Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

စုန်းကဝေမိတ်ဆက်နှင့်အခြေခံသဘောတရားများ

                  စုန်းကဝေဆိုတာကို သာမန်လူသားတွေကို ဆယ့်နှစ်ကြိုး၊ ကြိုးသုံးဆယ် စသဖြင့်ခွဲခြားတတ်ပေမယ့် စုန်းကဝေအချင်းချင်း ခွဲခြားမှုကတော့ အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။ စုန်းကဝေမှာ သုံးမျိုးပဲရှိပါတယ်။

(၁) အနက်ရောင်စုန်းကဝေ
(၂)အဖြူရောင်စုန်းကဝေ
(၃)မီးခိုးရောင်စုန်းကဝေ ဆိုပြီး အဆင့်အတန်းသုံးမျိုးသာရှိပါတယ်။


                    စုန်းကဝေဆိုတိုင်းလူတွေကလန့်လန့် သွားတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အပေါ်ကို စုန်းကဝေတွေက အပျက်သဘောနဲ့ သက်ရောက်နိုင်လို့ပါပဲ။ ဒါပေမယ့် လူသားတွေမစဉ်းစားမိကြတာကတော့ သူတို့ကိုယ်တိုင်ပဲ လေ့ကျင့်ရင် ကိုယ်တိုင်လေ့ကျင့်မှုအတိုင်း စုန်းကဝေတကယ်ပဲဖြစ်လာနိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုတာကိုပါပဲ။ တကယ်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုတော့ ကျွန်တော်က အောက်မှာဆွေးနွေးတင်ပြသွားမှာပဲဖြစ်ပါတယ်။


(၁) အနက်ရောင်စုန်းကဝေ
                   အနက်ရောင်ကိုကိုယ်စားပြုပြီး  ကောင်းမှုဆိုင်ရာပညာရပ်များကိုမပြုလုပ်နိုင်ဘဲ မကောင်းကြံသော အတတ်များကိုသာ ပြုလုပ်စွမ်းနိုင်သည့် စုန်းကဝေမျိုးဖြစ်သည်။ သာမန်လူများအပါအဝင် မည်သူမဆိုဖြစ်ခွင့်ရှိသည်။ သို့သော် (၁၄) ရက်တွင်တစ်ခါမှော်အတတ်ကိုမသုံးပါက ဝမ်းတွင်းနာကျင်ကိုက်ခဲမှုဝေဒနာကို လူးလှိမ့်စွာခံစားရသည်။ မှော်ပညာသုံးသောအခါတွင် ဘယ်အချိန်၊ဘယ်နေရာမှာ၊ ဘယ်သူ့ကို ဘယ်လိုမှော်အတတ်နဲ့ ဘယ်လိုစီရင်မယ်ဆိုတာ ဘယ်သူမှမသိစေနဲ့ ဟူသောစည်းကမ်းကိုလိုက်နာရသည်။


(၂) အဖြူရောင်စုန်းကဝေ
                    အဖြူရောင်ကို ကိုယ်စားပြုပြီး ကောင်းမှုဆိုင်ရာပညာရပ်များကိုသာပြုလုပ်နိုင်သည်။ ကျန်အချက်များမှာ အနက်ရောင်နှင့် အတူတူပင်ဖြစ်သည်။ မှော်ပညာသုံးသောအခါတွင် ဘယ်အချိန်၊ဘယ်နေရာမှာ၊ ဘယ်သူ့ကို ဘယ်လိုမှော်အတတ်နဲ့ ဘယ်လိုစီရင်မယ်ဆိုတာ ဘယ်သူမှမသိစေနဲ့ ဟူသောစည်းကမ်းကိုလိုက်နာရသည်။


(၃) မီးခိုးရောင်စုန်းကဝေ
                   အဆင့်အမြင့်ဆုံးစုန်းကဝေအမျိုးအစားဖြစ်ပြီး အနက်ရောင်နှင့် အဖြူရောင်ပေါင်းစပ်ထားသော မီးခိုးရောင်ကိုကိုယ်စားပြုသည်။ ဝမ်းတွင်းစုန်းများနှင့် မျိုးရိုးစဉ်ဆက်စုန်းကဝေများသာ ဖြစ်ခွင့်ရှိသည်။ ဖြစ်ခွင့်ရှိသည်ဆိုသော်လည်း ရေနစ်ဖူးသောသူ၊ခွေးကိုက်ခံရသောသူ နှင့် သစ်ပင်ပေါ်မှပြုတ်ကျဖူးသောသူများ ဖြစ်ခွင့်မရှိပါ။ ကောင်းသောမှော်အတတ်နှင့် မကောင်းသောမှော်အတတ် အားလုံးကိုအသုံးပြုနိုင်သည်။ စည်းကမ်းလိုက်နာရန်မလိုပါ။


                ခုဖော်ပြခဲ့တာတွေကတော့ မှော်ပညာအခြခံသဘောတရားတွေနဲ့ စုန်းကဝေတို့အကြောင်းပါ။ နောက်ထပ် အပျော့စားမှော်နည်းလမ်းလေးတွေလည်း ထပ်တင်ပေးမှာဖြစ်လို့ အားပေးကြပါဦးလို့ပြောရင်းနဲ့ပဲ အောက်မှာ ကျွန်တော့်ကလောင်နဲ့ပိတ်ပြီး ပို့စ်လေးကိုအဆုံးသတ်ပါရစေ။

ကြယ်စင်ချစ်သူ
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

1 မှတ်ချက်များ:

ကျွန်တော်ရေနစ်ဖူးတယ် အဲဒါနဲ့ပဲလက်လျှော့ရတော့မှာလားဗျ

Reply

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top