Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

မီးခိုးရောင်မှော်ပညာကျင့်စဉ်(၁၂)

                 ကံတရားလှိုင်းများအကြောင်းကို ကျွန်တော်တို့
မီးခိုးရောင်မှော်ကျင့်စဉ်(၁၁)
မှာ လေ့လာခဲ့ရပြီးပါပြီ။ ကံတရားလှိုင်းများ
ခန္ဓာကိုယ်သို့ပို့ဆောင်မှုမှာ ကံတရားတင်ပဲပါတာပါပဲလား ...။
                  မဟုတ်ပါဘူး။ အဲ့ဒီလှိုင်းများ
တခြားအကြောင်းအရာတွေကိုပါပို့ဆောင်လို့ရပါတယ်။ ဥပမာအနေနဲ့ပြောရရင်
တချို့လူတွေ အတိတ်ဘဝကို မှတ်မိကြတယ်။ ဒါတွေဟာ အတိတ်ဘဝက မှတ်ဥာဏ်တွေ
ကံတရားလှိုင်းကနေတစ်ဆင့်ပါလာခြင်းပါပဲ။ ကျွန်တော်တို့လည်း
နောက်ဘဝကိုရောက်လို့ရှိရင် အခုဘဝကို မှတ်မိလိုတယ်ဆိုပါစို့။
အဲ့ဒီလိုလုပ်ဖို့အတွက်က အရမ်းပဲလွယ်ကူရိုးရှင်းပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုရင် ဥပမာ  နေ့လည်စာ ထမင်းစားနေတယ်ဆိုပါစို့။
အဲ့လိုစားနေချိန်မှာဆို ငါ ဘယ်နှခုနှစ်၊ ဘယ်နှလ၊ ဘယ်နှရက်၊
ဘယ်နှနာရီအချိန်မှာ ထမင်းကို ဘာဟင်းတွေနဲ့ ဘယ်သူတွေနဲ့အတူ
စားနေကြပါလားလို့ ဆက်တိုက်အာရုံပြုထားပေးပါ။ ဒီလိုမျိုး
သေချာစူးစိုက်အာရုံပြုမှုမျိုးက သင့်ကို နောက်ဘဝအတွက်
ယခုဘဝမှတ်ဥာဏ်လှိုင်းများ သယ်ဆောင်ပေးသွားပါလိမ့်မယ်။
                 ဟုတ်ပြီ။ ကျွန်တော်တို့ ဒီကျင့်စဉ်မှာ
ဘာတွေကိုလေ့လာရမလဲ။ ကံတရားလှိုင်းများမှတစ်ဆင့် ကံတရားသာမက
တခြားသောသတင်းအချက်အလက်တွေပို့ဆောင်နိုင်တယ်ဆိုတာကို သိပြီးတဲ့အခါမှာတော့
ကျွန်တော်တို့တတွေ သတင်းအချက်အလက်တစ်ခုကို ပို့ဆောင်ကြည့်ကြရအောင်။
ပထမဆုံးအနေနဲ့ စာရွက်အပိုင်းအစတစ်ခုမှာ သတင်းအချက်အလက်ပို့ပေးချင်တဲ့
သူတွေရဲ့နာမည်တွေနဲ့ ကိုယ်နဲ့ဘာတော်စပ်သလဲ သူငယ်ချင်းဆိုသူငယ်ချင်း
ညီဆိုညီ အစ်ကိုဆိုအစ်ကို စသဖြင့်ရေးပြီး စာရင်းပြုစုပါ။ ပြီးနောက်
တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်တည်ငြိမ်နေချိန်မှာ ထိုင်ခုံတစ်လုံးမှာထိုင်
စာရွက်ထဲက နာမည်တွေကိုကြည့်နေရင်းနဲ့ မျက်လုံးကိုမှိတ်ကာ
စာရင်းထဲမှာပါတဲ့ သူတွေရဲ့ ရုပ်သွင်တွေကိုမြင်ယောင်ပြီး
အတွေးနဲ့ပုံဖော်ပါ။ အဲ့ဒီအချိန်ဟာ သူတို့အိပ်နေနိုင်လောက်တဲ့
