လာလည်တဲ့သူငယ်ချင်းတွေအတွက်ဒီတစ်ခါ စုန်းကဝေနဲ့ ပါတ်သတ်တဲ့ သုတလေးတွေကို မျှဝေချင်ပါတယ်ခင်ဗျာ . . .။
လူတွေရဲ့ ၇၀ရာနှုန်းက စုန်းကဝေတကယ်ရှိတာကိုယုံကြည့်ကြပြီး ၂၈ရာနှုန်းကတော့ ဒီအယူအဆတွေကို မယုံကြည်ကြပါဘူးတဲ့။ ကျန်တဲ့ ၂ရာနှုန်းကတော့ စုန်းကဝေဆိုတဲ့ဝေါဟာရတွေကို ကြားတောင်မကြားဖူးကြပါဘူးတဲ့ . . .။
ကျွန်တော်ပထမဆုံးဆွေနွေးလိုတာကတော့ စုန်းကဝေကိုမယုံကြည်တဲ့သူတွေရဲ့ အယူအဆတွေပေါ့ဗျာ . . .။ သူတို့ပြောကြကတော့ အင်္ဂလိပ်ဘာသာစကားမှာ မျက်လှည့်ပညာကို Magic လို့ပြောသလို မှော်ပညာကိုလည်း တစ်ခါတစ်ရံမှာ Wizard လို့ပြောကြပါတယ်။ ဒါဟာဘာကိုဖော်ပြနေသလဲဆိုရင် စုန်းကဝေအယူသည်းမှုများဟာ သုတနည်းသူတွေမျက်လှည့်ဆရာကိုမှော်ဆရာလို့ထင်မြင်ရင်း သူတို့ကလေးတွေကို ခြိမ်းခြောက်ဆုံးမရာကနေ မှော်ဆိုတဲ့ကောလဟလက ဖြစ်ပေါ်လာရတာပါတဲ့။
နောက်ထပ်ဆွေးနွေးလိုတာကတော့ စုန်းကဝေနဲ့ မှော်ပညာများကို လက်ခံတဲ့ဘက်ကပါ။ လူများစုလက်ခံထားကြတာက စုန်းကဝေတို့ဆိုတာ လူတစ်မျိုးသာဖြစ်တယ်လို့ပါပဲ။ လေ့လာချက်များအရ ကျွန်တော်တို့သာမာန်လူသားတွေဟာ ဦးနှောက်မှာရှိတဲ့ ဖြတ်ထိုးဥာဏ်၊ ပိုင်းခြားသိမြင်နိုင်စွမ်း၊ မှတ်ဥာဏ် စတဲ့အရာတွေကို အလွန်ဆုံး ၁၀ရာခိုင်နှုန်းလောက်သာအသုံးချနီုင်သူတွေဖြစ်ပြီးတော့ စုန်းကဝေတွေဟာ ရာနှုန်းပြည့်နီးပါးလောက်အသုံးချနိုင်သူလို့ ယူဆကြပါတယ်။ မှော်ဆိုတဲ့အကြောင်းကိုပြောလိုက်တာနဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းကလည်း သတိရစရာပါ။ ဟယ်ရီပေါ်တာဇာတ်လမ်းထဲကစုန်းကဝေတွေက သာမာန်လူတွေကို မက်ဂယ်(Muggle) လို့ခေါ်ကြပါတယ်။ ဒါကိုအဓိပ္ပါယ်ကောက်ကြည့်ရင်တော့ သူတို့လောက်ဥာဏ်ရည်မရှိသူလို့ အဓိပ္ပါယ်ရပါတယ်။
ခုနပြောခဲ့တဲ့ဟာတွေက နိုင်ငံတကာက ယုံကြည်ထားတဲ့ စုန်းကဝေအကြောင်းတွေပါ။ ခုမြန်မာနိုင်ငံရဲ့ စုန်းကဝေအကြောင်းကိုထပ်ပြောပြချင်ပါသေးတယ်။ မြန်မာနိုင်ငံရဲ့ စုန်းကဝေဒဏ္ဍာရီအရ စုန်းကဝေများဟာ လွန်ခဲ့တဲ့ နှစ် ရာပေါင်းများစွာလောက်က ယောနယ်ရဲ့ ဇရပ်တွေမှာအုပ်စုလိုက်နေကြတာဖြစ်ပြီး နောက်ပိုင်းမှာ သူတို့ရဲ့ နောက်ကြောင်းကို လူတွေသိသွားကြတဲ့အခါမှာ လူတွေက သူတို့ကိုမျိုးဆက်ပြန့်ပွားခွင့်မပေးတော့တာကြောင့် မြန်မာနိုင်ငံအရပ်ရပ်သို့ရှောင်ထွက်သွားကြရာမှ မြန်မာနိုင်ငံအနှံ့အပြား စုန်းကဝေအယူအဆများလူသိများလာတယ်လို့ နန်းစဉ်သုံးဂါထာမန္တန်ကျမ်းထဲမှာဖော်ပြထားပါတယ်။
နောက်ပြီး ပုဂံခေတ်ကကိုးကွယ်ခဲ့ကြတဲ့ အရည်းကြီးတွေဟာ အထက်လမ်း စုန်းကဝေပညာရှင်များဖြစ်ကြောင်းလည်းဖော်ပြထားပါသေးတယ်။
အချစ်နဲ့ပါတ်သတ်တဲ့ အပျော့စားစုန်းကဝေနည်းလမ်းလေးတွေကိုလည်း နောက်ဘလော့ထပ်ရေးသားပါဦးမယ်ခင်ဗျာ . . .။
;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...
Post a Comment