(ယခုစာအုပ်သည် ဟယ်ရီပေါ်တာရုပ်ရှင်ထဲမှ ဟော့ဝပ်မှော်ကျောင်းတော်တွင်
သင်ရိုးအဖြစ်အသုံးပြုသော ကျောင်းစာအုပ်တစ်အုပ်ဖြစ်ပြီး လက်ရှိရိုက်ကူးလျက်ရှိသော ဟယ်ရီပေါ်တာဇာတ်လမ်းတွဲရုပ်ရှင်မှာ ဤစာအုပ်ထဲမှအချက်အလက်များစွာကို မှီတည်ထားပါသည်။)
What is a beast?
သားရဲ (beast) ဆိုတာဘာလဲ..။
Beast ဆိုသောစကားလုံးကို အဓိပ္ပာယ်သတ်မှတ်ဖို့ရန်အတွက် ရာစုနှစ်ပေါင်းများစွာ ကြာအောင် အငြင်းပွားမှုများရှိခဲ့ပါတယ်။ ဒီကိစ္စကြိးဟာ မှော်သတ္တဗေဒ ပထမနှစ်ကျောင်းသားများအဖို့ အံ့သြဖွယ်ဖြစ်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ မှော်ဝင်သတ္တဝါသုံးကောင်လောက်ကို အမျိုးစားခွဲ ကြည့်လိုက်မယ်ဆိုရင် အံ့သြစရာမဟုတ်ဘူးဆိုတာ သိရပါလိမ့်မယ်။
သမန်းဝံပုလွေ (werewolf) ဟာ (Wizard ဖြစ်ဖြစ်၊ Muggle ဖြစ်ဖြစ်) သူတို့ရဲ့ ဘဝအချိန်တော်တော် များများကို လူသားအဖြစ်နဲ့ပဲ ကုန်ဆုံးကြပါတယ်။ ဒါပေမယ့် တစ်လမှာ တစ်ချိန်လောက် တော့လေးဖက်ထောက်သားရဲတိရိစ္ဆာန် အဖြစ် ပြောင်းလဲကာ သတ်ချင်ဖြတ်ချင်တဲ့ စိတ်တွေနဲ့အတူ လူသားပုံစံ လုံးဝမရှိဘဲဖြစ်ရပါတယ်။
Centaurs (မြင်းကိုယ်လူတစ်ပိုင်း) တွေရဲ့ အလေ့အထတွေဟာ လူသားတွေနဲ့မတူ ဘူး။ တောတောင်တွေထဲမှာနေတယ်။ အဝတ်အထည်ဝတ်ဆင်ဖို့ကိုငြင်းဆိုတယ်။ Wizard တွေနဲ့ Muggle တို့တွေနဲ့ အဆက်အဆံကင်းမဲ့စွာ ပိုနေချင်တယ်။ ဒါပေမယ့် ဥာဏ်ရည်ကတော့ လူသားတွေနဲ့ ညီတူပဲ။
Troll (မြေဖုတ်) တွေက လူသားဆန်ဆန်ပုံစံရှိပြီး မတ်မတ်လျှောက်တယ်။ တစ်ခါတလေ သင်ပေးထားရင် စကားတစ်ခွန်းစ နှစ်ခွန်းစ ပြောတတ်တယ်။ ဒါပေမယ့် ဥာဏ်ရည်ကတော့ ညံ့ဖျင်းတဲ့ Unicorn (ချိုတစ်ချောင်းမြင်း) တွေလောက်တောင်မရှိသလို သဘာဝလွန်အောင် သန်မာတာက လွဲလို့ ဘာမှော်အစွမ်းမှမရှိဘူး။
ကျွန်ုပ်တို့မှာ မေးစရာတွေရှိလာပြီ။ ဘယ်သတ္တဝါဟာ "being" ဖြစ်သင့်သလဲ။ ဆိုလိုတာက တရားဝင်အခွင့်အရေးတွေ၊ မှော်အစိုးရရဲ့ စီမံမှုကို ငြင်းဆိုခွင့်တွေ၊ ရပိုင်ခွင့်တွေကို ထိုက်တန်စွာရရှိမယ့် သတ္တဝါဟာ "being" ပါပဲ။ အဲ့လိုဆိုတော့ "beast" မှာရော ဘာတွေပါမလဲ။
