Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

အတိတ်၊ နိမိတ်၊ တဘောင်များအားလေ့လာခြင်း


                               ဇမ္မူဒီပါ လက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်းတဲ့ဗျ။အတိတ် နိမိတ်တွေဆိုတာ ကမ္ဘာဦးကတည်းက ရှိခဲ့တာပါ။ကမ္ဘာဦးအစ ကြာငါးခိုင် နိမိတ်ကြောင့် ဘုရား၅ဆူပွင့်မယ့် ဘဒ္ဒကမ္ဘာဆိုပြီး နိမိတ်ဖတ်ခဲ့ကြပါတယ်။နောက်ဗုဒ္ဓဘုရားရှင်တောင် နိမိတ်ကမလွတ်ပါဘူး။သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးကို မြင်ပြီးတောထွက်ခဲ့ပါတယ်။အတိတ် နိမိတ် တဘောင် စနည်း စတာတွေကိုရေးမယ်ဆို ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်က အယူတော်မင်္ဂလာ ဦးနိုးအကြောင်းမပါမဖြစ်ပါရပါမယ်။ဦးနိုးဟာ အသက် ၂၀ အရွယ် ငယ်ငယ်လေးနဲ့ နေမျိုးလေခ ပျံချီဘွဲ့ရထားတော့ မှုးမတ်တွေက မကျေမနပ်နဲ့ ပညာစမ်းကြပါတယ်။မှူးမတ်တစ်ယောက် အမြဲကိုင်တဲ့ ကွမ်းအစ်ကို မောင်နိုးအား မကိုင်ကြည့်စေပဲ အလေးချိန်ဘယ်လောက်ရှိလဲ ဖြေစမ်းလို့မေးသတဲ့။ဒါနဲ့မောင်နိုးက အနီးနားမှာ ထူးခြားတာရှိမလား ရှာကြည့်ရာ မတွေ့ နောက်ဆုံး မဏ္ဌုပ်အမိုးမော့ကြည့်မှ မိုးထားတဲ့ကပ် အားလုံးလိုလို အသစ်ဖြစ်နေပေမယ့် တစ်ခုသောကပ်က ကျိုးနေပါတယ်။ဒါကြောင့် ကျေနပ်သွားပြီး ကပ်ကျိုး (ကိုးကျပ်) အလေးချိန် ကိုးကျပ်သားရှိကြောင်း ဖြေလိုက်တာ ကွက်တိမှန်နေပါတော့တယ်။အဲ့ဒီလိုပဲ အတိတ် နိမိတ် တဘောင် စနည်းတွေဟာ ပါတ်ဝန်းကျင် အခြေအနေပေါ်လိုက်ပြီး အမြင်အကြား ထူးခြားနေတာမျိုးပေါ် ကောက်ယူဖြေဆိုရပါတယ်။တနေ့တာမြင်သမျှတွေ နားမထောင်ပဲကြားရတာမျိုး(ဥပမာ လက်ရှိ ဗိုလ်အောင်ဒင် မိချောလိုမျိုး) တမင်တကာနားထောင်တာမျိုး မဟုတ်ပဲ နားထဲအလိုလို ရောက်လာတာမျိုးတွေပါ။စနည်း တောင် တဘောင်မြောက် ဆိုတာလည်းရှိပါတယ်။ရှေးက စနည်းနာဖို့ဆိုရင် မြို့တောင်ဖက် တံခါးကထွက်ရပါတယ်။တဘောင်ရွတ်ရင် မြောက်ဖက်တံခါးမှာ ရွတ်ပါတယ်
                                    ။နောက်ပြီး ကလေးစကား အရူးစကား သဘင်သည်စကားတွေကို တဘောင်အဖြစ်လည်း ယူကြပါတယ်။အတိတ် နိမိတ်တွေ ဆိုတာ ပါတ်ဝန်းကျင်မှာ ပုံစံ အမျိုးမျိုးနဲ့ ပြန့်ကျဲနေတက်ပါတယ်။အနောက်တိုင်းမှာလည်း ရှိပါတယ်။10$ တန်ကို ခေါက်လိုက်ရင် WTC ကိုလေယာဉ်နဲ့ ဝင်တိုက်လို့ မီးလောင်နေတဲ့ပုံကို မြင်ရပါတယ်။10$တန်ဟာ WTC မီးမလောင်ခင်ကတည်းက ရှိနေတဲ့ အရာပါ။ဒါပေမယ် WTC မီးလောင်ပြီး နောက်မှ ဒီနိမိတ်ကို တွေ့ရှိခဲ့တာပါ။ဒီလောက်ဆ်ု နဲနဲသဘောပေါက်လောက် ပါပြီ။ဟုတ်ပြီဗျာ ကျနော်တို့ မြန်မာနိုင်ငံကြီး ဘာတွေလွဲနေလဲ ပြန်ဆန်းစစ်ကြည့်ရအောင်။ကျနော် သတိထားမိတာလေးတွေပါ။အရင်ဆုံး လွတ်လပ်ရေးမရခင် အင်္ဂလန်က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတော့မယ်ဗျာ။ဘယ်အချိန်ယူမှာလဲ မေးတော့ တိုင်ပင်ကြတာပေါ့။အဲ့မှာ အတိတ်နိမိတ် နားလည်တဲ့ ဆရာကြီးတစ်ယောက်ရှိတယ်ဗျ။ကျနော်နာမည်မေ့နေလို့။သူက ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ ၄၈ မိနစ် ၄၆ စက္ကန့် အင်္ဂါဂြိုဟ် ကြီးစိုးတဲ့အချိန်မှာ ယူခိုင်းလိုက်ပါတယ်။အင်္ဂါဂြိုဟ်ဆိုတာ မာစ်းဂြိုဟ် စစ်နတ်ဘုရားဂြိုဟ်ဗျ။သူကတော့ စေတနာနဲ့ စစ်တပ်အင်အား တန်ခိုးကြီးအောင်ပါ။ဟုတ်တော့လည်းဟုတ်တယ်ဗျ အဲ့ဒီတုန်းက BIA ဗမာ့တပ်မတော်မှာ အင်အားက ၅၀၊၁၀၀လောက်ပဲရှိသေးတာကိုး။အဲ့ဒီကစ စစ်တပ်တန်ခိုးထွားပုံက နှစ်၅၀ လောက်အုပ်ချုပ်တယ်။ခုအုပ်ချုပ်မှူပိုင်း မကိုင်တော့ ဖြစ်လိုက်ကြတဲ့ စစ်ပွဲတွေ အင်္ဂါဂြိုဟ် စစ်နတ်ဘုရားရဲ့ စိုးမိုးမှုတွေပေါ့။အင်္ဂါဂြိုဟ် ခိုက်နေတဲ့ သဘောပါ။နောက်လွဲနေတဲ့ ကျနော်သတိထားမိတဲ့ အရာတစ်ခု တဘောင်ဆိုတာ စာချိုးလေးတွေနဲ့ လာတာများတယ်ဗျ။''တံတားဦးက ကွမ်းနုဝါ၊ငမျှာက ဆေး၊ကွမ်းသီး တောင်ငူနှင့် ကိုင်း(စစ်ကိုင်း) ထုံးဖြူ၊ပြည် သျှား သာဝါးလို့ထွေး'' ဆိုတာတော့ သိကြမှာပါ။ကွမ်းယာအတွက် အကောင်းဆုံးတွေ ထွက်ရှိရာကို ဖော်ပြထားတာပါ။ဒီနေ့ထိလည်း မှန်နေပါတယ်။အဲ့ဒီမြို့တွေက ပစ္စည်းတွေ အကုန်ကောင်းတယ် ဆိုတာ ကွမ်းစားသူတိုင်း သိကြပါတယ်။အဲ့ဒီစာချိုး တဘောင်မှာ ဘာလွဲနေလဲဆိုတော့ ကိုင်း(စစ်ကိုင်း)ထုံးဖြူဗျ။စစ်ကိုင်းမြို့က ထုံးဖြူဟာ အကောင်းဆုံးဖြစ်တယ်ဗျ။ဒါကြောင့် စစ်ကိုင်း ကောင်းမှုတော် ဘုရားကို ရှေးမင်းတွေက အကောင်းဆုံး ဖြစ်တဲ့ ထုံးသင်္ကန်းကို ကပ်လှူထားတာပါ။စစ်ကိုင်းမြို့ ကောင်းမှူတော် ဘုရားမြင်တာနဲ့ ကိုင်းထုံးဖြူ ကိုသတိရကြပါတယ်။အဲ့ဒီတော့ ဘုရားကြီး ထုံးသင်္ကန်းနဲ့ စစ်ကိုင်း အပြန်အလှန် သဟဇာတဖြစ်နေပါတယ်။ခုတော့ ထုံးသင်္ကန်းအစား ရွှေသင်္ကန်း ပြောင်းကပ်လိုက်တော့ မြန်မာနိုင်ငံကြီးခိုက်ပါလေရော။ဘာခိုက်လဲ ရှေ့မှာခိုက်နေတဲ့ အင်္ဂါဂြိုဟ် စစ်ပွဲတွေ ပိုအားကောင်းလာတာပေါ့။နောက်သတိထားမိတာတစ်ခုက ''ရှေးထုံးကိုလည်း မပါယ်နဲ့ ဈေးသုံးကိုလည်း မလွယ်နဲ့''တဲ့။ရှေးကထုံးတန်းစဉ်လာတွေကိုမပါယ်ဖို့ပါ။ကျနော်သတိထားမိတာက ရှေးရိုးကိုလည်းမပါယ်နဲ့လို့ ရေးလည်းရတာပဲလေ။ဒါပေမယ့် ရှေးထုံးလို့ရေးခဲ့တယ်။မြန်မာတွေ ရှေးထုံးကို ပါယ်ခဲ့ပြီ။ကောင်းမှုတော်ဘုရား ထုံးသင်္ကန်းကို ပါယ်ခဲ့ပြီ။ပိုကောင်းအောင် ရွှေသင်္ကန်းကပ်လှုခဲ့တာ မှန်ပါတယ်။ဒါပေမယ့် အပေါ်က လွတ်လပ်ရေးယူချိန်လိုပေါ့။စေတနာလွန်ပြီး