Teleportation ဖြစ်စဉ်ဟာ ဖြစ်နိုင်ချေရှိကြောင်းကို သိပ္ပံပညာရှင်ကြီးများမှအတည်ပြုပြောကြားခဲ့ပါကြောင်း ၂ဝ၁၄ခုနှစ်၊ မေလ(၃ဝ)ရက်နေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပြန်ပါတယ်။ တစ်နေရာကနေတစ်နေရာ ရုတ်တရက်ရုတ်ချည်းသွားနိုင်ဖို့နည်းလမ်းများကို ကျွန်တော်တို့တွေ သီအိုရီနည်းကျကျ စဉ်းစားကြည့်ကြရအောင်လား..။
ပထမဆုံးအနေနဲ့ အချိန်ရပ်တန့်တဲ့သီအိုရီလေးတစ်ခုနဲ့ စကြည့်ကြရအောင်လား..။
တကယ်လို့ကျွန်တော်က ရန်ကုန်ကနေမန္တလေးကိုချက်ချင်းရောက်စေချင်တယ်...။ ဒီတော့ ရန်ကုန်ကနေပြီး အချိန်တွေကိုရပ်တန့်လိုက်ပြီးတော့ အချိန်တွေရပ်နေချိန်မှာ မန္တလေးကိုထွက်လာလိုက်တယ် ...။ မန္တလေးရောက်တော့မှာ အချိန်နာရီတွေကိုပြန်သွားစေလိုက်တယ်..။ ဒါဟာ ရန်ကုန်ကနေမန္တလေးကိုချက်ချင်းရောက်လာတာပဲ ။ အချိန်တွေကရပ်နေတော့အချိန်မကုန်တော့ဘူးပေါ့။
ကျွန်တော်အခုအချိန်ကိုရပ်တယ်လို့ပြောလိုက်တယ်နော်။ ဟုတ်ပါတယ်။ အချိန်ဆိုတာကြီးကို ကျွန်တော်တို့ရပ်ပစ်လိုက်လို့ရပါတယ်။ အောက်မှာဆက်ဖတ်ကြည့်ပါဦး။
တကယ်လို့ အရာဝတ္ထုတွေ ပုံမှန်ထက်မြန်မြန်ဖြစ်နေတယ် ... မြန်မြန်ရွေ့လျားနေတယ်ဆိုရင် အချိန်တွေမြန်တယ်လို့ဆိုရမယ် နာရီလက်တံတွေ မြန်မြန်ရွေ့လျားနေတယ်ဆိုရင်လည်း အချိန်တွေ မြန်နေတဲ့ပုံပဲပေါ့။ ဟုတ်ပြီ။ ဒါဆို အဲ့ဒီမြန်နေတာကို ကျွန်တော်တို့ဘယ်လိုခံစားပြီသိရသလဲ
မြန်နေတယ် နှေးတယ်ဆိုတာကို ကျွန်တော်တို့ မျက်လုံးနဲ့မြင်ရတယ်နေ
အဲ့ဒီမျက်လုံးကဘာကြောင့်မြင်ရတာလဲဆိုတော့ ပုံရိပ်အလင်းတွေက စက္ခုအာရုံကိုပို့လွှတ်တဲ့အတွက်မြင်ရတယ်။
ဒီတော့ ရွေ့လျားနေတဲ့ပုံရိပ်တွေတစ်ခုပြီးတစ်ခုဟာ အချိန်နဲ့ဆက်နွယ်နေတယ်။ ဆက်စပ်ကြည့်လိုက်ရရင် အချိန်နဲ့အလင်းဟာ ဆက်နွယ်နေတယ်။
ဒီတော့ ကျွန်တော်တို့အတွေအလင်းအလျင်အတိုင်းသွားနေတဲ့ယာဉ်ပေါ်မှာထိုင်ကြည့်လိုက်
