ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာဂြိုဟ်ပါဝင်တဲ့နေအဖွဲ့အစည်းဟာ လွန်ခဲ့သောနှစ်ပေါင်းများစွာက အလွန်ကြီးမားသောနေကြီးတစ်စင်းအနေနဲ့သာတည်ရှိခဲ့ပြီးတော့ ကြီးမားသောပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြီးဖြစ်ပေါ်အပြီးမှာ နေဆီမှနေပြီး မီးလုံး(၉)လုံးအဖြစ်ပဲ့ထွက်သွားခဲ့ပြီး ပေါက်ကွဲမှုအရှိန်ကြောင့်ဆက်လက်လည်ပတ်နေခဲ့ပါတယ်။ အဲ့ဒီလိုလည်ပတ်ပြီးနောက်ကြာလာတဲ့အချိန်မှာ တဖြည်းဖြည်းနဲ့အေးခဲလာပြီးဂြိုဟ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ဂြိုဟ်တွေကတော့ ပေါက်ကွဲမှုရဲ့အရှိန်ကြောင့် ယခုထိ မူလနေကြီးဆီကိုလည်ပတ်နေရတုန်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကမ္ဘာဂြိုဟ်ဟာလည်း တစ်ချိန်ကနေကြီးတစ်စင်းဖြစ်ခဲ့ဖူးတယ်ဆိုတာကိုတော့ ကမ္ဘာ့အလယ်ဗဟိုချက်က ချော်ရည်တွေကို ကြည့်ခြင်းအားဖြင့်သိရှိနိုင်ပါတယ်။
အာကာသထဲက သေခြင်းကင်းမဲ့မှုတည်ရှိရာနေရာတစ်ခုအကြောင်းကို မကြာမီဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
1 မှတ်ချက်များ:
ဘာမြူဒါ ......... ကိုသိရင် ပြောပေးပါ
ReplyPost a Comment