Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ရှန်တီမှော်ကျောင်း : အစွမ်းထက်Gay Love Spell များ




         မိတ်ဆွေတို့ ကျွန်တော် Love Spell တွေအကြောင်း ပြောခဲ့ပါတယ်။ အချို့ကို ကိုယ်တိုင်လည်း လုပ်ကြည့်ခဲ့ပါတယ်။ မိတ်ဆွေအချို့ လုပ်ကြတာလဲ ရှိပါတယ်။ ဒါပေမယ့် သိပ်အကျိုးမထူးတာကို တွေ့ရပါတယ်။ ဘာကြောင့်ဆိုတော့ ကိုယ်တွေက Gay တွေလေ။ အဲဒီ Love Spell တွေက သာမာန် ယောက်ျားနဲ့ မိန်းမအတွက်ပဲ စွမ်းတဲ့ အစီအရင်တွေဖြစ်နေတယ်။ Gay တွေအတွက်ကတော့ Gay Love Spell သီးသန့်ရှိတယ်ဆိုတာကို သိလာရပါတယ်။ ဒါပေမယ့်လည်း အင်တာနက်မှာ ရှာလိုက်တဲ့အခါ အလကားမရနိုင်ဘူး။ ပိုက်ဆံပေးမှ ရမယ်ဆိုပဲ။ ဒါ့ကြောင့်ပဲ .....
တစ်ညသောအခါ ကျွန်ုပ်သည် ကျွန်ုပ်၏မိတ်ဆွေများဖြစ်ကြသော Gay များအတွက် Gay Love Spell များကို ရရှိရန် စိတ်ရည်သန်လျက်ရှိပေသည်။ သို့သော်ငြား အင်တာနက်တွင် ရှာလိုက်သောအခါဝယ် အခမဲ့မရနိုင်ဘဲ ငွေပေးမှ ရနိုင်သည်ကို တွေ့ရ၏။ ထို့ကြောင့်လည်း ကျွန်ုပ် စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရပေသည်။ မည်သို့ဆိုစေ ကျွန်ုပ်စိတ်မလျှော့ပါ။ ကျွန်ုပ်သည် ဤပညာများကို ပါရမီထူးစွာဖြင့် တတ်မြောက်လာသူ ဖြစ်ရကား Venus ပိုင်စိုးသော သောကြာနေ့ တွင် စင်ကြယ်စွာ သီလများဆောက်တည်လျက် အဆိုပါ Gay Love Spell များကို ရရှိပါစေကြောင်း ဆုတောင်းသမှု ပြုလေသည်။
ကျွန်ုပ်သည် ထိုသောကြာညဘက်တွင် အိပ်ရာအား သန့်ရှင်းစေလျက် စံပယ်ရနံ့ နံ့သာတိုင်ကို ထွန်းညှိပြီးလျှင် ချောင်ချိသော အ၀တ်အစားများ ၀တ်ဆင်၍ ကြည်လင်သော စိတ်ဖြင့် အိပ်ရာဝင်လေ၏။ ထိုအခိုက်၌ ဤ အိပ်မက်ကို မြင်မက်လေသတည်း။
(ဤအိပ်မက်ခန်းကို ချန်လှပ်ပါသည်။ မဖော်ပြတော့ပြီ။ မယုံကြည်သူများ အပြစ်ဆိုကြမည်ကို သိသောကြောင့်ဖြစ်သည်။)
Top ကို အလိုရှိအပ်သော Bottom သည် ညဘက်တွင် ဘီယာသောက်ရမည်။ ယခု Gay Love Spell သည် Gay sex အတွက်သာဖြစ်သည်။  Bottom နေချင်သောသူသည် ညဘက်တွင် ဘီယာသောက်ရမည်။ သောက်ရမည့် ဘီယာမှာ စည်ဘီယာဖြစ်သည်။ ဖန်ခွက်သည် အေးခဲထားသော ဖန်ခွက်ဖြစ်နေရမည်။ ဖန်ခွက်အပြင်တွင် ရေခဲငွေ့ ရေခဲစ များကပ်နေရမည်ဖြစ်သည်။ ဘီယာကို ထို ရေခဲစများကပ်နေသည့် ဖန်ခွက်ထဲတွင် ထည့်၍ သောက်ရမည်။ သို့သော် မသောက်သေးခင်တွင် ထို ဖန်ခွက်ပေါ်တွင် မိမိ၏ ညာဘက် လက်ခလယ်ကို အသုံးပြု၍အမျိုးသားလိင်တံပုံ ဆွဲရမည်။ မိမိဆွဲတတ်သလို ဆွဲပါ။ ၄င်းနောက် ဘီယာခွက်ကို ပါးစပ်နားတေ့၍ ဤဂါထာကို ရွတ်ရမည်။
“Daddy Hermes, Mommy Aphrodite, I’m clone of your son, Hermaphrodite. Bless me. Give me powers to attract every men, so mote it be, so mote it be, so mote it be.”
ထို့နောက် ၄င်းဘီယာကို သောက်လိုက်ပါ။ ထိုသို့သောက်ရာတွင် လိင်ကိစ္စတွင် သူငယ်ကို မြန်မြန်ပြီးစေချင်လျှင် တကြိုက်တည်း အကုန်မော့သောက်ပါ။ ကြာကြာလုပ်စေလိုလျှင် ဖြေးဖြေးချင်းသောက်ပါ။
ဤသည်ကား Bottom Gay များ အတွက် ကျွန်ုပ်၏ မေတ္တာလက်ဆောင်ပေတည်း။
(မယုံကြည်လျှင် မလုပ်ပါနှင့်။ သို့သော် ပညာကို မစော်ကားပါရန်။  လူကိုတော့ စော်ကားလိုက စော်ကားနိုင်သည် )
----------



