Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

KCB Halloween Special (မှော်နည်းလမ်းများစုစည်းမှု)


                   ဟောလိုးဝင်း(အောက်တိုဘာ - ၃၁) ဆိုတာ မှော်ပညာရှင်များအတွက် အရေးပါအရာရောက်တဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပြီး မှော်နှစ်သစ်လို့ဆိုရင်လည်း မမှားပါဘူး။ ဟောလိုးဝင်းကာလဟာ ဝိညာဉ်လောကနဲ့ လူ့လောကကြား ခြားထားတဲ့စည်းအပါးလျဆုံးအချိန်လို့ဆိုကြပြီး အများစုကတော့ ဟောလိုးဝင်းကာလမှာ ပရလောကနဲ့ပတ်သတ်တဲ့ အစီအရင်များစွာပြုလုပ်ကြသလို ဟောလိုးဝင်းအစီအရင်များဟာလည်း ထောင်သောင်းမကရှိပါတယ်။
                  နောက်တစ်ခုထူးခြားတာက ဒီနှစ်ဟောလိုးဝင်းဟာ ဗီးနပ်စ်ကိုကိုယ်စားပြုတဲ့ သောကြာနေ့မှာ ကျရောက်တဲ့အတွက်ကြောင့် အချစ်နည်းလမ်းများအသုံးပြုဖို့ အရမ်းပဲကောင်းမွန်ပါသတဲ့..။ ကဲ ... ဒီတော့ ဟောလိုးဝင်းနည်းတွေထဲကမှ ကောင်းနိုးရာရာနည်းလမ်းများကို ထုတ်နုတ်တင်ဆက်ပေးလိုက်ရပါတယ်။

(၁) ဖူးစာရှင်စစ်/မစစ်စမ်းသပ်ခြင်း
                     ကိုယ့်ရဲ့လက်ရှိချစ်သူက ကိုယ့်ဖူးစာရှင်စစ်၊
မစစ်ဆိုတာကို ဟောလိုးဝင်းညမှာပဲ စမ်းသပ်နိုင်ပါသေးတယ်။
ဒီလိုလုပ်ဖို့အတွက် ကိုယ့်ရဲ့ချစ်သူက ကိုယ့်ကိုပေးထားဖူးတဲ့ ရည်းစားစာကို
ခေါင်းအုံးဖုံးနဲ့တွဲချည်ပြီး ခေါင်းအုံးအောက်ထားကာ
ဟောလိုးဝင်းညမှာအိပ်ပါ။ ငွေ၊ ဖန်၊ ရဲတိုက်၊ ကျောက်မျက်ရတနာ စတာတွေကို
အိပ်မက်မက်မယ်ဆိုရင်တော့ သူဟာ ကိုယ့်ဖူးစာရှင်အစစ်ပါ။ သင်ကလည်းသူ့ကို
တကယ့်အချစ်စစ်နဲ့ချစ်ပါတယ် တဲ့။ တကယ်လို့ သစ်သား၊ အဝတ်စ၊ ပန်းပွင့်များ၊
ဒါမှမဟုတ် တူညီဝတ်စုံများကို အိပ်မက်မက်မယ်ဆိုရင်တော့
သင့်ဖူးစာရှင်မဟုတ်သေးပါဘူး..။ အချစ်ရေးမှာ လွဲချော်နေဦးမှာပါ လို့
ကောက်ယူလို့ရနိုင်ပါသေးတယ်။

