နည်းလမ်းလေးကတော့ အရမ်းကိုရိုးရှင်းပါတယ်။ ဒီလိုလုပ်ဖို့အတွက် ကိုယ်ခေါင်းကိုက်အောင်ပြုစားလိုတဲ့သူရဲ့ ပထမဆဲုံးမှည့်ခဲ့တဲ့နာမည် (ဒါမှမဟုတ်) သူ့ရဲ့မှတ်ပုံတင်နာမည်ကို သိထားဖို့လိုပါတယ်။
လုပ်ပုံလုပ်နည်းကို နာမည်တစ်ခုနဲ့ဥပမာပြပြီးလုပ်ကြည့်ကြပါစို့။
ကိုယ်လုပ်ချင်တဲ့သူက ထက်ထက်လှိုင်ဆိုပါစို့။
ပထမအဆင့် သူ့ရဲ့နာမည်ကို ခွဲခြမ်းစိတ်ဖြာလိုက်ပါမယ်။
ထက် = စနေ၊ ထက် = စနေ ၊ လှိုင် = ဗုဒ္ဒဟူး
(စနေ+စနေ+ဗုဒ္ဒဟူး) ဆိုပြီးရပါတယ်။ ဒီဟာကို ကျွန်တော်တို့ဒုတိယအဆင့်အနေနဲ့ ပြောင်းပြန်လှန်လိုက်ပါ့မယ်။ ဒီလိုဆိုရင် (ဗုဒ္ဒဟူး + စနေ + စနေ) အဲ့လိုမျိုးရလာပါလိမ့်မယ်။ ဒီတော့ အဲ့လိုမျိုးရလာလို့ရှိရင် ပြောင်းပြန်လှန်တဲ့ဟာရဲ့ အရာဝတ္ထုကိုလိုက်ရှာကြည့်ပါ။
လေထိုးတံ (လေ = ဗုဒ္ဒဟူး၊ ထိုး=စနေ၊ တံ=စနေ) ဆိုပြီးရပါလိမ့်မယ်။ ဒါဆိုရင်ကျွန်တော်တို့ပစ္စည်းတော့ရပြီ။ နောက်ပြီးသူ့ရဲ့ ပုံတူပန်းချီကားကိုယူပါမယ်။ (ဓာတ်ပုံဆိုရင်လည်းဖြစ်ပါတယ်) နောက်ပြီးရင် ပုံတူပန်းချီကားပေါ်မှာ လေထိုးတံကိုတင်ထားလိုက်ပါ။ ပြီးရင်တော့ စာရွက်တစ်ရွက်မှာ သူ့ကိုစီရင်ခဲ့တဲ့ သူ့နာမည်အရင်းထက်ထက်လှိုင်ကိုရေးပါ။ ရေးပြီးရင် အဲ့ဒီစာရွက်လေးကိုလေထိုးတံမှာ ညှပ်ထားပြီးနောက်မှာ လေကိုအ၀ထိုးရင်းနဲ့ ထက်ထက်လှိုင်ခေါင်းကိုက်ပါစေ ဆိုပြီး (၇)ခေါက်အသက်အောင့်ရွတ်ပါ။
ဒီလိုလုပ်ပြီး (၃)ရက်အတွင်းမှာ သူအမှန်တကယ်ပဲခေါင်းကိုက်လာပါလိမ့်မယ်။ မယုံရင် ကိုယ်နဲံ့မတဲ့တဲ့ သူတစ်ယောက်ကို စမ်းကြည့်နိုင်ကြပါတယ်။
စည်းကမ်းလေးကတော့ ဘယ်အချိန်ဘယ်နေရာမှာ ဘယ်သူ့ကို ဘယ်လိုလုပ်မယ်ဆိုတာ ဘယ်သူမှမသိပါစေနဲ့။ ဒါဆို သင်လုပ်တာဟာ အောင်မြင်သွားမှာပဲဖြစ်ပါတယ်ဗျာ . . .။
ပြုစားမှုမှ ကာကွယ်နည်းကတော့ မိမိကို တစ်စုံတစ်ယောက်ပြုစားနိုင်တယ်ဆိုတဲ့အသိကို စိတ်ထဲမှာစွဲနေအောင် တွေးနေရပါမယ် . . .။
ကျမ်းကိုး - ပုဂံခေတ်ကမှော်ဝင်နည်းလမ်းများ
( (၁၈၈၀)ကထုတ်ဝေခဲ့သည။်)
အားလုံးပညာရပ်ကို အကျိုးရှိစွာအသုံးချနိုင်ကြပါစေဗျာ . . .
ကြယ်စင်ချစ်သူ
1 မှတ်ချက်များ:
စိတ်ဝင်စားတယ် ကြာသပတေး +တနင်္ဂနွေ+တနင်္ဂနွေ ဆိုရင်ဘယ်လိုလုပ်ရမှာလဲ ဟုတ်မဟုတ် စမ်းချင်လို့ပါ ဒုက္ခပေးချင်လို့မဟုတ်ဘူး အောင်မြင်ရင် ကိုယ့်ကို ကိုကာကွယ်နိုင်အောင်လို့ပါ မှော်ပညာနဲ့ ပတ်သတ်တဲ့စာအုပ်တွေdownload ဆွဲလို့ရတဲ့ဆိုက်များရှိရင် လမ်ညွှန်ပေးပါ ကျေးဇူးတင်ပါတယ် အကိုယ်တို့ဆီကပြန်စာကိုမျှော်နေပါမယ်
ReplyPost a Comment