(Photo Credit to : YGN News)
လက်ရှိမြန်မာနိုင်ငံနေရာအတော်များများမှာ ယဉ်တိုက်မှုများဖြစ်ပွားနေတာကို မြင်နေ၊ ကြားနေကြရပါတယ် ...။ ဒါကြောင့်မို့ ယာဉ်တိုက်မှုများဖြစ်ပွားမှု အဖြစ်များတဲ့နေရာမှာ ဖြစ်ပွားမှုမရှိတော့စေဖို့ ဒီနည်းလမ်းလေးကို စမ်းကြည့်ကြဖို့ မျှော်လင့်ပါတယ်။
နေရာတစ်ခုမှာ ယာဉ်တိုက်မှုတွေ အရမ်းဖြစ်ပွားနေပြီဆိုရင်တော့ ယာဉ်တိုက်မှုဖြစ်ပွားစဉ်က ကျကျန်ခဲ့တဲ့ ယာဉ်ရဲ့အစိတ်အပိုင်းလေးတစ်ခုကိုယူလိုက်ပါ။ ပြီးရင် အဲ့ဒီနားအနီးဆုံးမှာရှိတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ အပေါ်မှာတင်ထားလိုက်ကာ -
"ကဲ .... မင်းတို့ဖြစ်ချင်တာတွေဖြစ်ပြီးပြီနော် .... မင်းနဲ့ဒီလမ်းနဲ့မဆိုင်တော့ဘူး ..."
ဟုဆိုကာ နောက်ကိုလှည့်မကြည့်ဘဲပြန်လာခဲ့ပါ ....။
ယာဉ်တိုက်မှုဖြစ်မပွားအောင်အစီအရင်တစ်ခုပြောပြီးနောက်မှာ လူတွေ ကိုယ့်ကိုယ်ကို လုပ်မိမှန်းမထင်မိအောင်လုပ်မိနေတဲ့အရာတစ်ခုရှိပါတယ်။ အဲ့ဒါဟာ ယာဉ်မောင်းရင်း ကွမ်းတံတွေးထွေးတာပါပဲ ။ ဒီလိုလုပ်တာဟာ မကောင်းတဲ့အကျင့်တစ်ခုဖြစ်မှန်းသိပေမယ့် အတော်များများကတော့ ဒီလိုလုပ်နေကြတာပါပဲ။
ကွမ်းထွေးလို့ လမ်းညစ်ညမ်းသွားတာကို အသာထား အခုကျွန်တော်ပြောမယ့်အကြောင်းကတော့ ရှေးမြန်မာလူကြီးများသုံးကြတဲ့ လှည်းတိုက်၊ ယာဉ်တိုက် အစီအရင်ပဲဖြစ်ပါတယ်။ ဒီလိုအစီအရင်မျိုးမှာ နက္ခတ်တစ်ခုကျနေတဲ့အချိန်မှာ လှည်းတိုက်မှု၊ ယာဉ်တိုက်မှုဖြစ်လိုတဲ့နေရာရဲ့ လမ်းလေးခွဆုံမှာ ကွမ်းတံတွေးထွေးပြီးစီရင်ရပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်က လမ်းဘေးမှာ မသိလိုက်ဘဲ ကွမ်းတံတွေးထွေးလိုက်မိပေမယ့် နက္ခတ်၊ အကျိုး၊ အကြောင်းဆီလျော်သွားမယ်ဆိုရင်တော့ ဖြစ်လာမယ့်အကျိုးတရားတွေဟာ မတွေးဝံ့စရာပင်ဖြစ်ပါကြောင်း ...။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
Post a Comment