;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...
အသက်ဆွဲဆန့်ခြင်းဆိုင်ရာနိယာမများ
သေဆုံးတယ်ဆိုတာဘာလဲ ???? ရှေးဟောင်းအယူနဲ့ကြည့်ရင် ဝိညာဉ်ထွက်ခြင်း ဘဝကူးခြင်း သိပ္ပံအယူနဲ့ကြည့်ရင် ခန္ဓာစက်ရုံကြီးရပ်တံ့ခြင်းတဲ့ အကယ်လို့ ဘဝမကူးနိုင်အောင် ခန္ဓာစက်ရုံမရပ်တံ့အောင် သင်လုပ်နိုင်ခဲ့ရင်ကော ဘာတွေဆက်ဖြစ်လာမှာလဲ ??
ရှေးဟောင်းစုန်းတွေဟာအသက်ကိုလိုသလိုဆွဲဆန့်နိုင်တယ်ဆိုတဲ့စကားများရှိခဲ့ပါတယ် မြန်မာ့လောကီသမိုင်းမှာ အသက်ထောင်သောင်းရှည်တဲ့ဝိဇ္ဇာတွေ ဇော်ဂျီ ဝိဇ္ဇာမိုရ်တွေရှိတယ်လို့မှတ်တမ်းများရှိပါတယ် ဒါဟာယုံတမ်းစကားတစ်ခုလိုပါပဲ မသဲကွဲတဲ့အကြောင်းအရာများပါ တကယ်လား ဟုတ်ပါတယ် ရာဇဝင်မှာအတိအလင်းလဲရှိပါတယ် မန္တလေးမြို့တည်သမိုင်းမှာမြေတွင်းအောင်းဝိဇ္ဇာတစ်ဦးကိုမြို့ရိုးတူးစဉ်တွေ့ရှိရတယ်လို့ဆိုပါတယ် ဝိဇ္ဇာဟာ ဖြူစွတ်နေတဲ့အသားအရေရှိတယ်လို့မှတ်တမ်းရှိပါတယ် ဒါပေမဲ့ အဲ့ဒိဝိဇ္ဇာဘာဆက်ဖြစ်လဲမှတ်တမ်းမရှိတာ နှမြောစရာပါပဲ နောက်တစ်ချက်က ခေါင်းမီးခြုံဆရာတော်ဟာ အသက်ထောင်ကျော်ပြီလို့သူ့ဒကာရင်းရဲ့ပြောပြချက်အရသိရှိရပါတယ် ( လေ့လာကြည့်ရန် ) ဟုတ်ကဲ့တစ်ချက်ခြင်းချိန်ထိုးကြည့်ရအောင်
ဗေဒင်
ဗေဒင်ပညာမှာအသက်သုန်းကိန်းဆိုတာရှိပါတယ် သေဆုံးခြင်း ဘေးအန္တရာယ်ကျရောက်ခြင်းကိုရည်ညွှန်းပါတယ် အယူတော်မင်္ဂလာဦးနိုးဟာ ဗေဒင်နမိတ်အရ ၄င်းရဲ့အသက်သုန်းကိန်းရောက်ပြီမို့ဆေးကုသခြင်းမခံယူပဲသေဆုံးခဲ့တယ်လို့စာမှာပါပါတယ် ( နမိတ်တပေါင်များ ) အကယ်လို့ ဦးနိုးမှာအစွမ်းထက်တဲ့အသက်သုန်းကိန်းကိုကျော်နိုင်တဲ့ယတြာများရှိရင်ဘာဖြစ်နိုင်မလဲ
ဆေးပညာ
ရှေးစုန်းကဝေ ဝိဇ္ဇာတွေဟာဆေးစားပြီးအသက်ရှည်တယ်လို့ဆိုပါတယ် ဟုတ်နိုင်ပါ့မလား သိပ္ပံနည်းနဲ့စဉ်းစားရင် ခန္ဓာကိုယ်က ဆဲလ်တွေပြောင်းလဲလာမှုအပေါ်မူတည်ပြီး လူခန္ဓာပြောင်းလဲရတာပါလို့ဆိုပါတယ် အကယ်လို့ သေဆုံးသွားတဲ့ဆဲလ်အဟောင်းတွေအစား အသစ်တွေချက်ခြင်းမွေးဖွားတဲ့ဆေးမျိုးမရှိတာမဖြစ်နိုင်ဘူးလား ဗုဒ္ဓတရားတော်အရခန္ဓာအတွင်းမှာပိုးမျိုးပေါင်းထောင်သောင်းမကရှိတယ်လို့ဆိုပါတယ် သေဆုံး ( အစာမစားရတဲ့အခါ ) ၄င်းပိုးတွေကခန္ဓာကိုပြန်စားလို့ ပုပ်ရတယ်လို့ဆိုပါတယ် အကယ်လို့အဲ့ဒိပိုးတွေက်ုထိန်းချုပ်နိုင်ရင်ကော ??? ထိန်းချုပ်နိုင်ခဲ့ကြပါတယ် ယခင်ဆေးဝင်္ကပါကျောင်းတိုက် ယခု ကျောက်တော်ကြီးဘုရားတည်နေရာမှာသီတင်းသုံးတော်မူခဲ့တဲ့ ဆေးဝင်္ကပါဆရာတော်ရဲ့ ရုပ်ကလပ်တော်ဟာ ကျောက်အဖြစ်တည်ရှိနေပါတယ် ၄င်းဆေးဝင်္ကပါဆရာတော်ရဲ့ရုပ်အလောင်းဘာလို့မပုပ်တာပါလဲ ဆေးဝင်္ကပါဆရာတော်ဟာဝိဇ္ဇာမယဆေးအတတ်ကိုအထူးကျွမ်းကျင်သူပါ ၄င်းဆေးအတတ်နဲ့စီရင်ခဲ့တာလို့ဆိုပါတယ် ဆရာတော်ဘာဆေးတွေများသုံးခဲ့ပါသလဲ ၄င်းကဲ့သို့ ဆဲလ်များပြောင်းလဲစေခဲ့သလို ဆဲလ်အသစ်များထပ်မံထပ်မံမွေးဖွားမဲ့ဆေးမျိုးကော ဝိဇ္ဇာမယဆေးပညာမှာမရှိနိုင်ဘူးလား????
