Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

Wizard (X) Files: The Secret of Witchcraft Part(2)

ဤကဏ္ဍကိုအပတ်စဉ် တနင်္ဂနွေနေ့တိုင်းတင်ဆက်ပေးသွားပါမည်
Photo: မှော်ပညာကို အောက်လမ်းအတတ်၊ ပြုစားခြင်းအတတ်နှင့် ပရလောကသားများအကူအညီကိုသာ ယူဆောင်အသုံးပြုခြင်းအတတ်ဟုဆိုသူများအတွက် မှော်ပညာ၏လျှို့ဝှက်ချက်များကို ဖွင့်ထုတ်ပြသမည့် Wizard (X) Files ► The Secret of Witchcraft အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း KCB Center တွင် ဇူလိုင်လ(၁၃)ရက်နေ့မှစတင်ကာ တင်ဆက်ပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ..

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
မြန်မာ့ပထမဆုံးမှော်နှင့်သဘာဝလွန်ပညာမျှဝေရေးဘလော့ဂ်

                မှော်ပညာဆိုတာကဘာလဲ..။ မန္တန်တွေဘာကြောင့်အစွမ်းထက်ရတာလဲ ..။ အဲ့ဒီလျှို့ဝှက်ချက်များအကြောင်းကို ကျွန်တော်တို့ Part(1) မှာဖတ်ရှုခဲ့ရပြီးပါပြီ။ မန္တန်တွေဘာကြောင့်အစွမ်းထက်ရတာလဲဆိုတဲ့နေရာမှာ ပရလောကသားများ၊ နတ်များ၊ စသူတို့ရဲ့ အကူအညီကိုယူပြီး အစွမ်းထက်ခြင်းဆိုတာပါလာခဲ့ပါတယ် ..။ ဒါဆိုရင် ပဟေဠိတစ်ခုကထပ်တိုးလာခဲ့ပြန်ပါပြီ။ အဲ့ဒီ ပရလောကသားများကကော အမှန်တကယ်တည်ရှိပါရဲ့လား.။