အချိန်တွေရပ်သွားလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မြင်နေရတဲ့ ပုံရိပ်တွေရဲ့အလျင်နဲ့ ကျွန်တော်တို့ယာဉ်ပေါ်မှာလိုက်ပါစီးနင်းလို့ ရွေ့လျားနေတဲ့အလျင်နဲ့ထပ်တူကျနေလို့ပါပဲ။ အလင်းအလျင်ထက်ပိုပြီးမြန်မြန်သွားနိုင်မယ်ဆိုရင် အတိတ်ကိုရောက်သွားလိမ့်မယ်။
အလင်းအလျင်နဲ့သွားဖို့ဆိုတာက ဒီခေတ်မှာတော့မဖြစ်နိုင်သေးဘူးမလား။ ဒီတော့ အချိန်ကိုမထိန်းချုပ်နိုင်သေးဘူးဆိုရင် ဘယ်လိုလုပ် Teleportation ကိုအသုံးချမှာလဲ။ ကဲ ... ဟုတ်ပါပြီ။ ဒါဆိုရင် နောက်ထပ်အချိန်ကိုထိန်းချုပ်နည်းတစ်ခုအကြောင်းဆက်သွားရအောင်လား။

ကျွန်တော်တို့တွေ ပျင်းနေတဲ့အခါမှာဆိုရင် အချိန်တွေအရမ်းနှေးနေတတ်တာ ... စိတ်တွေပျှော်ရွှင်နေတဲ့အခါကျ အချိန်တွေကုန်တာမြန်တာသတိထားမိမှာပေါ့။
စိတ်အလျင်နဲ့ပတ်ဝန်းကျင်အချိန်ဟာလည်းအဲ့လိုဆက်စပ်နေပြန်တယ်။ ကျွန်တော်တို့ ပျင်းနေတဲ့အခါ အတွေးတွေက တောင်ရောက်မြောက်ရောက်နဲ့လေလွင့်နေတတ်တယ်လေ။
အတွေးတွေများများလေလွင့်နိုင်လေ အချိန်နှေးလေဖြစ်ပြီးတော့ အတိုင်းအတာ တစ်ခုထိ ရောက်သွားရင်အချိန်တွေရပ်သွားလိမ့်မယ်။ အဲ့ဒီအတိုင်းအတာကိုထိန်းထားပြီး အချိန်တွေရပ်သွားချိန်မှာ သွားလိုရာကိုသွားပါ။သွားနေစဉ်မှာလည်း အချိန်ရပ်တန့်မှုကိုထိန်းထားနိုင်ဖို့ အတွေးအတိုင်းအတာကိုထိန်းထားရမှာနော်။ အတွေးအတိုင်းအတာကို သေချာထိန်းထားရမှာဖြစ်တဲ့အတွက် လမ်းမှာ သတိလွတ်မှုတွေဘာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဒီအတွက်ကြောင့် ကိုယ်သွားမယ့် ခရီးလည်းမှာလည်း ဆူးညောင့်ခလုတ်တွေ ဘာတွေနဲ့မတွေ့နိုင်ရအောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
နောက်ဆုံးနည်း ...။
Portalကနေတစ်ဆင့် သွားကြည့်ကြရအောင်လား။
နောက်ဆုံးနည်း ...။
Portalကနေတစ်ဆင့် သွားကြည့်ကြရအောင်လား။
အခုကျွန်တော်တို့ပတ်ဝန်းကျင်ဟာ ကျွန်တော်တို့ထင်သလိုမြင်ကွင်းမျိုးမဟုတ်ဘူး။ သက်ရှိတစ်မျိုးနဲ့တစ်မျိုး
မြင်ရတဲ့မြင်ကွင်းပုံစံလည်းမတူကြဘူး ကျွန်တော်တို့ အမြင်အာရုံတွေက
လေးဘက်မြင်ပုံရိပ်အဖြစ်နဲ့မြင်အောင်ထောက်ပံ့ပေးကြတယ်။
အရာရာတိုင်းဟာ ဘေးလက်မြင်ပုံရိပ်အတိုင်းရှိနေတာမဟုတ်ဘူး။