Beastတွေကို အမျိုးအစားသတ်မှတ်ဖို့ ကြိုးစားခဲ့တဲ့ ပထမဆုံး ချဉ်းကပ်မှုမှာ အရမ်းကိုဆိုးဝါး ခဲ့တယ်။ ၁၄ ရာစုနှစ်လောက်က မှော်ပညာရှင်များကောင်စီဥက္ကဋ္ဌ (မှော်ဝန်ကြီးဌာနမတိုင်မီ) Burdock Muldoon ဟာ ခြေနှစ်ချောင်းထောက်လမ်းလျှောက်တဲ့ မည်သည့် မှော်ဝင်သတ္တဝါမဆို "being" စာရင်းဝင်ပေးပြီး ကျန်သတ္တဝါများဟာ "beast" စာရင်းဝင်ဖြစ်တယ်လို့ ကြေငြာခဲ့တယ်။ ခင်မင်ရင်းနှီးမှု ရရှိလိုသောဆန္ဒနှင့်အတူ သူဟာ beingစာရင်းဝင်သတ္တဝါများအားလုံးကို မှော်ပညာရှင်များနဲ့အတူ အသစ်အသစ်သော ဥပဒေများ ချမှတ်ဖို့ရန် ညီလာခံတစ်ခုမှာ ဆင့်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့တွက်ချက်မှုဟာ မှားယွင်းသွားခဲ့တယ်။ ဒီညီလာခံကြီးတစ်ခုလုံးဟာ Goblin တွေကြောင့် အကြီးအကျယ်ပျက်စီးခဲ့ရတယ်။ Goblin တွေဟာ သူတို့တတ်နိုင်သလောက် တွေ့ရသမျှ ခြေနှစ်ချောင်း
ထောက်မှော်ဝင်သတ္တဝါတွေကို ခေါ်ချလာခဲ့တယ်။ မှော်သမိုင်းပညာရှင် ဘတ်သီဒါဘတ်ရှော့ (Bathida Bugshot) က ဒီအကြောင်းကို A History of Magic (မှော်ပညာသမိုင်းတစ်ခေတ်) လို့ခေါ်တဲ့ စာအုပ်မှာ ဖော်ပြထားတယ်။
"Diricawls တွေရဲ့ တစ်ကွက်ကွက်အော်သံတွေ၊ Augureys တွေရဲ့ ညည်းညူသံတွေနဲ့ နားမခံနိုင်စရာ Fwouper တွေရဲ့အသံတွေ ဆူညံနေတယ်။ မှော်ဆရာနဲ့ မှော်ဆရာမတွေဟာ ဒီအကောင်တွေရှေ့မှာ အကြံဥာဏ်တောင်းခံလွှာတွေပေးနေတုန်း pixies တွေ Fairies တွေဟာ မျက်စိနောက်လောက်အောင် တခစ်ခစ်ရယ်လိုက် ပစ္စည်းတွေနဲ့ပေါက်လိုက်နဲ့ လုပ်နေကြတယ်။ Troll တစ်ဒါဇင်လောက်ကလည်း ခုံတွေက နံရံတွေကို သူတို့တင်းပုတ်တွေနဲ့ ထုခွဲပြီး သူတို့အစာဖြစ်တဲ့ ကလေးငယ်လေးတွေကို လိုက်ရှာကြတယ်။ ကောင်စီဥက္ကဋ္ဌဟာ ညီလာခံစတင်ကြောင်း ကြေညာဖို့အထ မှာ Porlock ရဲ့ ချီးပုံပေါ်တက်နင်းမိပြီး ချော်လဲသွားတယ်။
(Diricawls, Angureys, Fwoupers, Porlock ဆိုတာ မှော်ဝင်သတ္တဝါတွေပါ။ နောက်အခန်းများတွင် ဖတ်ရှုနိုင်ပါတယ်)
ကျွန်ုပ်တို့ တွေ့ရတဲ့အတိုင်းပါပဲ။ ခြေနှစ်ချောင်းထောက်ရုံနဲ့ being ဖြစ်ဖို့ အာမ,မခံနိုင်ဘူး။ Burdock Muldoon ဟာလည်း နောက်တစ်ခါ မှော်ပညာရှင်များကောင်စီကို ထိုသတ္တဝါတွေအား ထပ်မဆင့်ခေါ်ရဲတော့ပါဘူး။
