Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ပေတဘုံ၊အတိတ်၊အနာဂါတ်၊ပစ္စုပ္ပန်နဲ့ Time travel


ယခုတင်ပြသောအကြောင်းအရာများသည် ကျနော်ရဲ့တချို့အရာတွေ ကျင့်စဉ်က ကြုံတွေ့ခဲ့ရတဲ့ နာမ်လောကပိုင်း ဖြစ်သဖြင့် လွတ်လပ်စွာ ဝေဖန်တွေးခေါ် နိုင်ပါသည်။ ပထမဦးစွာ ပေတဘုံသားတွေ အရာရာကို ဖြတ်သန်းသွားလာ နိုင်ပါသလား။နံရံတွေ လူတွေ အရာဝတ္ထုတွေကို အလွယ်တကူ ဖြတ်သန်းသွားလာ နိုင်ပါသလား။ကျနော့် အယူအဆကတော့ အကုန်လုံးဖြတ်သန်း မသွားလာနိုင်ပါဘူး။ဘာလို့လဲ ဆိုတာရှင်းပါရစေ။အရှေ့အရပ်ကို မျက်နှာမူပြီး ဝင်ပေါက်ရှိတဲ့ အိမ်တစ်အိမ်မှာ လူတစ်ယောက်ရှိတယ် ဆိုကြပါစို့။အဲ့လူသေသွားတယ်။အိမ်မှာ အစွဲတခုကျန်ခဲ့တယ်ပေါ့။ဒီအခါမှာ အဲ့ဒီလူရဲ့ နာမ်ကအဲ့ဒီအိမ်မှာ လျှောက်သွားနေပါ လိမ့်မယ်။အသက်ရှင် နေထိုင်ခဲ့စဉ်က အလွှာအပိုင်းအခြား အတိုင်းလှုပ်ရှား သွားလာနေပါလိမ့်မယ်။ဆယ်စုနှစ်တစ်ခုကြာတဲ့အခါ ဒီအိမ်ကိုဖျက်ပြီ အနောက်ဖက်မှာ ဝင်ပေါက်ရှိတဲ့ အဆောက်ဦးအသစ် တစ်ခုဆောက်လိုက်ပါတယ်။အရင်အိမ်အဟောင်းရဲ့ ဝင်ပေါက်ကအရှေ့ဖက်မှာ ရှိတာပါ။အဲ့ဒီဝင်ပေါက်နေရာမှာ ယခုနံရံကြီးဖြစ်နေပါတယ်။ဒီအခါခုနကအစွဲ အတိတ်အလွှာက သူ့အိမ်ထဲဝင်ချင်တဲ့အခါ ယခုနံရံရှိတဲ့ အပေါက်နေရာက ဖြတ်သန်းဝင်ရောက်ရပါတယ်။အဲ့ဒီအခါ အတိတ်က သူ့မူလအိမ်ထဲကို သူပြန်ရောက်ပါတယ်။အတိတ်မြင်ကွင်းတွေပဲ မြင်နေရတယ်။အတိတ်မှာတော့ ဝင်ပေါက်နေရာက ပစ္စုပ္ပန်မှာတော့ နံရံဖြစ်ချင်ဖြစ်နေပါမယ်။အဲ့ဒီအိမ်ထဲမှာ သူလျှောက်သွားနေတာကို ယခုပစ္စုပ္ပန်ကာလက လူကမြင်တဲ့အခါ ယခုလက်ရှိ နံရံတွေကိုဖြတ်သန်းသွားလာနေတဲ့ မြင်ကွင်းမျိုးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ယခုပစ္စုပ္ပန်နေရာက အိမ်ကိုဝင်ချင်တဲ့အခါ အနောက်ဖက်ဝင်ပေါက်က ဝင်ရပါမယ်။ယခုပစ္စုပ္ပန်အလွှာက