Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ဝိဥာဉ်အကူအညီဖြင့်အလိုအလျောက်သိစေခြင်းပညာ

           ဒီအတတ်ပညာဟာ ကျွန်တော်တို့အတွက် စကြဝဠာပိုင်းဆိုင်ရာ
အဆက်အသွယ်အတတ်တစ်မျိုးဖြစ်ပြီးေ
တာ့ ကျွန်တော်တို့တွေ ဘာပဲဖြစ်ဖြစ်
တစ်ခုခုလုပ်လိုက်တိုင်းမှာ စကြဝဠာကြီးဆီမှ
ကျွန်တော်တို့တောင်းဆိုထားခဲ့တဲ့အတိုင်း ပြန်လည်တုံ့ပြန်မှုပြုပါတယ်။
ဒါကြောင့်မို့လို့ ကျွန်တော်တို့ဆီရောက်ရှိလာတဲ့ ခံစားချက်တွေကို
ကိုယ်တိုင်အမြဲတမ်းလိုလို သတိပြုနေသင့်ပါတယ်။ အခုဖော်ပြမယ့်
အလိုအလျောက်သိခြင်းအတတ်မှာတော့ ဝိဥာဉ်များက အလိုအလျောက်သိစေခြင်းအတွက်
အဓိကထောက်ပံ့ပေးသူများပဲဖြစ်ပါတယ်။
           အလိုအလျှောက်သိစေခြင်းအစီအရင်အတွက် ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့
ဘေးပတ်ပတ်လည်မှာ ခရမ်းရောင်ဖယောင်းတိုင်ငါးတိုင်ကို
စက်ဝိုင်းပုံစံနေရာချပြီး မီးထွန်းထားပေးပါ။ ခရမ်းရောင်ဖယောင်းတိုင်တွေ
မီးညှိနေတဲ့အချိန်မှာ အနီးတစ်ဝိုက်ရှိဝိဥာဉ်များကိုဆင့်ခေါ်ကြောင်း၊
ဝိဥာဉ်နှင့်ဆက်သွယ်လိုပါကြောင်းနှင့် အကာအကွယ်ပေးစေလိုပါကြောင်း
ဆက်တိုက်ပြောကြားနေရမှာပါ။
            ပြီးနောက်မှာတော့ စက်ဝိုင်းရဲ့အလယ်မှာထိုင်လိုက်ပြီး
စက်ဝိုင်းအလယ်မှာ စန္ဒကူးအနံ့အမွေးတိုင်ကို ထွန်းညှိလိုက်ပါ။ ပြီးနောက်မှာ
အသက်ကို ပြင်းပြင်းနဲ့မှန်မှန်ရှုလိုက်ပြီး
စိတ်ပိုင်းဆိုင်ရာရှင်လင်းမှုပြုလုပ်လိုက်ပါ။ စိတ်ထဲမှာရှင်းလင်းသွားပြီ
ကြည်လင်သွားပြီလို့ခံစားရပါက စိတ်တံခါးကိုဖွင့်ကာ စကြဝဠာစွမ်းအင်များကို
ခံယူနေတယ်လို့အာရုံပြုပေးပါ။ အဲ့ဒီလိုအာရုံပြုပြီးနောက်မှာ
ကိုယ့်ရဲ့စိတ်တည်ငြိမ်မှု မြင့်လာပြီ ... ကိုယ့်ကိုယ်ကို
ယုံကြည်မှုရှိလာပြီ ..၊ လုံခြုံမှုရှိလာပြီ ..
စိတ်စွမ်းအင်အဆင့်မြင့်လာပြီလို့ခံစားရပါက တတိယမျက်လုံးကနေ
ကြိုးမျှင်လေးတစ်ခု အမြင့်ကိုတက်သွားတယ်လို့အာရုံပြုပါ။
ကြိုးမျှင်လေးကိုဦးခေါင်းရဲ့အထက်
သုံးပေခန့်မှာရှိနေတယ်လို့အာရုံပြုပေးပါ။ အဲ့ဒီနေရာဟာ
သင့်ရဲ့(၁ဝ)ခုမြောက် ချက္ကရနေရာဖြစ်ပြီးတော့ အဲ့ဒီနေရာကို
ကြိုးမျှင်လေးရောက်သွားပြီဆိုရင်တော့ အဲ့ဒီနေရာကို စိတ်နဲ့သွားရောက်ပါ။
(၁ဝ)ခုမြောက် ချက္ကရဖြစ်တဲ့ ဦးခေါင်းအထက်နေရာနဲ့ သင်နဲ့ဟာ
တစ်ပေါင်းတစ်စည်းထဲဖြစ်သွားပြီလို့အာရုံပြုပါ။ အသက်ကို ပုံမှန်ရှုပါ။
ဝင်လေထွက်လေကိုခံစားပါ။ စိတ်ကိုတည်ငြိမ်အောင်ပြန်လုပ်ပါ
စိတ်ပိုင်းဆိုင်ရာ အနားယူမှုပြုလုပ်ပြီးသွားရင်တော့ မိမိရဲ့နာမ်ကို
(၁ဝ)ခုမြောက် ချက္ကရရှိရာဆီသို့ မျောလွင့်နေတယ်လို့ဆက်လက်ခံစားပေးပါ။
(၁ဝ)ခုမြောက်ချက္ကရနဲ့ စိတ် တစ်သားတည်းဖြစ်သွားပြီလို့ ခံစားရပါက
အောက်ပါအတိုင်းစိတ်ထဲကနေပြောရမှာပါ ...။

