Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

KCB Christmas Special : အလုံးစုံကံကောင်းစေသော ခရစ္စမတ်အဆောင်

 
                     KCB Center ကိုအားပေးဖတ်ရှုကြသူများ Marry Christmas ပါနော်..။ ဒီတစ်ခေါက် Christmas Special မှာတော့ အချစ်ရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စတွေမှာ ကံအထူးကောင်းမွန်စေမယ့် မှော်နည်းလမ်းလေးနဲ့မိတ်ဆက်ပေးပါရစေ။
                      ဒီဇင်ဘာ(၂၅)ရက် ည(၁၁)နာရီခွဲအချိန်မှာ စက္ကူအနီရောင်တစ်ရွက်ကိုယူပါ။ ပြီးနောက်မှာတော့ အနီရောင်စက္ကူပေါ်မှာ ဘောပင်တစ်ချောင်းနဲ့ နှလုံးသားပုံစံလေးရေးသားလိုက်ပါ။ ပြီးနောက် ဆက်လက်ပြီး ငွေအကြွေစက္ကူတစ်ရွက် ထပ်ကာတင်လိုက်ပါ.။ အဲ့ဒီ အနီရောင်စက္ကူနဲ့ ငွေအကြွေစက္ကူ ထပ်ထားတဲ့ဟာလေးကို ပင်အပ်နဲ့တွဲလိုက်ပြီး မိမိအိပ်ရာ ခေါင်းရင်းမှာ ကြိုးတစ်ချောင်းနဲ့ချိတ်ကာထားအိပ်လိုက်ပါ။ မအိပ်ခင်မှာ မိမိအပေါ်မှာချိတ်ထားတဲ့ ခရစ္စမတ်အဆောင်လေးကို ကြည့်ပြီး -
 "ကံကောင်းခြင်းတွေယူဆောင်ပေးပါ"
                        လို့ တိုးညှင်းစွာရွတ်ဆိုပြီးနောက်မှာ အဲ့ဒီအဆောင်လေးကိုကြည့်ရင်းနဲ့သာ အိပ်လိုက်ပါ။ မနက်အရောက်မှာတော့ အဲ့ဒီအဆောင်လေးကို မိမိရဲ့ အံဆွဲထဲ၊ ပိုက်ဆံအိတ်ထဲ၊ ချစ်သူပေးထားတဲ့ လက်ဆောင်တစ်ခုခုထဲ စသဖြင့် မိမိကံကောင်းစေလိုသောအရာနဲ့ပတ်သတ်ရာနေရာတစ်ခုမှာသိမ်းထားရမှာဖြစ်ပြီး နောက်နှစ်မှာ အဲ့ဒီလို ခရစ္စမတ်အဆောင်မျိုး အသစ်ထပ်လုပ်ပြီး အဟောင်းကိုလွှင့်ပစ်ပါ။ သတိထားရမှာကတော့ လွှင့်ပစ်ပြီးနောက်မှာ မိမိလွှင့်ပစ်ထားတဲ့ အဆောင်ကို ဘယ်တော့မှ ပြန်လှည့်မကြည့်မိပါစေနဲ့။
                    ပျော်ရွှင်ဖွယ်ခရစ္စမတ်အားလပ်ရက်ဖြစ်ပါစေ။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
author

ဒီစာကို KCB Center မှာတင်ဆက်ခဲ့ပါတယ်

အသစ်တင်တိုင်းမေးလ်ပို့ပေးချင်တယ်ဆိုရင် ဒီမှာဖြည့်ခဲ့ပါ

သင့်ရဲ့အီးမေးလ်လိပ်စာဒီမှာရေးခဲ့ပါ

Post a Comment

CodeNirvana
Powered by Blogger.

-

-

-
© Copyright KCB Center
Back To Top