အိမ်ရဲ့နံရံတွေကျ သူဖြတ်သန်းမသွားနိုင်ပါဘူး။သူဝင်ချင်တဲ့အခါ တံခါးတွေကို ဖွင့်ဝင်ရပါတယ်။ဒီအခါ ပစ္စုပ္ပန်မှာရှိတဲ့ သူတွေက တံခါးတွေ အလိုအလျှောက်ပွင့်တာမျိုး ပိတ်တာမျိုးတွေမြင်ရပြီး သရဲခြောက်တယ်လို့ ပြောကြပါတယ်။အဲ့ဒီသေသွားတဲ့ သူဟာ အချိန်တိုင်းတော့ တံခါးတွေ ကိုမဖွင်နိုင်ပါဘူး။ညအချိန်မျိုး ဒါမှမဟုတ် တိတ်ဆိတ်တဲ့အခါ တိုက်ဆိုင်တဲ့ အခါမျိုးမှသာ ဖွင့်နိုင်ပါတယ်။နောက်ပြီး သေဆုံးသူဟာ သူသေဆုံးချိန်မှာ ရှိတဲ့အလွှာက လူတွေကိုတော့ ဖြတ်သန်းသွားလာတဲ့အခါ အဲ့ဒီလူတွေမှာ ဘာမှမခံစားရပါဘူး။လက်ရှိလူတွေကိုဖြတ်သန်းဝင်တိုက်တဲ့အခါ ယခုလက်ရှိလူသားမှာ ကြက်သိမ်းထ အေးစိမ့်တဲ့ ခံစားမှုမျိုးခံစားရပါတယ်။နောက်တခုကျ ရေကူးကန်တစ်ခုမှာ နေ့စဉ်လာကူးနေကျ လူတစ်ယောက် ကြွက်တက်ပြီး ရေနစ်သေသွားတယ် ဆိုပါစို့။အဲ့ဒီလူမသေခင် ရေကန်ကိုစွဲသွားမယ် ဆိုရင် အဲ့ဒီလူရဲ့နာမ်က လာနေကျအချိန်အတိုင်း ရေလာကူးနေလိမ့်မယ်။သူကတော့သူ့ပုံမှန်အတိုင်းရေကူးနေတာပဲ။ဒါပေမယ် ယခု လက်ရှိရေကူးကန်စောင့်တဲ့ သူအတွက်ကျ လူမရှိပဲ ရေသံတွေကြားရပြီး သရဲခြောက်တယ်ဖြစ်ကုန်ရော။သေဆုံးပြီဆိုကတည်းက အဲ့ဒီလူကအတိတ်ထဲ ရောက်သွားပါပြီ။နှစ်အတော်ကြာတဲ့အခါ အဲ့ဒီရေကူးကန်နေရာမှာ အဆောက်ဦးတစ်ခု ဆောက်လိုက်တယ်ဆိုပါစို့။အဲ့ဒီအခါမှာ ခုနကအစွဲကကြီးရင် သူကအတိတ်မှာပဲနေပြီး ဒီအဆောက်ဦးနေရာမှာ ရေလာလာကူးနေလိမ့်မယ်။အဲ့တော့ အဆောက်အဦးမှာနေတဲ့သူက ရေသံတွေ ကြားရတာမျိုး ကွန်ကရစ်ကြမ်းပြင်က လူကြီးထွက်လာတာမျိုး ရေစိုနေတဲ့ ခြေရာမျိုးတွေ တွေ့ရတက်ပါတယ်။ဒါမျိုးကတော့ရှားပါတယ်။တော်တော်အစွဲကြီးမှဖြစ်တဲ့ကိစ္စမျိုးပါ။မျက်စိတွေလည်ကုန်ပြီလားဗျ။ကျနော်တို့က တခါတရံမှသာသူတို့ဘုံကိုမြင်တွေ့ရပေမယ် သူတိုနာမ်လောကပိုင်းကျ လူဘုံ ၊ ပေတဘုံ နဲ့ နတ်ဘုံ ၃ ခုလုံးမြင်နေရပါတယ်။အဲ့ဒါကြောင့် အတိတ်က သေဆုံးသူဆိုတာ လက်ရှိပစ္စုပ္ပန်မှာနာမ်ပိုင်းအဖြစ်နဲ့ ရှိနေပြန်တာကိုလည်း သတိထားမိစေချင်ပါတယ်။မနေ့ကသေဆုံးသွားသူဟာ သူ့ရုပ်ခန္ဓာဟာ အတိတ်မှာကျန်ခဲ့ပါပြီ။ဒါပေမယ့်နာမ်ပိုင်းအစွဲကကြတော့ ပစ္စုပ္ပန်ယနေ့မှာ ပုံမှန်အတိုင်း မနေ့ကလိုပဲလည်ပါတ် လုပ်ဆောင်နေပါတယ်။အစွဲမလွတ်မချင်း ထပ်တလဲလဲ လုပ်ဆောင်နေတဲ့သဘောပါ။ ပေတဘုံဆိုတာ သေဆုံးပြီးသာတွေသာရှိလို့ အတိတ်ကာလ လူဘုံ တိရိစ္ဆာန်ဘုံဆိုတာ ပစ္စုပ္ပန်ကာလ နတ်ဘုံဆိုတာ အနာဂါတ်ကာလလို့ ခွဲခြားပါ။နောက်ပြီး အတိတ် ပစ္စုပ္ပန် အနာဂါတ် သုံးခုလုံး ဒီကမ္ဘာမှာ ဆက်သွယ်နေပါတယ်။step by step ကူးပြောင်းရပါတယ်။
အတိတ်ကပေတဘုံသားက ပစ္စုပ္ပန်လူ့ဘုံ တိရိစ္ဆာန်ဘုံကိုကူးရပါတယ်။ပစ္စုပ္ပန်လူ့ဘုံကမှ အနာဂါတ်နတ်ဘုံကိုကူးပြောင်းရပါတယ်။ယနေ့မှာလူဖြစ်ပေမယ့် အနာဂါတ်မှာ နတ်ဖြစ်ရပါမယ်။ယနေ့ပစ္စုန်ပ္ပန်မှာ လူဖြစ်နေပြီး သရဲခြောက်ခံရတယ်ဆိုတာ ဒီလူကအတိတ်ကာလက ရှိခဲ့တာကိုလှမ်းမြင်လိုက်ရတာပါ။မသိလိုက်ပဲ time travel ဖြစ်သွားတာပါ။အဲ့ဒီလိုပဲ ယနေ့ခေတ်မှာ cctv တွေက မြင်လိုက်ရတဲ့ smart phone သုံးနေတဲ့ အနာဂါတ်က time travel လူတွေအနာဂါတ်ကလူကို မြင်လိုက်တယ်ဆိုတာ နတ်ရုက္ခစိုးဘုံကနေ လူ့ဘုံကိုခနရောက်လာတာပါ။အနာဂါတ်ဖြစ်တဲ့ နတ်ဘုံမှာရောက်ပြီးသား နတ်တွေပစ္စုပ္ပန်ကာလ လူ့ဘုံကိုလှမ်းမြင်လိုက်ရတာနတ်တွေ time travel ဖြစ်သွားတဲ့ သဘောပါ။မြင်လိုက်တဲ့ လူအတွက်လည်း time travel ဖြစ်သွားတာပါ။နတ်တွေအတွက်တော့ လူခြောက်ခံလိုက်ရတဲ့ သဘောပါပဲ။မရှင်းတာရှိရင် ကျနော့် cb နဲ့ comment မှာမေးမြန်းနိုင်ပါတယ်။
တောင်ပင်လယ်နွားရိုင်း
ရွှေမိုးရှိန်
Member ID - S-00025
Neverland Team
KCB Witchcraft Society
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top