ဒါပေမယ့် တချို့တွေက သေခြင်းတရားကို ဆန့်ကျင်ဖို့နည်းလမ်းတွေကို သိပ္ပံ၊ဘာသာရေး၊ ဆေးပညာ အစရှိတာတွေနဲ့ ရှာဖွေခဲ့ကြပါသေးတယ်။ သူတို့ရှာဖွေခဲ့ကြတာတွေကို အောက်မှာ စုစည်းတင်ပြပေးမှာပဲဖြစ်ပါတယ်။
သေခြင်းတရားကို ဆန့်ကျင်ဖို့နည်းလမ်းကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့သူကတော့ ဂေါတမဗုဒ္ဓမြတ်စွာပဲဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓဟာ ဘီစီ(၅ဝဝ)ခန့်ကပေါ်ထွန်းခဲ့ပြီး အကျိုးရှိရင် အကြောင်းရှိမယ်ဆိုတဲ့ ပဋိစ သမုပ္ပ သံသရာမှာ ဒီဘဝမှာ ပြုလုပ်ခဲ့သမျှအကျိုးတရားတွေဟာ နောက်ဖြစ်မယ့်ဘဝနဲ့ သွယ်ဝိုက်စွာတိုက်ဆိုင်နေပြီး ကမ္မဌန်းတရားများ၊ ဝိပဿနာတရားများကျင့်ကြံအားထုတ်ခြင်းဖြင့် သေခြင်းမှကင်းလွတ်ရာဖြစ်သော အသင်္ခတ နိဗ္ဗန်ရွှေပြည်တော်ကိုရောက်ရှိကြပြီး သေခြင်းဆိုသောအရာက ကင်းလွတ်မှာဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပါတယ်။
ဂေါတမဘုရားပြီး နောက်ထပ်သေခြင်းတရားကို ဆန့်ကျင်ရန်နည်းလမ်းကို တွေ့ရှိခဲ့သူနောက်ထပ်တစ်ယောက်ပေါ်ပေါက်ခဲ့ပါသေးတယ်။ သူကတော့ ယေရှုဘုရားသခင်ပဲဖြစ်ပါတယ်။ ယေရှုဘုရားသခင်ဟာ AD-BC အကူးအပြောင်းမှာပေါ်ပေါက်ခဲ့ပြီး သူ့ကိုအမှီပြုသူသည် သေလွန်သောအခါ သူ၏ခမည်းတော်၏ စံအိမ်တော်ထဲတွင် ထာဝရစံနေရမည်ဟုပြောကြားခဲ့သည်။
(ယောဟန် ၁၄း၁-၁)
မှတ်ချက် - BC = Before Christ (ခရစ်တော်မပေါ်မီ (×)နှစ်အလို)
AD = After Died (ခရစ်တော်သေလွန်ပြီး (×)နှစ်အကြာ)
နောက်ထပ်သေခြင်းတရားကိုဆန့်ကျင်ရာနည်းလမ်းကိုတွေ့ရှိခဲ့သူက နာမည်ကျော်အတွေးအခေါ်ပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းပဲဖြစ်ပါတယ်။
အိုင်းစတိုင်းဟာ ဂြိုဟ်တွေရဲ့အသွားအလာကိုလေ့လာမိပြီး ဂြိုဟ်ကနေကိုတစ်ပါတ်ပါတ်ချိန်ကိုတစ်နှစ်ဟုခေါ်ဆိုပြီး ကမ္ဘာကနေကို(၃၆၅)ရက်လျင် တစ်ပါတ်ပါတ်သဖြင့် တစ်နှစ်ဟုပညတ်ခေါ်ဆိုခြင်းဖြစ်ပြီး ပလူတိုဂြိုဟ်သည်နေကို ကမ္ဘာမှအချိန်နှင့်တွကလျင်နှစ်ပေါင်းများစွာကြာမှ တစ်နှစ်ဖြစ်သဖြင့် အသက်(နှစ်)သည် ဂြိုဟ်များ၏ရွေ့လျားနှုန်း တစ်နည်းဆိုရသော် အလျင်နှင့်သာသက်ဆိုင်နေသည်။
ထို့ကြောင့် အိုင်းစတိုင်းက အကယ်၍သာ ကျွန်တော်တို့သည် အလင်းအလျင်အတိုင်းရွေ့လျားနေပါက အလင်းအလျင်အတိုင်းပေါ်နေသောပုံရိပ်တို့သည် အလျင်ချင်းတူကာ ရပ်တန့်သွားပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှုပါရပ်တန့်သွားမည်ဖြစ်ပြီး ထာဝရှင်သန်မှုကိုရရှိမည်ဖြစ်သည်ဟု ဆိုခဲ့ပါသည်။
နောက်ထပ်သေခြင်းကိုဆန့်ကျင်ကြသူများထဲတွင် နော့တန်တက္ကသိုလ်မှ ကျောင်းသားများလည်း ပါဝင်သည်။ သူတို့သည် ခွေးတစ်ကောင်ကို မေ့ဆေးပေးကာ သွေးများအားလုံးကိုနှတ်ယူပြီး ရေခဲသေတ္တာထဲတွင်အအေးခံထားကာ ၁လအကြာတွင် အလောင်းကိုပြန်ယူကာ သွေးများကိုပြန်လည်ထည့်သွင်းသော အခါတွင် အံ့သြစရာကောင်းလောက်အောင်ပင် ထိုခွေးလေးမှာ အသက်ရှင်သန်လာခဲ့သည်။
ထိုထူးဆန်းသော စမ်းသပ်မှုကြောင့် လူသားရုပ်ကလာပ်သိုလှောင်ရုံများပေါ်ပေါက်လာခဲ့လေသည်။ ထိုသိုလှောင်ရုံများ၏စီမံကိန်းမှာ အကယ်၍လူတစ်ယောက်သည် ကုမရသောရောဂါရနေပါက ထိုသူ၏ရောဂါပိုးများများမပျံ့မီတွင် ထိုသူကိုမေ့ဆေးပေးကာ သွေးများကိုစုတ်ထုတ်ပစ်ပြီး အအေးခန်းတွင်သိုလှောင်ထားမည်ဖြစ်ကာ နောက်ပိုင်းတွင် ထိုရောဂါပျောက်ဆေးပေါ်ပေါက်လာပါက ရုပ်ကလာပ်ကိုပြန်လည်ထုတ်ယူကာ သွေးကိုဆေးနှင့် ပိုးသေစေမည်ဖြစ်ပြီး ထိုသွေးကိုပြန်သွင်းကာ ထိုသူအားအသက်ပြန်လည်ရှင်သန်စေမည်ဖြစ်သည်။
အဆိုပါစီမံကိန်းသည် ဥရောပမှတစ်ဆင့် ဂျပန်ထိပင်ပျံ့နှံ့နေပြီဖြစ်ကြောင်းလည်း သိရပါသည်။ သေခြင်းဟူသည် ဆန့်ကျင်၍ လောလောဆယ်တွင်မရရှိနိုင်သေးသော်လည်း မမြင်နိုင်သော အနာဂါတ်တစ်ချိန်တွင်တော့ . . . . . . ။
ကြယ်စင်ချစ်သူ
Post a Comment