Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

စိတ္တအာယုကျမ်းမှတော်ဝင်သက်တော်ရှည်နည်းလမ်းများ(၁)

           စိတ္တအာယုကျမ်းဆိုတာကို တချို့ရင်းနှီးချင်မှရင်နှီးကြပါလိမ့်မယ်။ စိတ္တအာယုကျမ်းဆိုတာကတော့ အသက်ကိုဆွဲဆန့်လို့ အရိမေတ္တယျဘုရားကိုစောင့်မျှော်နေကြတဲ့ စုန်းကဝေမျိုးနွယ်စုပိုင်ကျမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့သူတို့ ဘယ်လိုအသက်ရှည်အောင် လုပ်ကြသလဲဆိုတာ သူတို့ရဲ့ကျမ်းထဲကစာတွေကိုလေ့လာကြည့်လိုက်ကြရအောင်လားဗျာ . .။
           ကျမ်းတစ်ကျမ်းလုံးကိုတင်ဖို့အဆင်မပြေတဲ့အတွက် အဓိကဆောင်ရန်ရှောင်ရန်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ဗျာ . . .။
(၁)  မြန်ဆန်စွာလုပ်ဆောင်ပါ။ မြန်ဆန်စွာလုပ်ဆောင်ခြင်းသည် အိုမင်းရင့်ရော်မှုကိုကျဆင်းစေနိုင်ပြီး ဆက်စပ်ယှက်နွယ်မှုနိယာမအရ အလျင်သည်အချိန်နှင့်တိုက်ရိုက်အချိုးကျပါသောကြောင့် မြန်ဆန်စွာလုပ်ဆောင်ခြင်းသည် အိုမင်းရင့်ရော်မှုကိုလျော့နည်းစေပါသည်။
(၂) နေရောင်ထဲတွင် မြန်မာ့စံတော်ချိန် နံနက်(၃)နာရီမှ(၆)နာရီထိသာ နေရောင်ခြည်လှုံရန်အသင့်တော်ဆုံးဖြစ်ပါသည်။ ကျန်အချိန်များ အသားအရေကို နေရောင်နှင့်မထိသင့်ပါ။
(မှတ်ချက်။  ။ မြန်မာစံတော်ချိန်သည် စက်နာရီ နံနက်ငါးနာရီမှစတင်ပြီး မြန်မာ့နာရီသည် တစ်နာရီလျင် စက်နာရီ(၂၄)မိနစ်သာရှိပါသည်။ ဆိုလိုသည်မှာ နံနက်(၆)နာရီမှ(၇)နာရီအတွင်းကိုဆိုလိုပါသည်။
(၃) ခံစားမှုကိုလုံးဝပျောက်ကွယ်သွားအောင်ကြိုးစားပါ။ ခံစားချက်တို့အနည်းအများသည်လည်း မိမိ၏ သက်တမ်းအတိုအရှည်အပေါ်တွင် သွယ်ဝိုက်တိုက်ဆိုင်နေသည်။
(၄) တရားရှုမှတ်ခြင်းများကိုနေ့စဉ်ပြုလုပ်ပေးပါ။ တစ်ရက်လျင်အနည်းဆုံးမိနစ်(၃ဝ)ခန့်ပုံမှန်ပြုလုပ်ပေးရပါမည်။
(၅) လိင်ကိစ္စများကိုတတ်နိုင်လျင်ရှောင်နိုင်သလောက်ရှောင်ကျဉ်ပါ။ လုံးဝမလုပ်ခိုင်းခြင်းမျိုးမဟုတ်ဘဲ ရှောင်နိုင်သလောက်ရှောင်ကျဉ်ရပါမည်။
(၆) သင်သည် မှော်ပညာလိုက်စားသူတစ်ဦးဖြစ်ပါက "အင်ကန်နာဘီးလိယိတ်" ဂါထာဖြင့် ညအိပ်ကာနီးတိုင်း ပုတီးသုံးပတ်စိပ်ပေးပါ။
(၇) အားလုံးအပေါ်တွင် အကောင်းမြင်စိတ်ရှိပေးပါ။ မိမိဘက်ကိုလုံးဝထိခိုက်မှုမရှိသောတိုက်ခိုက်မှုမှန်သမျှကို သည်းခံပေးပါ။ အင်ကန်နာဘီးလိယိတ် မန္တန်က အလိုလိုအစွမ်းပြပါလိမ့်မည်။
(၈) ငါးပါးသီလကိုတတ်နိုင်သလောက်စောင့်ထိန်းပါ။ အထူးသဖြင့် သူရာမေရယ၊ ကာမေသု၊နှင့် ပါဏာတိပါတာကို အတတ်နိုင်ဆုံးစောင့်ထိန်းပါ။
(၉) ရသာခြောက်ပါးကိုချင့်ချိန်စားသုံးပါ။ အစာစားရာတွင် မိမိစားသောအစားအစာအတွက် ဆင်ခြင်စားသုံးပါ။
           ပထမပိုင်းလေးကိုတော့ ဒီနေရာမှာပဲရပ်လိုက်ပါရစေဗျာ။ ရှေးတုန်းကစာမို့ လက်ရှိခေတ်အမြင်နဲ့ မသင့်တော်တာလေးတွေတွေ့ရင်လည်း နားလည်ပေးကြပါလို့။ သုတရစေဖို့သာရည်ရွယ်ပါတယ်ဗျာ. ဒုတိယပိုင်းမှာတော့ မှော်နည်းလမ်းတွေနဲ့ အသက်ရှည်အောင်ကျင့်ကြံနည်းတွေကိုဖော်ပြပေးမှာမို့ ဆက်လက်အားပေးဖတ်ရှုကြပါဦးလို့။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top