Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

Wizard (X) Files : The God Diary in Real World

                God ဟုခေါ်သော နတ်ဘုရားများ ....။
                 သူတို့ကို ယုံကြည်ကြသူအများအပြားရှိပြီး သူတို့ကလက်ရှိမှာလည်း အစွမ်းထက်မြဲထက်နေဆဲပါ ....။ ဒါဆိုသူတို့က ဘာတွေလဲ ...။ ဘယ်ကလဲ ....။ တကယ်ကောရှိရဲ့လား ..။ သုတေသနရဲ့ရလဒ်တို့ကကော ဘယ်လိုပါလဲ ...။
                ဒါတွေအားလုံးကို အခုတင်ဆက်မယ့် Wizard (X) Files ကဏ္ဍမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
                
ပထမတွေ့ရှိချက် >>>>>
                ကျွန်တော်တို့ကမ္ဘာပေါ်ကို ရှေးဦးအခါက သိပ္ပံပညာရပ်မှာ တစ်ဖက်ကမ်းခပ်အောင် ဖွံ့ဖြိုးတိုးတက်နေတဲ့ ဂြိုဟ်က ဂြိုဟ်သားကြီးတွေဆင်းသက်လာကြပြီး လူသားများကို မည်သို့မည်ပုံနေထိုင်ရန်၊ မည်သို့မည်ပုံပြုမူရန်သင်ကြားပေးခဲ့ပြီး ကောင်းကင်သို့ ပျံသွားခဲ့ကြပါတယ်။ သူတို့တတွေကမ္ဘာကိုဆင်းသက်တုန်းက လက်ရှိခေတ်ဗိသုကာပညာနဲ့တောင် မဆောက်လုပ်နိုင်သေးတဲ့ အဆောက်အအုံများစွာဆောက်လုပ်ခဲ့ကြပါတယ်။ ရှေးအီဂျစ်ရဲ့ ရှေးဟောင်းအမွေအနှစ်ပုံများမှာလည်း ပန်းကန်ပြားပျံများ၊ လက်ရှိခေတ်က လျှပ်စစ်မီးသီးပုံများကိုလည်း အောက်ပါအတိုင်းတွေ့ရှိရမှာပါ။
                    ဒီ့အပြင်ကို အီဂျစ်ကပိရမစ်တွေပေါ်မှာလည်း ဂြိုဟ်သားဆန်ဆန် ထူးဆန်းတဲ့ ရုပ်ပုံသင်္ကေတတွေကို အောက်ပါအတိုင်းတွေ့ရပြန်ပါသေးတယ်။
                        ဒါ့အပြင် ပညာရှင်များဟာ ပိရမစ်လေးခုရဲ့တည်နေရာအချိုးအစားကိုလေ့လာခဲ့ပြီး နောက်မှာ ဒီပိရမစ်လေးခုရဲ့ တည်နေပုံအနေအထားနဲ့ အချိုးအစားဟာ Orion လို့အမည်ရတဲ့ ကြယ်စုနဲ့ တစ်ထေရာတည်းကွက်တိကျနေတာကိုလည်း တွေ့ရပြန်ပါသေးတယ်။ 
                       ပိရမစ်တွေရဲ့ ထိပ်ဘက်မှာအချွန်ပုံစံထားခြင်း၊ ထောင့်ထားသောအရပ်မျက်နှာများ တိုက်ဆိုင်ခြင်း၊ ဓာတ်ပြောင်းစုဆုံခြင်းနဲ့ အထက်အောက် ၃၆ဝ ဒီဂရီစွမ်းအင်စုစည်းခြင်း သီအိုရီများဟာလည်း ပိရမစ်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာလျှို့ဝှက်ချက်တို့ထဲက တစ်ခုပဲဖြစ်ပါလိမ့်ဦးမယ်။ ဒါပေမယ့် ကျွန်တော်အခုဖော်ပြမယ့်အကြောင်းကတော့ God တို့ရဲ့အကြောင်းပဲဖြစ်တာကြောင့် God တွေနဲ့ဆက်စပ်တဲ့အကြောင်းအရာများကိုသာ ဆက်သွားပါရစေ။ 
                        ရှေးဦးလူများဟာ ကောင်းကင်လူသား (Godများ) မြင်စေနိုင်ရန်အတွက် Symbol များဆွဲသားထားခြင်း၊ (သို့မဟုတ်) ပန်းကန်ပြားပျံဆင်းသက်ရန်လမ်းကြောင်းချထားပေးခြင်း (သို့မဟုတ်) ကောင်းကင်မှ God များကို ပူဇော်ရန်အတွက် လူစုလူဝေးဖြင့် အခမ်းအနားပြုလုပ်ရာ ယဇ်လမ်းကြောင်းအဖြစ်ထားခဲ့သော လမ်းကြောင်းများလို့ ယူဆရတဲ့နေရာများကိုလည်း Google Map View မှ အခုလိုမှတ်တမ်းတင်ထားတာကိုလည်း ကြည့်ရှုနိုင်ကြပါတယ်။

