ဘုရားဆင်းတုတော်တွေကို အနေကဇာတင်ပြီးမှ ကိုးကွယ်ကြသလိုမျိုး မိုင်ယန်လချင်းမှော်မှာ အဆောင်ပစ္စည်းတွေကို စိတ်ဝိဥာဉ်နဲ့ဆက်သွယ်ခြင်းဖြစ်တဲ့ အင်ခါကန်နမ်တင်ခြင်းလို့ခေါ်တဲ့နည်းနဲ့ စီရင်ပြီးမှ ဆောင်ယူကြကာ မကောင်းတဲ့မိစ္ဆာတို့ရန်မှကာကွယ်ခြင်းအတွက်နှင့် ကံကောင်းခြင်းအတွက်အသုံးချကြပါတယ်။
အင်ခါကန်နမ်တင်တယ်ဆိုတာကတော့ စိတ်ဝိဥာဉ်ကိုစောင့်ရှောက်နိုင်သောအစောင့်အရှောက်အဖြစ် အဆောင်ပစ္စည်းကို မိမိ၏ ခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုဟုသတ်မှတ်ခြင်းလည်းဖြစ်ပါတယ်။ ဒီလိုအင်ခါကန်နမ်တင်တော့မယ်ဆိုရင်တော့ မိမိနှစ်သက်ရာအဆောင်လုပ်လိုတဲ့ ပစ္စည်းတစ်ခုခုကို လပြည့်ညသန်းခေါင်ယံအချိန်လရောင်ကောင်းစွာကျရောက်သောနေရာတွင်ထားကာ ထိုအရှေ့တွင် "အင်ကန်နာဘီးလိယိတ်"ဖြင့် ပုတီးသုံးပတ်စိပ်ပေးရပါမည်။ အဆိုပါမန္တန်၏ဆိုလိုရင်းမှာ "မိုင်ယန်လချင်း၏ပရဆိုင်ရာအစောင့်အရှောက်တစ်ခုရယူလိုသည်"ဟူ၍ဖြစ်ပါသည်။ ထိုသို့စိပ်ပြီးနောက်တွင် စိပ်ထားသောပုတီးနှင့် အဆောင်လုပ်လိုသောအရာကိုဆက်သွယ်ကာ လရောင်ကျရောက်သောထိုနေရာတွင်ပင်ညအိပ်ပေးရမည်ဖြစ်ပါသည်။
မနက်မိုးလင်းချိန် အဆောင်၊ပုတီးနှင့်ကိုယ်ခန္ဒာဆက်သွယ်မှု မပြတ်တောက်ပါက အင်ခါကန်နမ်တင်ခြင်းအောင်မြင်ပြီဖြစ်သည်။ အဆိုပါအဆောင်ပစ္စည်းကို သွားလေရာဆောင်ယူသွားနိုင်ပြီး ယုတ်ညံ့တဲ့နေရာမျိုးတွေကိုဆောင်ယူမသွားကြဖို့ကိုလည်းကြိုတင်မှာထားလိုက်ရပါတယ်။
အဆောင်ပစ္စည်းကိုဆောင်ရုံမက အသုံးချလိုသူများအတွက် အသုံးချနည်းများကို KCB Center နဲ့မှော်ပညာရပ်ဝန်းတို့မှာ မကြာမီဖတ်ရှုရတော့မှာဖြစ်ပါကြောင်း ကြိုတင်အသိပေးလိုက်ရပါတယ်ဗျာ . .။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
Post a Comment