အမှားတွေဖြစ်ကုန်တာပါ။ဘာလို့ကောင်းမှုတော် ဘုရားလို့ပြောနိုင်တာလဲ။နောက်ထူးခြားတာတွေ ရှိသေးတယ်ဗျ။သတိထားမိလား။မြန်မာနိုင်ငံမှာ ပြဿနာဖြစ်ခဲ့တဲ့ မြို့တွေ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လက်ပတန်းမြို့ သပိတ်စစ်ကြောင်း ဖြိုခွင်း၊ပဿနာဖြစ်ခဲ့တဲ့ မြို့တိုင်း လပတ တွေတူနေတာ သတိထားမိလား။လပတ ဆိုတော့ အလယ်ပိုင်းတိုင်း။အလယ်ပိုင်းတိုင်းမှာ ပြဿနာဖြစ်နေတယ်လို့ နိမိတ်ပြနေတာ။အဲ့ဒီတော့ မန္တလေးနဲ့ အနီးတဝိုက်မှာ ကြီးကြီးမားမား ဘာလွဲနေလဲ။ဘာတွေမှားနေလဲ လိုက်ရှာတော့ ကောင်းမှုတော်ဘုရား ကိုသွားတွေ့ပါတယ်။နောက် ကြေးနီတောင် ကြေးဆိုတာ အများဆုံး အသုံးပြုတာ ကြေးသွန်းဘုရားတွေ ကြေးခေါင်းလောင်းတွေ အသုံးပြုတာအများဆုံး၊နောက် သပိတ်စစ်ကြောင်း သပိတ်ဆိုတာ ရဟန်းတွေ အသုံးအဆောင် ဒီတော့ သာသနာနဲ့ပါတ်သက်တဲ့ အမှားတခုခုကို အဓိကထားရှာရမယ့် သဘောကိုသက်ရောက်နေပါတယ်။ဒါကြောင့် အယူတော်မင်္ဂလာ အတိတ်နိမိတ် အရ ကောင်းမှုတော် ဘုရားလို့ ယူပါတယ်။အိမ်တစ်အိမ်မှာ ထားနေကျ ပစ္စည်းက သူ့နေရာသူ မရှိရင် ဒီအိမ်မှာခိုက်တက်ပါတယ်။ဥပမာ အိမ်တွင်းနတ်စင် ဆိုပါတော့။နတ်စင်က နတ်စင်နေရာမှာ မရှိပဲ အိမ်သာနားရောက်နေမယ် ဖိနပ်စင်နားရောက်နေမယ် ဆိုရင် ဒီအိမ်မှာ စီးပွားရေးအဆင်မပြေတာမျိုး ခိုက်ရန်အမြဲဖြစ်နေတာမျိုးပေါ့။အဲ့ဒီတော့ ဆရာတွေ ပြတယ်။ဆရာတွေက စစ်ပြီး ပြောမှအမှားတွေ ပြင်လိုက်မှ အဲ့ဒီအိမ် ပြန်အဆင်ပြေသွားပါတယ်။အဲ့ဒီလိုပဲ မြန်မာနိုင်ငံဆိုတဲ့ အိမ်မှာလည်း တချို့အရာတွေက သူ့နေရာနဲ့သူ ရှေးမူမပျက် ထားမှကောင်းတဲ့ အရာတွေပါ။ရှေးပညာရှိတွေက ဘယ်လိုအစီရင်နဲ့ လုပ်ခဲ့လည်းဆိုတာ ခုခေတ်လူတွေ ဥာဏ်နဲ့မသိနိုင်ပါဘူး။အဲ့ဒီလို မသိတဲ့ မရာတွေကို ရမ်းလုပ်မိရင် ဖြစ်လာတဲ့ အကျိုးဆက်ကို ခံစားရမှာပါ။

                                                                                                        တောင်ပင်လယ်နွားရိုင်း
                                                                                                               ရွှေမိုးရှိန်
                                                                                                     KCB Witchcraft Society
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

2 မှတ်ချက်များ

Zagyiဖြစ်ဖြစ် unicodeဖြစ်ဖြစ် ညြ့်လို့မရဘူးကွ ဘာဖြစ်တာလဲ

Reply

I want to know how to be a vampire.can you post that ?

Reply

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top