(၂) ဖူးစာရှင်ပုံရိပ်မှန်တွင်ပေါ်စေခြင်း
                   သင့်မှာချစ်သူမရှိသေးရင် သင့်ဖူးစာရှင်ရဲ့ပုံရိပ်ကို
ကြည့်လိုပါသလား ...။ ဟောလိုးဝင်းညမှာ သင်လုပ်နိုင်ပါလိမ့်မယ်။
အခန်းလွတ်တစ်ခန်းထဲမှာ မီးတွေအကုန်မှိတ်ကာ
ဖယောင်းတိုင်မီးတစ်ချောင်းထဲသာထွန်းထားပါ။ အခန်းထဲက မှန်တစ်ချပ်ကို
စူးစိုက်ကြည့်ရင်း ပန်းသီးကိုစားခြင်း (ဒါမှမဟုတ်)
ခေါင်းဖြီးခြင်းကဲ့သို့သောကိစ္စများမှာ စိတ်ကိုအာရုံစူးစိုက်ထားပါ။
မှန်ကိုစူးစိုက်ကြည့်ရင်း များမကြာခင်မှာပဲ မှန်ထဲမှာ
အနာဂတ်ဖူးစာရှင်ရဲ့ရုပ်ပုံလွှာပေါ်လာပါလိမ့်မယ်။
                  ကိုယ့်ဖူးစာရှင်လက်တွဲဖော်ကိုသိရပြီဆိုပေမယ့်
လိုက်မရှာပါနဲ့။ သူ့ဘာသာသူရောက်လာတာကိုပဲ စောင့်ဆိုင်းပါ။
ဘာလို့လဲဆိုတော့ သင်ရှာဖွေလိုက်တာနဲ့တစ်ပြိုင်နက် သင့်ဖူးစာရှင်ဟာ
ထာဝရပျောက်ကွယ်သွားနိုင်လို့ပါပဲ။
 
(၃)ဝိဥာဉ်ဖမ်းနည်း
ဟောလိုးဝင်းအတွက် အစီအရင်တွေ ပြောပြပေးမယ်ဆိုပြီး ကြားထဲမှာ ရိုးရိုးအချစ်အစီအရင်တစ်ခု ပြောမိသွားတယ်။ အင်း.. ဒီတစ်ခေါက်တော့ အဲဒီဟောလိုးဝင်းညမှာ ပရလောကသားတွေနဲ့ ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုကို ပြောပြပေးမယ်။ မကြောက်တတ်ရင်တော့ လုပ်ကြည့်ပေါ့။
အဖြူရောင်ဖယောင်းတိုင်၊ ယမ်းမီးခြစ်နဲ့ မှန်လိုအပ်ပါတယ်။ ဟောလိုးဝင်းည မှောင်ရီပျိုးစ အချိန်၊ သို့ မဟုတ် သန်းခေါင်အချိန်မှာ ပရလောကသားတွေ ရှိလောက်မယ်လို့ မင်းထင်တဲ့နေရာကို သွားပါ။ အဲဒီနေရာမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပါ။ မင်းရဲ့ စိတ်ကို အသင့်ပြင်ထားပါ။ မင်းရဲ့ ဖယောင်းတိုင် အဖြူရောင်ကို မီးထွန်းညှိလိုက်ပါ။ ဒီဂါထာကို ရွတ်ဆိုပါ။
 
Clear as midnight, 
the spirits are bright.
Ghostly curiousity 
brings you to me.

As a form takes shape,
I am not asleep.
Spirit awake,
take your shape. 
 
ဖယောင်းတိုင်လေးက မီးရောင်လက်နေပါစေ။ မှန်ကို တစ်ချက်ကြည့်လိုက်ပါ။ မှန်ထဲမှာ မင်းပုခုံးရဲ့ နောက်ဘက်ကို ကျော်ကြည့်လိုက်ပါ။ မှန်ထဲက ပုံရိပ်ထဲမှာ မြူတွေ နှင်းတွေ အလင်းမှုန်လေးတွေ တွေ့ရသလား? အဲတာ ပရလောကသား ( တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ နာနာဘာဝ၊ ၀ိညာဉ် ) တွေ ဘယ်လို ပေါ်လာသလဲ ဆိုတာပဲ။
အဲဒီနေရာကိုပဲ နောက်ထပ် သုံးည ဆက်တိုက် ထပ်သွားပါ။ ဓာတ်ပုံတွေ ရိုက်ခဲ့ပါ။
မင်းအိမ်မှာတော့ အဲဒီမှန်ကို မှောက်ထားရပါမယ်။ မှန်ကို လှန်မထားရ။ အဲဒီလို မှန်ကို မှောက်ထားခြင်းဟာ ၀ိညာဉ်တွေကို မှန်ထဲမှာ ဖမ်းထားတယ်ဆိုတဲ့ သဘော ဖြစ်တယ်။
အပြန်အလှန်ပေါ့ မင်းကလည်း ၀ိညာဉ်တွေကို ဖမ်းဖို့ ကြိုးစားတဲ့သူတစ်ယောက်မဟုတ်လား။ အချို့ ၀ိညာဉ်တွေလည်း မင်းကို ဖမ်းဖို့ ကြိုးစားလိမ့်မယ်။ ဒါကိုတော့ သတိပြု။
သူတို့ကို ပြန်သွားစေချင်ရင်တော့ ပင်စိမ်းရွက်တွေကို မီးရှို့ပြီး အဲဒီ ပေါ်မှာ မင်းရဲ့ တံမြက်စည်းနဲ့ ယမ်းပေးပါ။ ပြီးတော့ သူတို့ကို ကိုယ့်နေရာကိုယ် ပြန်ကြဖို့ သွားလိုရာ သွားကြဖို့ ပြောလိုက်ပါ။
အကယ်၍ မင်းအိမ်မှာ အိမ်စောင့်နတ်ရှိနေရင် အဲဒီဝိညာဉ်တွေကို မင်းအိမ်ထဲခေါ်လာလို့ ရမှာ မဟုတ်ဘူး။ ဒါ့ကြောင့် မင်းအိမ်ရဲ့ တံခါးဝမှာ စကားဝါပန်းနံ့ အမွှေးတိုင်နဲ့ စံပယ်ပန်းနံ့ အမွှေးတိုင် တစ်မျိုးကို (၄) တိုင်စီ၊ စုစုပေါင်း (၈) တိုင် ထွန်းညှိထားပေးဖို့ လိုအပ်ပါတယ်။
ကစားစရာ တစ်ခု မဟုတ်ပါ။


