Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ရှန်တီမှော်ကျောင်း(၂) - လိင်ပိုင်းဆိုင်ရာဆွဲဆောင်စေနိုင်သောမှော်အစီအရင်

မင်္ဂလာပါ။ မိတ်ဆွေတို့ အနေနဲ့  ဂါထာတွေ မန္တာန်တွေဆိုတာ ကြားဖူးကြမှာပါ။ အချို့က ယုံကြပေမယ့် အချို့ကတော့ အယုံအကြည်မရှိကြပါဘူး။ ဘာပဲဖြစ်ဖြစ် လူတိုင်းက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ပါ။ ရှန်တီကိုယ်တိုင်ကတော့ ယုံကြည်သမှု ရှိပါတယ်။ ဒါ့ကြောင့်ပဲ ကိုနဲ့ ၀ါသနာတူရာ မိတ်ဆွေတို့ အတွက် မျှဝေပေးပါတယ်။ မိတ်ဆွေတို့ ဂါထာတွေ ကိုတော့ကြားဖူးမှာပါ။ ရ ကြမှာပါ။ ဒါပေမယ့် လက်ငင်းအစွမ်းပြတာမျိုးကော မြင်ဖူးလား? ဥပမာ ဟယ်ရီပေါ်တာထဲမှာ ပါတဲ့ ဂါထာတွေလိုမျိုးပေါ့ “၀င်ဂါးဒီးယမ်း လားဘီအိုးစာ ” ဆိုရင် ပစ္စည်းလေးက လေထဲပျံလာတာမျိုး။ “စတူပီဖိုင်း” ဆိုရင် မေ့မျောစေတာမျိုး။ “အဗာဒါ ကာဒါဘရာ” ဆိုရင် အသက်ပျောက်စေတာမျိုးပေါ့။
ချက်ခြင်း အစွမ်းပြတဲ့ အသံလေး တစ်ခုကို ပြောပြပါမယ်။ ဂါထာလို့ သတ်မှတ်ချင်ရင်လည်း ရတာပေါ့။ မန္တာန်လို့ သတ်မှတ်ရင်လည်း ရတယ်။ မိတ်ဆွေတို့ အကြောင်းအမျိုးမျိုးကြောင့် စိတ်မချမ်းမသာ ဖြစ်ရတဲ့အခါ။ အကြောင်းအမျိုးမျိုးကြောင့် ဒေါသထွက်ရတဲ့အခါ။ စိတ်တိုတဲ့အခါ။ စိတ်လှုပ်ရှားနေတဲ့အခါမှာ ဒါလေးကို ဆိုကြည့်ပါလား။
“ဥုမ်……….ရှန်………..တီ ရှန်……..တီ  ရှန်……………..တီ”
“ဥုမ်” ဆိုတဲ့အခါမှာ “အုံ” လို့ ဆိုပြီး ပါးစပ်ပိတ်ရပါမယ်။ ပါးစပ်ပိတ်ပြီး ပဲ့တင်ထပ်နေရမယ်။ အနည်းဆုံး ငါးစက္ကန့် ဆွဲ ဆိုရပါမယ်။ ရှန်တီ တစ်လုံးနဲ့ တစ်လုံးကြားလည်း အနည်းဆုံး ငါးစက္ကန့် ကြာအောင် ဆွဲပြီး ဆိုရပါမယ်။ ဒါ့ကြောင့် ဒီ စကားစု တစ်ခုလုံး ဆိုဖို့ အတွက် အနည်းဆုံး စက္ကန့် ၂၀ ကြာပါမယ်။
ရှန်တီဆိုတာ ငြိမ်းချမ်းခြင်း၊ ငြိမ်းအေးခြင်း၊ ချမ်းမြေ့ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ကို့ နာမည်ကို ကြော်ငြာနေတာတော့ မဟုတ်ပါဘူး။ အဓိပ္ပာယ်ကို ကြိုက်လွန်းလို့ကို နာမည် အဖြစ် မှည့်ထားတာပါ။ စမ်းကြည့်ပါလား။ စက္ကန့် ၂၀ ပဲ ကြာမှာပါ။ ချက်ခြင်း စိတ်ငြိမ်သွားမယ်။
နောက်တစ်ခု ပြောပြပါမယ်။ sex ကို စိတ်ဝင်စားကြကုန်သော အကိုကြီး၊ ညီလေး၊ မမ၊ ညီမများအတွက် လက်ဆောင်ပါ။ သင်ဘယ်သူနဲ့ လိင်ပိုင်းဆိုင်ရာပတ်သတ်မှုကို လိုချင်လဲ ? ဖြစ်စေရမယ်။ သေပြီးတဲ့လူကိုတော့ စိတ်ကူးမယဉ်နဲ့ပေါ့။ ဟိုး အဝေးကြီးကလူကိုလည်း မမျှော်မှန်းနဲ့ပေါ့။ ဖြစ်နိုင်ချေလည်း ရှိတဲ့လူကို စမ်းလေ။ တော်ကြာ အောင်ရဲလင်းကိုပဲ ၀ိုင်း မန်းနေမှ ဟီးဟီး… ။