"ငါ့ရဲ့ရှင်းလင်းတဲ့အမြင်အာရုံ...ငါ့ရဲ့ ကြည်လင်တဲ့စိတ်တို့အတွက်
ငါ့ဖို့ရည်စူးတဲ့သင်္ကေတတစ်ခု ငါရှာတွေ့လိမ့်မယ်...."

           စိတ်ထဲကနေ အထက်ပါအတိုင်း သင်္ကေတအတွက် ဆက်တိုက်တောင်းဆိုပါ။
ပြီးနောက်မှာ ကြိုးမျှင်လေးကို (၁ဝ)ခုမြောက် ချက္ကရနေရာကနေ
တတိယမျက်လုံးရှိရာဆီဖြည်းဖြည်းချင်းပြန်ဆွဲချလာပါ။ အဲ့ဒီနောက်မှာ
သင်္ကေတတစ်ခု သင့်အာရုံထဲကို ဝင်ရောက်ပါလာလိမ့်မယ်။ အဲ့ဒီသင်္ကေတဟာ သင့်ရဲ့
မြင့်မားတဲ့စိတ်စွမ်းအင်ကို ကိုယ်စားပြုတဲ့သင်္ကေတတစ်ခုဖြစ်ပြီး
အဲ့ဒီသင်္ကေတကို စာရွတ်တစ်ရွက်ပေါ်မှာချရေးပါ။ နောက်ပြီး အဲ့ဒီစာရွက်ကို
သလင်းကျောက်၊ နီလာခရမ်းကျောက်တို့နဲ့အတူ
ခရမ်းရောင်ရှုံ့အိတ်တစ်လုံးထဲကိုထည့်ကာ အောက်ပါအတိုင်းဆက်လက်ရွတ်ဆိုပါ
..။

"စကြဝဠာစွမ်းအင်၊ ဝိဥာဉ်များ၊ နတ်များနှင့်အစောက်အရှောက်များ ...
ကျွန်ုပ်ရဲ့ အတိုင်းမသိကျေးဇူးတင်မှုများကိုလက်ခံရယူပေးပါ ...
ကျွန်ုပ်ကို ရှင်းလင်းတဲ့လမ်းညွှန်မှု၊ ကြည်လင်ပြတ်သားတဲ့အသံအာရုံခံမှုနဲ့အတူ
အသင်တို့ရဲ့ ပေးပို့သောအကြောင်းအရာများကိုပိုမိုရှင်းလင်းစွာ
မြင်ကြားသိရှိရနိုင်စေရန်
ဒီသင်္ကေတမှ ကျွန်ုပ်ရဲ့အလိုအလျောက်သိမြင်နိုင်စွမ်းကို
မြင့်မားအောင်လုပ်ဆောင်ပေးပါ .."

              အဲ့ဒီလိုရွတ်ဆိုပြီးနောက်မှာ ပတ်ပတ်လည်မှာထွန်းထားတဲ့
ဖယောင်းတိုင်ငါးတိုင်ကို မီးမှုတ်လိုက်ပြီး ဝိဥာဉ်များအား
သူတို့ရဲ့အကူအညီကိုကျေးဇူးတင်ကြောင်းပြောကာ ပြန်လည်ပို့ဆောင်ပေးပါ။
ပြီးနောက်မှာ သင်္ကေတထည့်ထားတဲ့ ခရမ်းရောင်ရှုံ့အိတ်လေးကို
ကိုယ်နဲ့မကွာဆောင်ထားပါ။ ညအိပ်ချိန်မှာ ခေါင်းအုံးအောက်မှာ
ထားပြီးအိပ်ပေးပါ။
           ဒီလိုလုပ်ပေးခြင်းအားဖြင့် ကိစ္စအချို့ကို
အိပ်မက်အဖြစ်နဲ့မြင်မက်နိုင်ပါတယ်။ တစ်ခါတစ်လေ နိုးထချိန်မှာ
အရေးပေါ်ချိန်ဆိုရင် အာရုံရလာပါလိမ့်မယ်။ တကယ်အရေးကြီး
အာရုံခံစရာရှိတယ်ဆိုရင်တော့ မိမိရှေ့ ခရမ်းရောင်အိတ်ကိုထား
စိတ်တံခါးကိုဖွင့်ကာ အဆုံးမဲ့သော ရှင်းလင်းမှုများရှိရာစကြဝဠာသို့
မိမိသိလိုသည်များကိုပို့လွတ်နိုင်ပါကြောင်း သုတအနေနဲ့ ဖော်ပြလိုက်ရပါတယ်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

1 မှတ်ချက်များ:

စိတ်​တခါးကဘယ်​လိုဖွင့်​ရမှာလည်း

Reply

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top