Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

Wizard (X) Files : အာဏာပိုင်တို့ဝှက်ခဲ့လေသောကမ္ဘာစွန်း (သို့မဟုတ်) လောကသုံးပါးဆက်နွယ်ခြင်း

                    ကမ္ဘာမှာရှိတဲ့ ဘာသာကြီးလေးခုအပါအဝင် ကိုးကွယ်ရာဘာသာများမှာ တူညီတဲ့အချက် ရှိပါတယ်။ အဲ့ဒါတွေကတော့ လူဘုံ၊ ငရဲဘုံနဲ့ ကောင်းကင်ဘုံတို့ တည်ရှိနေတယ်ဆိုတဲ့ သတ်မှတ်ချက်တစ်ခုပါပဲ...။
                    လူ့ဘုံ၊ ငရဲဘုံနဲ့ ကောင်းကင်ဘုံဆိုတဲ့ အဓိက ပင်မဘုံကြီးသုံးခုမှာ ဆက်နွယ်မှုတစ်ခု ရှိတယ်ဆိုတဲ့အယူကို ဘာသာအတော်များများမှာတွေ့ရပါတယ်။ ဒါဆို အဓိက ပင်မဆက်နွယ်မှုကြီးက ဘာပါလဲ...။
                   ကျွန်တော်တို့ လူ့ဘုံသားတွေ စကြဝဠာအပြင်ဘက်ထိ ဒီနေရာကနေ ဆွဲအားပြင်း မှန်ပြောင်းကြီးတွေနဲ့ ကြည့်နေနိုင်တဲ့၊ အာကာသထဲအထိ သွားလာနိုင်နေတဲ့ ဒီခေတ်ကြီးထဲမှာ အာကာသလုပ်ငန်းကို ပူးပေါင်းလုပ်ကိုင်နေတဲ့ အမေရိကန်နဲ့ ရုရှားတို့အပါအဝင် အာကာသလုပ်ငန်းလုပ်ကိုင်သော အဖွဲ့အစည်းများ၊ အာဏာပိုင်များက ငရဲဘုံနဲ့ ကောင်းကင်ဘုံတည်ရှိမှု ကို တကယ်ပဲ အခုထိရှာမတွေ့နိုင်သေးတာလား ...။ ဒါမှမဟုတ် ရှာတွေ့ပြီးသား သူတို့ရဲ့ တည်ရှိမှုကို ပြည်သူလူထုကို ချပြခဲ့ခြင်းမရှိသေးတာပါလား ...။ သေချာတာကတော့ အချို့လူတွေ NASA အပါအဝင် အာကာသသိပ္ပံနဲ့ပတ်သတ်တဲ့ လျှို့ဝှက်စီမံကိန်းနဲ့ပတ်သတ်တာတွေကို တစ်စွန်းတစ်စ ဖော်ထုတ်ချက်အရဆိုရင်တော့ အောက်မှာ အထောက်အထားနှင့်တကွ ဆက်လက်တင်ပြပေးမယ့် အကြောင်းအရာတွေထဲမှာ ကျွန်တော်တို့တည်ရှိမှုကို NASA အပါအဝင် အာကာသစီမံကိန်းလုပ်ကိုင်သူများက လိမ်လည်ခဲ့ လျှို့ဝှက်ခဲ့တဲ့ အရာတွေ အများကြီးရှိနေပါတယ်။ အဲ့ဒီလိမ်လည်မှုကြီးမှာ အဓိက ပင်မဘုံ(၃)ခုရဲ့ ဆက်နွယ်မှုလည်း ပါဝင်ကောင်းပါဝင်နေနိုင်ပါတယ်။ လျှို့ဝှက်ချက်တွေကို အခုပဲ ဖွင့်ထုတ်ဖော်ပြပေးသွားမှာပါ။
                    ဒီိပို့စ်ကိုတင်ဖို့အတွက် ဒီလျှို့ဝှက်ချက်များကို ဖော်ထုတ်ဖို့အတွက် ကျွန်တော်ကာရှိုင်း နဲ့အတူ အချက်အလက်များ ပံ့ပိုးကူညီပေးခဲ့သော Flat Earth Society ( www.theflatearthsociety.org ) ဝိုင်းတော်သားများ၊ ရှေးဟောင်းကျမ်းဂန်အချက်အလက်များအား သေချာရှင်းပြပေးခဲ့ပါသော ဘုန်းတော်ကြီးများနှင့် ဆက်စပ်တွေးခေါ်တတ်စေရန် သင်ကြားပေးခဲ့သော ပုံရိပ်ယောင်လောကမှ ဆရာများအားလုံးကို ဦးစွာကျေးဇူးတင်ကြောင်းပြောလိုပါတယ်။
                 တစ်ခါတစ်ရံမှာ NASA ဟာ ကျွန်တော်တို့ကိုလိမ်တတ်ပါတယ်။ ပထမဆုံး နာဆာရဲ့ တရားဝင် ဝဘ်ဆိုဒ်မှာတင်ထားတဲ့အောက်ပါပုံကိုကြည့်ပါ။ တိမ်တွေဟာ ဖိုတိုရှော့ပညာအရ ပွားယူခြင်းနည်းနဲ့ သုံးထားတဲ့နေရာများကို ကျွန်တော်ဝိုင်းပြထားပါတယ်။ တိမ်တွေဟာ သဘာဝအလျှောက်ဖြစ်ပေါ်နေတာမို့ အခုဝိုင်းပြထားတဲ့နေရာကို တူညီမှုတွေ အများကြီးဖြစ်ဖို့ဆိုတာ ဖြစ်နိုင်ချေ ဗလာနတ္ထိပါပဲ။ တစ်ခုနှစ်ခုဆို တိုက်ဆိုင်တာ.... အခုက တိမ်ပေါင်းများစွာ ၁ဝ ခုကျော်ခန့်မှာ တူညီမှုတွေရှိနေတယ်ဆိုတာဟာ မရိုးတော့ပါဘူး။ ဒါဟာ photoshop အရ layer ပွားယူခြင်းနည်းပညာနဲ့လုပ်ထားတာ အရမ်းကြီးသိသာလွန်းနေပါတယ်..။
     (မူရင်းပုံကို http://visibleearth.nasa.gov/view.php?id=57723 တွင်ကြည့်ရှုနိုင်ပါသည်။)

