ဝိဥာဉ်လွင့်ခြင်းဆိုတာကတော့ ဘယ်သက်ရှိမဆိုသူ့ဆီမှာ ရုပ်နဲ့နာမ်ဆိုပြီး နှစ်မျိုးခွဲပါတယ်။ နာမ်မှာမှ မသိစိတ်နဲ့သိစိတ်ဆိုပြီးနှစ်မျိုးခွဲခြားထားပြီး သိစိတ်မှာတော့ ရုပ်နဲ့ဆက်စပ်နေပြီးတော့ မသိစိတ်ဟာ ကိုယ့်ရဲ့စိတ်စွမ်းအင်နဲ့သက်ဆိုင်နေပြီးတော့ စိတ်စွမ်းအင်ကိုထိန်းချုပ်နိုင်ရင် ထိန်းချုပ်နိုင်သလောက် အသုံးချနိုင်ပါတယ်။
ဝိဥာဉ်လွင့်တဲ့နည်းလမ်းတွေအများကြီးရှိတဲ့အထဲကမှ အလွယ်ဆုံးနည်းလမ်လေးကို ဖော်ပြပေးလိုက်ရပါတယ်ဗျာ။ ၀ိဥာဉ်လွင့်တော့မယ်ဆိုရင် စိတ်တည်ငြိမ်အောင် ပထမဆုံးတရားထိုင်သင့်ပါတယ်။ တရားထိုင်လို့စိတ်တည်ငြိမ်လာပြီဆိုရင်တော့ အိပ်ရာပေါ်မှာလှဲအိပ်လိုက်ပါ။ လှဲအိပ်ပြီးရင်တော့ ကိုယ့်ခန္ဒာကိုယ်ကြီးလေထဲမှာပေါလောမျောနေပြီလို့ စိတ်ထဲမှာ အာရုံသွင်းထားရမှာပဲဖြစ်ပါတယ်။ အဲ့လိုအာရုံသွင်းပြီးနောက်ပိုင်းမှာ မိမိရဲ့ဝိဥာဉ်ဟာ အမှန်တကယ်ပဲလေထဲကိုရောက်သွားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ခန္ဒာကိုယ်ကို ကိုယ်တိုင်ပြန်မြင်လာရပါလိမ့်မယ်။
လေ့ကျင့်ကာစဆိုရင်တော့ တစ်ကြိမ်ထဲနဲ့ လွင့်နိုင်ဖို့ဆိုတာ တော်တော်ခက်ခဲလှပါတယ်။ ကိုယ်လုပ်ပါများပြီး စိတ်တကယ်တည်ငြိမ်သွားပြီဆိုရင်တော့ ၀ိဥာဉ်လွင့်တဲ့အလုပ်ကို ဘယ်သူမဆိုလုပ်နိုင်ကြပါပြီ။ ထပ်ဆောင်းအနေနဲ့ တိတ်ဆိတ်တဲ့နေရာတွေမှာ ၀ိဥာဉ်လွင့်မယ်ဆိုရင်ပိုပြီး အဆင်ပြေနိုင်ပါလိမ့်မယ်။
ဒါပေမယ့်တစ်ခုသတိပေးချင်တာက အရမ်းအန္တရာယ်များတဲ့ ကျင့်စဉ်တစ်ခုဖြစ်ပြီးတော့ အဲ့ဒီကျင့်စဉ်ကိုကျင့်မယ်ဆိုရင်တော့ ကိုယ့်နားမှာစောင့်တဲ့သူတစ်ယောက်ထားဖို့ကောင်းပါတယ်။ ဘာလို့လည်းဆိုရင် ကိုယ့်ရဲ့ဝိဥာဉ်မရှိတော့တဲ့နာမ်ခန္ဒာဟာ တစ်လက်သစ်စာပမာဏပဲဖြစ်ဖြစ်ရွေ့လျားသွားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ဝိဥာဉ်ဝင်လို့မရနိုင်ဘဲ အသက်ဆုံးတဲ့အထိဖြစ်နိုင်ပါလိမ့်မယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
www.kcb-center.blogspot.com
Post a Comment