Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ရှန်တီမှော်ကျောင်း(၃) - အမုန်းမှော်ဆေးရည်ဖော်စပ်ခြင်း

ချစ်ရတာ ပင်ပန်းလွန်းတယ် ဂုဏ်လောကကြီးရယ်.. အချစ်စစ်နဲ့ မတန်ဘူး အချစ်ရယ် ငွေလောကကြီးရယ်.. သြော်.. ချစ်ရတာ ပင်ပန်းလွန်းတယ် ဂုဏ်လောကကြီးရယ်… အချစ်စစ်နဲ့ မတန်ဘူး အချစ်ရယ် ငွေလောကကြီးရယ်…. ၀ါဝါမြင်တိုင်း ရွှေအစစ်လို့ မထင်လိုက်ပါနဲ့ မေ့ ချစ်သူရယ်.. ဘုရားမှတ်လို့ ရှိခိုး ကိုးကွယ် ဖွတ်ထွက်ကာမှ တောင်ပို့မှန်းသိနေမယ်ကွယ်.. ကျားရဲရာ ကြမ္မာမငြှိုးသာတယ်… လူ့ဘ၀ ဆိုတာဟာကွယ် ဗုံလုံတလှည့် ငါးပျံတလှည့်မို့ကွယ် မှန်ကင်းတလှည့် ထင်းတလှည့်ပါမို့ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံမို့ကွယ်.. ရေစီးတစ်ခါ ရေသာတစ်လှည့်မို့ ဘူးသီးမှ အရီးလာမတော်နဲ့ဟယ်…
ဤ လက်တွေ့ အသုံးချ ဂမ္ဘီရပညာများ စာစုကို ရှန်တီ ရေးသားပြုစုနေသည်မှာ အပိုင်း (၃) ပင် ရောက်ရှိခဲ့ချေပြီ။ ဘယ်စာရေးဆရာကြီး စာရေးဆရာလေးများ ရေးသားထားသည်ကိုမှ ကူးချထားခြင်း မဟုတ်ဘဲ ရှန်တီကိုယ်တိုင် လေ့လာထားသော ပညာများကို ကိုယ်ပိုင် အရေးအသားဖြင့် မျှဝေပေးခြင်းဖြစ်ပါသည်။
လူတစ်ယောက်ကို ချစ်ရတာ ပင်ပန်းလွန်းလှပါတယ်။ အဲဒီလူအပေါ်မှာ အချစ်တွေ မရှိတော့ရင် မပင်ပန်းတော့ဘူး။ ၀မ်းမနည်းရတော့ဘူး။ မခံစားရတော့ဘူး။ ဒီတော့ သူ့ကို မချစ်ချင်ဘူး။ မချစ်ချင်ဘူး။ မချစ်ချင်တော့ဘူး ဒါပေမယ့် ငါတော့ မေ့လို့ မရနိုင်ဘူး အချစ်ဆုံးရေ… ငါတော့မေ့လို့ မရနိုင်ဘူး မင်းသိလား. .ဖြစ်နေတယ်။ ဘယ်လိုလုပ်ရပါ့မလဲ?