                      ကမ္ဘာကြီးပုံကို အာကာသစခန်းမှရိုက်ရင် အချိန်းမရွေးရိုက်လို့ရနိုင်ရဲ့သားနဲ့ ဘာကြောင့် ဖိုတိုရှော့နဲ့ တိမ်တွေကို အခုလို ပြုပြင်ပြီး ရိုက်ရတာပါလဲ .... ။ နာဆာရဲ့ ကမ္ဘာ့အပြင်လေ့လာရေး ပရောဂျက်က တကယ်ပဲအလုပ်ဖြစ်နေတာမှန်ပါရဲ့လား ....။
                      လွန်ခဲ့တဲ့လပိုင်းကလည်း နာဆာမှ လွန်ခဲ့တဲ့ နှစ်သုံးဆယ်မှာ အာကာသယာဉ်ပျက်ကျလို့ သေသွားတယ်ဆိုတဲ့ အာကာသယာဉ်မှုးများကို ပြန်တွေ့နေရတယ်ဆိုတဲ့ ကောလဟလသတင်းတစ်ခုလည်း ထွက်လာခဲ့ပါသေးတယ်။
                   နောက်တစ်ခုက ကမ္ဘာကြီးရဲ့ အစွန်းလို့ခေါ်တဲ့ နေ၊ လရောင်၊ အပူဓာတ်တို့မရောက်နိုင်တဲ့ အလွန်အေးမြသောနေရာတစ်ခုရှိကြောင့် ဘာသာအချို့ရဲ့ ကျမ်းဂန်များမှာ ပါဝင်ကြပြီး ထိုဒေသကို ကျွန်တော်တို့ ကိုးကွယ်ရာ ဗုဒ္ဓဘာသာကျမ်းဂန်မှာ  လောကန္တရိက လို့ခေါ်ပြီး ထိုနေရာမှာ လောကန္တရိက် ငရဲတည်ရှိကာ ကမ္ဘာကြီး၏ အစွန်းဖြစ်ကြောင်း အလွန်မတ်စောက်သော လျှောစောက်ကြီးအောက်၌ အလွန်အေးမြသောရေများ စီးဆင်းနေကြောင်း၊ ရေထဲသို့ကျပါက အအေးဒဏ်ကြောင့် အေးခဲကျုံ့ဝင် ပျောက်ကွယ်တတ်သော သဘောရှိကြောင်း ဖော်ပြထားပါတယ်။ ကမ္ဘာပြားအယူအဆလက်ခံသူ (Flat-Earthers) တွေရဲ့ အယူအဆမှာလည်း ကမ္ဘာကြီးရဲ့ အစွန်းဟာ အလွန်အေးမြကာ ရေခဲများနဲ့ကာရံထားပြီး အောက်တွင်တော့ အလွန်အေးမြသောရေများ စီးဆင်းလျက်ရှိတယ်လို့ ယူဆကြပြီး ထိုဒေသဟာ လက်ရှိ အာတိတ်စက်ဝိုင်းဒေသဖြစ်တယ်လို့ လက်ခံယုံကြည်ထားကြပါတယ်။
(ကမ္ဘာပြားမြေပုံမှ အစွန်းဒေသရေခဲပြင်များကိုစိတ်ကူးယဉ်ရေးဆွဲထားပုံ)