ညအချိန်မှာလုပ်ရမှာဖြစ်ပြီး သူတို့အားလုံးရဲ့ မျက်နှာသွင်ပြင်နဲ့
စိတ်ဝိညာဉ်တွေကို ကိုယ့်စိတ်ဝိညာဉ်အတွင်းသို့စုစည်းပါ။ ဆိုလိုတာကတော့
ကိုယ့်ရဲ့စိတ်ထဲမှာ သူတို့တွေရဲ့ စိတ်နဲ့ပတ်သတ်တဲ့အကြောင်းကလွဲလို့
ဘာအကြောင်းအရာမှမရှိအောင် ရှင်းလင်းနေရင်ပိုကောင်းပါတယ်။
ကိုယ့်စိတ်အာရုံထဲမှာ အမြင်အာရုံထဲမှာ
သူတို့ရဲ့စိတ်ကလွဲပြီးဘာမှမရှိတော့ဘူးဆိုရင်တော့ သူတို့နဲ့ပတ်သတ်တဲ့
အကြောင်းအရာတစ်ခုခုကိုပြောပါ။ သူတို့အားလုံးကို သတိရကြောင်း ..၊
ဒါမှမဟုတ် ကိုယ်အဆင်မပြေဖြစ်နေလို့ သူတို့ကိုကူညီစေလိုကြောင်း စသဖြင့်
ကိုယ်ပြောလိုတဲ့အကြောင်းအရာကို သူတို့ရဲ့အာရုံထဲမှာရောက်နေတဲ့
သူတို့ရဲ့စိတ်ဝိညာဉ်အတွေးတွေနဲ့ချိတ်ဆက်တာ တွေးနေပေးပါ။
             တွေးပြီးနောက်မှာတော့ တည်ငြိမ်နေတဲ့စိတ်နဲ့ပဲ ညအိပ်လိုက်ပါ။
အဲ့ဒီညမှာ စာရင်းထဲမှာပါတဲ့ လူတွေဟာ သင့်ကိုအိပ်မက်,မက်နေပါလိမ့်မယ်
ဒီလိုမျိုးနည်းတွေနဲ့ ပရလောကသားတွေ၊ အမှောင်လောကသားတွေက
သတင်းအမှားတွေပို့နိုင်ပါတယ်။ ဘုန်းကံရှိနေတဲ့ လူသားတွေကိုမနိုင်ရင်
ကိုယ့်ကိုမလိုတဲ့ပရလောကသားတော်တော်များများက
ဒီနည်းနဲ့သုံးပြီးတိုက်ခိုက်တတ်ကြပါတယ်။ ဒါကြောင့်မို့
ဘာအိပ်မက်ပဲဖြစ်ဖြစ်ရခဲ့ရင် ချက်ချင်းမယုံသင့်ပဲ ကိုယ်ယုံကြည်ရတဲ့
မှန်ကန်တဲ့ လောကီပညာရှင်တစ်ဦးဦးနဲ့ဆွေးနွေးကြည့် .
လက်ရှိကိုယ်ဖြစ်နေတဲ့ကိစ္စတွေ၊ ကိုယ်လုပ်ခဲ့တဲ့ကိစ္စတွေနဲ့
ကြောင်းကျိုးဆက်စပ်ပြီးတော့မှသာယုံကြည်သင့်ပါတယ်။ အခုအိပ်မက်မက်စေတဲ့
သတင်းဟာ ဘယ်ကနေရောက်သွားသလဲဆိုရင် ခန္ဓာကိုယ်ကထွက်တဲ့ကံတရား ပို့လွတ်ရာ
ပုံရိပ်ယောင်ပင်မဌာနလို့ခေါ်တဲ့နေရာကနေရောက်ရှိသွားခြင်းဖြစ်ပါတယ်။
ဒီပုံရိပ်ယောင်ပင်မဌာနကိုအသုံးချပြီး ကျွန်တော်တို့
ဥာဏ်ရှိသလိုစွယ်စုံသုံးနိုင်ပါတယ်။ အသုံးပြုနည်းများနဲ့ ဒုတိယဘာသာရပ်နဲ့
လောကီလောက .. မှော်လောကမှာ အလျှို့ဝှက်အနက်နဲဆုံး၊ အစွမ်းအထက်ဆုံးနဲ့
ဖော်ထုတ်ဝံ့သူ လက်တစ်ဖက်သာချိုးရေလို့ရအောင်ကို အနည်းဆုံး
ပုံရိပ်ယောင်လောကမှော်ပညာရပ်များအကြောင်းကို နောက်လာမယ့်ကျင့်စဉ်များမှာ
ဆက်လက်ဖော်ပြပေးမှာဖြစ်ပါကြောင်း ....။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top