Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

မှော်ဆန်ချစ်သူ Flaming Twin ကိုနိုးထစေခြင်းလစန္ဒာမှော်အတတ်


                        တကယ်လို့သာ နှလုံးသားတစ်ခုတည်းကို လူနှစ်ယောက်က မျှဝေသုံးစွဲရတယ်ဆိုရင် အဲ့ဒီလူနှစ်ယောက်က ချစ်သူတွေဖြစ်ကြမှာပါပဲ။ ရှေးဒဏ္ဍာရီအရ အရမ်းချစ်ကြသူ၊ အသက်ထက်၊ ဘဝထက် ပိုချစ်ကြသူများဟာ နှလုံးသားတစ်ခုတည်းကိုပဲ မျှဝေသုံးစွဲကြပါတယ်တဲ့ ....။ နှလုံးသားတစ်ခုတည်းကိုပဲ မျှဝေသုံးစွဲတယ် ဆိုတာ နှစ်ယောက်ပေါင်း မှ နှလုံးသားတစ်ခုတည်းရှိတာမဟုတ်ပါဘူး။
                        ဘယ်လောက်ဝေးနေနေ တစ်ယောက်ပျော်နေရင် နောက်တစ်ယောက်ကပျော်နေမယ်။ တစ်ယောက်ကငိုကြွေးနေရင် နောက်တစ်ယောက်ကဝမ်းနည်းနေမယ်။ အဲ့ဒီလို ခံစားချက်ခြင်း ဆက်စပ်နေကြသူမျိုးကိုခေါ်ဆိုတာပါ။ ဘယ်လောက်ဝေးဝေးဆိုတာ နေရာအကွာအဝေးအပြင် ဘဝခြင်းခြားနေတယ်ဆိုရင်တောင်မှ ဥပမာ သင်က လူသားကောင်လေး၊ သူက နတ်သမီးဖြစ်နေမယ် အဲ့လိုဆိုရင်တောင်မှ ခံစားချက်ချင်းချိတ်ဆက်နေပါသေးတယ်တဲ့။
                      အဲ့ဒီလိုချိတ်ဆက်နေတဲ့ချစ်သူကို Flaming Twins လို့ခေါ်ပါတယ်။ လူတိုင်းမှာ Flaming Twins ကိုယ်စီရှိကြပါတယ်။ လူအတော်များများက သူတို့ Flaming Twins ဘယ်သူဆိုတာ မသိရဘဲ သူတို့အသက်သာကုန်ဆုံးသွားကြပါတယ်တဲ့။ သူတို့ဟာ လူ့ဘဝမှာမဟုတ်ရင်တောင် အခြားတစ်နေရာရာမှာ ရှိနေကြမယ်ဆိုရင် သူတို့ဘယ်သူတွေလဲဆိုတာ သင်သိချင် ဆင့်ခေါ်မိမှာပါပဲ ...။ ဒီတော့ ကိုယ့်ရဲ့ နှလုံးသားချိတ်ဆက်ချစ်သူ Flaming Twin က ဘယ်သူလဲ။ ဘယ်ဘဝမှာရောက်နေလဲ။ သင်တကယ် အရမ်းကို အသက်ထက်ချစ်ရတဲ့သူ Flaming Twin ကိုတွေ့လိုပါသလား ...။ ဒီနည်းလေးက သင့် Flaming Twin နဲ့ တယ်လီပသီကဲ့သို့ချိတ်ဆက်နိုင်အောင် ကူညီပေးပါလိမ့်မယ်...။
                    ညအခါ လထွက်နေချိန် ထိန်ထိန်သာနေတဲ့လမင်းကြီးကိုကြည့်ပါ။ (တိမ်ဖုံးနေပါက အလုပ်မဖြစ်ပါ) လမင်းကြီးကိုကြည့်ပြီးနောက်မှာတော့ အချစ်ဆိုတာကို ရအောင်ခံစားပါ။ သင်ဖတ်ဖူးတဲ့ ဝတ္ထုတွေ၊ ကြည့်ဖူးတဲ့ ပြဇာတ်တွေထဲက အချစ်ပုံရိပ်လေးတွေမြင်ယောင်ပြီး အချစ်ဆိုတာကို နင့်နေအောင်ခံစားပါ။ သင့်နှလုံးသားက အချစ်ဆိုတဲ့ခံစားချက်ကို ခံစားမိပြီဆိုရင် လေကိုတစ်ချက်အဝရှူသွင်းပြီး ဖြည်းဖြည်းလေးပြန်ရှူထုတ်ပါ။ သင့်မျက်နှာပေါ်ကို လေပြည်လေးတိုက်လာပါလိမ့်မယ်။ အဲ့လိုတိုက်လာတဲ့အခါမှ ဒီမန္တန်စာသားလေးကိုရွတ်ဆိုပါ။ မြန်မာလိုရွတ်လို့မရပါဘူး ...။ အင်္ဂလိပ်လိုရွတ်မှ အလုပ်ဖြစ်ပါလိမ့်မယ်။ ရွတ်တဲ့အခါမှာ ကိုယ့်ချစ်သူကို ကဗျာရွတ်ပြနေတဲ့ပုံစံလေးနဲ့ ညင်သာစွာအသံထွက်ရွတ်ပြပေးနေပါ။
                             ရွတ်ရမှာလေးကတော့ -

