၂ဝ၁၂တင်မကပါဘူး၊ ဘာသာတိုင်းလိုလိုမှာ ကမ္ဘာပျက်အယူအဆဆိုတာရှိပါတယ်။ ဗုဒ္ဓဘာသာမှာတော့ သာသနာနှစ်(၅ဝဝဝ)၊ ခရစ်နှစ်(၄ဝဝဝ)ခန့်မှာ ဒီကမ္ဘာကြီးအဆုံးသတ်မယ်လို့ စာပေကျမ်းဂန်များမှာဖော်ပြထားပြီး ယေရှုဘုရားသခင်နဲ့ နတ်မင်းကြီးများ ဆွေးနွေးနေပုံ ရှေးဟောင်း ပန်းချီကားမူရင်းမှာ ကမ္ဘာကြီးဟာ ၄ဝဝ၆ခုနှစ် မေလ(၄)ရက်နေ့မှာ အရှေ့အရပ်က ရေများအလုံးအရင်းနှင့် ကမ္ဘာကြီးဆီသို့ဝင်ရောက်ကာ ပျက်စီးနိုင်စေကြောင်း ရေးသားထားခဲ့ပါတယ်။
၂ဝ၁၂ကမ္ဘာပျက်အယူအဆကတော့ မာယာလူမျိုးတွေရဲ့ နဂိုတကည်းက ရှိနှင့်နေခဲ့တဲ့ နိမိတ်တစ်ခုပါ။ ကမ္ဘာပျက်အယူအဆဟာ မာယာလူမျိုးတွေတင်မက ဒဏ္ဍာရီတစ်ခုရဲ့ သဲလွန်စကနေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့ဒီဒဏ္ဍာရီကတော့ ဒီလိုပါ။
လောကကြီးမှာ သက်ရှိတွေအားလုံးဟာ ညစ်ညမ်းတဲ့ အတွေးအခေါ်၊ အကြံအစည်တွေနဲ့ ပြည့်နှက်လာတဲ့အခါ စစ်မက်တွေဖြစ်ပွားကာ ကမ္ဘာကြီးဟာ ကြောက်မက်ဖွယ်လာတဲ့အခါ ထာဝရဘုရားသခင်ဟာ သက်ရှိဖိုမတစ်စုံစီကို သင်္ဘောကြီးတစ်ခုနဲ့တင်ကာ ကျန်သက်ရှိများကိုတော့ ကမ္ဘာကြီးကိုရေလွမ်းမိုးစေပြီး ဖယ်ရှားသန့်စင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သက်ရှိမျိုးဆက်ဟာ အဲ့ဒီဖိုမတစ်စုံကနေ ပြန်လည်ပွားခဲ့ပြီး ယခုကမ္ဘာမြေကြီးဖြစ်ပေါ်လာခဲ့တဲ့အထိပါ။ ထိုသင်္ဘောကြီးကတော့ တောင်ထိပ်တစ်ခုမှာ တင်ကျန်ရစ်နေခဲ့တယ်လို့သိရပါတယ်။ အဆိုပါသင်္ဘောကို ၁၉၉၇ခုနှစ်မှာရှာဖွေတွေ့ရှိခဲ့ပြီး အထဲမှ ကျမ်းစာတစ်စောင်မှာ ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ(၁၂)မှာကမ္ဘာပျက်မယ်လို့ရေးထားပါတယ်။ (သုတစွယ်စုံ၊ ၁၉၉၇၊မတ်လ)
ဒီနေရာမှာ မတူခြားနားတာကတော့ မာယာတွေရဲ့အယူအဆက ဒီဇင်ဘာ(၂၁)ရက်နေ့ဖြစ်ပြီး၊ ဒဏ္ဍာရီအယူအဆကတော့ ဒီဇင်ဘာ(၁၂)ရက်နေ့မှာ ကမ္ဘာပျက်မယ်လို့ဖော်ပြထားတာပဲဖြစ်ပါတယ်။
ကျွန်တော်နိဒါန်းသာပျိုးလာခဲ့ရတာ ခေါင်းစဥင်္အတိုင်း ဘယ်လိုပျက်မယ်ဆိုတာ တစ်ခုမှမပါသေးပါဘူး။ ကျွန်တော်တို့ကမ္ဘာကြီးဟာ ဖြစ်တည်လာစတုန်းက တိုက်ကြီးတွေဟာ ယခုလိုမျိုးကွဲပြားနေခြင်းမရှိသေးဘဲ တိုက်ကြီးတစ်တိုက်သာရှိခဲ့တာပါ။ နောက်ပိုင်းမှ မြေသားရွေးလျားမှုတွေကြောင့် တိုက်ကြီး(၈)တိုက်အဖြစ်ဖြစ်ပေါ်လာခဲ့ကာ နောက်ပိုင်းမှာ အိန္ဒိယတိုက်နဲ့ အာရှတိုက်ပူးပေါင်းသွားခဲ့ကာ အာရှတိုက်ကြီးအဖြစ်ဖြစ်ပေါ်လာခဲ့ပါတယ်။
