လက်ဖက်ခြောက်ရှေ့ဖြစ်ဟောနည်းက ရှေးကတည်းက
ဖန်လုံးကြည့်ပညာတွေနဲ့အတူထွန်း
ကျွန်တော်တို့ လက်ဖက်ခြောက်ရှေ့ဖြစ်ဟောနည်းကို စတင်လေ့လာရမှာပါ။
မိုင်ယန်လချင်း မီးခိုးရောင်ရှေ့ဖြစ်ဟောနည်းတွေ
တစ်မျိုးအပါအဝင်ဖြစ်တဲ့ လက်ဖက်ခြောက်ရှေ့ဖြစ်ဟောနည်းကို
အရင်ဆုံးကျင့်ထားရမယ့် ကျင့်စဉ်တစ်ခုကို စတင်ကျင့်ရပါမယ်။
"အင်ကန်နာဘီးလိယိတ်"ဟာ အခုမီးခိုးရောင်ကျင့်စဉ်တစ်ခုလံ
အဓိကသော့ချက်တစ်ခုဖြစ်တာကြောင့် ပထမဆုံး "အင်ကန်နာဘီးလိယိတ်"နဲ့
ပုတီးစိပ်ပေးရမှာဖြစ်ပြီး စိပ်ပြီးနောက်မှာ ဘဝအဆက်ဆက်ကတော်ခဲ့ဖူးတဲ့
ဆွေတော်မျိုးတော်တွေ အစပြုကာ (၃၁)ဘုံကျင်လည်သမျှ သတ္တဝါများကို
အမျှပေးဝေပါ။ ပြီးနောက်မှာတော့ ပုတီးကိုလည်ပင်းမှာစွပ်ကာ ကြွေရေနွေးခွက်
အသစ်တစ်လုံးထဲကို လက်ဖက်ခြောက်ရေနွေးထည့်ကာ ညာလက်ဖြင့် (ဘယ်သန်ဆိုပါက
ဘယ်လက်ဖြင့်) ကိုင်ကာ နေနဲ့လဆီမှ စွမ်းအင်များက ကမ္ဘာဆီသို့ကျရောက်ကာ
ထိုမှတစ်ဆင့် သင့်နှလုံးသားဆီသို့ ဝင်ရောက်နေတယ်လို့ အာရုံပြုထားပါ။
အဲ့ဒီလိုအာရုံပြုနေချိန်မှာ ရေနွေးခွက်ကို
ကိုင်ထားတဲ့လက်တစ်ဖက်က နှလုံးသားကို ဆုပ်ကိုင်ထားပြီး
နှလုံးသားမှစွမ်းအင်များ လက်ထဲမှတစ်ဆင့် ရေနွေးခွက်ဆီသို့ စိမ့်ဝင်နေသည်
ဟုအာရုံပြုပါ။ ရေနွေးခွက်ကိုင်ထားသည့်လက်တုန်
တုန်ခါခြင်းအဆင့်ရောက်ပြီး မိနစ်အနည်းငယ်လောက်ကြာသည်အထိ ရေနွေးခွက်ထဲကို
စွမ်းအင်စိမ့်ဝင်စေမှုဖြစ်အောင် လုပ်ပေးရမှာဖြစ်ပြီးတော့
အဲ့ဒီရေနွေးခွက်ကိုတော့ နောက်ပိုင်းဖော်ပြမယ့်
ရှေ့ဖြစ်ဟောနည်းတွေမှာဆက်လက်အသံ
ရေနွေးခွက်ကို အစီအရင်အတွက်ပဲသုံးရမှာဖြစ်ပါ
ပြီးနောက်မှာတော့ ရေနွေးထည့်ထားတဲ့ အဲ့ဒီရေနွေးခွက်ထဲကို
အာရုံစူးစိုက်ကာစိုက်ကြည့်ပါ။ အာရုံစူးစိုက်မှုတစ်နေရာထဲရောက်
စိတ်တည်ငြိမ်မှုများပြားလာတဲ့အခါ ဖန်လုံးကြည့်ခြင်းအတတ်လိုပဲ
အနာဂတ်မှာဖြစ်ပျက်မယ့် အဖြစ်အပျက်အကြောင်းအရာအချို့ကို
မြင်လာရပါလိမ့်မယ်။ အဲ့ဒီရေနွေးခွက်ထဲမှာ လက်ဖက်ခြောက်ရေနွေးထည့်ကာ
ကြည့်ရှုခြင်းကို (၁၄)ရက်ခန့် ဆက်တိုက်လေ့ကျင့်သွားသင့်ပြီး
အဲ့ဒီလိုလေ့ကျင့်ပြီးမှသာ ရေနွေးကြည့်ရှေ့ဖြစ်ဟောနည်းအြ
နောက်မှာဆက်လက်ဖော်ပြပေးမယ့် လက်ဖက်ခြောက်သင်္ကေတကြည့်ရှုနည်းကိ
ဆက်လက်တက်လှမ်းနိုင်မှာပဲဖြစ်ပါ
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
Post a Comment