(၄) ဟောလိုးဝင်းကာလဖူးစာရှင်နာမည်သိစေသောနည်း
ဟောလိုးဝင်းနား နီးလာတဲ့ ညတစ်ညမှာ …  ( ဟောလိုးဝင်းမတိုင်မီညများ ) ပန်းသီးတစ်လုံးကို အခွံခွါပါ။ ဘယ်လို အခွံခွါရမလဲဆိုရင် မပြတ်မတောက်ရအောင် ခွာပါ။ continuous ဖြစ်အောင်လို့ ပြောချင်တာ။ တကယ်လို့များ ပန်းသီးကို အခွံခွာနေတုန်း ပြတ်တောက်သွားမယ်ဆိုရင် အဲဒီ ပန်းသီးကို အပြီးသတ်အောင် ခွာလိုက်ပါ။ ပြီးတော့မှ နောက်ထပ် ပန်းသီးတစ်လုံးကို အစအဆုံး မပြတ်မတောက်ရအောင် အခွံနွှာပါ။ ကောင်းပြီ။ အဲဒီလို ပန်းသီးတစ်လုံးလံုးရဲ့ အခွံကို မပြတ်မတောက်အောင် နွှာပြီးပြီ ဆိုရင်.. အဲဒီ ပန်းသီးခွံကို မင်းရဲ့ ဘယ်ဘက် ပုခုံးပေါ်ကနေ ကျော်ပြီး မီးဖိုချောင်ရဲ့ ကြမ်းပြင်ပေါ် ရောက်အောင် ပစ်လိုက်ပါ။ ညာဘက်လက်နဲ့ ပစ်ရမှာပေါ့။ နောက်ပြန် ပစ်ရမှာပေါ့။ ဒါဆိုရင် အဲဒီပန်းသီးခွံဟာ အနာဂတ်မှာ မင်းလက်ထပ်ရမယ့် သူရဲ့ နာမည် အစ စာလုံး၊ အတိုကောက်စာလုံး ဖြစ်နေပါလိမ့်မယ်တဲ့။
ဒါဟာ ယုံတမ်းစကား၊ ပုံပြင်တော့ မဟုတ်လေဘူး။ ဟိုး အရင် ရှေးရှေးကတည်းက ပညာရှင်များ ပညာရှင်တို့ရဲ့ အပေါင်းအသင်း ဆွေမျိုးမိတ်ဆွေများ ယုံယုံကြည်ကြည်နဲ့ ပြုလုပ်ခဲ့ကြတဲ့ အစီအရင် တစ်ခုပဲ ဖြစ်လေတယ်။

