Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ကာယာနုပဿနာကျမ်းမှ ပဋီသန္ဓေအကြောင်းကိုလေ့လာကြည့်ခြင်း (တတိယပိုင်း)

ကလလရေကြည်ပမာဏ

                ထိုသို့ ပဋိသန္ဓေတည်သော ရုပ်ကလာပ်သုံးစည်းကို လောကဝေါဟာရ ပညတ်အားဖြင့် ကလလဟုခေါ်သည်။ ထို ကလလ ပမာဏကို အရှင်သာရိပုတ္တရာက သန်းဦးခေါင်းမျှလောက်ဟု ဟောတော်မူသောကြောင့် ရုပ်ကလာပ်စည်းတို့တွင် ပမာဏ ရကောင်းသည်လည်း ပထ၀ီဓာတ်နှင့် ရူပါရုံသာဖြစ်၍ အရပ်ရပ် ကလာပ်စည်းဟူသမျှတို့၏ ပမာဏသည် တူကြရမည်ဖြစ်သောကြောင့် ထိုပဋိသန္ဓေ ကလာပ်စည်း သုံးစည်း၏ ပမာဏသည် သန်းဦးခေါင်း သုံးလုံးမျှရှိလောက်၏ ဟူ၍သာ သန္ဒိဌာန်ကျမှတ်အပ်၏ ။

ကလပ်စည်း ၃စည်း ရုပ်၁၁ပါး အသီးသီးကျေးဇူးပြုပုံ

                ထိုကလာပ်စည်း သုံးစည်းတို့တွင် ကလာပ်စည်းတစ်စည်းတွင် ရုပ်ဆယ်ခုစီရှိရာတွင် -
(၁) ပထဝီဓာတ်တို့သည် အခြားသောရုပ်တို့၏ တည်ရာအစိုင်အခဲဖြစ်အောင် ခိုင်မာသောသဘော။
(၂) အာပေါဓာတ်သည် မပိန်၊မခြောက် အမှုန့်ဖြစ်၍ မပျောက်ရအောင်စိမ့်ဝင်ပေါင်းစု၏ ။
(၃) သားငါးတို့ကို မီးဖြင့်ဖုတ်ကင်လျှင် မပုပ်နိုင်သကဲ့သို့ တေဇောဓာတ်သည်လည်း မပုပ်အောင်စောင့်၏ ။
(၄) ကျားကန်သကဲ့သို့ ဝါယောဓာတ်သည် အတွင်းကကန်၍ အပြင်က ဘိ(ဖိ)၏  ။

            ထိုသို့ဓာတ်လေးပါး အစုအထည်ဒြပ်ဖြစ်ရာတွင်-
(၅) ရူပါရုံသည် မြင်ကောင်းသော အဆင်းသဏ္ဍန်ရှိ၏ ။
(၆) ဂန္ဓာရုံသည်အနံ့ဖြစ်၏ ။
(၇) ရသာရုံသည် ရသာခြောက်ပါးတွင် တစ်ခုခုဖြစ်၏ ။
(၈) သြဇာသည် မျှတတောင့်တင်းစေ၏ ။
(၉) ဇီဝိတသည် မသေရအောင်စောင့်၏ ။
(၁၀)ဝတ္ထုရုပ်သည် စေတသိတ်တို့မှီရာဘို့ဖြစ်၏ ။
(၁၁)ဘာဝရုပ်သည် မိန်းမ၊ ယောက်ျား ပုံသဏ္ဍာန်ဖြစ်ရန် ဘို့ဖြစ်၏။
          ထိုကလာပ်၃စည်းမူကား ရှေးကံကြောင့်သာ ပဋိသန္ဓေအခါ ပဋိသန္ဓေစိတ်နှင့်အတူတစ်ပြိုင်နက်ဖြစ်၏ ။ ထိုကလာပ်၃စည်းတို့သည် အချင်းချင်းမရောယှက်ရအောင် ကလာပ်တစ်စည်း တစ်စည်း၏ပတ်လည် ၀န်းကျင်တွင် အာကာသဓာတ် ပရိစ္ဆေ ရုပ်ခြားလျက် ဟင်းလင်းလဟာလည်းရှိ၏ ။

ဆက်လက်ဖော်ပြပါဦးမည်။
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top