Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

အမုန်းကြိုး

ငါနင့်ကိုချစ်ခဲ့တာ
နင့်ကိုပိုင်ဆိုင်ဖို့ထက်
နင့်ပျော်ရွှင်ဖို့ကိုပဲရည်ရွယ်ခဲ့တာပါ . . .
ဒါကိုလည်း နင်ကမသိနိုင်တော့
ငါပြောသမျှတွေကို ရွတ်နောက်နောက်ပြတ်လုံးတစ်ခုလိုသတ်မှတ်ခဲ့တော့လည်း
ငါ့ရဲ့နှလုံးသားကနင်မသိအောင် ပုန်းကွယ်ပြီး
နာကျင်ရပြီပေါ့ . . . .
နာကျင်ပါစေ
ငါ့နှလုံးသားနာကျင်ရမှ နင်ပျော်ရမယ်ဆိုရင်လည်း
ငါကျေနပ်စွာနဲ့ပဲ ငါ့နှလုံးသားကိုစတေးခဲ့ပါမယ် . .
ဒါပေမယ့် နင်သိထားပေးပါ
ကာရှိုင်းဆိုတဲ့ကောင်လေးရဲ့နှလုံးသားမှာ
နင့်နာမည်တွေဗရပွနဲ့. . .
နင်သိမယ်ဆိုရင်လည်း ငါပိုနာကျင်ရမှာပါ . .
ဘာလို့လဲဆိုတော့ နင်သိသွားရင်
ငါ့ဘေးမှာနင်ဘယ်တော့မှထပ်မရှိနိုင်တော့ဘူးဆိုတာကို
ငါသိနေခဲ့တယ်လေ . . .
ဖြစ်နိုင်ရင်လေ ငါ့နှလုံးသားကိုငါကိုယ်တိုင်သတ်ပစ်ချင်မိတယ် . .
နင့်ရဲ့အမုန်းတွေကိုကြိုးသီပြီးဆွဲကြိုးချပြီးတော့ပေါ့ . . . .
"ချောက်" "ဖောက်"
ပို့စ်တင်မယ်ဆိုတဲ့စာသားကိုနှိပ်လိုက်တာနဲ့ တစ်ပြိုင်နက်
ငါ့မျက်ရည်တစ်စက်လည်း
Keyboard ပေါ်ကိုဖောက်ခနဲကျသွားတယ် . .
ဖြစ်နိုင်ရင်လေ နင့်ကိုမြင်စေချင်လိုက်တာ
ဒါပေမယ့် နင့်နှလုံးသားမှာမျက်လုံးမှမပါတာ . . .
နင့်ကိုငါတစ်ခုတော့တောင်းဆိုချင်တယ်
နင်ငါ့ကိုမချစ်နိုင်ရင်လည်း
ငါနင့်အတွက်ထပ်ပြီးမခံစားရအောင်
နောက်ပြီး ငါ့ရဲ့နှလုံးသားတွေသေဆုံးသွားအောင်
ငါ့ကိုသေလောက်အောင်မုန်းနေပေးပြီး
ငါ့ရင်ခုန်သံကို နင့်အမုန်းတွေနဲ့
ဇီဝိန်ချွေပေးပါ . . .
နင့်ကိုငါမချစ်တော့ရင်. . . . . . . . . .။         ။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top