Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

(၈ဝ)ကျော်အချစ်

ရာသီတွေအလီလီပြောင်းခဲ့ပြီ
နှစ်တွေလည်းအတော်ကြာခဲ့ပြီနော်
အချိန်တွေကပျိုမျစ်မှုတွေကို
ဇီဝန်ချွေရင်း ဆံသားတွေလည်း
ဖွေးဖွေးဖြူသွားခဲ့ပြီ . . . .
မင်းနဲ့ဆံနွယ်ဖြူလျလျလေးကို
တုန်ယင်နေတဲ့ငါ့ရဲ့လက်တစ်စုံနဲ့
သပ်ပေးပြီး လျော့တိလျော့ရဲ
ပါးပြင်လေးကို နမ်းလိုက်ချင်တယ် . .
အနမ်းရဲ့အထက်က
အဖြူရောင်နှုတ်ခမ်းမွေးတွေရဲ့
စူးရှရှရသကိုခံစားလိုက်ပါ . .
ခံစားမှုရဲ့အထွတ်အထိပ်မှာ
ငါ့ရဲ့ဘယ်ဘက်ရင်အုံကို
မင်းရဲ့လက်ဖဝါးလေးနဲ့
ပွတ်သပ်ပေးလိုက်ပါ . . .
မင်းနာမည်ကိုထိုးထားတဲ့တက်တူးလေးလေ
အဲ့ဒီနေရာမှာရှိနေတုန်းပဲ
အရင်ကစီးခဲ့ဖူးတဲ့
အခုစီးခွင့်မရတော့တဲ့
ရိုလာကိုစတာကြီးပေါ်မှာ
အရင်ကလိုပဲနှစ်ယောက်အတူ
အော်ဟစ်ပျော်မြူးလိုက်ချင်ရဲ့ .  . .
ရည်းစားဘဝတုန်းက "မေ"လို့ခေါ်တယ် . 
အိမ်ထောင်ကျသွားတော့ "မိန်းမရေ"တဲ့ .
ဒီအရွယ်မှာတော့ "အဘွားကြီးရေ"တဲ့ . . .။
ကိုယ်လည်းမင်းကို"မေ"လို့ခေါ်ချင်သလို
"ဟန်နီရေ"ဆိုတဲ့အသံကိုလည်းကြားချင်မိတယ် . .၊
အဲဒီတိတ်ဆိတ်နေတဲ့ခဏမှာပေါ့ . .
အသက်ရှုသံဝင်လေထွက်လေကလွဲပြီး
ဘာမှတော့မကြားမိဘူး
ခဏကြာတော့အချက်ပေးခေါင်းလောင်းသံလေးကိုကြားမိပါတယ်
ဒီနေ့လည်းရိပ်သာရဲ့တရားထိုင်ချိန်က
ဒီလိုနဲ့ပဲကုန်ဆုံးသွားပေါ့ . . .
ဒါပေမယ့် ကိုယ်အမြဲဆုတောင်းပေးနေပါတယ်
"မေတစ်ယောက် ကောင်းရာမွန်ရာ
ရောက်ပါစေ" လို့ပေါ့ . . .။    ။

အဘိုးကြီးကာရှိုင်း (ကြယ်စင်ချစ်သူ)
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top