                          
ဒုတိယတွေ့ရှိချက် >>>>
                       လောကကြီးမှာ အစိုင်အခဲ၊ အရည်၊ အငွေ့နဲ့ဖွဲ့စည်းထားတာကို လူတိုင်းသိကြမှာဖြစ်ပါတယ်။ ကုန်း(အစိုင်အခဲ)ပေါ်မှာနေတဲ့သတ္တဝါ၊ ရေ(အရည်)ထဲမှာနေတဲ့သတ္တဝါဆိုတာ ကျွန်တော်တို့ ကမ္ဘာမှာ မြင်နေကျပါ။ ကုန်းနေကိုးကုဋေ၊ ရေနေဆယ်ကုဋေလို့ဆိုတဲ့အတိုင်းပဲ ကုန်းမှာနေတဲ့ သတ္တဝါအားလုံးကို ရေမှာရှာဖွေနိုင်တယ်လို့ အယူရှိကြပါတယ်။ အဲ့ဒီလိုပဲ ခုန ကုန်းနေ၊ ရေနေဆိုတဲ့ သတ္တဝါအပြင် လေ(အငွေ့)တွင်းမှာနေထိုင်ကြတဲ့ သတ္တဝါကြီးများမရှိနိုင်ဘူးလားလို့ ကျွန်တော်တို့ မေးခွန်းပြန်ထုတ်စရာရှိပါတယ်။(မှတ်ချက် - ငှက်များသည် ကုန်းနေသတ္တဝါဖြစ်သည်) ဒီလိုမျိုးပဟေဠိတွေကြောင့်ပါပဲ အာကာသသူရဲကောင်းဇာတ်လမ်းအချို့မှာ အာကာသမွန်းစတားကြီးတွေ ထည့်သွင်းထားတာကို ကျွန်တော်တို့ရုပ်ရှင်တွေထဲမှာလည်း တွေ့နေကြ၊ မြင်နေကြရပါတယ်။
                 ဒီလိုပဲ လေနေသတ္တဝါကြီးတွေထဲမှာ အခုပြောတဲ့ God လို့ခေါ်တဲ့ နတ်ဘုရားတွေများ ပါဝင်လာနိုင်မှာလား ...။ 
                နောက်ပြီး Godတစ်ပါးချင်းစီဆိုတာ Frequency တစ်ခုစီနဲ့ သီးသန့်ရှိနေတဲ့ Wave အစုတစ်ခုဖြစ်ပါတယ်ဆိုတဲ့တွေ့ရှိချက် ...။ အရင်က စက္ကောမလို့ခေါ်တဲ့ပညာ၊ နောက်ပြီး အီဂျစ်၊ မာယာ စတဲ့ရှေးဟောင်းမျိုးနွယ်များမှာရှိတဲ့ အရုပ်များအသက်သွင်းခြင်းပညာတို့မှာ အာကာသမှာရှိတဲ့ Frequency အစုအဝေး (God ဟုယူဆရသူ) နဲ့ အရုပ်ကိုယဇ်ပူဇော်တဲ့ကွင်းပြင်ဟာ အပေါ်အောက် တည့်တည့်တစ်တန်းတည်းမှာရှိသွားပြီ(အများအခေါ် -နက္ခတ်ကောင်းပြီ)ဆိုရင်တော့ အဲ့ဒီလှိုင်းနှုန်းဆီမှ ဓာတ်ကိုစီးစေပါတယ်။ (ဥပမာ January လအတွင်းမှာဆိုရင် မျက်နှာနှစ်ဖက်ပါ Janus နတ်ဘုရားလို့ သတ်မှတ်ခေါ်ဝေါ်ကြတဲ့ လှိုင်းနှုန်းစုကြီးဟာ အီဂျစ်ရဲ့ကောင်းကင်ပြင်ကြီးမှတွက်ရင် အလည်တည့်တည့်မှာရှိနေတတ်ပါတယ်။) ခုနပြောသလို ဓာတ်ကိုစီးနေချိန်မှာ ထူးဆန်းစွာပင် အရုပ်ကြီးတွေက အသက်ဝင်လာပါတယ်။ ချားလ်ဒါဝင်ရဲ့ ဓာတုပျော်ရည်ကို လျှပ်စစ်စီးရင် အသက်များဖြစ်ပေါ်လာတယ်ဆိုတဲ့ တွေ့ရှိချက်လိုပေါ့။ အဲ့ဒီလိုနည်းနဲ့ပြလုပ်ခြင်းဖြင့်လည်း ဖုတ်သွင်းကြတယ်၊ အရုပ်များအသက်သွင်းပြီး အရုပ်များကို မိမိစေလိုရာစေဓာတ်ကြပါတယ်။ 
                ဒါကတော့ God နဲ့ပတ်သတ်တဲ့ နောက်ထပ်တွေ့ရှိချက်တစ်ခုပေါ့။ 