                မင်္ဂလာပါ သားကြီးတို့။ အေးကွာ။ ဆောရီး။ ငါလည်း  မင်းတို့ အတွက်ကို မေ့သွားပြီး Bottom တွေအတွက်ပဲ Gay Love Spell ကို ပြောလိုက်မိတာ။ မင်းတို့ ငါတို့လို Top တွေအတွက်တော့ ပြောဖို့ မေ့သွားတယ်ကွာ။ အေး ကိစ္စ တော့ မရှိဘူးကွ။ မင်းက Bi ဆိုရင်တော့ ဒီ Gay Love Spell မှ မဟုတ်ဘူး။ အရင်တုန်းက သင်ပေးထားတဲ့ ရိုးရိုး Love Spell တွေနဲ့ဆိုရင်လည်း ဖြစ်တာပဲ။ ဒါပေမယ့်ကွာ အဲ့တာက ဆော်တွေပဲ ကြည်မှာကွ။ ဘဲဘဲချင်းကြည်ဖို့ အထူးသဖြင့် Bottom လေးတွေက ကြည်ဖို့ အတွက်ဆိုရင်တော့ အခုပြောမယ့် Gay Love Spell ကို သုံးရမှာပေါ့ကွာ။
Top သမားများ ပြုလုပ်ရမည့် Gay Love Spell
လွယ်ပါတယ်ကွ။ အဓိကက လက်ဖက်ရည်ပဲ။ အကောင်းဆုံး၊ အစွမ်းဆုံးကို ပြောပါဆိုရင်တော့ Yellow Tea ဖြစ်တယ်။ နောက်တစ်ခုက ကော်ဖီ။ အကောင်းဆုံး၊ အစွမ်းဆုံး ဆိုရင်တော့ ဂျင်ဆင်းကော်ဖီ ဖြစ်တယ်။ ဒါပေမယ့် အဲဒီဟာတွေ မရလည်း ရတဲ့ လက်ဖက်ရည် ကော်ဖီနဲ့ လုပ်လို့ရပါတယ်ကွာ။ ဟိုကောင်တွေရရင်တော့ ပိုကောင်းတာပေါ့။
လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး လက်ဖက်ရည် မှာလိုက်ပါ။ လက်ဖက်ရည်ကို ပန်းကန်လုံးနဲ့လာပို့မယ်။ အဲဒီ ပန်းကန်လုံးအောက်မှာ Quarter Plate ပန်းကန်ပြားလေး ပါမယ် မလား။ အဲဒီ ပန်းကန်ပြားလေးထဲကို လက်ဖက်ရည်အချို့ လျှံကျတာရှိမယ်။ အဲဒီ လက်ဖက်ရည်တွေကို သုံးမယ်။ မင်းရဲ့ ညာဘက် လက်ခလယ်ကို သုံးပြီး အဲဒီ လက်ဖက်ရည်တွေကို တို့ကာတို့ကာနဲ့ စားပွဲပေါ်မှာ ပန်းသီးပုံဆွဲပါ။ ( အမှန်က_င်ပုံဆွဲခိုင်းတာ မတူမှာ စိုးလို့ ပန်းသီးပုံ ဆွဲပါလို့ ပြောတာကွ) ဒါမှမဟုတ်လည်း ခရေပန်းပွင့်ပုံလေး ဆွဲတတ်ရင် ဆွဲပေါ့ကွာ။ ပြီးရင်တော့ ဒီဂါထာကို ရွတ်တော့။
“The Sun, my father, Apollo, Krishna, Shine your light upon me, May I attract to whom I like, Bless me, so mote it be, so mote it be, so mote it be”
မင်းအနေနဲ့တော့ အဲဒီနေ့ နေ့မကူးခင် ၂၄နာရီအတွင်း ခရေပန်းစားရမယ်ဆိုတာ ငါ အာမခံတယ်ကွ။
 
ရှန်တီ
(ရှန်တီမှော်ကျောင်းကဏ္ဍကို ဆရာရှန်တီ၏ခွင့်ပြုချက်ဖြင့်ပြန်လည်မျှဝေပေးနေခြင်းဖြစ်ပါကြောင်း)
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

2 မှတ်ချက်များ

So,how about after 24 hours ?

Reply

အဲဒါဆိုရင်လည်း ဆော်ကြည်စေမယ့် love spell လေးများရှိရင်ပြောပြပါဦးဗျာ

Reply

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top