Muldoon ရဲ့ နောက်ပိုင်းဆက်ခံသူ Madame Elfrida Uagg ဟာလည်း တခြားမှော်ဝင် သတ္တဝါများတွေနဲ့အတူ ရင်းနှီးကျွမ်းဝင်ကာ တူညီလက်တွဲလိုသော မျှော်လင့်ချက်နဲ့ "being" ရဲ့ အဓိပ္ပာယ်ကို ပြန်လည်ဖွင့်ဆိုဖို့ ကြိုးစားခဲ့ပါသေးတယ်။ မည်သည့် သတ္တဝါမဆို လူစကားပြောတတ်ရင် "Being" ပါလို့ သူမကကြေငြာခဲ့တယ်။ ကောင်စီဝင်များ၏စကားကို နားလည်သူမည်သည့် သတ္တဝါမဆို ညီလာခံကိုလာဖို့ ဖိတ်ကြားခဲ့တယ်။ ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာ ပြဿနာတွေ ဖြစ်ခဲ့ကြသေးတယ်။ Goblinတွေဟာ Trollတွေကို စကားအနည်းငယ်ပြောတတ်အောင် သင်ကြားပြသပေးပြီး ခေါ်ချလာခဲ့တယ်။ Troll တွေဟာ အရင်တစ်ခါကလိုပဲ ညီလာခံခန်းမကို ဖျက်စီးကြတယ်။ Jarvey တွေကလည်း အခန်းထဲ ပတ်ပြေးပြီး လူတွေရဲ့ ခြေကျင်းဝတ်တွေကို လိုက်ကိုက်ကြတယ်။ သရဲတစ္ဆေတွေကလည်း (အရင်တစ်ခါ Muldoon ကြေငြာချက်က ခြေနှစ်ချောင်းထောက် လမ်းလျှောက်သူလို့ဆိုတော့ မလာရဘူး။ သရဲတစ္ဆေတွေက လျောတိုက်ရွေ့ကြတာ) ညီလာခံကိုတက်တယ်။ ဒါပေမယ့်လည်း သရဲတစ္ဆေတွေဟာ ကောင်စီဝင်တွေရဲ့စကားကြောင့် အမျက်ထွက်သွားကြတယ်။ (ကောင်စီကရှင်သန်သူတွေရဲ့ လိုအပ်ချက်မှုအတွက်ရည်ရွယ်ကာ သေပြီးသူတွေရဲ့ဆန္ဒကိုမရည်ရွယ်ပါ)
Muldoon လက်ထက်က beast အမျိုးအစားအောက်မှာပါခဲ့ပြီး ယခု Madame Clagg ရဲ့လက်ထက်မှာ Being အမျိုးအစားဝင်ဖြစ်ခဲ့တဲ့ Centaur တွေဟာလည်း ညီလာခံကို တက်ရောက်ဖို့ ငြင်းဆိုခဲ့တယ်။ ပြီးတော့ Merpeople (ရေသူထီးရေသူမ)တွေဟာလည်း ရေပေါ်မှာ Mermish (ရေသူမစကား) ကလွဲလို့ ဘာမှမပြောတတ်တော့ မတက်ရောက်နိုင်ခဲ့ပါဘူး။
၁၈၁၁ ခုနှစ်တိုင်အောင် မှော်လောက က လက်ခံနိုင်မယ့် တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မတင်ပြနိုင်သေးပေ။ အသစ်ခန့်အပ်လိုက်တဲ့ မှော်ဝန်ကြီးဌာနဝန်ကြီး Grogan Stump ဟာ "Being"အဓိပ္ပာယ်ကို ဖွင့်ဆိုခဲ့ပြန်တယ်။
" မည်သို့သောသတ္တဝါမဆိုမှော်လူထု၏ တရားဥပဒေကို နားလည်လက်ခံနိုင်ပြီးသော လုံလောက်သည့် ဥာဏ်ရည်နှင့်ပြည့်စုံကာ ထိုဥပဒေများကို အကောင်အထည်ဖော်ရာတွင် တစ်ထောင့်တစ်နေရာမှ တာဝန်ယူနိုင်လျှင် "being" ဖြစ်သည်။"
Troll ကိုယ်စားလှယ်တွေကို Goblin တွေမရှိချိန်မှာ သီးခြားစစ်ဆေးခဲ့တယ်။ Trollတွေဟာ သူတို့ကို ဘာပြောပြောနားမလည်ခဲ့ဘူး။ ဒါကြောင့် Beast အဖြစ်ပဲ စာရင်းသွင်းခဲ့တယ်။ Merpeople တွေကိုလည်း ဘာသာပြန်တွေကနေတစ်ဆင့်ဆက်သွယ်ခဲ့ပြီး ပထမဆုံးသော "being" ဖြစ်လာခဲ့တယ်။
