေတဲ့ လူသေအလောင်းကို ထုတ်ပြီးတင်ထားတဲ့ဖူးတဲ့ စင်လိုမျိုးနေရာဖြစ်ရပါမယ်။ အရင်ဆုံး အဲ့ဒီစင်ရဲ့ ဘေးပတ်ပတ်လည်က ငုတ်လေးငုတ်မှာ မုဆိုးမအစိမ်းသေအလောင်းမှ ဖြုတ်ယူ ထားသော ခေါင်း(၄)လုံးကိုတင်ရမှာဖြစ်ပြီး ခေါင်းတစ်လုံးချင်းစီရဲ့ ငယ်ထိပ်ပေါ်မှာ ဖယောင်းတိုင် အနက်ရောင်ကိုထွန်းပါ။ လူသေတင်ဖူးတဲ့စင်မှာ အမဲသားတစ်ပိဿာနဲ့ ခေါစာပစ်ရင်း ငှက်ပျောပွဲ၊ အုန်းပွဲ၊ ငုံးဥနဲ့ ဆေးလိပ်တို့ကိုထားပါ။ ထားပြီးနောက် ဆေးလိပ်ကိုကိုင်ကာ သနတင်၍ မီးညှိပါ။ (မှတ်ချက် - သနတင်ခြင်းဖြစ်သည်။ သနချေခြင်းမဟုတ်ပါ။ ) မီးကို မုဆိုးမအစိမ်းသေခေါင်းပြတ်ပေါ်မှာ ထွန်းထားသော ဖယောင်းတိုင်မီးမှတင်ဆင့်ညှိကာ ထိုဆေးလိပ်ကို ဖွာရှိုက်နေရမှာပဲဖြစ်ပါတယ်။ ထိုဆေးလိပ်ကိုဖွာနေတဲ့ အချိန်မကြာမီမှာ ကောင်းကင်မှ လင်းတ(၁ဝ)ကောင်ဆင်းသက်လာမှာဖြစ်ပြီး လင်းတများပြန်တက်သွားတဲ့ အခါမှာ (၁၁)ကောင်ဖြစ်နေမှာဖြစ်ပြီး အစီအရင်လုပ်နေသူကတော့ ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ အဓိက တစ်ခုကတော့ အစီအရင်လုပ်မည့်သူဟာ မီးနေသည်ထမီကို အတွင်းတွင် အတွင်းအင်္ကျီဘောင်းဘီများမပါဝင်ဘဲ ရင်လျားဝတ်ထားရမှာပါ။
ထမီခြုံလင်းတနဲ့ပတ်သတ်တဲ့ အစီအရင်ကို အပေါ်ယံလေးသာဖော်ပြခဲ့တာဖြစ်ပြီးတော့ ထမီခြုံလင်းတအစီအရင်မျိုးကို ဘယ်လိုအချိန်မျိုး၊ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့လုပ်ကြသလဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောဆိုမှုများကတော့ အမျိုးမျိုးရှိကြကာ အချို့ကတော့ မကောင်းသောသက်ရောက်မှု များ ဖြစ်စေရန်အတွက် မကောင်းသောနိမိတ်များ ဖန်တီးလုပ်ဆောင်ရန်အတွက် ပြောင်းလဲ ကြတယ်လို့ ဆိုကြတာ အချို့ကတော့ အခြားတိရိစ္ဆာန်စုန်းများနှင့် ကူးလူးဆက်သွယ်မှုပြု၍ တောက်စားရန် ပြောင်းလဲ ကြတယ်ဟုလည်းဆိုကြပါတယ်။
အချို့ကတော့ ထမီခြုံလင်းတအစီအရင်ပြုလုပ်သူများဟာ လူသားမဟုတ်သော မြေစုန်း များမှ လူသားများ အာရုံမှောက်မှားတုန်ယင်စေရန် အမြင်လွဲမှားစေရန်အတွက် ပြုလုပ်ခြင်းဖြစ်တယ်လို့ ဆိုကြပြန်ပါသေးတယ်။
ဂျပန်၊ တရုတ်နဲ့ ကိုရီးယားမှာယူဆကြတဲ့ စုန်းမများ ဝတ်ရုံကို ခြုံပြီး ဝတ်ရုံကြီးသည် လက်နှင့်ပေါင်း၍ အတောင်ပံဖြစ်ပြောင်းသွားကာ ပျံသန်းကြသည့်ပုံပြင်များသည်လည်း မြန်မာတွင်ရှိသော ထမီခြုံလင်းတနှင့်ဆက်စပ်မှုရှိမယ်လို့လည်းခန့်မှန်းရပါတယ်။
နောက်ထပ် မြန်မာအောက်လမ်းမှတ်တမ်းများမှာလည်း လူသုံးများတဲ့၊ ဆင်ခြင်သင့်စရာကောင်းတဲ့ အစီအရင်များကို ဆက်လက်ဖော်ပြပေးသွားပါဦးမယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
1 မှတ်ချက်များ:
ကျေးဇူးပဲကိုကာရှိုင်း
ReplyPost a Comment