လောကကြီးရပ်တန့်သွားရင်ကောင်းမယ်
ကမ္ဘာကြီးပျက်သုဉ်းသွားရင်ပိုတောင်ကောင်းမယ်
ဒါမှ နင် နဲ့ ငါ ဆိုတဲ့နာမ်စားတွေပျောက်ပြီး
အချစ် ဆိုတဲ့အရာတစ်ခုတည်းသာကျန်ခဲ့တော့မှာ . . .
ဒီလိုတွေးခဲ့မိပေမယ့်လေ
နင်နဲ့ငါကချစ်သူတွေမှမဟုတ်ကြတာ
နီးစပ်တယ်ဆိုရင်တောင်မှ
နင်နဲ့ငါဟာ သဝေထိုး နဲ့ "င" လို
လိုက်တမ်းပြေးတမ်းကစားနေကြရတာပါ . .
အသည်းကွဲခဲ့တယ်ဆိုရင်တောင်
ငါ့ရဲ့အသည်းတစ်ခြမ်းက
နင်ရှိရာအရပ်ကိုရုန်းထွက်သွားခဲ့လို့
ကွဲခဲ့ရတာပါ . . .။
ငါလေ . . . နင်နဲ့ပတ်သတ်လာရင်
အနေတွေဘယ်လောက်ဝေးဝေးချစ်တတ်တယ် . .
နင့်အတွက်ဆိုရင်လေ
ငါ့အသည်းတွေဘယ်လောက်ကွဲကွဲ
ငါပေးဆပ်ဖို့ကိုပဲရည်ရွယ်ခဲ့တာပါ . . . .။ ။

ကြယ်စင်ချစ်သူ
Post a Comment