ကဲ ဟုတ်ပါပြီ။ စမ်းကြည့်ပေါ့။ အရှုံးမရှိပါဘူး။ လွယ်လွယ်လေး။ မဖြစ်လို့လဲ မှော်ဆရာ့ကို ဒေါပွ မနေကြနဲ့ဦး။ ယုံကြည်ချက်နဲ့ပဲ ဆိုင်တယ်။
အင်္ဂါည တွင်သာ ပြုလုပ်ရန်
လိုအပ်သော ပစ္စည်းများ
သင်နှင့် အ၀ှါ ဖြစ်စေချင်သော လူ၏ ဓာတ်ပုံ
ပန်းရောင် ဖယောင်းတိုင် သို့မဟုတ် အနီရောင် ဖယောင်းတိုင်
ခဲတံ တစ်ချောင်း
စက္ကူပေါ်တွင် ခဲတံဖြင့် စက်ဝိုင်းတစ်ခု ၀ိုင်းလိုက်ပါ။ ထို့နောက် အချစ်နတ်သမီး ဗီးနပ်စ်ကို ဤဂါထာရွတ်၍ ပင့်ပါ။
Venus, Mighty one of Lust!
I call upon you with your trust
To bring this person to me now
Your fragile trust is your vow!
အင်္ဂလိပ်လိုသာ ရွတ်ဆိုရမည် ဖြစ်ပါသည်။ မြန်မာ ဘာသာပြန်၍ မရပါ။
ထို့နောက် ဖယောင်းတိုင်ထွန်းလိုက်ပါ။ သင်နှင့် သင်လိုချင်သောလူ အတူတကွ သင်လုပ်စေချင်သောအရာကို လုပ်နေသည်ဟု စိတ်ကူးယဉ်ပါ။ ( လိင်ပိုင်းဆိုင်ရာပတ်သတ်မှုပြု နေသည်ဟု စိတ်ကူးယဉ်ပါ ) ထို့နောက် ဤဂါထာကို ရွတ်ပါ။
(Person's desired name) please come to me
Fufill my desire successfully
I beg of you to come to me
As I will, so mote it be.
Person’s desired name ဆိုသည့်နေရာတွင် ကိုနဲ့ ဖြစ်စေချင်သော လူ၏ အမည်ကို ထည့်ရမည်။
ဓာတ်ပုံ၏ နောက်ကျောတွင် သင့်အမည်နှင့် ထိုလူ့ အမည်ကိုရေးပါ။ ၄င်းနောက် ထိုပုံကို မက်မက်စက်စက်နမ်းပါ။ ထိုပုံကို သင့်နှလုံးသားနှင့် ကပ်ထားလိုက်ပါ။ ဖယောင်းတိုင်ကို မီးငြှိမ်းလိုက်ပါ။ ထို့နောက် ဓာတ်ပုံကို သင့်ခေါင်းအုံးအောက်တွင် ထားအိပ်ပါ။
တစ်ပတ် အတွင်းတွင် သင်နှင့် ထိုသူ နှစ်ပါးသွားရပေလိမ့်မည်။
မာမားရှန်တီ
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

4 မှတ်ချက်များ

This comment has been removed by the author.

အဂါင်္နေ့ညဆိုတော့12:00ကျော်သွားရင်ကောရလား အဲဒါက

Reply

ဖယောင်းတိုင်ကဘယ်မှာထွန်းရမှာပါလဲ စက္ကူပေါ်မှာလား စက္ကူပေါ်ကစက်ဝိုင်းပေါ်မှာလား သက်သက်လား ပြုလုပ်ခံရတဲ့သူအပေါ်ဘာဆိုးကျိုးတွေဖြစ်နိုင်ပါလဲ ဖြေကြားပေးပါနော်

Reply

ဖယောင်းတိုင်ကဘယ်မှာထွန်းရမှာပါလဲ စက္ကူပေါ်မှာလား စက္ကူပေါ်ကစက်ဝိုင်းပေါ်မှာလား သက်သက်လား ပြုလုပ်ခံရတဲ့သူအပေါ်ဘာဆိုးကျိုးတွေဖြစ်နိုင်ပါလဲ ဖြေကြားပေးပါနော်

Reply

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top