Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

စုန်းကဝေနဲ့မှော်ပညာများဘာကြောင့်ကွယ်ပျောက်နေရပါသလဲ

         စုန်းကဝေတွေဘာကြောင့်ပျောက်ကွယ်သွားရလဲဆိုတာကတော့ အချက်တွေအများကြီးရှိပါတယ်၊ သူတို့ကတော့ လုံးဝကွယ်ပျောက်သွားတာမျိုးမဟုတ်ဘဲ စုန်းလိုက်မုဆိုးတွေကြောင့်၊ နောက်ပြီးတော့ အချို့နိုင်ငံတွေမှာဆိုရင် စုန်းလို့စွပ်စွဲခံရပြီဆိုတာနဲ့ ခေါင်းဖြတ်သတ်ခံလောက်တဲ့အထိကို ဘုရင်ကကွပ်မျက်တတ်ကြပါတယ်၊ မြန်မာနိုင်ငံမှာဆိုရင်လည်း မကွေးတိုင်းဒေသကြီးမှာရှိတဲ့ ယောနယ်ဘက်မှာဆိုရင်လည်း စုန်းကဝေတွေဟာ ဇရပ်ကြီးတွေလိုမျိုးနေရာကြီးတွေမှာ အုပ်စုဖွဲ့ပြီးနေထိုင်ကြပြီးတော့ နောက်ပိုင်းလူတွေသိသွားတဲ့အခါ သာမန်လူတွေက သူတို့တွေထဲက မျိုးဆက်ပြန့်ပွားတဲ့သူ (ကိုယ်ဝန်ရှိတဲ့စုန်း) တွေကိုသတ်ဖြတ်ကြရာကနေ စုန်းတွေနဲ့သာမန်လူတွေ တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်းမှာ စုန်းကဝေအုပ်စုကြီးဟာ ပြန့်ကျဲသွားပြီးတဲ့နောက် မြန်မာနိုင်ငံဒေသအနှံ့ကို ရောက်ရှိပြန့်ကျဲသွားကာ စုန်းကဝေပညာ အနည်းငယ်မှေးမိန်သွားခဲ့ပါတယ်။ ထိုနည်းအတိုင်းပါပဲ မှော်ပညာနဲ့ မိမိအသက်ကိုဆွဲဆန့်ကာ အရိမေတ္တေယျမြတ်စွာဘုရားကို စောင့်မျှော်ကာ လမ်းဆုံးရောက်နိုင်ဖို့ မှော်ပညာကိုအသုံးချနေတဲ့ အဖြူရောင်စုန်းကဝေတွေနေတဲ့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့က မိုင်ယန်လချင်းတိုင်းပြည်ဟာလည်း ပျူ-မိုင်ယန်လချင်းပဋိပက္ခကြောင့် ပျက်စီးခဲ့ရပါတယ် . . .၊ ဒါပေမယ့် မိုင်ယန်လချင်းတဘောင်စကားအရ မြန်မာနှစ် ၁၃၇၇နောက်ပိုင်းမှာ မှော်ပညာပြန်လည်ပေါ်ထွန်းလာမှာဖြစ်ပြီး သင်္ကြန်တစ်ရက်နောက်ဆုတ်တဲ့နှစ်မှာ မိုင်ယန်လချင်းတွေပြန်လည်ထွက်ပေါ်လာမှာဖြစ်ကြောင်းကိုလည်းသိရှိရပါတယ် .။ မိုင်ယန်လချင်းဒဏ္ဍာရီအကြောင်းကို မကြာမီမှာ ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

2 မှတ်ချက်များ

အဲဒါဆို ခုခေတ်မှာရော စုန်းတွေကိုလူတွေကသတ်ကြမှာလားဟင်
လူသိခံလို့ မရဘူးလား???

Reply

ခုခေတ်မှာတော့ လူသိခံလို့ရပြီလို့ဆိုနိုင်ပါတယ် ... ၊ ဘာလို့လဲဆိုတော့ ဒီခေတ်မှာ မှော်ပညာကိုဖော်ထုတ်နေတဲ့သူတွေပေါ်လာပါပြီ . . .

Reply

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top