ဇာတ်လမ်းတွေထဲမှာ ဖနောင့်ပေါက်လိုက်လို့ ကျန်တဲ့သူတွေခြေထောက်ကြွမရဖြစ်တာ။ မျက်စောင်းထိုးလို့ သေကြေပျက်စီးတာတွေကိုကြားဖူးကြမှာပါ။ အခုနည်းကလည်း အဲ့လိုမျိုးတော့ မကြမ်းပေမယ့် မိမိပါရမီအလိုက်လအဆုံးစွန်အထိ အစွမ်းထက်နိုင်ပါတယ်။
အဲ့လိုဖနောင့်ပေါက်ဖို့အတွက် ကိုယ်နေဟန်ထားကိုအရင်ပြောပါမယ်။ ညာဘက်လက်သီးဆုပ်ထားရာမှာ လက်မကို လက်သီးကြားထဲဖွက်ထားပါ။ လက်သည်းမပေါ်အောင်လည်း လက်ချောင်းတွေကိုကွေးနေအောင် ဆုပ်ထားပါ။ သွားကိုစေ့လို့ အံကိုကြိတ်ထားပါ။ မိမိကျိန်လိုသူရဲ့ဓာတ်ပုံထဲမှ မျက်လုံး သို့မဟုတ် သူနဲ့မျက်နှာချင်းဆိုင်ရင်း သူ့မျက်လုံးကို သေချာစေ့စေ့ကြည့်ထားပါ။ နောက်တွင်တော့ သူ့အပေါ်ဒေါသထွက်လာစရာအကြောင်းတွေကိုတွေးပါ။ ကြက်သီးတွေထသည်အထိ အကြောတွေတဆတ်ဆတ်တုန်သည်အထိတွေးပါ။ ထို့နောက် ခြေဖဝါးများယားလာသည်အထိ ဒေါသထွက်လာပြီဆိုရင် သူ့မျက်နှာကို မျက်တောင်မခတ်ဘဲ စူးစိုက်စွာကြည့်ကာ ဖနောင့်ပေါက်ချလိုက်ပါ။ မိမိပါရမီပေါ်လိုက်ပြီး သက်ရောက်မှုမတူနိုင်ပါချေ။
နောက်ထပ်တိုက်နည်းကတော့ နတ်တိုက်ဖြစ်ပြီး ညနေခင်း နွားရိုင်းသွင်းချိန်တွင် နတ်ရဲသစ်ပင်ပ်ါမှ တင်ထားသောအရာတစ်ခုကို ဘယ်သူမှမသိအောင် စွန့်ပါ။ ထို့နောက် ရေဇလားတစ်ခူထဲသို့ထိုပစ္စည်းကိုထည့်ကာ အရက်ဖြူစိမ်ပါ။ ပြီးနောက်တွင်တော့ သင်၏မျက်နှာဒွါရ သုံးပေါက်မှချေး (နားဖာချေး မျက်ချေးနှင့် သွားချေး) ကိုဆတူရော၍ အလုံးလုံးကာ ရေဇလားအောက်ဖိကာ ထိုရေဇလားကို သုဿ န်မှာတစ်ညထားပါ။ နောက်နေ့မနက်တွင်တော့မိမိ နတ်တိုက်တိုက်လိုသူ၏ အသုံးအဆောင်ပစ္စည်းကို ခုနဇလားထဲထည့်ကာ ဇလားကိုပြန်ယူ မနေ့ကနတ်ရဲသစ်ပင်မှာ ပြန်ထားပါ။
(ဗဟုသုတရစေရန်သာဖော်ပြပေးခြင်းဖြစ်ပြီး စမ်းသပ်မှုမပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သင်ပြုသောကံသာ သင့်ထံပြန်လာမည်။)
KCB Center
Post a Comment