                  အာတိတ်စက်ဝိုင်းဒေသမှာ နိုင်ငံအချို့ရဲ့ လျှို့ဝှက် သုတေသနလုပ်ငန်းအချို့ရှိပြီး ထိုနေရာများကိုလက်ရှိ လူဝင်ခွင့်ကန့်သတ်ထားသလို Google Maps ရဲ့ ဂြိုဟ်တုဓာတ်ပုံများမှာလည်း ထိုဒေသနေရာများကို လျှို့ဝှက်စွာချန်လှပ်ထားခဲ့တာကို သံသယရှိဖွယ်ရာတွေ့ရသေးပါတယ်။ 
(အာတိတ်ဒေသ သုတေသနလုပ်ငန်းခွင်တစ်နေရာ)
 
(အာတိတ်ဒေသအနီးဂြိုဟ်တုဓာတ်ပုံမှ မပြတ်မသားဖော်ပြထားမှုအနေအထားများ - Google Maps )
 
                ကမ္ဘာကြီးရဲ့အနေအထားနဲ့ ဘုံတို့ရဲ့ဆက်နွယ်မှုကို ကျွန်တော်တို့ ရာနှုန်းပြည့်မသိရသေး ပါဘူး။ ၁၉၄၇ခု ပုလဲဆိပ်ကမ်းဗုံးကြဲခံရပြီးနောက် ပန်းကန်ပြားပျံရာနဲ့ချီဆင်းသက်မှုနဲ့ ပန်းကန်ပြားပျံ ယာဉ်ပျက်ကျမှုတို့ကိုလည်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောခြင်းမရှိခဲ့သလို ပျက်ကျမှုကို မျက်မြင်လိုက်ရသူများ၊ ထူးဆန်းသော အခြားကမ္ဘာမှ ခန္ဓာကိုယ်အလောင်းများ သယ်ယူသွားမှုကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့တဲ့အဖြစ်အပျက်အတိုင်းပဲ သိပ္ပံပညာရှင်များလည်း အချိန်နှင့်အမျှနှုတ်ပိတ်သတ်ခံနေရပါတယ်။ 
                    ဆန်းကြယ်သော၊ ဖြစ်နိုင်ချေနည်းလှသော မတော်တဆမှုများနဲ့ နာဆာမှ သိပ္ပံပညာရှင်များ နှစ်နှစ်အတွင်းသေဆုံးမှု (၇၄)ဦးအထိ ရှိနေပြီဖြစ်ကြောင်းကိုလည်း UFO International Project Official Website သတင်းများမှ ဖော်ပြချက်များအရသိရပါတယ်..။
( မူရင်းသတင်း - http://www.ufointernationalproject.com/latest-news/another-dead-nasa-scientist-seventy-four-scientists-dead-in-2-years/ )
                      ကောင်းကင်ဘုံ၊ ငရဲဘုံနဲ့ လူ့ဘုံဆိုတဲ့ ပင်မဘုံကြီး သုံးခုဘယ်နေရာမှာ ရှိမှန်းမသိရသေး ပေမယ့်လည်း ကမ္ဘာကြီးမှာရှိတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းများစွာမှာ ကျွန်တော်တို့ဝင်လို့မရတဲ့ ကန့်သတ်နယ်မြေများမှာရှိတဲ့ လျှို့ဝှက်တွေ့ရှိချက်မှတ်တမ်းများ၊ လူတန်းစား တစ်မျိုးတည်းအတွက်သာထားသော ဆက်သွယ်ရေးပစ္စည်းများနဲ့ ဆက်နွယ်မှုများ၊ ဘုံသုံးခုနှင့် ချိတ်ဆက်မှုကို ကောင်းစွာလျှို့ဝှက်နိုင်သော၊ ပရိယာယ်ကျကျပြန်လည်ရှင်းထုတ်နိုင်သော ပြောရေးဆိုခွင့်ရှိသူများမရှိဘူးလို့ ပြောလို့မရနိုင်ပါဘူး ..။
                    ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကမ္ဘာကြီးရဲ့အကြောင်း ရာနှုန်းပြည့်ကို ကျွန်တော်တို့ သိခွင့်မရသေးဘဲ ရေရာမှုမရှိသော ဂြိုဟ်တုဓာတ်ပုံများမှတစ်ဆင့်သာ စမ်းတဝါးဝါး အတွေးအခေါ်အယူအဆများအရသာ လက်ခံနေရသေးပါကြောင်း၊ ကျန်ရှိနေသောလျှို့ဝှက်ချက်များကို ဆက်လက်ဖော်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top