"You...hear Me...call!
Standing...valleys low...mountains tall!
Across...the Astral...hear each and all!
You...called Me...from Olden Hall!
Where is...my mare...field or stall?
You...continuely call...again and again!
I..harken...forest or the glenn!
Retort...my vocal chords...shimmer thin!
You...find me...wherein?
Circle abound...infinity...not again!
You...call unto Me...make a stand!
Astral...across...all the land!
Twin Flame...recur...exact frequency band!
Electro-magnetic...theta, beta-matters not...exact rand!
Divine Decree...Divine Will...Divine Command!
You...I have not...time to play!
You...man up...come My way!
You...call Me...to return to stay!
You...I retort...yes, I say!
You...come forth...this day!
Flame of Twin...spiral down...to ascend!
Flame of Twin...sound and light...Your rays  deep within!
Oscillating source...spiralling sepents...coil, twist, and bend!
Flame of Twin...Divine in Love...You continually send!
Sacred Union...One again...no beginning or end!"
                        
                      အရေးကြီးတာကတော့ ညင်သာစွာ အသံထွက်ရွတ်ပြပေးဖို့ပါပဲ ...။ ရွတ်နေချိန်မှာ သင်မျက်ရည်လည်း ကျကောင်းကျနိုင်သလို နှလုံးသားလည်းအောင့်လာနိုင်ပါတယ်။ အနားမှာခွေးရှိနေရင်တောင် ထ အူ နိုင်ပါတယ်။ မကြောက်ပါနဲ့။ ဆက်ရွတ်ပါ။ ဒါကို တစ်ခေါက်သာရွတ်ရမှာဖြစ်ပြီး ရွတ်ပြီးတဲ့အခါမှာတော့ အိပ်ရာဝင်လိုက်ပါ။ သင်တရေးနိုး ... အိပ်မက်ထဲမှာ ... ဒါမှမဟုတ် နောက်တစ်နေ့မှာ ထူးခြားမှုအချို့ကိုကြုံတွေ့ရပါလိမ့်မယ် ....။
                     အားလုံးပဲ ကိုယ့်ရဲ့ Flaming Twin နဲ့ တွေ့ပြီး ချစ်ကြည်နူးနိုင်ကြပါစေ ...။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
www.kcb-center.com
Innovation of Witchcraft in Myanmar
 
 
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

2 မှတ်ချက်များ

(မှော်ဝင်သီချင်း_Magic Songs)တွေနဲ့ (မှော်မင်္ဂဇင်း_Magic Time Issues Magazines) Linkတွေပြန်လိုချင်ပါတယ် ဆရာ If you can,please.

Reply

11:11 ရဲ့ အဓိပ္ပါယ်ကိုလည်း ရှင်းပြပေးစေချင်ပါတယ် ဆရာ
ဆရာပြောတဲ့ Flaming twins ကိုရှာရင်းနဲ့ Twin flames ကိုသွားတွေ့ပါတယ် အဲ့ဒီ့မှာ သူနဲ့relatedတဲ့ 11;11 ကိုပါတွေ့ပါတယ် အဲ့ဒီ့အကြောင်းလေးကို ဆရာသိသလောက် Short(or)long means တစ်ခုခုပြောပြပေးစေချင်ပါတယ် ကျနော်ကိုယ်တိုင်မြင်ခဲ့လို့ပါ ပြီးတော့အလင်းရောင်ကိုပါမြင်ခဲ့ပါတယ်

Reply

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top