Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ကာယာနုပဿနာကျမ်းမှ ပဋိသန္ဓေအကြောင်းကို လေ့လာကြည့်ခြင်း (စတုတ္ထပိုင်း)

ကလာပ်သုံးစည်းပမာဏ
           ကလာပ်သုံးစည်းလုံးဖြစ်သော ပမာဏ၏ သုံးပိုင်းတစ်ပိုင်းသည်  ကလာပ်တစ်စည်း၏ ပမာဏဖြစ်၏ ။ ထိုကလာပ်စည်းတွင် ပထ၀ီဓာတ်နှင့် ရူပါရုံသာ အလေး၊အပေါ့၊အဆင်းသဏ္ဍာန် ပမာဏကိုရကောင်သောကြောင့် အဋ္ဌကလာပ်မှသည် တေရသက ကလာပ်တိုင်အောင်အကြီးအငယ်တူကြကုန်၏  ။
          ထိုကလာပ်သုံးခုတို့၏ ပုံသဏ္ဍာန် ၊အလုံး၊အပေါက်၊ ဗိန္ဓု ဟူ၍ပင်မှတ်အပ်၏  ။ ထိုကလာပ်သုံးစည်းဟူသော ရုပ်မှုန့်လုံးငယ် သုံးခုအကြားတွင် ဟင်းလင်း လဟာ အာကာသဓာတ်ခြားလျက်ရှိသော်လည်း အာပေါဓာတ်သည် ပေါင်းစုဖွဲ့စည်း၍ ဝါယောဓာတ်ကအတွင်းကကန်၍ ပြင်ပတ်လည်က ဘိ(ဖိ)သောကြောင့် ရုပ်ကလာပ်လုံးငယ်သုံးစုသည် သီးခြားစီကွဲပြား၍မသွားနိုင် ပေါင်းစု၍တည်ကြရ၏ ။ ထိုကလလ၏အဆင်းသဏ္ဍာန်ကား ကြက်ဥသိမ် စသော ဥသိမ်နှင့်တူ၏ ။ ထိုဥသိမ်သည်လည်း ကလလပင် ဟူ၍ အရှင်နာဂသိန်ဟောတော်မူသည်။
ကလလရေကြည် ၇ရက်တည်ပုံ
            ထိုကလာပ်သုံးစည်း ပဋိသန္ဓေစိတ်နှင့်တစ်ပြိုင်နက်ကျရာတွင် ပဋိသန္ဓေစိတ်သည် ခဏတွင် ပဋိသန္ဓေစိတ်နှင့်အတူဖြစ်သော ကလာပ်သုံးစည်းတွင်ပါသော တေဇောဓာတ်ဟူသော ဥတုသည် ဥတုသမုဋ္ဌာန် အဋ္ဌကလာပ်ကိုဖြစ်စေ၏ ။ အခြားမြို့ကျေးရွာသို့ရောက်စဖြစ်သောသူသည် အခြားမည်သည့်အမှုကိုမှ မဖြစ်စေနိုင်သကဲ့သို့ ဘ၀သစ်တွင် ဖြစ်စဦးဖြစ်သော ပဋိသန္ဓေစိတ်သည် ရုပ်ကိုမဖြစ်စေနိုင်။ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ ခဏတိုင်း၊ခဏတိုင်း ကံကြောင့်ဖြစ်သော ကာယဒဿက၊ ဝတ္ထုဒဿက၊ ဘာဝဒဿက ကလာပ်သုံးစည်းတို့သည် ဖြစ်ကြကုန်၏  ။ ထိုသို့ဘဝင်စိတ်ဖြစ်တိုင်း ရုပ်ကလာပ်မှုန့်အလုံးငယ်တို့သည် တိုးပွား၍ ၇ရက်တိုင်တိုင် ကလလအဖြစ်ဖြင့်တည်ကြောင်းနှင့် ရောမနိုင်ငံထွက်ကျမ်းတို့တို့တွင်ဆိုသည့်အတိုင်း ယက္ခသံယုတ် အဋ္ဌကထာတွင်ဆိုသည့် စကားနှစ်ရပ်ညီသောကြောင့်လည်းကောင်း ပဋိသန္ဓေတည်သည်မှ မွေးဖွားသည်တိုင်အောင် ရက်၊လအရေအတွက်ညီညွတ်သောကြောင့်လည်းကောင်း  ထိုစကားကိုမှတ်အပ်၏ ။
(ကလလ၏ အဖြစ်ဖြင့် တစ်လတိုင်အောင်တည်သည်ဟုဆိုသော သုဿုတစ စသောဆေးကျမ်းဆရာတို့စကားကို ယုတ္တိအာဂုံမရှိသောကြောင့်မမှတ်အပ်။)
           ပဋိသန္ဓေစိတ်နှင့်တစ်ပြိုင်နက်ဖြစ်သော ဖြစ်ရင်းကလာပ်စည်းတို့သည် ပဋိသန္ဓေစိတ်နောင် တစ်ဆယ့်ချက်မြောက်သောဘဝင်စိတ်နှင့်ပြိုင်၍ချုပ်၏ ။ ရုပ်ရှိသမျှသောသဘောသည် စိတ်(၁၇)ချက်မျှလောက်သာ အသက်ရှိသည်။ စိတ်၏ဖြစ်ခြင်းသည်လည်း အလွန်မြန်သည်။ လက်ဖြစ်တတွက်မျှလောက်သောကာလတွင် စိတ်ပေါင်းကုဋေတစ်သိန်းဖြစ်၍ ချုပ်နိုင်၏ ။ ထို့ကြောင့်တစ်အောင့်ခြင်းတွင် အထက်ကို ဘဝဂ်၊ အောက်ကိုအဝီစိတိုင်စိတ်ဖြင့်ကူးသန်းရောက်ပေါက်နိုင်၏  ။
ဆက်လက်ဖော်ပြပါဦးမည်။
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top