(၅) သေသူနဲ့ဆက်သွယ်နည်း

               ဟောလိုးဝင်းအချိန်ဟာ လောကနှစ်ခုကြားမှာ ခြားထားတဲ့ စည်းက အပါးလွှာဆုံးအချိန်ဖြစ်တဲ့အတွက် မင်းဟာ ပရလောကသားတွေနဲ့ ဆက်သွယ်လို့ ရမယ့်အချိန်ဖြစ်တယ်။ မင်းရဲ့ ကန်တော့ပွဲ(သို့မဟုတ်) ယဇ်ပူဇော်တဲ့ အပြင်အဆင်ကို ထုံးစံအတိုင်းပြုလုပ်ပါ။ ထုံးစံအတိုင်းဆိုတာ ဘာလဲ မမေးနဲ့။ ခါတိုင်း မင်းလုပ်သလိုပေါ့။ ခါတိုင်း ဘယ်လိုလုပ်သလဲ ဟုတ်လား။ ဗမာတွေဆိုရင် အုန်းသီးငှက်ပျောသီးနဲ့ပေါ့။ ဒါ အနောက်တိုင်းအစီအရင်မို့လို့ အုန်းသီး ငှက်ပျောသီး မသုံးချင်ဘူး။ ဒါမှ မဟုတ် လွယ်လွယ်နဲ့ မရဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ? စားပွဲပေါ်မှာ ဇလုံ (သို့မဟုတ်) ပန်းကန်ထဲမှာ ပန်းသီးလတ်လတ်ဆတ်ဆတ်အများကြီးကို တင်ပါ။ ပန်းသီးတွေ အများကြီးဆိုတာ အခြားလောက (ပရလောက) ကို ကိုယ်စားပြုပါတယ်။ အမွှေးတိုင်အနေနဲ့ ဒေါနပန်းရနံ့ အမွှေးတိုင်ကို သုံးပါမယ်။ ဒါမှ မဟုတ် ဂျူနီပါရနံ့ အမွှေးတိုင်ကို သုံးပါမယ်။
juniper
ထင်းရှူးဆန်သော ချုံယောင်ပင်ယောင်ပင်။ ဂျူနီပါပင်။ ဖယောင်းပန်း။ (ထိုအပင်မှ ခရမ်းရောင်အသီးများကို ဆေးဖော်ရာတွင်၊ ဂျင်အရက်၌ အနံ့သတ်ရာတွင် သုံးသည်။)
မင်း ဆက်သွယ်ဖို့ ကြိုးစားတဲ့သူရဲ့ အမည်ကို ရွတ်ဆိုခေါ်ယူပါ။ ( သေပြီးသားလူကို ဆိုလိုသည် ) ကန်တော့ပွဲထဲမှာ သူကြိုက်တတ်တဲ့ ပစ္စည်း၊ စားစရာ ပါဝင်ရင် ပိုကောင်းတယ်။ သူကြိုက်တတ်တဲ့ ရေမွှေးကို မင်းအစီအရင် ပြုလုပ်နေတဲ့ နေရာမှာ လေထဲမှာ ဖြန်းပေးရင် ပိုကောင်းတယ်။ မင်းသူ့ကို ဘာပြောချင်တယ်ဆိုတာကို ပြောပြပါ။ ဒါမှ မဟုတ် မင်းမေးချင်တဲ့ မေးခွန်းကို မေးပါ။
သိသာထင်ရှားတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြသမှုကို သိပ်ပြီး မျှော်လင့် မထားပါနဲ့။ ဒါပေမယ့် မကြာခင်မှာပဲ အဲဒီည မင်းရဲ့ အိပ်မက်ထဲမှာ တုန့်ပြန်မှုကို အမြန်ဆုံးတွေ့ရပါလိမ့်မယ်။


(ဒီနည်းလမ်းများဟာ အလွယ်ဆုံးနဲ့အသက်ရောက်နိုင်ဆုံးနည်းလမ်းများကိုသာ ရွေးချယ်ဖော်ပြပေးထားတာဖြစ်ပါကြောင်းနဲ့
မိမိအလိုရှိရာနည်းလမ်းကောင်းများကို ရွေးချယ်အသုံးပြုနိုင်ကြပါကြောင်း ဖော်ပြပေးလိုက်ရပါတယ်) 

ကာရှိုင်း (ကြယ်စင်ချစ်သူ) နှင့် ရှန်တီ
KCB Center
 



 
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top