Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

Wizard (X) Files: The Secret of Numerology



ကိန်းဂဏန်းများဟ
ာ လူတွေရဲ့ ကံကြမ္မာကို တကယ်ပဲ လွှမ်းမို ခြယ်လှယ်ထားနိုင်ခြင်းရှိပါသလား။ လူသားတွေဟာ မွေးနေ့တူတိုင်း တကယ်ပဲ ကံကြမ္မာချင်းတူရိုးထုံးစံ ရှိကြပါသလား၊ ဂြိုဟ်တွေ နက္ခတ်တွေရဲ့ အသွားအလာက တကယ်ပဲ ကံတရားတွေနဲ့သက်ဆိုင်နေပါသလား။ သက်ဆိုင်နေပါတယ်ဆိုရင်ကော ကြားထဲက ဘယ်လိုမျိုး ဆက်သွယ်မှုတွေရှိလို့ကြောင့်ပါလဲ ...။ ဒီအောက်မှာ အသေးစိတ်ဖော်ပြထားပေးမှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲံ ဂဏန်းနဲ့ကံကြမ္မာအကြောင်းကို မပြောမီ ကိန်းဂဏန်းတွေ အကြောင်းကို စလေ့လာကြည့်ကြရအောင် ...။ ကျွန်တော်တို့လူသားတွေဟာ ကိန်းဂဏန်းတွေမှာဆိုရင်ဖြင့် ၀ ကနေ ၉ အထထိ ကိန်းဂဏန်းဆယ်လုံးကို အဓိကထားပြီး တွက်ချက်ကြရပါတယ်။ တစ်နည်းပြောရရင် ဆယ်လီစိတ်ကို အဓိကထားပြီး ရေတွက်ကြပါတယ်။ ဘာကြောင့် ဆယ်လီစိတ်နဲ့ရေတွက်ကြတာလဲဆိုရင် ကျွန်တော်တို့လူသားတွေဆီမှာ လက်ဆယ်ချောင်းသာ ပါဝင်တဲ့အတွက်ဖြစ်ပြီး ဆယ်လီစိတ်ဟာ ရေတွက်ရ၊ မှတ်ရ အလွယ်ကူဆုံးဖြစ်နေလို့ပါပဲ။ တကယ်လို့သာ ဂြိုဟ်တစ်ခုမှာ လက်ခြောက်ချောင်းပဲပါတဲ့ ဂြိုဟ်သားတွေရှိမယ်ဆိုရင် သူတို့ဂြိုဟ်ရဲ့ ကိန်းဂဏန်းရေတွက်မှုကို ၀ ကနေ ၅ အထိ ခြောက်လုံးသာပါတဲ့ ခြောက်လီစိတ်နဲ့ ရေတွက်ကြဖို့ဟာ ဖြစ်နိုင်ချေအလွန်များပါလိမ့်မယ်။
ကိန်းဂဏန်းတွေအကြောင်းမပြောမီ ကိန်းဂဏန်းတွေ အသက်ဝင်လာပုံအကြောင်းကို အရင်ပြောရပါလိမ့်မယ်။ ပထမတစ်ချက်ကတော့ ယုံကြည်မှုပါပဲ။ ဘယ်အရာမဆို ယုံကြည်မှုလွန်ကဲရင်၊ ယုံကြည်မှုလွန်ကဲပြီး အယူအဆတစ်ခုဟာ မသိစိတ်နယ်ပယ် တစ်ခုထဲမှာ အလိုလိုရိုက်သွင်းမိရင် ဒါဟာ တကယ်ဖြစ်သွားတတ်ကြစမြဲပါပဲ။ မမျှော်လင့်ဘဲထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေနဲ့ပတ်သတ်တဲ့ ယုံကြည်မှု ထင်မြင်မှုတွေဟာ ပေါင်းစပ်ပြီး မသိစိတ်နယ်ပယ်ကတစ်ဆင့် ကံတရားကို လွှမ်းမိုး ချယ်လှယ်သွားပါတော့တယ်။