Faries, Pixies တွေနဲ့ Gnomes တွေဟာ လူသားပုံစံရှိသော်လည်း "Beast" စာရင်းသာ ဝင်ခဲ့ပါတယ်။
သဘာဝကျစွာနဲ့ပဲ ဒီကိစ္စက ဒီမှာတင်ပြီးမသွားသေးပါဘူး။ အစွန်းရောက်သူတွေရဲ့ Muggle များကို "beast" စာရင်းသွင်းခိုင်းဖို့ Campaignတွေရှိကြောင်းကို ကျွန်ုပ်တို့တတွေ ရင်းနှီးပြီး ဖြစ်ကြပါလိမ့်မယ်။ ကျွန်ုပ်တို့ သိပြီးဖြစ်တဲ့အတိုင်း Centaurတွေဟာ "Being" အဖြစ်လက်မခံဘဲ "Beast" အဖြစ်သာနေထိုင်လိုကြောင်းပြောခဲ့တယ်။ သမန်းဝံပုလွေတွေကတော့ "beast" ဖြစ်လိုက် "being"ဖြစ်လိုက်နဲ့ နှစ်ပေါင်းများစွာကြာခဲ့တယ်။ ယခု ဤစာအုပ်ကိုရေးနေစဉ်အတွင်းမှာ "သမန်းဝံပုလွေများထောက်ပံ့ရေးဝန်ဆောင်မှုရုံးခန်း"ဟာ "being ဌာနစိတ်" အောက်မှာရှိနေပြီး "သမန်း ဝံပုလွေမှတ်ပုံတင်ခြင်းဖမ်းဆီးခြင်းယူနစ်"ဟာ "beast ဌာနစိတ်" အောက်မှာရှိနေပါတယ်။ များစွာသော ဥာဏ်ရည်မြင့်မားလှတဲ့ သတ္တဝါတွေဟာလည်း "Beast"စာရင်းထဲမှာ ပါဝင်နေတုန်းပါ။ သူတို့ဟာ သူတို့ရဲ့ ပြင်းထန်ရန်လိုမှုတွေကို မထိန်းချုပ်နိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ Acromantula (ကြီးမားသော ပင့်ကူ) နဲ့ Menticore (ဂရိဒဏ္ဍာရီလာသတ္တဝါ) တို့ဟာ လူသားနီးပါး စကားပြောစွမ်းရည် မြင့်မားပေမယ့် သူတို့အနားကိုကပ်လာတဲ့ မည်သည့်လူသားကိုမဆို စားသောက်လေ့ရှိတယ်။ S pint (ခြင်္သေ့ကိုယ်မိန်းမခေါင်း) တွေဟာ ပဟေဠိတွေ စကားထာတွေနဲ့ပဲ ပြောလေ့ရှိပြီး အဖြေမှားပါက အကြမ်းဖက်လေ့ရှိတယ်။
မှော်ဆရာ၊ မှော်ဆရာမတွေဟာ မှော်သတ္တဗေ၏အကြောင်း စကားစမိရင်း ဦးတည်သွားတဲ့ မေးခွန်းတစ်ခှုရှိနေပါတယ်။ အဲ့ဒီမေးခွန်းဖက်ကို တစ်ချက်ပြန်ကြည့်ရအောင် ..။
"Muggle (သာမန်လူ) တွေကကော ဒီသတ္တဝါတွေကို ဘာကြောင့် သတိမထားမိတာလဲ ..."
****ဤကဏ္ဍကို အပတ်စဉ်သောကြာနေ့တိုင်းဖတ်ရှုနိုင်မည်ဖြစ်ပါသည် ....

Emyrus Ambrosius (AF)
KCB Center
(ဤကဏ္ဍတွင် မေတ္တာဖြင့်ဘာသာပြန်ဆိုပေးပါသော Myanmar Wiccan Association (AF) မှ ဆရာ Emyrus Ambrosius အား KCB Center မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း...)
Post a Comment