အရာဝတ္ထုတိုင်းမှာ သူ့ရဲ့ဒြပ်ဝတ္ထုပစ္စည်းရယ် အခြားပုံတူပွားအရိပ်ရယ်က Dimension တစ်ခုအနေနဲ့ရှိကြတယ်။ ပုံတူပွားအရိပ်က တစ်ခုလည်းဖြစ်နိုင်သလို တစ်ခုထက်ပိုပြီးလည်း ဖြစ်နိုင်ပါတယ်။ ဒြပ်ဝတ္ထုပစ္စည်းကိုခြေရာခံမိရင် ပုံတူပွားအရိပ်ကိုရှာနိုင်သလို
ပုံတူပွားအရိပ်ကိုခြေရာခံမိရင် ခြပ်ဝတ္ထုပစ္စည်းဆီကိုလည်းသွားရောက်နိုင်တယ်။
ဒီတော့ ကိုယ်သွားချင်တဲ့နေရာရဲ့ ပုံတူပွားအရိပ်ကိုခြေရာခံကြည့်မယ်။ ဒီလိုခြေရာခံဖို့အတွက် သင့်မှာ သာမန်အမြင်ထက်ပိုမိုတဲံ့အမြင်တစ်ခုရှိထားမှရပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်က လက်ခံနိုင်တဲ့ Dimension ပမာဏကိုလည်း ပြောင်းလဲနိုင်စွမ်းရှိနေရပါမယ်။
ဒီတော့ ဥပမာ New York သွားချင်တယ်ဆိုပါစို့..။New York နဲ့ပတ်သတ်တဲ့ ပုံတူပွားပစ္စည်းကိုလိုက်ရှာမယ်။ နယူးယောက်ရဲ့ပုံရိပ်တွေဘယ်မှာလဲ။အနီးစပ်ဆုံးတော့ သွားဖူးတဲ့သူတွေးလိုက်တဲ့ အတွေးစလှိုင်းမှာရှိလိမ့်မယ်။ အတွေးစလှိုင်းကတော့ လေးဘက်မြင်ပုံရိပ်မဟုတ်လို့ကျွန်တော်တို့ သာမန်မျက်စိနဲ့မြင်ရမှာမဟုတ်ပါဘူး။
ဒါပေမယ့် မျက်လုံးရဲ့Dimension အမြင်ကို ပြောင်းလဲပြီးကြည့်ရမယ်။ ဒီလိုကြည့်နိုင်ဖို့အတွက်လည်း ကိုယ်က IQ ကို ၁ဝရာခိုင်နှုန်းထက်မကသုံးတတ်ဖို့လိုသလို အရောင်တွေရဲ့အမှန်တရားနဲ့ပတ်သတ်ပြီး နားလည်ထားဖို့လိုပါတယ်။ အရောင်တွေနဲ့သူတို့ရဲ့လျှို့ဝှက်ချက်များအကြောင်းကိုတော့ နောက် KCB Center မှာ အလျဉ်းသင့်ရင်သင့်သလိုတင်ပေးသွားမှာလည်းဖြစ်ပါတယ်။
Dimension တွေပြောင်းကြည့်နိုင်ပြီဆိုရင်တော့ နယူးယောက် ရောက်ဖူးသူရဲ့အတွေးကို ကျွန်တော်တို့ Portalတစ်ခုအဖြစ်မြင်ရပါ လိမ့်မယ်။ Portal တစ်ခုအဖြစ်မြင်ရပြီဆိုတာနဲ့ အဲ့ဒီPortalထဲကိုတိုးဝင်လိုက်ရပါမယ်။ တိုးဝင်တာလည်းဒီအတိုင်းတိုးဝင်လို့မရဘူး။
ကိုယ်ကိုယ်တိုင်ရဲ့ Dimension ကို ဟိုဘက်Portalရဲ့ Dimension နဲ့တူညီအောင် ပြောင်းလဲ ရပါလိမ့်ဦးမယ်။