ဥပမာ ဆပ်ပြာမှုန့်ကြော်ငြာတစ်ခုမှာ 99.99% ချေးပြောင်စေသည်လို့ဆိုလိုက်ရင် သင် 99.99% ထက် 100% ကိုသာ ပြေးမြင်မိမှာ အသေအချာပါပဲ။ ဒါဘာကြောင့်လဲဆိုတော့ ၉ ဂဏန်းဟာ ဆယ်လီစိတ်မှာအကြီးဆုံးလို့ ထင်ထား၊ သြဇာအာဏာအကြီးဆုံးလို့ ငယ်စဉ်ကတည်းက မသိစိတ်ထဲမှာ ပုံစံရိုက်သွင်းထားမိတဲ့ အတွက် သင့်မသိစိတ်ကနေ အလိုလို ၁ ပေါင်းထည့် ဖြည့်ဆည်းပေးလိုက်မိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ၉ ဂဏန်းကို သြဇာအာဏာကြီးမားသော ဂဏန်းတစ်ခုအဖြစ်ဖြင့် သတ်မှတ်ဟောဆိုကြသလို ထို မသိစိတ် ပုံစံသွင်းခံရမှုကြောင့်သာ ၉ ဂဏန်းက ကျွန်တော်တို့ရဲ့ကံကို ချယ်လှယ်လွှမ်းမိုးသွားပါတော့တယ်
Lucky 7 ဆိုတာ သင်ကြားဖူးမှာပါ။ 7 ကိုဘာကြောင့် Lucky ဂဏန်းအဖြစ် ယူဆကြသလဲဆိုတာကတော့ 7 ဂဏန်းရဲ့ပုံစံဟာ အောင်မြင်ခြင်း ယုံကြည်ချက်ကို မသိစိတ်ကနေ ရိုက်သွင်းမိနေစေအောင် (အောင်မြင်သောဓာတ်များထွက်လာစေအောင်) လှုံ့ဆော်ပေးနိုင်လို့ပါပဲ။ သင် 7 ဂဏန်းကို သေချာကြည့်ပါ။ အခြားဂဏန်းတွေနဲ့ယှဉ်ရင် ပိုတန်ဖိုးကြီးသော ငယ်ငယ်က သင်ခဲ့ဖူးသောသင်္ကေတ Greater than (>) သင်္ကေတနဲ့ပုံစံတူနေတာကို တွေ့ရသလို အပေါ်ကိုတက်နေတဲ့ မြှားလေးအဖြစ်နဲ့တူနေတာကို သတိထားမိမှာပါ။ သင်က အမှုမဲ့ အမှတ်မဲ့ သတိမထားမိနေပေမယ့် သင့်မသိစိတ်ကတော့ 7 ကိုမြင်တိုင်း Greater than (>) နဲ့ အပေါ်တက်သော မြှားလေးတို့ရဲ့ တူညီ နီးစပ်တဲ့ပုံရိပ်ကို စဉ်ဆက်မပြတ် နှိုးဆော်ထုတ်လွှင့်နေတဲ့အတွက် အောင်မြင်ခြင်း၊ ကံကောင်းခြင်းဓာတ်တွေ အလိုလိုဖြစ်ပေါ်နေတယ်ဆိုလည်း မမှားပါဘူး။
နောက်တစ်ချက် ကိန်းဂဏန်းတွေရဲ့ အသံထွက်နဲ့ အသံဌာန်ကလည်း ကိန်းဂဏန်းတွေ အသက်ဝင်နေစေတဲ့အထဲမှာ တစ်နည်းအပါအဝင်ပါပဲ။ တရုတ်မှာ လေးဂဏန်း (四) ရဲ့ Sì ဆိုတဲ့အသံထွက်ဟာ သေတယ်(死) ဆိုတဲ့ Sǐ အသံထွက်နဲ့ဆင်တူနေတာကြောင့် unlucky number အဖြစ်သတ်မှတ်ကြပြီး လေးဂဏန်းကို အခြားအသံထွက်မျိုးနဲ့ပြောင်းလဲ ခေါ်သူကတောင် ခေါ်ကြပါတယ်။ နောက်တစ်ခု Zero ကနေ Nine အထိ ဆယ်လီစိတ်ဂဏန်းတွေရဲ့ အင်္ဂလိပ်အသံထွက်မှာ Eight ဆိုတဲ့ ရှစ်တစ်လုံးတည်းကသာ (a,e,i,o,u) သရစာလုံးအစစာလုံးနဲ့ ထောက်ပံ့ထားပြီး အသံဌာန်ကိုအားပေးတဲ့ သရသံထွက်ကိန်းဂဏန်းအဖြစ် ထီးထီးကြီးကွဲထွက်နေတဲ့အတွက် Eight ဂဏန်းကို Numerology မှာ သဘာဝလွန်ဆန်သော၊ မှော်ဆန်သော ဂဏန်းအဖြစ်နဲ့ယူဆကြပါတယ်။ ဒါက ဆယ်လီစိတ်အတွက်ဖြစ်ပြီး ဒါဇင်နဲ့ရေတွက်တဲ့ ဆယ့်နှစ်လီစိတ်မှာတော့ vowel အစစာလုံး ပါတဲ့ အကြီးဆုံး ဂဏန်းဟာ Eleven ဖြစ်ပြီး ဂမ္ဘီရ၊ သဘာဝလွန် ကိစ္စများအတွက် ခွန်အားရှိသော စွမ်းအားပြင်းဂဏန်းတစ်ခုအဖြစ် ယူဆကြပါတယ်။ ကမ္ဘာကျော် Convenience Store ဆိုင်တစ်ဆိုင်ဖြစ်တဲ့ 7 Eleven ဟာ ကံကောင်းစေသော 7 ဂဏန်းကို သင်္ကေတအဖြစ်ယူဆလို့ ဂဏန်းအဖြစ်သာထားထားပြီး သရစာလုံးပါတဲ့ Eleven ကို စာလုံးပေါင်းနဲ့ Logo မှာဖော်ပြထားတာတွေ့ရမှာပါ။ ဒါဟာဘာကြောင့်လဲဆိုရင် ကံကောင်းစေတဲ့ ၇ ဂဏန်းကို ဂမ္ဘီရဆန်စွမ်းအားများ ကိန်းအောင်းနေတဲ့ သရစာလုံးပါ Eleven နဲ့ပေါင်းပြီး သာမာန် Lucky 7 ထက်ပိုမိုအစွမ်းထက်အောင်စီမံထားလို့ပဲဖြစ်တာကြောင့် နှစ်ပေါင်းများစွာကြာတဲ့အထိ အခုလို အောင်မြင်နေတာကို တွေ့ရမှာပါ။
နောက်တစ်ခု ဂဏန်းတွေနဲ့ပတ်သတ်ပြီး ခန့်မှန်းပြောဆိုကြတာဟာ လူတွေက ဖြစ်နိုင်ချေ(Probability) ကို တွက်ဆတတ်လာကြတဲ့အတွက်ပါ။ အနီးဆုံး ဥပမာတစ်ခုကို ပေးရရင်တော့ အခုလို နွေဦးရာသီရောက်ရင် မီးတွေအလောင်များကြတော့ နွေဦးရာသီရောက်တိုင်း မီးတွေလောင်မယ်ဆိုတာကို လူတိုင်းကြိုသိနေကြပါပြီ။ ဒါဟာ အကြားအမြင်ရလို့မဟုတ်ဘဲ အခြေနေနဲ့ အချိန်ခါကို လိုက်ပြီး ဖြစ်နိုင်ချေကို တွက်ဆတတ်ကြလို့ပဲဖြစ်ပါတယ်။ Friday 13 လို့ခေါ်တဲ့ ၁၃ သောကြာ ကံမကောင်းမှုရက်စွဲလို့ သတ်မှတ်တာလည်း ထိုနည်းလည်းကောင်းပါပဲ။ ၁၃ သောကြာတွေက ကံဆိုးမိုးမှောင်ကျမှုတွေ အများဆုံးဖြစ်နေလို့ပါပဲ။ နောက်တစ်ခုရှိပါသေးတယ်။ အချို့လူတွေက အခက်သားဗျ။ Friday (သောကြာနေ့)လို့ပြောလိုက်တာနဲ့ Frighten Day (ကြောက်မက်ဖွယ်နေ့) ဆိုတဲ့ အသံထွက်တူတာက သွားရောက်ထင်ဟပ်လာတတ်ပါတယ်။ ဒါကြောင့် သောကြာနေ့ကံဆိုးသူတွေထဲမှာ အများဆုံးက ဥရောပသားတွေဖြစ်နေကြတာပါပဲ။
နောက်တစ်ခုက မွေးနေ့ကိုလိုက်ပြီး ကံတရားတူတာ..။ အချို့လူတွေက မတူညီတဲ့ဒေသ၊ ကာလပေါ်လိုက်ပြီး မွေးတဲ့အချိန် ဗီဇကွဲပြားကြပါတယ်။ ဥပမာပြောရရင် ဆောင်းရာသီမွေးသူတွေက အခြားရာသီမွေးသူတွေထက်ပိုပြီး အဆုတ်ကြီးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ငယ်စဉ် အအေးဒဏ်ခံနိုင်အောင် သဘာဝတရားကြီးက ဖန်တီးပေးထားတာမို့လို့ပါ။