- God နဲ့ပတ်သတ်တဲ့ တွေ့ရှိချက်တွေ လျှို့ဝှက်ချက်တွေကတော့ အမျိုးမျိုးအထွေထွေနဲ့ပါပဲ။ ဗုဒ္ဓဘာသာဝင်အချို့ကတော့ God ဆိုတာကို ဗြဟ္မာ့ဘုံက နာမ်ချည်းသက်သက်သာရှိတဲ့သူတွေလို့ ပြောကြပြန်တယ်။ အချို့ကလည်း အမှန်တကယ်အာကာသတွင်းမှာ တိုင်းပြည်ထောင်ဆောက်တည်ပြီး နေထိုင်ကြတဲ့ အာကာသဂြိုဟ်ဘုရင်တွေလို့ပြောကြပါတယ်။ အယူအဆများကတော့ တစ်ခုနဲ့တစ်ခုမတူလှသလို ယုံကြည်လက်ခံဖွယ်ကောင်းတဲ့အယူအဆများ၊ မဖြစ်နိုင်သောအယူအဆများလည်းတွေ့ရပြန်ပါတယ်။ ဒီပို့စ်ကိုတော့ ဒီမှာအဆုံးသတ်လိုက်ပါရစေ။ နောက်တစ်ခေါက် Wizard (X) Files ကဏ္ဍမှာတော့ အားလုံးစိတ်ဝင်စားမယ့် အခြားအကြောင်းအရာတစ်ခုကို ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုနိုင်ကြပါတယ်။ 

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
                    

author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

1 မှတ်ချက်များ:

အန္တာလန်တိတ် မြို့တော်က လူမျိုးစုတစ်စုဟာ အဲဒီ god လို့ခေါ်တဲ့ အရာများ ကို မိမိကိုယ်တွင်းမှာ ကိန်းအောင်းပြီး မီးစွမ်းအင်ကို ထိန်းချုပ်ကြတယ်လို့ ကြားဖူးပါတယ်

Reply

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top