Dimension ချင်းညီပြီး Portalထဲဝင်ရောက်ပြီးသွားပြီဆိုရင် ဟိုဘက် Portalက New York ကိုရောက်ပါပြီ။ အဲ့လိုရောက်လို့ရှိရင် ပထမဆုံးလုပ်ရမှာကအချိန်ကိုပြောင်းဖို့ပဲ
သူတွေးတဲ့အတွေးတွေက အတိတ်ကနယူးယောက်မှာဖြစ်ပျက်ခဲ့တဲ့ အတွေးစတွေသာဖြစ်တယ်။
အချိန်တွေကိုပြောင်းပြီး ကျွန်တော်တို့က ပစ္စုပ္ပန်ဆီပြန်လည်သယ်ဆောင်ယူရမှာပါ။
ပစ္စုပ္ပန်ကိုရောက်ရင်တော့ Telepotationလုပ်ငန်းအောင်မြင်ပြီး ကိုယ်တိုင်လည်း New York ကို Passport မလိုဘဲရောက်နိုင်ပြီပေါ့။ ကိုယ့်မြန်မာပြည်ကိုယ်ပြန်မယ်ဆိုရင်လည်း လာတုန်းကအတိုင်းသာလုပ်ဆောင်၍ ပြန်လာနိုင်ပါတယ်။
တကယ်လို့ သင်ဟာ Teleportation ကိုလုပ်ဆောင်မယ်ဆိုရင်တော့ အချိန်ကိုထိန်းချုပ်ပြီး သွားရောက်လည်ပတ်ခြင်းနည်းနဲ့သာစတင်သင့်ပြီး အတွေ့အကြုံရင့်သန်လာမှ အတွေးစPortalမှ အလည်အပတ်သွားရောက်ခြင်းကို လေ့ကျင့်သင့်ပါကြောင်းလည်း အသိပေးလိုက်ရပါတယ်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
KCB Center
6 မှတ်ချက်များ
စိတ်ဝင်စားစရာအလွန်ကောင်းပါတယ်။ တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
Replyကျွန်တော်ငယ်ငယ်က အိမ်တစ်ခုပေါ့ ဥပမာ ကျောင်းတစ်ခုကို ခရီးသွားရင်း အရှေ့ဘက်ကနေတွေ့လိုက်တယ်ဆိုပါတော့ဗျာ၊ ညဘက်အိပ်ချိန်ကြရင် အဲ့ကျောင်းဘေးပတ်ပတ်လည်ကိုစိတ်ထဲကရောက်သွားတယ်၊ လှည့်ပတ်လည်းကြည့်မိတယ်၊ နည်းနည်းကြီးလာတော့ ကိုယ့်မြို့ထဲကိုလျှောက်သွားလို့ရလာတယ်၊ အခုရန်ကုန်ရောက်တော့အဲဒါတွေပျောက်ကုန်တယ် ဘာဖြစ်သွားတာလဲမသိဘူး။ ရှင်းပြပေးပါလား။ တစ်ခါတစ်လေ ကြ အိပ်နေရင် ကိုယ့်အိမ်ကိုပြန်ရောက်တယ် အိမ်မက်တယ် အိမ်ကနာရီကြည့်တော့ အခုလက်ရှိနာရီပဲဗျ ၊ နားမလည်တော့ဘူး။
Replyကျွန်တော်လဲ အချိန်ရဲ့ဖြတ်သန်းမှုကိုစိတ်ဝင်စားတယ် နောက်ထပ်လည်းရှိသေးရင် သင်ပေးပါဦး
Replyရတတ်လူေတွး ရှိရင် ေပျာ် ပြာ ပါ လာ
ReplyPLZ
ကျတော်မျက်စိကနှစ်ကိုခွဲလိုရပါတယ် အမြင်လေးပြောပြပေးပါလား
Replyကျတော်ကမှော်ပညာကိုမြတ်နိုးပါတယ်
ReplyPost a Comment