လွယ်လွယ်လေးပါ။ မှော်ဆေးရည်ကို စမ်းကြည့်လေ။ ဒီမှော်ဆေးရည်က မင်းကို အချစ်ရဲ့ သားကောင် အဖြစ်ကနေ ရုန်းထွက်စေနိုင်မှာပါ။ မှော်ဆေးရည် ဘယ်က ၀ယ်ရမှာလဲ? ရှန်တီ့ ဆီကလား? ဘယ်လိုမှာရမှာလဲ? ဆေးဝါးမှတ်ပုံတင် ရှိလို့လား? နိုး… နိုး…. မဟုတ်ပါဘူး။ မင်းကိုယ်တိုင် ဖျော်စပ်ရမှာပါ။ ဒါပေမယ့် တစ်ခုတော့ တောင်းဆိုပါရစေ။ ဒီမှော်ဆေးရည်ကို သောက်ပြီးရင် မင်း အဲဒီလူကို မုန်းသွားလိမ့်မယ်။ သူက ပြန်ကပ်လာရင်တောင် မင်းမုန်းနေမှာ ဖြစ်မယ်။ မင်းက ပြန်ချစ်နိုင်တော့မှာ မဟုတ်ဘူး။ ဒီမှော်ဆေးရည်ကို ပြန်ဖြေတဲ့ဆေး မရှိဘူး။ ဒါ့ကြောင့် မင်း သေချာပေါက် မုန်းဖို့ သေချာပြီ ဆိုမှ သောက်ပါ။
လိုအပ်သောပစ္စည်းများ
ဂျင်း
သစ်ကြံပိုးခေါက်
ဆား
ငရုတ်ကောင်းမှုန့်
သံပရိုသီး
ရေ
နှင်းဆီ ပွင့်ချပ်များ
လိုအပ်ပါတယ်။
ဒါ့အပြင်
အနက်ရောင် ဖယောင်းတိုင်
မီးခြစ်
ဇွန်း
ကျောက်တုံး တစ်တုံး
ခွက်တစ်ခွက်
တို့လည်း လိုအပ်ပါတယ်။
အားလုံး အဆင်သင့်ဖြစ်ရင် စရအောင်။
ဖယောင်းတိုင်ကို မီးထွန်းလိုက်ပါ။ ပြီးရင် အောက်ပါ အတိုင်း ရွတ်ဆိုပါ။
dark sides make me stop loving this man/woman Name(say full name).
ကိုမချစ်ချင်တော့တဲ့လူက ယောက်ျား ဆိုရင် this man ပေါ့။ မိန်းမ ဆိုရင် this woman ပေါ့ကွာ။ ( say full name ) ဆိုတဲ့နေရာမှာ သူ့ နာမည်ကို အပြည့်အစုံ ထည့်ပြီး ပြောပါ။ အင်္ဂလိပ်လို ရွတ်ဆိုရမှာဖြစ်တယ်။
ဒီ့နောက်မှာတော့ ပါဝင်ပစ္စည်းအားလုံးကို ခွက်ထဲမှာ ထည့်ပါ။ ကျောက်ခဲ မပါဘူးနော်။ ဇွန်းနဲ့ မွှေလိုက်ပါ။
With this potion I banish my feelings for (say his/her full name) Forever
With this potion I banish my feelings for (say his/her full name) Forever
With this potion I banish my feelings for (say his/her full name) Forever
အပေါ်က စာကြောင်း သုံးကြောင်းကို ရွတ်ဆိုရမယ်။ say his/her full name ဆိုတဲ့နေရာမှာ မင်းမချစ်ချင်တော့တဲ့လူရဲ့ အမည် အပြည့်အစုံကို ရွတ်ဆိုရမယ်။ အင်္ဂလိပ်လို ရွတ်ရမှာ ဖြစ်တယ်။
အဲဒီနောက် ခွက်ထဲက ဆေးရည်ကို သောက်လိုက်ပါ။ ကျောက်တုံးကို မင်းအိပ်ရာရဲ့ ခြေရင်းမှာ ထားလိုက်ပါ။ မကြာခင်မှာပဲ သူ့ အပေါ်မှာထားတဲ့ မင်းရဲ့ အချစ်တွေက အမုန်းတွေ အဖြစ် ပြောင်းလဲသွားလိမ့်မယ်။
ဒါဟာ လူတိုင်းအတွက်လို့တော့ အာမ မခံပါဘူး။ ယုံကြည်ချက်နဲ့ပဲ ဆိုင်တယ်။ လူတစ်ချို့ အတွက်တော့ လုံးဝ အသုံးဝင်ပါလိမ့်မယ်။
ဆက်လက် မျှဝေပေးပါဦးမယ်။
 ဆရာရှန်တီ
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top