မွေးရက်ပေါ်လိုက်ပြီး ကံတရားတူတယ်ဆိုတာကလည်း ခုနပြောခဲ့တဲ့ မွေးဖွားသူမိဘတွေရဲ့ မသိစိတ်ကလာတဲ့ ကိန်းဂဏန်းလွှမ်းမိုးမှုတွေကြောင့် ဖြစ်နိုင်သော်လည်း မွေးနေ့တူတိုင်း ကံကြမ္မာတူနိုင်သော်လည်း အခြေနေအချိန်ခါပေါ်လိုက်ပြီး ပြောင်းလဲနိုင်ပါသေးတယ်။
ဘုရားလောင်း သိဒ္ဓတ္ထမင်းသားဟာ ကဆုန်လပြည့်နေ့မှာမွေးပေမယ့် ကဆုန်လပြည့်နေ့မှာမွေးတိုင်း လူကောင်းမဖြစ်နိုင်ပါဘူး။ အကျဉ်းထောင်တွေမှာ ထောင်ကျနေသူတွေရဲ့ မွေးသက္ကရာဇ်တွေကို စုစည်းကြည့်မယ်ဆိုရင်လည်း သူတို့ထဲမှာ ဇာတာပေါင်းစုံရှိနေမှာပါပဲ။ ထောင်ထဲကလူအားလုံးရဲ့ဇာတာက ထောင်ကျမယ့်ဇာတာတွေနဲ့ချည်းမဟုတ်ပါဘူး။
ဒီပုံသေဗေဒင်ဟောကိန်းတွေကနေ လွဲချော်ကာ အခြေနေအချိန်အခါအလိုက် ကံဆိုတာ ပြောင်းလဲနိုင်ပါတယ်။ ဒီလိုပြောင်းလဲအောင်ဖန်တီးပေးနိုင်တဲ့ အခြေနေတွေကို လုပ်ဆောင်ပေးနိုင်တဲ့ အရာတွေထဲမှာ ယတြာတွေဆိုတာကလည်း တစ်ခုအပါအဝင်ပေါ့။ ဒါကြောင့် အဘဒေါက်တာမင်းသိင်္ခက ဗေဒင်ထက် ယတြာကိုသာ အဓိကထားဖို့ ပြောခဲ့တာပဲဖြစ်ပါတယ်။ စာနည်းနည်းရှည်သွားပြီဖြစ်လို့ ဒီစာကို ဒီမှာပဲရပ်လိုက်ပါရစေ။ ကျန်ရှိနေသေးတဲ့ နက္ခတ် ဂြိုဟ်အသွားလာတို့ရဲ့ လျှို့ဝှက်ချက်အကြောင်းကတော့ ဒီပို့စ်ကို အားပေးမှုအခြေနေပေါ်မူတည်ပြီး ဆက်တင်ပေးသွားပါမယ်။ ဘာသာပြန်မဟုတ်သော ကွှန်တော့်အတွေးအခေါ်အယူအဆနဲ့ သုတေသနပြုချက်ကို အသိအမှတ်ပြုတယ်ဆိုရင် အောက်မှာ တစ်ခုခုပြောသွားခဲ့စေချင်ပါတယ်။ အားလုံးရဲ့ အားပေးစကားတစ်ချက်က အခုဆက်လုပ်နေတဲ့ သုတေသနတွေ စူးစမ်းမှုတွေအတွက် ခွန်အားဖြစ်စေမှာမို့လို့ပါပဲ ...။

Research & Data Collected @ 2015 by
ကာရှိုင်း‬(ကြယ်စင်ချစ်သူ)
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

4 မှတ်ချက်များ

စိတ်ဝင်စားပါတယ်
ဆက်ပြီးတင်ပေးပါ
အသစ်တွေမတင်တော့တာကြာပြီနော်

Reply

စိတ်ဝင်စားတယ်
ထပ်တင်ပေးပါ

Reply

အားပေးးနေတယ်ဗျာ့

Reply

Knisesis အကြောင်းလေးတေနဲ့wiccaandwizardကွာခြားမှုတေကိုရှင်းပေးပါဗျ

Reply

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top