ဒီတစ်ခေါက်တော့ အငယ်တို့ကို ပညာတွေမသင်သေးဘဲ ဗဟုသုတအဖြစ် ကိုယ်စောင့်နတ်
တစ်ကျိပ်နှစ်ပါး ဆိုတာကို ပြောပြမယ်ကွဲ့။ အားပေးကြတဲ့ အငယ်တို့ရဲ့ မေတ္တာတွေပေါ့ကွယ်။
ကွန်မန့် မရေးထားခဲ့ပေမယ့် တီချယ့် သင်ခန်းစာတွေကို စောင့်မျှော် ဖတ်ရှု
နေကြတဲ့ အငယ်တွေ ရှိတယ်ဆိုတာ တီချယ် သိရလို့ အထူးပင် ၀မ်းသာပါတယ်ကွယ်။
အငယ်တို့ရေ.. တကယ်တော့ ကွန်မန့် နည်းတာ များတာ ပဓာန မဟုတ်ပါဘူး။
တီချယ့်ရဲ့ စေ… တွေကို ( စေတနာ ) အငယ်တို့ နားလည်ရင် တီချယ် ကျေနပ်ပါတယ်။
ကိုယ်စောင့်နတ် ဆိုတာ ရှိတယ်ကွဲ့။ မှတ်ထားနော်။ အချို့ကတော့ ခေါင်းကို
စောင့်တဲ့နတ်။ ခြေကို စောင့်တဲ့နတ်။ လက်ကို စောင့်တဲ့နတ်ရယ်လို့
ရှိတယ်ဆိုပြီး ယူဆ ကြသတဲ့။ ဂလိုဖြင့် လက်မပါတဲ့သူတို့ ခြေမပါတဲ့သူတို့
ဆို ဘယ့်နှယ်လုပ်မယ်? လူတစ်ယောက်ကို ကိုယ်စောင့်နတ် တစ်ယောက် စောင့်သလား?
ဒါမှ မဟုတ် အခုပြောသလို လူတစ်ယောက်ကို ကိုယ်စောင့်နတ်က (၁၂) ပါး
စောင့်သလား? ဒီလိုဆိုရင်တော့ လူသားသန်းပေါင်းခြောက်ထောင်မှာ နတ်ပေါင်း
သန်းပေါင်း ၇သောင်း၂ ထောင် ဖြစ်ရောပေါ့။ အဲ့လိုလဲ မဟုတ်ပြန်ဘူးကွယ်။
ဒါကတော့ အငယ်တို့ စဉ်းစားဖို့ အတွက် အိမ်စာပေးပါတယ်။ တီချယ်တို့
သင်ကြားနည်းက One Way Teaching မဟုတ် ဆရာဗဟိုပြုသင်ကြားတာ မဟုတ်ဘဲ Two
Way Teaching or Versatile Teaching ပေါ့။ ဒါ့ကြောင့် အငယ်တို့လည်း
စဉ်းစားကြဦးနော့။
ကဲကဲ.. စကားတွေ ရှည်ပြီ။ ကိုယ်စောင့်နတ် တစ်ကျိပ်နှစ်ပါး ဆိုတာကိုမှတ်
၁။ သတ္တဘာဂနတ် = ဖူးစာရေးနတ်
၂။ ၀ါမသူရနတ် = စည်းစိမ်ကို ပေးစေသောနတ်
၃။ ဇလသညာနတ် = အလှူဒါနကိုပေးစေသောနတ်
၎။ ဃရပါလနတ် = အိုးအိမ်ကို စောင့်သောနတ်
၅။ စန္ဒီ = ကျက်သရေမင်္ဂလာရှိသောနတ်
၆။ ကလျာဏီ = အသက်စောင့်သောနတ်
၇။ မလိရာဇာနတ် = အိပ်မက်ပေးသောနတ်
၈။ လက္ချမီဒေ၀ီနတ် = ဥစ္စာပေးသောနတ်
၉။ သူရဿတီ = ပညာဉာဏ်ကို စောင့်သောနတ်
၁၀။ ဂတပါလ = ခရီးသွာလျှင်စောင့်သောနတ်
၁၁။ နရိန္ဒဒေ၀ီ = အိပ်စက်လျှင် စောင့်သည့်နတ်
၁၂။ မဟာပိန္နဲ = အခါခပ်သိမ်း စောင့်ရှောက်သောနတ်
ဒီတော့ အငယ်တို့ရယ်… တီချယ် ရှေ့ပိုင်းတွေက သင်ခဲ့တဲ့ သင်ခန်းစာတွေမှာ
အနောက်တိုင်းအစီအရင်တွေ အနောက်တိုင်း ဂါထာတွေ များခဲ့တယ်။ အခုဆက်ပြီး
သင်မယ့် သင်ခန်းစာတွေမှာတော့ အရှေ့တိုင်း အစီအရင်တွေ ပါလာတော့မယ်။
ကိုယ်စောင့်နတ် တစ်ကျိပ်နှစ်ပါးဟာ ကိုးကွယ်ဖို့ မဟုတ်ပါဘူး။ အငယ်တို့
ဘုရားရှိခိုးပြီးတိုင်း မေတ္တာပို့ အမျှပေးဝေရမှာ ဖြစ်ပါတယ်။
နောက်အပတ်မှ တွေ့ကြမယ် အငယ်တို့
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကွယ်…
ရှန်တီ
Post a Comment