အဆိုပါအိန္ဒိယမြေလွာထုချပ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကိုတိုးဝင်လျက်ရှိတာကြောင့် အဆိုပါနေရာတွေမှာ ငလျင်ပြင်းထန်စွာလှုပ်ခတ်မှာဖြစ်တယ်လို့ခန့်မှန်းရပါတယ်။ ငလျင်လှုပ်ခတ်မယ်လို့ ဘာကြောင့်ခန့်မှန်းရသလဲဆိုရင်တော့ ဗြဟ္မဏတို့ရဲ့ နက္ခတ်ကျမ်းဖော်ပြချက်အရ ၂ဝ၁၂ခုနှစ်ဒီဇင်ဘာ(၂၁)မှာ ဂြိုဟ်ကြီး(၉)လုံးပူးကပ်မှာဖြစ်တာကြောင့် ဂြိုဟ်တွေရဲ့ဆွဲအားကြောင့် ကမ္ဘာမှာ ကြီးမားတဲ့ ရေကြီးမှု၊ ငလျင်ဒဏ်တွေကိုလည်း ခံစားရနိုင်ချေရှိနေပါသေးတယ်။
နောက်အယူအဆတစ်ခုကတော့ ၂ဝ၁၂ကမ္ဘာပျက်အယူတော့မဟုတ်ပါဘူး။ ဒါပေမယ့် ၂ဝ၁၂နဲ့ဆက်စပ်နေတဲ့ အယူအဆတစ်ခုပါ။ ဒီအယူအဆကိုတော့ ဖိုတွန်ခါးပါတ် (Photon-Belt) အယူအဆလို့ခေါ်ဆိုပြီး ဖိုတွန်ခါးပါတ်ဆိုတာကတော့ ကျွန်တော်တို့နေထိုင်ရာဂြိုဟ်များရှိတဲ့ နဂါးငွေ့တန်းအလယ်ဗဟိုအဖြစ်ရှိနေတဲ့ စကြာဝဠာကြီး(၁၁)ခုရဲ့အလယ်မှာ အလွန်ကြီးမားတဲ့ အလင်းမှုန်စုဝေးကြီးတည်ရှိနေပြီးတော့ ထိုအလင်းမှုန်စုဝေးကြီးဟာ ကျွန်တော်တို့ကမ္ဘာကို နှစ်နှစ်သန်းမှာတစ်ကြိမ်ဖြတ်သန်းလေ့ရှိပြီး ထိုအလင်းမှုန်စုကြီးဟာ ကျွန်တော်တို့စကြာဝဠာကို (၁၉၆၄)ခုနစ် ဇန်နဝါရီလ(၄)ရက်နေ့ကဝင်ရောက်လာခဲ့ပြီး ၂ဝ၁၂မှာ ကမ္ဘာကို ဒါမှမဟုတ်ရင် နေဆီကိုဖြတ်သန်းနိုင်တယ်လို့ဆိုထားပါတယ်။ အဆိုပါအလင်းမှုန်စုတန်းကြီးဟာ နေဆီကိုအရင်ဝင်ပါက ကောင်းကင်မှာ မီးတောက်မီးလျံများကို မြင်ရမှာဖြစ်ပြီး ကမ္ဘာကိုအရင်ဝင်ရောက်ပါက ကမ္ဘာကြီးတစ်ခုလုံးအမှောင်ကျသွားကာ လျှပ်စစ်ပစ္စည်းများ အလုပ်မလုပ်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့ပြင် နေပေါ်တွင်တိုက်ခိုက်လျက်ရှိသော နေမုန်တိုင်းသည် ယခုနှစ် ဒီဇင်ဘာလအတွင်း အပြင်းထန်ဆုံးအခြေအနေသို့ရောက်ရှိမည်ဖြစ်ပြီး လျှပ်စစ်လှိုင်းများ၊ ရုပ်သံလိုင်းများနှင့် အခြား ဆက်သွယ်ရေးကွန်ရက်များပြတ်တောက်နိုင်ကြောင်းကိုလည်း နာဆာမှ ပညာရှင်များက ဆိုထားကြသေးသည်။
ထို့ကြောင့် (၂ဝ၁၂)သည် ဒဏ္ဍာရီဆန်သောနှစ်၊ ကောလဟလများနှင့်ပြည့်နှက်နေသောနှစ်၊ ရာသီဥတုဖောက်ပြန်ထူးကဲသောနှစ်တစ်နှစ်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။
ကြယ်စင်ချစ်သူ
အွန်လိုင်းပေါ်က ဗဟုသုတများ
www.myonlineknowledgebank.blogspot.com
Post a Comment