ကျင့်စဉ် ဂါထာမန္တန်များ
ရာဇဝင် သမိုင်းမှာ မြေလျှိုးနိုင်တဲ့ဂါထာ မိုးပျံနိုင်တဲ့ဂါထာ ဆင်ကိုယဉ်ပါးစေနိုင်သောဂါထာ စသည်ဖြင့်ပါရှိပါတယ် ဗုဒ္ဓစာပေတွေမှာကိုအခိုင်အမာဆိုထားတာပါပဲ အနီးဆုံးကြည့်ရင် ဂုဏ်တော် ၁၀၀၀ အနှစ်ငါးဆယ်ရွတ်တဲ့သူဟာ မပုပ်ဘူးလို့ ကိုးဂိုဏ်းချုပ်ဆရာအစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့စကားရှိပါတယ် ယုံတမ်းဟုမထင်ပဲ သာမညဆရာတော်ရဲ့ဥပမာကိုလေ့လာနိုင်ပါတယ် အခြားတိဘက်ကိုယ်တော်များကောဘယ်လိုကျင့်စင်များကျင့်သုံးခဲ့လို့ မပုပ်မသိုးတဲ့ခန္ဓာကိုယ်များကမ္ဘာမှာပေါ်ပေါက်ခဲ့ပါသလဲ
အသက်ကိုအသက်ဖြင့်လဲလှယ်ခြင်း
စုန်းကဝေများတွင်မကသိုက်မှလာသည်ဟုဆိုသူများပါအသုံးပြုနေသောနည်းစနစ်ပါ သိုက်ဖွားများမိမိအသက်မသေဆုံးစေရန် ကံဆက်ခြင်း လူစားလဲခြင်းကိုအချို့အချို့သောဆရာများမှပြုလုပ်ဆောင်ရွက်ပေးကြပါတယ် လက်ရှိလူများလဲအသက်ကိုအသက်ဖြင့်လဲလှယ်အသက်ရှင်သန်နိုင်ပါသလား သာမန်လူများကော၎င်းနည်းစနစ်များကိုဘာကြောင့်အသုံးမပြုနိုင်ရပါသလဲ
တရားရှာခန္ဓာတွေ့ဟူသောစကားကိုပြန်ကောက်ရအောင်ပါ ရှေးယခင်ကဗုဒ္စစာပေများတွင် အသက်တစ်သိန်းတန်း အသက်တစ်ထောင်တန်း ဂေါတမရှင်သည် အသက်ရှစ်ဆယ့်ငါးတန်း ယခု ခုနှစ်ဆယ့်ငါးတန်းလို့သတ်မှတ်ထားတဲ့လောကကြီးမှာအသက်တိုလာခြင်းရဲ့ကွာခြားချက်ကသိပ်မရှိပါဘူး အဲ့ဒါတွေကနေထိုင်ပုံနည်းစနစ် အကျင့်လီလပါတဲ့ မယုံကြည်လို့လဲမရပါ တရားမှတ်ဝိပဿနာပွားရင်းပျောက်ကင်းခဲ့တဲ့ရောဂါတွေရှိနေပြီဆိုတာကမ္ဘာကလက်ခံလာပါပြီ အနောက်တိုင်းဆေးပညာနဲ့ကုသရန်ခက်ခဲနေတဲ့ ဦးနှောက်သွေးယိုခြင်းဝေဒနာကိုတောင် ဝိပဿနာရှုခြင်းနဲ့ကုသပျောက်ကင်းခဲ့ပါပြီ ( အရှင်ကောဝိဒ သေမင်းနှင့်စစ်ခင်းရာဝယ်တရား ) ဒီလိုနည်းစနစ်တွေကိုကိုင်ထားပါလျှက်နဲ့ဘာလို့ကျွန်တော်တို့ ငယ်ရွယ်စဉ်သေဆုံးနေရပါသလဲ ပထဝီ တေဇော အာပေါ ဝါယော ဓာတ်ကြီးလေးပါးကိုထိန်းချုပ်နိုင်တဲ့ စုန်း ကဝေ ဝိဇ္ဇာ
ဇော်ဂျီ တပသီတွေ မိမိခန္ဓာကိုယ်ကိုဘယ်လိုမရင့်အောင်ထိန်းချုပ်သလဲဆိုတဲ့မေးခွန်းတွေကိုအဖြေရှာရင်း အသက်ဆွဲဆန့်ခြင်းဆိုင်ရာရှေးဟောင်းနိယာမတွေကိုရရှိကြမှာပါ သေချာတာတစ်ခုကဒီပြဿနာရဲ့မေးခွန်းနဲ့အဖြေကမိမိကိုယ်တိုင်ပါပဲ
Professor X
Powered by Blogger.
ူ
-
-
-
1 မှတ်ချက်များ:
အစ်ကို အောင်စာရင်းမှာကိုယ်နာမည်ပါတယ်အစိအရင်း
ReplyPost a Comment