The Spirits really exists?
                 ဝိဥာဉ်များ၊ ပရလောကသားများဟာ တကယ်ရှိပါရဲ့လားဆိုတာကလည်း မေးခွန်းထုတ်စရာ ကိစ္စတစ်ခုပင်ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ အတော်များများက ကိုယ့်မျက်စိနဲ့တပ်အပ်မြင်မှ ယုံကြသူတွေများတယ်ဆိုတော့လေ။ ကျွန်တော်တို့ ဝိဥာဉ်တွေကို မမြင်ရပါဘူး ..။ ကန့်သတ်ထားတာကြောင့်ပဲံဖြစ်ပါတယ်။ ဥပမာအားဖြင့်ပြောရရင် ကျွန်တော်တို့ လူတွေရဲ့နားဟာ 20Hz လှိုင်းနှုန်းရှိတဲ့အသံကနေ 20000 Hz လှိုင်းနှုန်းအထိပဲ ကြားရနိုင်တာကြောင့် အရမ်းကျယ်လွန်း တိုးလွန်း နိမ့်လွန်း မြင့်လွန်းတဲ့အသံတွေ မကြားရနိုင်ပါဘူး။ ကျွန်တော်တို့မျက်လုံးတွေကကော ဘာကြောင့် တစ္ဆေတွေကို မမြင်ရတာလဲဆိုရင်တော့ ကန့်သတ်ထားတာကြောင့်ပါပဲလို့ ပြောပြလို့ရနိုင်ပါတယ်။ ဥပမာပြောရရင် Remote Control တစ်ခုက ခလုတ်ကိုနှိပ်လိုက်ရင် သူ့ရဲ့ရှေ့က မီးလေးလင်းသွားပါတယ်။ အဲ့ဒီမီးလေးလင်းသွားတာကို ကျွန်တော်တို့မျက်စိက မမြင်ရနိုင်ပါဘူး။ မီးလင်းသွားကြောင်းသိချင်ရင်တော့ ဖုန်းကင်မရာကနေ Remote မီးသီးလေးကိုချိန်ပြီး Remote ကိုနှိပ်ကြည့်ပါက မီးလေးလင်းသွားကြောင်းကို ကင်မရာကနေတစ်ဆင့် မြင်ရပါတယ်။ ဒါကတော့ အလင်းလှိုင်းကို မျက်လုံးကကန့်သတ်ထားပြီး ကင်မရာကကန့်သတ်မထားပဲ ပုံရိပ်ဖမ်းပေးခြင်းဖြစ်တဲ့ ပုံရိပ်ဖမ်းနိုင်စွမ်းကွာခြားချက်ကြောင်းပဲဖြစ်ပါတယ်။ ခွေးတွေဟာ သရဲတွေမြင်ရင် အူကြတယ်လို့ ရှေးလူကြီးတွေအယူရှိကြပါတယ်။ ခွေးမျက်လုံးတွေဟာ အရာဝတ္ထုအားလုံးကို အဖြူ အမည်းနဲ့သာမြင်ရပြီးတော့ ကျွန်တော်တို့ လူသားတွေမမြင်ရနိုင်တဲ့ မြင်နိုင်စွမ်းမရှိတဲ့ ကန့်သတ်အရာဝတ္ထုတွေ၊ သက်ရှိတွေကို မြင်ရနိုင်ပါတယ်။ အရာဝတ္ထုမှာ Solid, Liquid, Gas (အစိုင်အခဲ၊ အရည်၊ အငွေ့) ပုံစံသုံးမျိုးရှိသလို သက်ရှိမှာလည်း အစိုင်အခဲသဏ္ဍာန်သက်ရှိ၊ အရည်သဏ္ဍာန်သက်ရှိ၊ အငွေ့သဏ္ဍာန်သက်ရှိဆိုပြီး ပုံစံသုံးမျိုးရှိပါသေးတယ်။ အစိုင်အခဲသဏ္ဍာန်သက်ရှိကတော့ ကျွန်တော်တို့လူတွေ၊ ခွေးတွေ၊ ကြောင်တွေစတာတွေပဲဖြစ်ပြီး အရည်သဏ္ဍာန်သက်ရှိတွေကတော့ လူနည်းစုသာတွေ့ဖူးကြတဲ့ ပျော့ပျောင်းစေးကပ်ကာ ပုံစံအမျိုးမျိုးပြောင်းလို့ရတဲ့ ချွဲပျစ်ပျစ် ဆဲလ်တစ်လုံးထဲသာပါဝင်တဲ့ ဂလင်းဖွဲ့သက်ရှိ (Unicellular Glands) တို့ပဲဖြစ်ပြီး အငွေ့သဏ္ဍာန်သက်ရှိကတော့ ကျွန်တော်တို့မမြင်နိုင်တဲ့ ဝိဥာဉ်များ၊ ပရလောကသားများပင်ဖြစ်ကြပါတယ်။ သူတို့ဟာ လှိုင်းနှုန်းတစ်ခုအနေနဲ့တည်ရှိပြီး တစ္ဆေဆိုပါက လှိုင်းနှုန်းတစ်မျိုး၊ နတ်ဆိုပါက လှိုင်းနှုန်းတစ်မျိုး စသဖြင့် တည်ရှိကြပြီး အမျိုးအစားခွဲခြင်းနဲ့ သူတို့တည်ရှိရာကိုရှာဖွေနိုင်တဲ့ ထူးကဲလျှပ်စစ်သံလိုက်ခြေရာခံပရလောကသားဖမ်းစက် (EMF Detector) များကိုလည်း လက်ရှိခေတ်မှာတီထွင် အသုံးပြုနေနိုင်ကြပြီပဲဖြစ်ပါတယ်။ ပရလောကသားတွေဟာ တစ်ဦးနဲ့တစ်ဦးပင် လှိုင်းနှုန်းချင်းမတူညီကြဘဲ ဥပမာပြောရပါက 87.9 MHz တွင် Mandalay FM လိုင်းရှိပြီး အခြား MHz တွင် အခြားလိုင်းရှိပေလိမ့်မည်။ ဥပမာပေးရပါက 87.9MHz ကို ဖမ်းယူရရှိမိပါက Mandalay FM ဟုအမည်ရသော ပရလောကသားတစ်ဦးကို အာရုံခံမိကြောင်းပြောဆိုကြပြီး လှိုင်းနှုန်းပုံသဏ္ဍာန်တစ်မျိုးကို ပရလောကသားတစ်မျိုး (နတ်၊ တစ္ဆေ၊ ဘီလူး၊ သဘက် စသဖြင့်) သတ်မှတ်ကြပါတယ်။

             ဒီလောက်ဆိုရင်တော့ သရဲတစ္ဆေတွေအကြောင်းကို အားလုံးနားလည်လောက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက် Part(3) မှာတော့ ဘယ်သူမှ ဖြေရှင်းပေးနိုင်ခြင်းမရှိသေးတဲ့ ဗေဒင်နက္ခတ်ပညာ ဘာကြောင့်မှန်ကန်အစွမ်းထက်ရသလဲဆိုတဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်သွားမှာဖြစ်တာကြောင့် The Secret of Witchcraft ကဏ္ဍကို KCB Center မှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စောင့်မျှော်ဖတ်ရှုနိုင်ကြပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top